Thursday, November 24, 2011

ချစ်သောသူမ သို့ ပဲ့ကိုင်ရှင်


                              (ပဲ့ကိုင်ရှင် လက်ပေါ်တွင် ၂ လသမီး  မသိနားမလည် ကလေးငယ်ဘ၀း)



ဒီနေ့ဟာ သူမရဲ့ မွေးနေ့ပါ။ ၂၅ ရက် နိုဝင်ဘာလ ၁၉၅၂ ခုနှစ်က နေ စလို့ လောကကြီး ကိုဝင်ရောက်လာခဲ့ပြီး လောကမှာ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ ခံခဲ့တဲ့ သူမ ..
ဘာလိုလိုနဲ့ သူမတောင် ၅၉ နှစ်ရှိသွားခဲ့ပြီပဲ ။
အမြဲနက်မှောင်နေတဲ့သူမဆံပင်တွေမှာတောင် ပုလဲရောင်ကေသာတွေ ၀င်ရောက်နေခဲ့ပြီ.။။
ဒါပေမယ့်ဖုန်းဆက်တိုင်း အသံတွေကတော့ တက်ကြွရွှင်လန်းနေဆဲပဲ ...။။။
မိသားစုမှာ တနိုင်ဝန်တောင်မကပဲ မနိုင်ဝန်ကိုပါထမ်းခဲ့တဲ့သူမ..။။
မောင်တစ်ထမ်း မယ်တစ်ရွက်တောင်မကပဲ မယ်တစ်ထမ်းပါ ထမ်းခဲ့တဲ့သူမ ..။
လင်သားအပေါ်မှာ ပေးဆပ်နိုင်သော ချစ်နိုင်လွန်းသောသူမ ..။။
မိသားစုအတွက်အရာရာစိတ်ပူသမျှမညိုမငြင် လိုက်လုပ်ပေးတတ် တဲ့ သူမ..။
တူတူမတွေ အပေါ်မှာ အင်မတန်သံယောဇဉ်ကြီးလွန်းတဲ့ သူ မ ....။
တစ်ဦးတည်းသောသမီးအပေါ်မှာ ဘ၀ အသက် အချစ်တွေ မျှော်လင့်ချက်တွေအကုန်ပေးထားတဲ့သူမ..။
သမီးလုပ်သူ မျက်ရည်တစ်ပေါက်ကျလျှင် နေစရာမရှိအောင် စိတ်မကောင်းဖြစ်နေတတ်တဲ့ သူမ ..။။
သမီးလေးကို ဘ၀မှာ အခက်အခဲတွေတွေ့မှာဆိုးလို့ ဟိုရောက်ရင် ဟိုတက်နှင့်လှော် ဒီရောက်ရင် ဒီတက်နှင့်လှော်ဟု ဆိုကာ အတတ်ပညာစုံသင်စေတဲ့သူမ ..။
ရောဂါသည်သမီး ကိုမနိုင်လွန်းလို့ နိုင်ငံခြားလွှတ်ထားရပေမယ့် ကလေးတစ်ယောက်လို အစစအရာရာ စိတ်မချနိုင်စွာလိုက်မှာနေတတ်တဲ့သူမ ..
မကောင်းတာဆိုလျှင် ရှောင်ကျဉ်နိုင်လွန်းတဲ့သူမ ...။
မချစ်စုသရက်သီးကို နှစ်ပေါင်းများစွာ မပြောင်းလဲပဲ တရှိုက်မက်မက်ကြိက်တတ်တဲ့ခဲ့တဲ့သူမ..။
အမျှော်အမြင်ကြီးသလောက် ရိုးသား သောသူမ ..။
လှည့်ကွက်များ ကြွားဝါမှု့များ လိမ်ညာမှု့များကိုမနှစ်သက်သောသူမ ..။
နတ်ကိုးကွယ်မှု့ကို ရတနာသုံးပါးလက်ကိုင်ထားပြီး မကြောက်မရွံ့စွန့်လွှတ်နိုင်ခဲ့တဲ့သူမ ...။
စကားကိုမှန်တိုင်းပြောတတ်လွန်းတဲ့သူမ ။။
လောကဓံမှန်သမျှကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့သူမ ....။
မည်သူမျှမရှိရင်နေပါစေ မိသားစုသာ သူမကမ္ဘာလို့ ကြွေးကြော်ပြီး တချို့တချို့သော သူများကို ဘ၀ထဲမှ ထုတ်ဖယ်လိုက်နိုင်တဲ့အထိ မိသားစုကို ချစ်တဲ့ သူမ ..။
သားကိုအားလို့ပြောကြသမျှ သမီးကိုထီးဟု ပြန်လည်ချေပတတ်တဲ့သူ မ။
ပတ်သတ်ရာ ပတ်ဝန်းကျင်ကိုလဲ စေတနာအပြည့်နဲ့ အမြဲကူညီတတ်တဲ့သူမ ။။
မိသားစုလေးကို အင်မတန် တန်ဖိုးထားတတ်သော သူမ ..။
သစ်ပင်ပန်းမန်တွေကို ချစ်မြတ်နိုးပြီး ရောက်လေရာမှာ အပင်စိုက်ကျင့်ရှိတဲ့သူမ .။

ပျော်ရွှင်ဖွယ်မွေးနေ့တွေအများကြီးကို သည်မိသားစုတွေနဲ့အတူ  နှစ်ပေါင်းများစွာ ဆက်လက်ဖြတ်ကျော်နိုင်ပါစေဦးမေမေး)
နောက်နောင်ဘ၀တွေမှာလဲ မေမေ့သမီးပဲဖြစ်ပါရစေဦးနော် ....း)
မေမေရဲ့ ၅၉ နှစ်မြောက်မွေးနေ့အတွက်............

ချစ်တဲ့ ငတီကောင် 


1:40 PM
24.11.2011

29 comments:

မိုးခါး said...

ရွှေဒိုး မေမေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်လို့ သာသနာအကျိုး ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေး))

San San Htun said...

မဒိုးကန် မေမေ မွေးနေ့ မှသည် ကျန်းမာ ချမ်းသာပါစေ...

kokoseinygn said...

ညီမ ရဲ့ မေမေအတွက်
အကောင်းဆုံးဆုတွေအကိုတောင်း
ပေးပါတယ်...
မိသားတစ်စုလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် အမြဲတမ်း
ပြည့်စုံနေပါစေ။

Cameron said...

ညီမမေမေ နောင်မွေးနေ့ပေါင်းများစွာအထိ ချစ်သော သားသမီးမြေးမြစ်များနဲ့အတူ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ မိခင်လောင်းလေးလဲ ကျန်းမာရေးဂရုစိုက်ဦး...း)

June Moe said...

အမရဲ့ မေမေ မွေးနေ့မှစ နှစ်များစွာတိုင် ကျန်းမာသုခများဖြင့် ပြည့်စုံပါစေ။
မိခင်လောင်း အမလည်း ကျန်းမာပါစေဗျာ။ :D

ခင်လျက်
ဒီနေခ

Thameesan said...

ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို
ချစ်သောသားသမီး.မြေးမြစ်များနဲ့အတူ
နှစ်ပေါင်းများစွာတိုင်
ထာဝရ.ပိုင်ဆိုင်နိုင်ပါစေကြောင်း
မမငတီနှင့်ထပ်တူ
ဆုမွန်ကောင်း..တောင်းပေးပါတယ်ရှင်း)
အန်တီ.မွေးနေ့မှာပျော်ရွှင်ပါစေ

ကိုတူး said...

မဒိုးကန်ရဲ့ မေမေ ယခု မွေးနေ့မှ စ၍ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ။ မာမီလောင်း မဒိုးကြီး လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပါစေဗျာ ...

blackroze said...

အမရေ
အမမေမေ..မွေးနေ့မှသည်
နှစ်ပေါင်းများစွာတိုင်အောင်..
စိတ်၏ချမ်းသာခြင်း..
ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပြီး..
လိုအင်ဆန္ဒမှန်သမျှပြည့်ဝပါစေလို့
ပစ်ပစ်ကနေပြီး
ဆုမွန်တောင်းပေးပါတယ်နော်

စံပယ်ချို said...

ရွှေဒိုးမေမေမွေးနေ့မှ နောင်မွေးနေ့ပေါင်းများစွာအထိ ချစ်သော သားသမီးမြေးမြစ်များနဲ့အတူ ကျန်းမာပျော်ရွှင်ပါစေလို့
ဆုမွန်တောင်းပေးပါတယ်ရှင်
ချစ်ချစ်ခင်ခင် jasmine

ညီလင်းသစ် said...

ညီမ မဒမ်ကိုးရဲ့ ချစ်သောမေမေ အတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...။

ပန်းချီ said...

မဒမ့်မေမေကချောလိုက်တား)
မဒမ်ရဲ့ချစ်သောမေမေ..ပျောရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ချစ်သောမိသားစုနှင့်အတူ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာ၊ ချမ်းသာစွာ ဆင်နွှဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ချစ်တဲ့

ညီရဲသစ် said...

မဒိုးကန် အမေဖြစ်သူ အတွက် ပေးလိုက်တဲ့ မွေးနေ့  လက်ဆောင်လေးက နှစ်သက်စရာပါ။ မိတ်ဆွေ ဘလော့ဂါတွေရဲ့ မွေးနေ့ ဆုတောင်း ကွန်မန့် လေးကို ဖတ်မိရင် မဒိုးကန်ကို အမေဖြစ်သူက ကျေးဇူးတင်နေလိမ့်မယ်။ သမီးတစ်ယောက်က အမေကို ပေးလိုက်တဲ့ အကောင်းဆုံး မွေးနေ့ လက်ဆောင်ပေါ့...။ မဒိုးကန် အမေ မွေးနေ့ မှ နောင်နှစ်ပေါင်းများစွာထိ ကျန်းမာပျော်ရွှင်ပါစေလို့ ကျွန်တော်ကလဲ ဆုတောင်းပေးလိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်ညီမ မဒိုးကန်ရဲ့ မေမေ
မွေးနေ့မှသည်
အသက်ရာကျော်ရှည်ပါစေ
မိသားစုနဲ့အတူ ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်ပါစေ..
ဆန္ဒများ အားလုံးလည်း ပြည့်ဝပါစေ..
မိသားစုနဲ့ မခွဲမခွာ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..

လွင်ပြင်လှိုင်းငယ် said...

မဒမ်ကိုးရဲ့ ချစ်သောမေမေ အတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့မင်္ဂလာ နှစ်ပေါင်းရာကျော်ရှည်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်နော်

သဒ္ဓါလှိုင်း said...

ညီမငယ်လေးရဲ့မေမေ
စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့များစွာကို ကျန်းမာချမ်းသာစွာနဲ့ ချစ်တဲ့မိသားစုနဲ့အတူ ဖြတ်ကျော်နိုင်ပြီး အသက်ရှည်ပြီး အနာကင်းရှင်းပါစေ။ မေမေ့ကိုချစ်တဲ့ သမီးလေးလည်း ကျန်းမာချမ်းသာပြီး ပျော်ရွှင်ပါစေလို့ ဆုမွန်တောင်းပါတယ်။
ချစ်တဲ့
သဒ္ဓါ

ပိတောက် said...

မိသားစုကိုဦးစားပေးသူရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူစရာပါ၊

...အလင်းစက်များ said...

အပင်လေးတွေ စိုက်တတ်တဲ့ အကျင့်၊ လိမ်ညာတာ မကြိုက်တဲ့ ရိုးဖြောင့်တဲ့ အကျင့်ရှိတာ အရင်လူတွေ အားလုံးနီးပါး အတူတူ လိုပဲဗျ။ ၅၉ နှစ်ဆိုတော့ ဘယ်လိုပြောရပါ့ မငယ်တော့ဘူးပေါ့။ ဟီး။ အိမ်က မာတာမိခင်နဲ့  ဖခင်က ၇၅ ကျော်ဘီပေါ့ဗျား။

...အလင်းစက်များ said...

ချစ်သော သားသမီးတွေနဲ့  တရားဓမ္မရိပ် ခိုလှုံပြီး ငြိမ်းချမ်းစွာ ဘ၀ ကို ဖြတ်သန်းနိုင်ပါစေ မဒမ် တို့  မေမေရေ။

ခင်မင်စွာဖြင့်

အုန်းပိုး

အမ်တီအန် said...

မေမေရော... မီးမီးရော ချစ်ဖို့ သိပ်ကောင်းတယ်...။ မေမေ့မေတ္တာကို နားလည်တဲ့ သားသမီးတွေ အကျိုးထူးလိမ့်မယ်။ မေမေ့မွေးနေ့မှ နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာ ချမ်းသာပါစေ....။

( မေမေ့ကို ဒီပို့စ်လေးနဲ့ ကွန်မန့်တွေစုပြီး မွေးနေ့လက်ဆောင်ပေးလိုက်ပါလားဟင်..့ ထူးခြားတဲ့ မီးမီးရဲ့ လက်ဆောင်လေးအတွက် မေမေ၀မ်းသာမှာအသေအချာပါ။)

rose of sharon said...

အမေချောချောနဲ့ချစ်စရာသမီးလေးပုံက ကြည်နူးစရာ... မဒမ်ကိုးရဲ့မေမေ ထာဝရ ကျန်းမာရွှင်လန်းပါစေ...

ညိမ်းနိုင် said...

ဒိုးကန်မေမေ သက်တော်ရာကျော်ရှည်ပါစေဗျာ....၊
ဒီပိုစ့်လေးဖတ်ရတော့ အမေ့ကိုပြေးသတိရမိတယ်....။
ကြောင်လတ်ပြောသလိုပဲ ဟိုတန်းကလူကြီးတွေက
တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်လေးတွေတူ
ကြတယ်ဗျနော်...၊နှစ်ပေါင်းများစွာကိုးကွယ်လာတဲ့ နတ်
ကိုးကွယ်မှုကိုစွန့်လွတ်ခဲ့တာ၊မိသားစုသာ သူ့ဘဝ၊သူ့ကမ္ဘာ
လို့ ခံယူထားတာ၊တူ၊တူမတွေအပေါ်သံယောဇဉ်ကြီးတာ၊
စကားကို မှန်တဲ့အတိုင်းပြောချပလိုက်တာ.......အို...
အားလုံးလိုလိုပါပဲဗျာ.....

rose said...

Happy Birthday to your mom, sis :))

AH said...

အွမ်... ဟိုနေ့ကထည်းက ပေးထားတဲ့ ကျွန်တော့် ကွန်မန့် ဘယ်ရောက်သွားလဲ ဟင်.... ပြန်ရေးဦးမယ် နောက်တစ်ခေါက်... ပျော်ရွှင်ချမ်းမြေ့ပါစေ မဒိုး မေမေရော၊ မဒိုးတို့ မိသားစုတွေရော အားလုံး အဆင်ပြေချောမွေ့ကြပါစေဗျာ။

Anonymous said...

ကိုရင် လုပ်ထားပီပေါ့ pDF လေး အဲ့ညက ဟာတွေ ဒို့ မနဲ့ 
တိုင်လိုက်ရမလား..ဘာတဲ့..ထားလိုက်ပါ မိန်းမတွေက..ဘားးဆိုလားပဲ..(လင်မယားချင်းတိုက်ပေးလိုက်သည်)

သူကြီးမင်း (တုံးဖလား) said...

မဒိုးကန်ထက် မဒိုးကန့်အမေက ပိုချောတယ်နော်။း(
ရှင်းရှင်းလင်းလင်း ချောချောမောမောလေး။

မဒိုးကိုလဲ ကိုရင်ကတော့ ချီးကျူးရှာပါတယ်။ ငါ့မိန်းမ..လူရမ်းကားကြီးတဲ့။ အဟီး ဟီးး။ တင်စားတာလေ တင်စားလေ။ သူ့မိန်းမအလှအပကို အဲဒီလို တင်စားရှာတာ။း))

မဒိုးကန့်အမေ မွေးနေ့မှသည် နှစ်ပေါင်း ရာကျော် သက်ရှည်ကျန်းမာ ချမ်းသာပါစေ။

ခင်မင်လျှက်
တဂျင်းမီးးး

အလင်းသစ် said...

အမတော်ရဲ့ မေမေ ကျန်းမာပကတိ၊ ချမ်းသာစွာဖြင့် အကြာကြီး ပျော်ပျော်ကြီး ရှိနေနိုင်ပါစေ။။။။။။။။။

mstint said...

မဒိုးငယ်ငယ်က ချစ်ဖို့ကောင်းလိုက်တာ။ (အခုရောပါ)
ဓာတ်ပုံပြိုင်ပွဲတုန်းက ဝင်ပြိုင်တာမဟုတ်ဘူးး)
သား သမီးတိုင်းရဲ့ ပဲ့ကိုင်ရှင် မိခင်တို့ရဲ့ ကျေးဇူးတရားကို သိတတ်နားလည်တဲ့ သမီးလိမ္မာလေး မဒိုးအဖြစ် ဒီပို့စ်လေးကို ဖတ်ပြီး ကြည်နူးမိတယ်။ ချစ်သောမိသားစုနဲ့အတူ မဒိုးမေမေ နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် သာသာနာအကျိုးပြုနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ကိုရင် said...

ဒီနေ့မှစ အခုထက်ပိုပြီး ကျန်းမာ ချမ်းသာပါစေ..

8Yar said...

Happy Birthday ပါအန်တီရေ အမြဲပျော်ရွှင် ကျန်းမာပါစေလို့ ကျွန်တော် အိပ်ယာ ဆုမွန်ပြုပါတယ်ခင်ဗျာ။

Related Posts Plugin for WordPress, Blogger...