Friday, October 14, 2011

စီဘောက်မှာ ဘာညာ ဘာညာ

 
စီဘောက်မှာ အရုပ်ထည့်ချင်ပြီး ဘယ်လို အရုပ်ထည့်ရမှန်း မသိတဲ့ သူငယ်ချင်းအနည်းစုအတွက် ရည်ရွယ်ပါ တယ်။အရုပ်ထည့်ဖို့ အရင်ဆုံး မိမိတို့ရဲ့ Cbox ကို login လုပ်ပါ..login လုပ်ပြီးတာနဲ့ အောက်က ပုံအတိုင်း ဆက်သွားပါ..


အပေါ် tab ထဲက option ကို ကလစ်ပြီး သူ့ထဲက smiles ကို သွားပါ။.


အထက်ပါ ပုံအတိုင်း ပေါ်လာပြီး မူရင်းဆိုဒ်က ပေးထားတဲ့ မူရင်းပုံလေးတွေ ရှိထားပြီး ဖြစ်ပါလိမ့်မယ်။ ပုံအသစ်တွေ ထည့်ဖို့ အတွက် စမိုင်းလေးတွေရဲ့ အောက်ဆုံးမှာ ၀ိုင်းပြထားတဲ့ အကွက်အလွတ်လေး ရှိပါတယ်။အဲဒီအထဲမှာ ကိုယ်ထည့်ချင်တဲ့ smile ပုံရဲ့ link ကို ထည့်ရမှာ ဖြစ်ပါတယ်။ကိုယ်လိုချင်သလောက် Row ကို New Row ကိုကလစ်ပြီး ရယူပါ။link တွေ ထည့်တဲ့အခါ သတိပြုရမှာက link ရဲ့ နောက်ဆုံးမှာ .gif ပါမှ ပုံပေါ်မှာ ဖြစ်ပါတယ်ခင်ဗျား။

ပုံရဲ့ code လေးတွေ ထည့်တဲ့အခါမှာ (:) အဲဒီ ကွင်းစကွင်းပိတ်ထဲက ဟာလေးကို ပါအောင် ထည့်ပေးပါ။ မပါလည်း ရပေမဲ့ တစ်ခါတစ်လေ သူမပါပဲ ထည့်တဲ့ပုံတွေ မပေါ်တတ်ပါဘူး။ဘာမှ မပင်ပန်းလို့ ထည့်စေချင် ပါတယ်။code တွေကို ကျွန်တော် ထည့်ထားသလိုမျိုး ကိန်းဂဏန်းနဲ့ ထည့်မယ်ဆိုရင် :11 ကစပြီး ထည့်ပေး ပါ။အဲဒါမှ ပုံတွေဟာ ကိုယ်လိုချင်တဲ့အတိုင်း ပေါ်မှာ ဖြစ်ပါတယ်။ :1 က စထည့်လို့လည်း ရပေမဲ့ :11 ရောက်တဲ့အခါ အဲဒီပုံတွေဟာ ကိုယ်လိုချင်တာ ဥပမာ :11ပုံဆိုရင် မပေါ်တော့ပဲ :1ရဲ့ ပုံနဲ့ အဲဒီ ပုံဘေးမှာ ဂဏန်း 1 ပေါ်နေပါ လိမ့်မယ်။အဲဒါကြောင့် ဂဏန်းနဲ့ ပေးမယ်ဆိုရင်လည်း :11 ကစပေးပါ။

အင်္ဂလိပ် အက္ခာရာဆိုလဲ အဲလိုပဲ မထပ်ဖို့ အထူးသိပြုပါ။ link တွေထည့်တဲ့အခါ တစ်ခုထည့်ပြီးတိုင်း  save change ကို ကလစ်ဖို့ မမေ့ပါနဲ့..။မှားပြီး ကလစ်မိလို့ browser ပျောက်သွားရင်တောင် save လုပ်ထားတော့ နှစ်ခါ မမောတော့ဘူးပေါ့ဗျာ။Save လုပ်ပြီးတာနဲ့ ကိုယ့်ရင်ဘတ်ကို ဘုန်းကနဲ ခပ်နာနာပုတ်ပြီး တစ်ပတ် ပတ်ပြီး ကလိုက်စမ်းပါ။

ပုံလေးတွေကိုတော့

http://im-smiley.com၊
http://img39.imageshack.us
http://www.smileycodes.info
http://www.emotasia.com

အဲဒီ link တွေနဲ့ တခြား မိမိတို့ သိတဲ့ linkတွေမှာ ရှာဖွေနိုင်ပါကြောင်း
(တခြားသိတဲ့ စီဘောက်တွေက လူမသိခင် ခိုးယူနိုင်ပါကြောင်း..:D....စကားချပ်)
ကဲ အရုပ်ကလေးတွေကို ကြည့်ပြီး ပျော်နိုင်ကြပါစေ..

လေးစားစွာဖြင့်
ကိုရင်

20 comments:

သူကြီးမင်း (တုံးဖလား) said...

လုပ်လိုက်တော့လဲ ဟုတ်တုတ်တုတ်ဘဲ။း))

ကျေးဇူးကိုရင်။

TZH1985 said...

ကျေးဇူးပါပဲဗျာ

စံပယ်ချို said...

မလုပ်ရသေးတဲ့သူတွေမြန်မြန်သာလုပ်ကြပါ
အားပေးနေပါတယ်...
ဆော်လို့ကောင်းအောင်လို့ပါ
လူပျိုကြီးတွေလဲလုပ်ကြပါ။

Han Kyi said...

အရုပ်ထည့်နည်းတော့ သိသွားပြီ...မှတ်ပဲမှတ်ထားလိုက်တယ်...လက်တွေ့တော့ အသုံးမချတော့ဘူး...မဒိုးကန်တို့ ပစ်ပစ်တို့ ကလေးတွေ လာလာဆော့မှာ စိုးရိမ်ရလို့...

တို့ကိုရင်က ဒါတွေလည်း အရသားကပဲ...ဒါမို့ မဒိုးကန်က အချစ်ပိုပြီး အပြစ်ဆိုနေတာ ထင်ပါ့...း)))

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျေးဇူးတင်တယ်ဗျို့
အချိန်ရရင်တော့ စမ်းကြည့်ပါဦးမယ်
အရုပ်လေးတွေတော့ သဘောကျသား

San San Htun said...

ကိုရင် ကျေးဇူးပဲဗျို့ ...

နွေတေးရှင် (မင်းဧရာ) said...

နောက်မှလလုပ်တော့မယ်
အခုတော့ အကောင့်အသစ်တစ်ခုထပ်
ပြီးဖွင့်ထားရတယ် အကိုကြီး နဲ့ အမကြီး
ကျွန်တော့် အကောင့်က သူများ သမ သွားလို
အဲဒါလာပြောတာ။

(မင်းဧရာ)။

Thandar Lwin said...

Thanks Par.

Crystal said...

မဒိုးကန် ဆော့ဖို့ပဲ ရည်ရွယ်တာနေမှာပါ :P

Thameesan said...

ဝေးဟေးးးးး
အရုပ်အတစ်တွေရပြီတွး))
ကြော်ကြရာကြီး :P

SHWE ZIN U said...

မိုက်တယ်ဗျို့

ကလေးတွေ ဆော့ဘို့ ထားလိုက်ပါမယ် သကြီးမင်း တို့ အုပ်စုပေါ့

ခင်မင်တဲ့
ရွှေစင်ဦး

မဒမ်ကိုး said...

း) ဟုတ်တယ် မကြီးရေ ဒိုးကန်တို့ပဲဆော့မယ်နော် ..
မကြီးလဲထည့်လိုက်လေ.သေချာတာတော့စီဘောက်ပျက်ပြီ ဟိဟိ .း)
ကန်ဒီရယ် ..လာပါအေ အတူတူဆော့ကြတာပေါ့.း)
ဟိုကောင်မလေး သမန်စီး ငါ့စီဘောက်ကအရုပ်တွေမှ သမသွားရဲ့လား )

Anonymous said...

ကောင်းသွားပြီ မဒိုးကန် ရေ ....

...အလင်းစက်များ said...

စီပုံး အရင်တပ်ဖို့  လုပ်ရမယ် ပြီးတာနဲ့  အရုပ်တွေနဲ့  ကလိရမယ်..... ဟဲဟဲ...... ကျေးကျေး။

ညိမ်းနိုင် said...

အင်း...ကိုလတ်တို့ ကိုရဲတို့ ဖြိုးတို့ မျှစ်တို့ မယ်မျိုးတို့ မိုးယံ
တို့ ကလေ;တစ်သိုက် ဆော့ဖို့ ထည့်ပေးဦးမှပါ....၊ကိုယ်တွေ
ကတော့ ဒါမျိုးမဆော့တော့ဘူး.....:P

ကြယ်ရောင်မှတ်စု said...

ဂွတ်တယ်ဗျို့.....ကျေးဇူးပါ :)

ခင်တဲ့(ဖိုးကြယ်)

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ဟီးးးး တားတားတို့တော့ ကိုယ့်ကိုယ်ကိုအပစ်ပေးထားတယ် cbox ကို ဖျောက်ထားတယ် အီးးး ဟင့် ဟင့် ရွှတ်

blackroze said...

မလုပ်ပါဘူး
ဘာလို့လုပ်ရမှာလဲ
တော်ကြာကိုရင်ပြန်လာလက်စားချေရင်
ဘိုလုပ်မလဲနော်..
သူများလာဆော့လို့ရရင်ပြီးတာဘဲ

♣☺တောသူမလေး☺♣ said...

အရမ်းကျေးဇူးတင်ပါတယ် ပုံလေးတွေလိုချင်နေတာကြာပါပြီ ခုမှနည်းလေးသိတာပါ ကျေးဇူးအထူးတင်ပါတယ်ရှင်

Q-te said...

အရမ်းကျေးဇူးတင်ပါတယ် သဘောကျတဲ့ပုံလေးတွေ ထည့်ရတာအဆင်ပြေသွားပီ ကိုယ့်ရင်ဘတ်ကိုယ်တော့ နာနာလေးမထုဖြစ်လိုက်ဖူး :P

Related Posts Plugin for WordPress, Blogger...