Monday, November 21, 2011

အချစ်ကလေးများ ငှားရန်ရှိသည် ။



တလောက ရွှေဒိုးတို့ SPA ကိုသွားရင်း ပျင်းပျင်းနဲ့ HER WORLD MAGAZINE ကို ကောက် ဖတ် မိလိုက်တော့ မျက်လုံးများပြူးကျယ် ကာ အင်မတန်မှ စိတ်ဝင်စား လှသောသတင်း တစ်ပုဒ် ကြောင့် . ဖုန်းနှင့်ပင် ဓာတ်ပုံရိုက်ယူလာခဲ့ရတဲ့ သတင်းလေးတစ်ပုဒ်ကို ပြန်လည်မျှဝေချင်ပါတယ်... ...
အားပေးတော်မူကြပါကုန်လော့ ..။။
အချစ်ကလေးများငှားရန်ရှိပါသည်တဲ့ ။။။ Boyfriend for Rent တဲ့လေ..။အမိုက်စားလေးတွေပါ ။ အလန်းလေးတွေပါ ။ တော်တော်ကိုမိုက်တဲ့ ဒီဇိုင်းတွေပါပဲ။စကာင်္ပူ ကလပ်တွေမှာ ယခုအခါ Host လို့ခေါ်တဲ့ စကာင်္ပူ မလေးရှားနဲ့ တရုတ်ပြည်မကြီးမှ လာသော ယောကျာင်္းလေးများဟာ သည်အလုပ်ကိုလုပ်ကိုင်ကြ ပါတယ် ။ ဒီHost များဟာ ရုပ်ချောရပါမယ် .အပြောကောင်းရပါမယ် .သီချင်းလဲဆိုတဲ့ရမယ် ။ စကားပြောဆိုရာမှာလိမ်မာပါးနပ်မှု့ရှိရမှာဖြစ်သလိုကိုယ့်ရဲ့ဖောက်သည်ရဲ့အလိုအတိုင်း လိုက်လျောညီ ထွေ စွာနေပေးနိုင်ရမှာဖြစ်ပါတယ် ။ 
ယောကျာင်္းပီသ ချောမောပြီးဆွဲဆောင်မှု့လဲကောင်းရပါမယ် ။ တခုခုဖြစ်လာလျှင်လဲ ကာကွယ်နိုင်ရပါမယ် ။ ဒါ့အပြင့် ကိုယ့်ရဲ့ Customer ကိုလဲ ရယ်ရွှင်ဖွယ်ရာများ နဲ့အတူ စိတ်ကြည်နူးမှု့ကိုပေးနိုင်ရမှာဖြစ်ပါတယ် ။
ဒီအလုပ်ဟာ တရုတ်ပြည်မကြီးမှ ယောကျာင်္းလေးအများစုနဲ့ စင်္ကာပူလူမျိုးယောကျာင်္းလေးများလုပ် ကိုင်ကြပါတယ် ။ ပတ်စ် ရစရာမလိုပါဘူး ။ဒီအလုပ်က . အလည်အပတ်နဲ့ဝင်လာပြီးတော့ကို သူတို့ လုပ် ကိုင်ကြပါတယ် ။
သူတို့ဟာ ည 9 နာရီ 10 နာရီပတ်ဝန်းကျင်လောက်ကနေစပြီး မနက် ၆ နာရီလောက် နေထွက်သည် အထိ ကလပ်တွေမှာအလုပ်လုပ် ကိုင်ကြပါတယ် .။သူတို့ရဲ့ အဓိက Customer တွေကတော့ လစာကောင်းကောင်း ရသော စကာင်္ပူလူမျိုး မမများ . ဘောစိမမကြီးများနဲ့  ယောကျာ်းများ က အရှေ့အလယ်ပိုင်းဒေသများတွင် သွားရောက်လုပ်ကိုင်ကာ လစာများကောင်းပြီး တစ်နှစ်မှတခါ လောက်သာပြန်တတ်သဖြင့် အထီးကျန် နေသော မမများ နှင့်ကျောင်းသူများ  စက်ရုံ အလုပ်ရုံများမှ ရာထူးကြီးကြီးမမ များလလို့ဆိုပါတယ် ။ချမ်းသာ ကြွယ်ဝတဲ့ မိသားစု အသိုင်းအ၀ိုင်းကနေ လာကြတဲ့သူတွေများပါသတဲ့။
Host များဟာ လစာမရကြပါဘူး ။ သူတို့ကို သူတို့ရဲ့ customer များက တခါကို $50 ကနေ $ 10000 အထိ ရှိကြပါတယ် ။သူတို့ဟာ Mandrine တရုတ်စကား ကိုကျွမ်းကျင်စွာပြောဆိုနိုင်ရမှာဖြစ်ပြီး အင်္ဂလိပ်လိုပါ ပြော ဆိုနိုင်မယ်လို့ဆိုပါတယ် ။ BODYGUARD  အဖြစ်လဲ လုပ်ပေးရပါတယ်။ တခါတလေမှာ Customer ရဲ့အလိုကျ အပြင်ထွက်လိုက်ခြင်း ဈေးဝယ်ခြင်း ထမင်းအတူတွဲလိုက် စားခြင်းများပါပြုလုပ်နိုင်ကြပါတယ် ။
အဆင့်အတန်းမြင့်တဲ့ပါတီတွေမှာလဲ ခေါ်ရင် လိုက်သွားလို့ရပါတယ် ။ တချို့ဆို ကိုယ်ရေးကိုယ်တာအထိပါ သက်ရောက်ကြပြီး အခြေအနေကောင်းရင် လက်တွဲကြတယ်လိုဆိုပါသတဲ့ ။
ဒါပေမယ့် သူတို့ဟာဧည့်သည်တွေနဲ့ အတူတူအိပ်ခွင့်မရှိပါဘူး ။ ဖျော်ဖြေယုံ နှစ်သိမ့်ယုံ တွဲယုံ သက် သက် သာဖြစ်ပါတယ်လို့ဆိုပါတယ် ။ Host တစ်ယောက်ကတော့ ဘာပြောသလဲဆိုရင် သူမှာ အကြွေး တွေရှိနေတာ သည်အလုပ် လုပ်ပြီးနောက်ပိုင်းမှာ သူဟာ ငွေကြေးပိုအဆင်ပြေလာကြောင်းနဲ့ ငွေကြေး တော်တော်များများစုမိကြောင်းပြောပါတယ်။ 
တစ်ယောက်ကတော့ တရုတ်ပြည်မှ သူ့မိသားစု ကိုလဲထောက်ပံ့နိုင်ပြီး ကိုယ်ပိုင်အိမ်ပင် ၀ယ်နိုင် တော့ မယ်လို့ပြောပါတယ် ။ သူကတော့ ဧည့်သည်နဲ့ Sex အလုပ်ကိုမလုပ်ကိုင်ပါဘူးတဲ့ ။တစ်ယောက် ကတော့ ကျနော်ဟာ အစက ကုမဏီတခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ငွေကြေးကိုအဲလောက်မသုံးနိုင်
မစုနိုင်ခဲ့ပါဘူး တဲ့ ။ခုတော့ ကျနော် ဟာတစ်လကိုဝင်ငွေ ဟာ အရင်လစာထက်အဆပေါင်းများစွာရရှိပြီး အဆင့်မြင့်မြင့်နေနိုင်လာတယ်လို့ဆိုပါသတဲ့ ။
တစ်ယောက်ကတော့ သူဟာ စီးပွားရေး ကျောင်းလာတက်နေတဲ့ တရုတ်ပြည်မှ ကျောင်သား တစ်ယောက် ဖြစ်ပြီး Student Pass နဲနေပြီး ဒီအလုပ်ကိုလုပ် ကိုင်ပါသတဲ့လေ. ကျောင်းစရိတ်ပေးနိုင်ပြီး ပိုက်ဆံလဲစုမိ တယ် လို့ ဆိုပါသတဲ့ ။။သူကတော့ ဧည့်သည်ရဲ့တောင်းဆိုမှု့ရှိလာရင်သော်လည်းကောင်း အခြေအနေပေါ် မူတည်ပြီး ဧည့်သည်နဲ့ အတူနေထိုင်ပါသတဲ့ ။ဒါကတော့ Host တွေကို အင်တာဗျူးထားခြင်းဖြစ်ပြီး အဲဒီနောက်မှာတော့ Client တွေကိုမေးထားပါတယ် .............။။
လာရောက်တဲ့ Customer တွေထဲက အမျိုးသမီးတချို့ကို မေးမြန်းရာမှတော့ . ကျမအနေနဲ့ အလုပ်ထဲ မှာညည်းငွေ့သမျှ ကိုသည်မှာလာ စိတ်ဖြေလေ့ရှိပါတယ် ။. သူ့ကိုကျမတွဲပါတယ် .သူနဲ့အတူ သီချင်း ဆိုပါတယ် .သူရဲ့ဆက်ဆံပုံဟာ ကျမအတွက်နွေးထွေးစေပြီး စိတ်ချမ်းသာစေပါတယ်တဲ့။။။
တစ်ယောက်ကတော့ ကျမက အိမ်ခြံမြေရောင်းဝယ်ရေးမှာ Executive Officer လုပ်ပါတယ် ။ ကျမသူ့နဲ့ အပြင်မှာပါတွဲပါတယ် ။ ယောကျာင်္းပီသပြီး ပျော်ရွှင်စေပါတယ်လို့ဆိုပါတယ် ။ ကျမသူနဲ့တွဲပြီး ဈေးဝယ်လဲထွက်ပါတယ် ။ အပြင် မှာပါ စားကြသောက်ကြနဲ့ ပျော်စရာလဲကောင်းပါတယ်တဲ့။
တစ်ယောက်ကတော့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး သူမခင်ပွန်းဟာ အရှေ့အလယ်ပိုင်းဒေသမှာ သွား ရောက် အလုပ်လုပ် နေသူတစ်ဦးဖြစ်ပြီး လစာဝင်ငွေ အင်မတန်ကောင်းသူဖြစ်ပါတယ် ။ တစ်ပတ်မှ တစ် ခါသာ အွန်လိုင်းပေါ်တွင်တွေ့ဆုံကြပြီး တစ်နှစ်မှ တစ်ခါသာ ခွင့်ရပြီး ပြန်လာလို့ရတယ်လို့ဆိုပါတယ် ။
သည်လို အချိန်မှာ သူမဟာ အင်မတန်မှ ပျင်းရိညည်းငွေ့ ပြီး အထီးကျန်ကာ .ဒီကိုလာပြီး Host တစ်ဦးနဲ့ တွဲ ပါတယ် ။
သူမရဲ့အဆိုရ ကျမ ကသူ့ကိုထမင်းအတူစားယုံ စကားစမြည်ပြောယုံပါပဲ .ဘယ်မှလဲမသွားမလာပါဘူး. ကျမ အထီးကျန်တဲ့အခါ ရင်ဖွင့်ဖို့အတွက်ပဲ ကျမလာတာပါ .သူနဲ့အတူ ၀ိုင်သောက်ကြတယ် ။။ .စကား တွေ ပြောကြတယ် ။ သီချင်းတွေဆိုကြတယ် သည်လောက်ပါပဲ ။ ကျမ အသိုင်းအ၀ိုင်ထဲ ထိခေါ်မသွားပါဘူး ။ ဒါဟာ အိမ်ထောင်ရေးဖောက်ပြန်မှု့လဲမဟုတ်ပါဘူး။ .မိတ်ဆွေဖြစ်ယုံသက်သက်ပါလို့ ဆိုပါသတဲ့ ။
တစ်ယောက်ကတော့ ကျမသည်ကိုလာတိုင်းသူ့ကိုတွေ့ပါတယ် .အင်မတန်သီချင်းဆိုကောင်းပြီး အရမ်း ခန့်ညားတဲ့ရုပ်သွင်ရှိလို့ ကျမညတိုင်းဒီကလပ်ကိုလာ သောက်ဖြစ်ပါတယ် ။.သူနဲ့စကားစမြည်ပြော ဖြစ် ပါတယ်လို့ဆိုပါတယ် ။
Concord Hotel ရဲ့ Bar မှာဆိုရင် Cat walk လျှောက်ခြင်း ကိုပြုလုပ်ပြီး သူတို့ခေါင်းမှာ ပလတ်စတစ် ခေါင်း ဆောင်းတွေ ကိုဆောင်းထားပြီး ဒါဟာသူတို့ရဲ့ ကိုယ်ပိုင်သင်္ကေတဖြစ်ပါတယ်.။ Bar အများစု မှာ Cat Walk လျှောက်ကြပါသတဲ့ ။ ဒါတွေဟာ 2009 ခုနှစ် လောက်မှာ စတင်လာတာဖြစ်ပြီး  တချို့တွေဆိုလျှင် တပတ်ကို $ 1500 ခန့် သူတို့ရဲ့ Host ချောချော လေးများအတွက် သုံးစွဲ ကြတယ်လို့ဆိုပါတယ် ။
အမျိုးသမီးတစ်ဦးကတော့ ဒါတွေသုံးတာအတွက် ကျမယောကျာင်္းသိစရာ သူ့ကိုပြောစရာမလိုပါဘူး ။ .ကျမပိုက်ဆံနဲ့ကျမသုံးတာဖြစ်တဲ့အတွက်သည်လောက်ရေးကြီးခွင် ကျယ်ပြောစရာမလိုဘူးလို့ဆိုပါတယ် ။ သူမဟာ မနှစ်လောက်က ထိုင်းHost လေးတစ်ယောက်နဲ့ တွဲခဲ့ပြီး သည်နှစ်တော့ အဲဒီထိုင်း ကောင်လေး ပြန် သွား တဲ့အတွက် နောက်တစ်ယောက်လို့ဆိုပါတယ် ။ကျမက သူဆိုတဲ့သီချင်းနားထောင်ယုံ အရက် သောက်ယုံသက်သက်နဲ့ သူ ရီစရာတွေပြောတာ ဟာသတွေပြောတာကိုနားထောင်ယုံသက်သက်ပါပဲ ။ . ကျမယောကျာ၊င်္ကိုသစ္စာဖောက်တာမှမဟုတ်တာ လို့ဆိုပါတယ် ။
သူကတော့လက်ထပ်ဖို့အထိ မျှော်လင့်လားမသိပေမယ့် ကျမကတော့ အဲလောက်ထိ မျှော်လင့်မထား ဘူး လို့ပြောပြီး သူမခင်ပွန်း အဝေးမှ ပြန်ရောက်လာလဲ သူမလုံးဝ ဂရုစိုက် ကြောက်ရွံ့နေမှာ မဟုတ်ဘူး လို့ ဆိုပါသတဲ့လေ။
ယခုဆိုလျှင် တိုကျို ၊ ဆိုလ်း ၊ဘန်ကောက်နဲ့ ဟောင်ကောင်လို မြို့ကြီးများမှာပါ သည် Host လုပ်ငန်းတွေဟာ တရားဝင်ခေတ်စားလာပြီ ဖြစ်ပါတယ် ။ချမ်းသာတဲ့မမ ကြီးများကဆိုလျှင် $3000 တန် လက်ပတ်နာရီများ  $ 2000 တန် ဟန်းချိန်းများ ၀ယ်ပေးဆင်တတ်ကြပြီး သူတို့ရဲ့ ၀န်ဆောင်ကြေးဖြစ်တဲ့ နာရီနဲ့တွက်ပြီး $ 300 ကိုလဲ ပေးကြပါသတဲ့ ။သည် Host လေးတွေရဲ့ Boyfriend Effect ကတော့ သူတို့ရဲ့ ချစ်တတ်ကြင်နာတတ် ဂရုစိုက်တတ်တာလေးတွေဖြစ်ပြီး မားမာမတ်မတ်ရပ်တည်ဖို့ သူ့တိုရဲ့လက်မောင်း ကိုတွဲသွားတဲ့ အခါမှာ ရတဲ့  ကြည်နူးမှု့တွေပဲ ဖြစ်ပါတယ်တဲ့ ။
တချို့တွေကတော့ Freelance host လုပ်ကြပေမယ့် တချို့ကတော့ သူတို့ဧည့်သည်ရဲ့ နှစ်ချူပ် ငှားရမ်းမှု့ နဲ့ Escort ပါလုပ်ပေးကြရပါသတဲ့ ။တစ်ယောက်ကတော့ ဘာပြောသလဲဆိုရင် .ကျနော်အနေနဲ့ sex ကိစ္စ နဲ့ပတ်သတ်လာရင်တော့ လုံးဝလက်မခံပါဘူး ။တချို့ကတော့ သူတို့နဲ့ အတူ အိပ်မယ်ဆိုရင် အချော ဆုံး ကိုရွေးကြပါတယ်  ။ ဈေးကလဲသည်ဈေးနဲ့မရတော့ပဲ ဈေး ပိုကြီး မြင့် သွားပါတယ်။ ကျနော်ကတော့ သည် လို လူစားမဟုတ်ပါဘူး ။ ဒီလိုမလုပ်ဘူးလို့ ဆိုပါတယ် ။
သူပထမ ဆုံးစလုပ်လုပ်ချင်း လကဆို သူမှာ ချိန်းဆိုမှု့ ၁၀ ခုလောက်ကိုလက်ခံရရှိခဲ့ပြီး အတူဈေးဝယ်ခြင်း ..ကော်ဖီ သောက်. ရုပ်ရှင်ကြည့်ခြင်းနဲ့ ညစာအတူစားခြင်းတွေကို လုပ်ခဲ့ရတယ်လို့ဆိုပါတယ။် ။သူဟာ ခုချိန်ထိကို ကျနော်တို့ဟာ သူတို့ရဲ့ ချစ်သူတွေလား သူငယ်ချင်းတွေလား ဆိုတာ ကိုမသိနိုင်ပေမယ့် ကျနော်တို့ဟာသူတို့ရဲ့ တိတ်တဆိတ်ပံ့ပိုးသူများ Silent Supporter တွေသာဖြစ်ကြပါတယ်လို့ဆိုပါတယ် ။ ။အစကတော့ အချိန်ပိုင်းပဲ ဒီအလုပ်ကို လုပ်တာပါ ။ခုတော့ အချိန်ပြည့်အဖြစ်ပြောင်းလိုက်ပါပြီ လို့ဆိုပါတယ် ။
Client တစ်ယောက်ဟာဆိုရင်ဖြင့် သူရဲ့အလုပ်ချိန်ပြင်ပတွေကို ထို Host ကလေးဖြင့်အချိန်ကုန်လေ့ရှိပြီး တစ်ညကို $500 ပေးရပါသတဲ့ ။
...................................................
ကြားရ ကြားရ အဲလေ ဖတ်ရမြင်ရ တယ် လဲ အံ့ ဖွယ်ရယ်တဲ့မှ တယ်မကုန်နိုင် ..ခုခေတ်ခုခါမှာများ ငွေရှာစားတာ လွယ်လိုက်ကြတာ ။
ရုပ်လေးချောရင် အဆင်ကိုပြေလို့ ။သူတို့များ ..အဲ ဘာတဲ့ .Boyfriend  for Rent ဆိုပဲ ။ Silent Supporter ဆိုပဲ ။
တရားဝင်မဂ္ဂဇင်းမှာတောင် ရေးလို့ ဗျူးလို့ ဂုဏ်တွေယူလို့ပါတကားး။။အရင်တုန်းက ဒိုးကန် တို့       ရွှေပြည် ကြီးမှာ ဖြင့်  အထက်တန်းလွှာများဆုံဆည်းရာ ဂုဏ်ဖော်ရာ ဒေသတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ် ဈေးလို နေရာ မျိုး မှာလဲ ဒါမျိုးလေးတွေ ပန်းပွင့်လေးတွေထိုးပြီးတော့ တောင်ရှိသတဲ့ လို့သဲ့သဲ့ ကြားခဲ့ဖူးပါရဲ့ ။
ဟုတ်မဟုတ်တော့မသိပါဘူး။ 
သြော် ရုပ်ကလေးချောလိုက်တာ လို့အထင်မကြီးလေနှင့် ။သည်လိုဟာကြီး ဖြစ်နေလျှင်ဒုက္ခ။

ကဲ ..ခုတော့ဘယ်နှယ့်ရှိစ .။ နာမည်ကြားကောင်းအောင် ဟိုလျှောက်ပြော သည်လှည့်ပြောနဲ့ ။လက်ကျောတင်းတင်းအလုပ်မလုပ်စားချင်တာလား ။ဒါမှမဟုတ် ဒီလိုပြောတတ်လုပ် တတ် တာ တွေ ကလဲ မွေးရာပါအရည်အချင်း များ ဖြစ်နေလေရော့သလား ။သည်လို မမ တွေကြိုက်ဖို့ဆိုတာကလဲ လွယ်မှမလွယ်တာကိုး ....ဒါလေးတွေကို သွားတွယ်ပြီး သူတို့က ဟင့်အင်း ကျနော်တို့ ခင်ဗျား ကို မလိုချင်တော့ ပါဘူးဆိုလျှင် ဟက်တက်ပဲ့ အသည်းကွဲလေ ရော့ပဲ မမတို့ရေ ..။။
ခံစားလေရော့ပဲ ....
အင်း..းးးးးးးးးနောက်ဆုံးတော့လဲ အင်းးးးးးးးးးနောက်ဆုံးပါပဲ ...................... လို့သာ ပြောလိုက်ချင်ပါတော့တယ် ။။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ
 မဒိုးကန် 

၅နာရီတိတိ
၂၁၊ ၁၁ ၊၂၀၁၁

28 comments:

Anonymous said...

ဒို့ မရေ...မိန်းကလေး ဟော့တွေမရှိဘူးလား..ဟိုးနေ့ က ကိုရင်နဲ့ တွေ့ တော့ ရှိတယ်ဆိုပဲ..စလုံးသွားရအောင်တဲ့...ငှဲငှဲငှဲ..မလေးမှာလည်း၇ှိပ..ဟော့တက်နေတာပဲ

Cameron said...

အော် ယောက်ကျားတွေတောင် ဒီလိုအလုပ်လုပ်လာပီလား....။

rose said...

eeee... :0) interesting and a kind of weired for me. Hmmm.. Sigh *~*

Thameesan said...

အစ်မတော်ရေ..
ဘယ်လိုပြောရပါ့
ဟယ်..ဟယ်..ဟယ်လို့သာ
ဆိုလိုက်ချင်တော့ရဲ့း))
အံ့ရောကွယ်..အံ့ရော.အံ့ရေားP
စကားမစပ်..အမတော်ပြောသလို
ပုံစံနဲ့ကောင်လေးတစ်ယောက်တော့
ဗိုလ်ကလေးဈေးမှတ်တိုင်မှာ..
တစ်ခါတွေ့ဖူးတယ်း))


လေးစားလျှက်

ကိုဇော် said...

ဗိုလ်ချုပ်ဈေးမှာ တကယ်ကို ရှိနေတာပါ။ ၁၀ တန်းကျောင်းသား ဘဝတုန်းက ဗိုလ်ချုပ်ဈေးကို သူငယ်ချင်း တစ်ယောက်နဲ့ ဝင်မွှေတဲ့ တစ်ရက်မှာ အနောက်ဘက်က living color နားမှာ မောင်လေးတို့ အားလား ဆိုပြီးတော့ အမေးခံခဲ့ရဖူးတယ်။ အတူ ပါလာတဲ့ သူငယ်ချင်းက နေသူရဦး လိုမျိုး ရုပ်နဲ့ အတော် ချောသူပါ။ ကိုယ်ကလည်း ဘာမှန်း မသိတော့ တခြား အကူအညီတောင်းတယ် ထင်လို့ ဟုတ်ကဲ့ အားပါတယ် လို့ ပြန်ပြောမိသေးတယ်။ ဒါဆို ကားပေါ်တတ်လေတဲ့ နှစ်ယောက်လုံးကို ခေါ်တာ။ ဘာလဲဟ ပေါ့လေ။ နောက်တော့မှ ရှက်ရှက်နဲ့ ပြန်လာလိုက်ကြတာ။ အဲဒီ့ အထဲက ဗိုလ်ချုပ်ဈေး အနောက်ဘက်က ဈေးတန်းနားကိုတောင်မှ မသွားတော့တာ။ အခုတောင်မှ တွေးမိတိုင်း ရှက်နေမိသေး..:P

သူကြီးမင်း (တုံးဖလား) said...

မဒိုးကန်လေးရေ...
ဒီအလုပ်မဆိုးဘူးဟ။ ကိုရင်ကို လုပ်ခိုင်းကြည့်ပါလား။ သူ့ရုပ်နဲ့ဆို ဖြစ်လောက်တယ်နော။း))

ခင်မင်လျှက်

Anonymous said...

သူတို့ကအခုမှမြန်မာပြည်မှာလုပ်စားတာကြာပြီ

Unknown said...

အိုးဟိုး...
ကျားတွေတောင် ဒါမျိုးတွေ လုပ်စားကုန်ကြပလား..ဟီး..
ဂယ် အံ့သြတယ်ဗျို့...

ခင်လျက်
ဒီနေခ

sosegado said...

ရှင်ဂျင်ကုမှာ မြန်မာတွေတောင်ရှိတယ်၊ ဒီဘက်မှာတော့ မဆန်းပါဘူး၊ တန်းတူအခွင့်အရေးဆိုလားပဲ။

ကိုရင် said...

ဒါကို ဘာအလုပ်လို့ ခေါ်မလဲ..ကုသိုလ်လည်းရ ၀မ်းလည်းဝလို့ ပြောရမလား..ဒါမှမဟုတ် ၈ျီးတော်နွားကို အခယူပြီးကောင်းတာလို့ ပြောရမလား. ဒို့ သူကြီးနဲပ အရင် စမ်းကြည့်ခိုင်းရမယ်.. :D

ပန်းချီ said...

မဒမ်ဝင်းရေ..ကိုရင် ဒီအလုပ်ကိုစိတ်ဝင်စားနေပြီထင်တယ်..(အဟက်..ဖွသွားသည်..းD)

မိုးခါး said...

သူတို့ကျတော့လည်း ပိုက်ဆံရ လွယ်လိုက်သမှနော် ..း)) ရှယ်လိုက်ဦးမယ် ဖဘမှာ .. :P

my logic said...

မမဒိုးကန်ရေ ပူးပူးဖြင့်ဖတ်ပီးသွားတော့ ဘာပြောရမှန်း
တောင်မသိတော့ပါဘူး......
အံသြစရာပါလား လို့လေ ပိုက်ဆံရှာရအဲလောက်လွယ်
တယ်ယောက်ျားတွေများလို့....
ဘာမှဆက်မပြောတော့ပါဘူး .......
မကောင်းရှိတော့မယ် တော်ကြာ.....
ခင်မင်လေးစားလျှက် မမရဲ့

ပူးပူး

Vista said...

သူ့ သဘောသူ ...သူတို့ ချင်းအဆင်ပြေပြီးတာပဲလေ ခွီး။

လွင်ပြင်လှိုင်းငယ် said...

လေ့လာသွားပါတယ်

ညိမ်းနိုင် said...

ဗိုလ်ချုပ်ဈေးကဟာတွေကတစ်မျိုးဗျ...၊သူတို့က sexual
ပိုင်းသက်သက်လိုမျိုးတွေများတယ်၊ခုဟာတွေကျတော့
အဲကိစ္စမပါတဲ့သဘောဖြစ်နေတယ်...၊အပျော်တွဲရုံသက်
သက်ထင်ရဲ့..၊အင်း... ရှစ်ပဲဖရန့်လေးတွေငှားရန်ရှိသည်
ဆိုတာမျိုးကြော်ငြာတွေ့ရင်လက်တို့နော်....:P
ဒါနဲ့စကားမစပ် ကိုရင်လည်း ဒီလာအလုပ်ရှာမလို့ဆို...
အတော်ပဲ....နဲနဲစုံစမ်းကြည့်ထားလိုက်မယ်နော်..ကိုရင့်
အတွက်....:D

စံပယ်ချို said...

တိုးတက်ပုံများတော့
တစ်မျိုးကောင်းတာပဲ အချစ်မရှိတဲ့သူတွေအတွက်ပေါ့
ခင်ခင်မင်မင် jasmine

ice-cream said...
This comment has been removed by the author.
ဆောင်းနှင်းရွက် said...

အချစ်ကလေးများ ငှားရန်ရှိသည် ဆိုလို့ ..
:D ထူးထူးဆန်းဆန်းပဲ ..
၂၀၁၂ ကမ္ဘာ မပျက်ခင်
တိုးတတ်နေသော ခေတ်ကြီးပေါ့ .. B-))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညီရဲသစ် said...

သြော်... ခောတ်ကလဲနော်...
သိပ်ကြောက်ဖို့ ကောင်းလောက်အောင်ကို ဖြစ်နေပြီ...
ဒီလို အလုပ်မျိုး လုပ်တဲ့ ယောက်ကျားလေးတွေကိုလဲ အံသြမိပါရဲ့ ... ယောက်ကျားရင့်မာကြီးတွေ ဖြစ်နေပြီး...ဟင်းးးးး ရင်မောမိတယ်...

...အလင်းစက်များ said...

ဘန်ကောက်မှာတော့ မြင်နေ တွေ့ နေရတာပါပဲ။ ထိုင်းလူမျိုးတွေ အဓိက လုပ်စားကြတာ တွေ့ ရတယ်။ အဲ...... မြန်မာထဲက ခပ်ဖြောင့်ဖြောင့်တွေလည်းတွဲသွား တွဲလာ လုပ်တာ မြင်ဖူး သိဖူးပါတယ်။

ထင်ကြေး မြင်ကြေး ကောင်းသည် ဆိုး၏ တော့ ပြောဖို့ ရာ မ၀ံ့ရဲပါကြောင်း ဗျား။

rose of sharon said...

ငပျင်းတွေ အားမပေးပေါင်...

Han Kyi said...

ရန်ကုန်မှာတော့ ရှိတယ်လို့ ကြားဖူးတာပါပဲ...ဒါပေမယ့် သူတို့က male prostitute တွေဆိုတော့ အခုမောင်တွေနဲ့တော့ မတူပေဘူးပေါ့...အင်း ကြာတော့လည်း လောကပါလတရားတွေ ပျောက်ကုန်ပါပေါ့လား...တော်သေးတယ် ဦးဟန်ကြည့်မာတာမိခင်က သူ့သားကို ရွက်ကြမ်းရေကျိုလောက်လေးပဲ မွေးပေးထားလို့...

mstint said...

ခေတ်ကြီးကတိုးတက်လွန်းလို့ပဲလား လူတွေကပဲ ခေတ်ရှေ့ပြေးနေလို့ပဲလား လိုက်မမှီတော့ဘူး မဒိုးရေ။
ဒါနဲ့ နေကောင်းပြီလား ပို့စ်တွေတင်နေတယ်ဆိုတော့ အိုကေပြီထင်ပါရဲ့နော်။ ကျန်းမာရေးဂရုစိုက်ပါအုံးမဒိုးရယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

သူတို့ များ ပိုက်ဆံရှာရတာ လွယ်လိုက်တာနော်...ဘာအရည်အချင်းမှ မတိုးတက်တဲ့ အလုပ်မို့ လို့  ပိုက်ဆံဘယ်လောက်ရရ အထင်မကြီးဘူး...

ချော(အစိမ်းရောင်လွင်ပြင်) said...

လွယ်လွယ်ငွေရှာကြသူတွေနဲ့ လွယ်လွယ် စိတ်ချမ်းသာမှုကို ရှာကြသူတွေလို့ ပြောရမယ် ထင်ပါရဲ့..
သူတို့ဖာသာတော့ ကိုက်နေတာပါဘဲ။ ယောက်ျားတွေ ဒီလိုနည်းနဲ့ လွယ်လွယ်ငွေရှာလို့ရရင် အလုပ်ကောင်းကောင်းမလုပ်တော့ဘဲ ခုလိုနည်းနဲ့ ရှာကုန်ရင် မခက်ပါလား..
အော်.. ထူးဆန်းပေစွ. အသင်လောက

kokoseinygn said...

ခေါင်းစဉ်လေး တော့ကြိုက်တယ်
ညီမေ၇....
စာတွေအားလုံးဖတ်သွားတယ်။

မအိမ်သူ said...

ကမ္ဘာကြီး ၂၃ နှစ်ပိုင်းတစ်ပိုင်းဒီကရီစောင်းတာကော ဟုတ်သေးရဲ့လားဟယ်.. အထူးအဆန်းတွေပါလား... ငွေရှာရတာများ လွယ်နေလိုက်ကြတာ.. ဘာပြောရမှန်းတောင်မသိတော့ဘူး..း(

Related Posts Plugin for WordPress, Blogger...