Monday, September 19, 2011

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ”



ဒီနေ့..ဒိုးကန်ရဲ့ ၂၉နှစ်ပြည့် မွေးနေ့...

ကျွန်တော် အလုပ်က ထွက်တော့ မနက် ကိုးနာရီခွဲပြီ။နေမကောင်းပါလျက် ညကအလုပ်ထဲ လိုက်လာပြီး ကျွန်တော့ကို အပြည့်အ၀နှောက်ယှက်တယ်။မနက်ကျရင် သူ့မွေးနေ့ ရှိတယ်။“ဘာလက်ဆောင် ပေးမှာလဲ  ဆိုပြီး ဂျီတာကတစ်မျိုး၊အိမ်မှာ သရဲကြောက်လို့ မနေရဲဘူး ဆိုတာကတစ်မျိုး၊အမျိုးအမျိုးသော ဂျီနည်းတွေနဲ့ သူကျွန်တော့်ကို ဂျီပါတယ်။တကယ်လို့ သူပြော သလို အိမ်မှာ သရဲရှိနေခဲ့တယ်ဆိုရင်တောင် သရဲဟာ ဒိုးကန်ကို မျက်စိနောက်လို့ ပြီးခဲ့တဲ့ နှစ်လလောက် ကတည်းက နားအေးပါးအေးရှိတဲ့ ဒိုးကန်နဲ့ ဝေးတဲ့ နေရာတစ်ခုကို မိသားစုလိုက်ရွှေ့သွားခဲ့ကြတာ ကြာပါပြီ။ ဒါက သူဂျီကျပုံတစ်ချို့ ..။

ဆိုင်မှာအအေးတစ်ခုခု သွားသောက်ကြတိုင်း အိမ်မှာကတည်းက အစားရယ်၊အသောက်ရယ်ဆိုပြီး အပျော်ကြိုပြီး မဲနှိုက်ကြတယ်။သူအသောက် ကြတဲ့ နေ့ဆိုရင် ဆိုင်ရောက်ရင် ကိုလာကို အရောင်လေး သဘောကျတယ်ဆိုပြီး မှာတယ်။ပြီးတော့ အားရပါးရ တစ်ငုံသောက်ပြီး “အားးး...ခါးတယ်”ဆိုပြီး မုန့်ပါ ထပ်မှာစားတယ်။အဲလို လူလည်ကြတာပါ။ဈေးကိုသွားရင်လည်း ကျွန်တော်က သူ့ညာလက်ချောင်းလေး တွေကို ဈေးနဲ့ တော်တော် လှမ်းကတည်းက ခပ်တင်းတင်း ကိုင်ထားရတယ်။အဲလို မလုပ်မိတဲ့နေ့ဆိုရင် ဈေးအ၀င်ကတည်းက လက်ညှိုးကို ထောင်ပြီးဝင်သွားတာ..။မဲမဲ၊ဖြူဖြူ၊ပြာပြာ မျက်စိရှေ့ တွေ့သမျှ အကုန် လက်ညှိုးထိုးပြီး ၀ယ်ခိုင်းတတ်ပါတယ်။မ၀ယ်ပေးရင် ဆိုင်ရှေ့ မှာ ခြေထောက်နှစ်ချောင်းကို လိမ်ကပ်ပြီး မခွာ တော့ပါဘူး။ဒါက သူလူလည်ကျတာတွေထဲက ခပ်ပါးပါးလေးတစ်ချို့ ပါ။

“နင့်စိတ်ပင်စည်ကို လှုပ်လှုပ်ချတိုင်း အတ္တသီးတွေပဲ ကြွေကြေကျတယ်”တဲ့..။ဒါက သူစိတ်ဆိုးတိုင်း ကိုရင့် ကိုထိုးနှက် နေကြစကားတစ်ခွန်းပေါ့..။အတ္တသီးတွေ ကြွေကျတယ်ဆိုရင်တောင် ကျွန်တော့်အမြစ်တွေက သူ့အတွက် ဘယ်တော့မှ မခြောက်သွေ့ဘူးပါဘူး”တဲ့..။ဒါက လိုချင်တာရလို့ စိတ်ကောက်ပြေတဲ့အခါ သူပြန် ပြောတတ်တဲ့ စကားပါ။အဆိုးဆုံးက ကျွန်တော့်ကို သူ့အိမ်က မွေးထားတဲ့ တယ်ရီယာပေါက်စလေး “အတီး” ဆိုတဲ့ကောင်လောက် ချစ်တယ်လို့ ပြောတာပဲ။တစ်ခါတစ်လေ ဖုံးထဲကနေ “ကိုရင်ရယ်..အတီးကိုလွမ်းလို့ အတီးလိုလေး ညည်းပြစမ်းပါ”လို့ အပြောခံရတဲ့ အချိန်တွေဆို ကျွန်တော် အတော် စိတ်လေတယ်။ ကျွန်တော့် မျက်နှာကို ပြေးသာမြင်ကြည့်ဗျာ။ဒါက သူကျွန်တော့်ကို ဘယ်လောက် ချစ်ကြောင်းဆိုတဲ့ အရာတွေထဲက တစ်ခု..။အနေဝေးနေတောင် သူ့ပုံရိပ်တွေက ကျိန်စာတွေလို ဘေးမှာ အမြဲမြင်မြင်နေရ တယ်။

“ကျွန်တော် ဂုဏ်အယူဆုံးက နင့်ကို စိတ်ပျက်လောက်အောင် ချစ်တာ” ဆိုတဲ့ သူ့ဆီက အန်အန်ကျတဲ့ စကား။ကျွန်တော့်လောက်ဆိုးတဲ့သူ လိုက်ရှာရင် ထမင်းထုပ်သိုးယုံတင်မကဘူး.လူပါ သိုးသွားနိုင်တယ်။ ပိုစ့်ရေးလို့  “ကိုရင် ဒီနေရာ မှားနေတယ်” လို့ သူထောက်ပြရင်တောင် ကျွန်တော်က စိတ်ထဲ ရှိနေတဲ့ ကျွန်တော် ရေးချင်တဲ့အထိ ရေးပြီးမှ နေက်ကို ပြန်လှည့်ပြင်တတ်တဲ့သူ။ပြင်ပြီးရင်တော့ ညာလက်ကို လာလာရိုက်တယ်။“ဘယ်လို သတ္တ၀ါလေးလည်း မသိဘူး”ဆိုပြီး ကျွန်တော့်ကို နောက်ကနေလာလာ ဖက်ထားတတ်တယ်။သူစိတ်မကောင်းဖြစ်သွားတာကို ကျွန်တော် မြင်မှာစိုးတာတဲ့။ဒါက အသေးအမွှားဆိုရင် ကျွန်တော့်ရဲ့ ဗီဇတစ်ခု ဖြစ်ကောင်းဖြစ်မှာပါ။

လျှောက်တွေးရင်းနဲ့ အလုပ်ကထွက်တော့ “အိပ်ယာက ထထား၊မွးနေ့ကိတ် ၀ယ်လာတယ်”ဆိုပြီး အိမ် အောက်က နေ ဖုံးဆက်တယ်။ပြီးတော့ အိမ်အောက် ဈေးဆိုင်လေးကနေ ကိတ်နဲ့ ဓါးတစ်ချောင်းဝယ်ပြီး ပြန် တယ်။အိမ်ရောက်တော့ သူမနိုးသေးပါဘူး။အိမ်ရှေ့ မှာပဲ ကိုယ့်ဘာသာပြင်ပြီးတော့ အိပ်ယာပေါ်ကနေ သူ့ကို သွားနှိုးတော့ ကိုယ်တွေက နွေးနေတယ်။မျက်နှာတောင် မသစ်ဘူး။“မီးမှုတ်မယ်၊မီးမှုတ်မယ်တဲ့”..ကိုရင် ၀ယ်လာတဲ့ ကိတ်လည်းတွေ့ရော သူဖြစ်သွားတဲ့ မျက်နှာကို မြင်ချင်လား..သူ့အတွက် ပြင်ပေးထားတဲ့ ကိုရင့်ရဲ့ ကိတ်ကိုသာ ကြည့်ပေတော့..
pre birthday အခမ်းအနားလေးပေါ့..:P (အဲဒီဓါးနဲ့ ကိုရင့်ကိုလိုက်ခုတ်တာ)

“ဟမ်..ဒါကြီးလား”တဲ့..“အချိန်မရလို့ ဒါလေးနဲ့ပဲ ဒီနှစ်တော့ သီးခံပေးပါ”ဆိုတော့ အဲဒီ ကိတ်လှီးမဲ့ဓါးနဲ့ ကိုရင့်ကို လိုက်ခုတ်တယ်။မနည်းပြေးရတယ်။နေ့လည်ကျတော့ နေမကောင်းတဲ့သူ့ကို အပြင်ခဏ သွားရ အောင်ဆိုပြီး သူငယ်ချင်းတွေရဲ့ ဆိုင်မှာ အသင့်လုပ်ပေးထားတဲ့ မွေးနေ့ပွဲလေး လုပ်ပေးဖြစ်တယ်။ ပျော်စေချင် လို့ အသိမပေးခဲ့တာ ကိုရင့်လက်က ဓါးခုတ်ရာက သက်သေပဲပေါ့..သူငယ်ချင်းတွေနဲ့ သူနေမကေင်းတာကိုမေ့ပြီး ပျော်နေတာတွေ့တော့ လက်က ဓါးခုတ်ရာကိုကြည့်ပြီး ကျွန်တော် ကျေနပ်ရ တယ်။သူကတော့ ဘာတွေ ဆုတောင်းခဲ့လဲ မသိဘူး။

ကဲ..ဒိုးကန်ရေ..ဒီနေ့စပြီးတော့ အမြန်ဆုံးနေကောင်းပါစေ..အလိုချင်ဆုံးဆု တောင်းဆု တစ်ခုပေါ့။
တစ်သက်လုံး ကျန်းကျန်းမာမာနဲ့ ဘေးမှာ နှောက်ယှက်နိုင်ပါစေ။ချစ်သော blogger တွေနဲ့ ထာဝရအတူတူ နောက်ပြောင် နေနိုင်ပါစေ။

ချစ်ခင်ပွန်း
ကိုရင်သာပျော့
3:07(GMT)

49 comments:

ကိုရင် said...

ပျော်ပါစေ ဒိုးကန်ရေ...

San San Htun said...

မဒိုးကန် မွေးနေ့ မှသည် ပျော်ရွှင်ပါစေ..ကိုရင့်စာတွေက မဒိုးကန်ကို သိပ်ချစ်ကြောင်း ပေါ်လွင်တယ်... အားကျလိုက်တာနော်...

ကိုရင် said...

အဲလို မဟုတ်ဘူး အကိုရ..
ကျွန်တော်က ဒုက္ခပေးယုံကလွဲပြီး သူ့ လောက် မချစ်တတ်ဘူး..မယုံရင် သူ့ title ကိုကြည့်ပါလား..ဒုက္ခအထူကြီးနဲ့ ရူးနေခဲ့တယ်တဲ့..အဲဒါ ကျွန်တော် ပေးခဲ့တဲ့ အရိပ်ကြီးပေါ့..

မိုးခါး said...

ပျော်ရွှင်ပါစေ မဒိုးကန်ရေ .. ပျော်နေမယ်လို့ ယုံကြည်ပါတယ် ..း) ချစ်သူနှစ်ဦး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်ချစ်နေနိုင်ပါစေသောဝ်း))
ပို့စ်လေးဖတ်ပြီး ပြုံးသွားရပါတယ် .. နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ကျော်ဖြတ်လို့ တိုးတိုးပျော်နိုင်ပါစေရှင် ..း))
happy birthday!!!!!!!!!!!!!!!!

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိတ်မုန့်ပေါ်က ဖယောင်းတိုင်က နည်းနည်းများ သေးနေသေးသလားလို့။ ဒီထက်ကြီးရင်ပိုကောင်းမယ်ထင်တယ်း)
ကဲ.. ချစ်ညီမ မဒိုးကန်
ဒီနေ့ကစလို့
ဒုက္ခအထူကြီးနဲ့ ရူးနေရတာတွေ ကင်းလွတ်ပါစေ..
ချစ်ခြင်းမေတ္တာပြည့်စုံစွာဖြင့် ကိုရင်သာပျော့နဲ့ တစ်သက်လုံး တွဲလက်ခိုင်ခိုင် မြဲနိုင်ပါစေနော် ..

သိင်္ဂါကျော် said...

ံHappy Birthday!
Wishing you all the best...

AH said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေခင်ဗျား။ ဒီနေ့မွေးနေ့လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ဒီလင် ဒီမယား အိုအောင်မင်းအောင် မွေနေ့ပေါင်းများစွာ ဒုက္ခအထူကြီး ဒုက္ခအပါးလေး ရှိရှိသမျှသော ဒုက္ခအပေါင်းမှ ကင်းလွတ်ကာ အသက်ထက်ဆုံး ချစ်ခင်မြတ်နိုး စုံမက် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျား။ ကိုရင် နောက်တစ်ခါဆို ပလပ်စတစ် ဓားလေးဆောင်ထားပါခင်ဗျာ။ :)

ခင်မင်စွာဖြင့်
AH

မိုးမြင့်တိမ် said...

"Happy Birthday"
Wishing u possess all the best start from birthday.

ငွေလမင်း said...

ပျော်ရွင်သော မွေးနေ့ဖြစ်ပါစေ

ကိုရင်သာပျော့က ချစ်တတ်လိုက်တာ

အားကျတယ်ဗျို့

Anonymous said...

၂၉ ဆိုတော့ ငယ်သေးတာဘဲ ညီမလေးပေါ့ ....
Happy Birthday ပါ...

ကိုထွဋ် said...

၂၉ ဆိုပဲ..နာ့ထက်တော့ ငယ်တာပေါ့..

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ ဘိုးထွဋ်က ဆုတောင်းပေးပါတယ်...

ဘဘထွဋ်
အသက်မဖော်ပြချင်သူ ၄၀ အရွယ်တစ်ဦး...

ညီရဲသစ် said...

ကိုရင့်အတွက်တော့ ဓားခုတ်ရာက မွေးနေ့ အမှတ်တရပေါ့။ စာဖတ်လိုက် ပြုံးလိုက်နဲ့ မွေးနေ့ ပွဲလေးကို တက်ရောက်သွားပါတယ် ကိုရင်...

မွေးနေ့ ရှင် မဒိုးကန် တစ်ယောက် အမြန်ဆုံး နေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပျော်ရွှင်စရာ မွေးနေ့ လေး ဖြစ်ပါစေ မဒိုးကန်...

အမ်တီအန် said...

ချစ်ခြင်းမေတ္တာတွေ ထုံမွှမ်းထားတဲ့ လူနှစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်..။ ပျော်ရွှင်ဖွယ် မွေးနေ့ရက်များစွာကို အတူတကွ ချမ်းမြေ့စွာ ကျော်ဖြတ်နိုင်ပါစေ..။

သဒ္ဓါလှိုင်း said...

ချစ်မေတ္တာအပြည့်နဲ့ ပြည့်ဝနေတဲ့ မွေးနေ့ပွဲလေးကို နှစ်ပေါင်းများစွာတိုင် ကျင်းပခွင့်ရပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒအားလုံး ပြည့်ဝပါစေ။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေရှင်
ဒုက္ခ အထူကြီးနဲ့ ရူးမနေပါနဲ့တော့
နောင်နှစ်ပေါင်းများစွာ ကိုရင်နဲ့ စိတ်တူကိုယ်တူ
စာတွေ ကဗျာတွေရေးနိုင်ပါစေ.....
ရာသက်ပန်ချစ်ခင်နိုင်ပါစေ...

ခင်မင်တဲ့ jasmine....

8Yar said...

HAPPY BIRTHDAY.....ပါဗျိုး။ ပန်းကန်ထဲက ကိတ်ကတော့ ယူစားရမှာပဲ။ မကျေနပ်ရင် အစ်ကိုရင်ကို အတီးလိုလေး ညည်းခိုင်းလိုက်နော်။ ခစ် ခစ် ခစ် အမှန်တော့ကျွန်တော်က 81 Born ဗျ။ ဒါပေမဲ့ အစ်မကိုးလို့ ခေါ်ရတာ နှုတ်ကျိုးသွားပြီ။ :P အစ်ကိုရင်နဲ့ အစ်မကိုးတို့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်တစ်ခုကိုထူထောင်နိုင်ပါစေခင်ဗျာ.....

SHWE ZIN U said...

ပျော်ရွှင် တဲ့ မွေးနေ့ ဖြစ်ပါစေ

ညီမ တို့ နှစ်ယောက်လုံး ချစ်စရာကောင်းတယ် တသက်တာ ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ချစ်တဲ့
အမရွှေစင်

မအိမ်သူ said...

Happy Belated Birthday ပါ မဒမ်ကိုးလေးရေ။ နှစ်ယောက်အတူ ဘ၀ကိုအေးချမ်းစွာ အသက်ထက်ဆုံး ဖြတ်သန်းနိုင်ကြပါစေနော်။ မွေးနေ့ပွဲအကြောင်း စာလေးဖတ်ရတာ ပျော်စရာကောင်းလိုက်တာ။ အမကတော့ ကိတ်အကြီးကြီးထက် ဖယောင်းတိုင်မနိုင်တဲ့ ကိတ်သေးသေးလေးကို ပိုကြိုက်တယ်သိလား...း))

Anonymous said...

မွေးနေ့ မှာပျော်ရွှင်ပါစေ ဗျာ..ခင်မင်လေးစားလျှက် အမောင်

December Mgmg said...

မွေးနေ့မှာ ပျော်ရွှင်ပါစေနော် မဒိုးကန် :)

Anonymous said...

ကိုရင် တို့များချစ်တတ်လိုက်တာဗျာ
အမကြီး ပျော်ရွှင်စရာ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်း
များစွာတိုင်အောင် ကိုရင့် ကို နိုင်ပြီးသကာလ (ဟီးဟီး)
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ။

အိမ်မက်စေရာ said...

မမ မဒိုးကန်ရေ ပထမဆုံးပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်.. ဖယောင်းတိုင်မှုတ်နေတဲ့ပုံလေးက အပြစ်ကင်းစင်တဲ့ ကလေးလေးလိုပဲ ချစ်စရာအရမ်းကောင်းနေပါတယ်..ချစ်သူကသိပ်ချစ်ပြီး ဒီလိုအမြတ်တနိုးတန်ဖိုးထားတာ ခံရတဲ့မိန်းကလေးတွေ ရှိကြပေမယ့် နဲနဲ ရှားမယ်လို့ ညီမလေးထင်လို့ မမ သိပ်ကံကောင်းတယ်လို့ပြောပါရစေ...ကျရောက်တဲ့မွေးနေ့မ စ နောင်နှစ်ပေါင်းများစွာမက ချစ်သူနှစ်ဦး ကြည်ကြည်နူးနူးနဲ့ ရတုပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေ...
ချစ်တဲ့
အိမ်မက်

Cameron said...

ချစ်စရာစုံတွဲလေး....း)
မဒမ်ကိုးလေး သည်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာအထိ ချစ်သောကိုရင်သာပျော့နဲ့အတူ သက်ဆုံးတိုင်ချစ်နိုင်ပါစေဗျာ...။

ခင်တဲ့
မိုးငွေ့

Anonymous said...

ဇနီးမောင်နှံဘ၀မှသည်... နကုလမာတာ နကုလပိတာကဲ့သို့ ရာသက်ဆုံးတိုင် ပါရမီဖြည့်ဖက်နှစ်ဦးအဖြစ်ဖြင့် ကြည်နူးပျော်ရွင်နိုင်ကြပါစေကုန်သတည်း....(မွေးနေ့ဓမ္မလက်ဆောင်ပါ)

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Han Kyi said...

ဒါးနဲ့ခုတ်လဲ ခုတ်ချင်စရာ...ကိုရင်က လူကြီးကို နောက်စရာမဟုတ် သွားနောက်တာကိုး...း)

ကိုင်း မဒိုးကန်ရေ အနှီလောက် ချစ်တတ်၊ ခင်တတ်၊ ကြင်နာတတ်တဲ့ ကိုရင်လို ဘ၀ခရီးဖော်ကောင်းတစ်ယောက်ရထားတဲ့အတွက် နောင်နှစ်ပေါင်းများစွာအထိ တစ်ဦးနဲ့တစ်ဦး စာနာနားလည်ခြင်းတွေနဲ့ နွေးထွေးကြည်မွေ့ဖွယ် ဘ၀ခရီးလမ်းကို ချစ်ခြင်းအားဖြင့် ဖြတ်သန်းနိုင်စေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါရဲ့ဗျား...

အလွမ်းမြို့ said...

ဒိုးကန်လေးလေရေ
လာခဲ့တယ်ကွယ်။ ကိုရင့် ကိတ်ကလည်း ကြီး လိုက်တာ။ တစ်ဆွေလုံး တစ်မျိုးလုံး အဝစားဘဲ မီးခိုးတိတ်ပေါ့။ မွေးနေ့လေးမှာ ပျော်ရွှင်ပါစေ ကွယ်။ ကိုရင်ကလည်း ဒိုးကန်လေးကို ထာဝရ ပျော်ရွှင်အောင် ထားနိုင်ပါစေ..လက် တွဲသွားပါ။

ဆောင်းနှင်းရွက် said...

ဟက်ပီးဘက်ဒေး အမရေ ..
မွေးနေ့မှသည် နေ့ရက်တိုင်း
ပျော်ရွှင်နိုင်ပါစေ ...
ကိုရင်သာပျော့ ဘာလို့ မွေးနေ့ ကိတ်ပဲ ပေးတာလဲ ..
လိုချင်တာ အကုန် ၀ယ်ပေးလိုက်လေ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

blackroze said...

အဟဲ...မီးမီးနဲနဲနောက်ကျသွားတယ်
ဆီချက်ခေါက်ဆွဲစားနေလို့.. :P
ဘယ်လိုဖြစ်တာတုန်း
ပုံကမင်းသမီးဘဲပါတယ်
မင်းသားကဘယ်မှာတုန်း..
လုပ်လေ..စုံတွဲပုံလေးဘာလေးတင်လိုက်စမ်းပါ
ကြည့်ချင်လွန်းလို့ပါ...

အမရေ...
happy birthday ပါနော်..
အမရဲ့ 29နှစ်မွေးနေ့မှသည်
ဟိုးးးးးအကြာကြီးထိ
ဘလော့တွေရေးပြီး
ကိုရင့်ကို အနိုင်ကျင့်နိုင်ပါစေရှင်..
များများကိုအနိုင်ကျင့်နော်အမ
အပြတ်သာချုပ်ထား..သိလား..

ချစ်တဲ့ ညီမ ဂျယ်လီပစ်ပစ်

မေဓာဝီ said...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ ဖြစ်ပါစေ ... မဒိုးကန်ရေ ...
ဆုတောင်းပြီးတော့ သိချင်တာလေး စပ်စုပါရစေအုံး ...
မဒိုးကန်က အတီးအလွမ်းပြေ တောင်းဆိုတော့ ကိုရင်က အတီးလို ညည်းပြလိုက်လား ... ဟင် :))

လင်းခေတ်ဒီနို said...

အမ ဒိုးကန် . . . မနေ့က ကျနော်မသိလိုက်ဘူးဗျာ . . သိရင် ဆုတောင်းလုပ်ပေးပါတယ်း))

ပျော်ရွင်သော ဘ၀လေးကို ကိုရင်နဲ့ အတူ ရပါစေလို့ အကောင်းဆုံး ဆုလေးကိုပဲ တိုတိုလေး တောင်းပေးသွားတယ်း))

ခင်မင်တဲ့
ဗညား . . ( မောင်မောင်နပ် )

( သူ့နဲ့ကျမှပဲ နတ်ဆိုးကြီလည်း ဂျေဒိုးနတ်ကနေ သရက်သီး သနပ် ဖြစ်တော့တယ် ဂီးးး)))))))

နေ၀သန် said...

ဟက်ပီးဘတ်ဒေးပါ ဒိုးကန်ရေ..း))

ခင်မင်လျက်
နေ၀သန်

nandasara.ashin said...

ဟာ မဒိုးကန်ရေ မင်္ဂလာပါ။ ဆောရီးနော် အလာတော်တော့်ကို နောက်ကျသွားတယ်။ နှစ်ရက်ရှိ ပြီ အရှုပ်တွေ လုပ်နေလို့လေ။ ဟုတ်ပါ့။ ချောပြောသလိုပဲ။ ဖယောင်းတိုင်က နည်းနည်းသေးသလားလို့။ ဟီး။

ယခုရောက်ဆဲ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
တိုင်အောင် လိုအင်တွေ ပြည့်စုံကုံလုံပြီးသကာလ ကျန်း2မာ2 ချမ်း2သာ2နဲ့ ရှေ့ဆက်ပြီး ဘ၀ခရီးကို ကိုရင်သာပျော့နဲ့ လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အော်...ဒါနဲ့ မိုးမြင့်တိမ်က မေးထားလို့လေ။ သရဲပိုစ်က တစ်ပုဒ်ကျန်သေးတယ်။ သရဲကြောက်တတ်ရင် အဲဒီပိုစ်ပြီးမှပဲ လာလည်လေ။ နော်။ သရဲကို မကြောက်တတ်တဲ့သူကတော့ ကြောက်ကို မကြောက်တာ။ ကြောက်တတ်တဲ့သူများကတော့ ကြံဖန်ကို ကြောက်ကြတာ။ ဘုန်းဘုန်းတောင် အဲဒီကြံဖန်ထဲမှာ ပါတယ်ဗျာ။ ဟီး။

တောက်ပကြယ်စင် said...

တောက်ပကြယ်စင်

မိုးယံ said...

ဟတ်ပီးဘတ်ဒေးးးးးးးးးးးးးးးးးးးးးး

နောင်နှစ်ပေါင်း များစွာတိုင်...အကြင်နာ ခိုင်ခိုင်မြဲ သားတွဲလဲ သမီးတွဲလဲ ဖြစ်စေဗျားးးးးးးးးးးးးးးး

ညိမ်းနိုင် said...

ကိုရင်၊ညီမဒိုး(ခုမှ ကိုယ့်ထက်ငယ်မှန်းသိတောတယ်...:)))
နောက်ကျတာခွင့်မလွှတ်ပါနဲ့...:( ၂ရက်ဆက်တိုက်မအား
လို့ ဘယ်မှမရောက်ဖြစ်တာ ခုတော့မွေးနေ့ကျော်သွားပါ
ရောလား...၊အိမ်လည်းမသိလို့ပါ...သိရင်လာစားတယ်..:)
ကဲဘာပဲဖြစ်ဖြစ် နောက်ကျတာက မရောက်တာထက်တော့
တော်သေးတယ်ဆိုရမှာပဲ...၊ညီမဒိုးတစ်ယောက် မွေးနေ့
မှသည် ကိုရင့်ကို ဒီထက်ဂျီကျနိုင်ပါစေသော်ဝ်.......:))))

Thameesan said...

အိုးးး
၂၉ နှစ်တောင်ရှိပါပြီကော
နုလိုက်တာရှင်။း)
ကိုရင်နဲ့အစ်မ...
ယနေ့မှစ..နှစ်ပေါင်းများစွာတိုင်
သားသမီး၊မြေးမြစ်များနဲအတူ
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို
ဖြတ်သန်းသွားနိုင်ပါစေရှင်။
Happy Birthday!
ချစ်ခင်စွာဖြင့်...
မိစံ
ဒါနဲ့.အစ်မကရတနာမိုင်နဲ့ခပ်ဆင်ဆင်ပါလား:P

ကိုတူး said...

ဝမ့်စွေ့ ၀မ့်စွေ့ ၀မ့်ဝမ့်စွေ့ ...
သက်ရှည်ကျန်းမာ လန်းဖြာထီပေါက် ပျော်စရာကောင်းသောနေ့ရက် များ ရောက်စေသော်..။

သူကြီးမင်း (တုံးဖလား) said...

ကိုရင် အတီး အဲလေ..ကိုရင်သာဖျော့ ကျင်းပပေးတဲ့ မွေးနေ့ပွဲကတော့ မှတ်သားလောက်ပါပေတယ်။း))

ဇနီးမောင်နှံ ချစ်ကြင်နာစွာ ရာသက်ပန်ပေါင်းသင်း နိုင်ပါစေ။

ဟက်ပီးဘတ်ဒေးမှာ မဒိုးကန်ရေ...

ခင်မင်လျှက်

xox said...
This comment has been removed by the author.
my logic said...

မမဒိုးကန်ရေ ဟပ်ပီးဘတ်ဒေးပါ။
ပူးပူးအလာနောက်ကျသွားလို့ စောရီးပါနော်။ ကိတ်မုန့်တွေကုန်ပီလား မသိ ???
ကျန်တာလေးကပ်စားသွားပီ ....
မမတယောက် စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့
ထာဝရပြည့်စုံနိုင်ပါစေ။ ဆုတောင်းပေးလျက် :)
ခင်မင်တဲ့ ပူးပူး

sosegado said...

ဘာဆုတောင်းနေလဲ မသိဘူး၊
မွေးနေ့မှသည် ပျော်ရွှင်စရာများနဲ့တာ ကြုံပါစေ။
ခင်တဲ့……..

...အလင်းစက်များ said...

အလိုလေး အဲ့သည်မွေးနေ့  မတတ်မိတာ ကံကောင်းပေါ့....... တော်ကြာ ကိုယ်ပါ ဓါးမ စာမိနေမှာ စိုးရတယ်။ ဟီးဟီး

စတာပါဗျိုး။ ....... ယနေ့ မှစ၍ ကျနော်တို့  ရဲ့ အစ်မ မဒိုးကန်(ခ) မဒမ်ကိုးသည် နောင်မွေးနေ့ တိုင်း ပျော်ရွင်စွာနဲ့ ကိုရင် သာပျော့ဘေးကနေ ဓါးမနဲ့  ခဏခဏ ခုတ်ပြီးသကာလ ချမ်းမြေ့စွာနဲ့  ဖြတ်သန်းနိုင်ပါစေကြောင်းဗျား။

(မွေးနေ့ ကျော်တာ အတော်ကြာရောပေါ့.... ဟီး)

မေသိမ့်သိမ့် ကျော် said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ မဒိုးကန်ရေ။ အမြဲခုတ်နိုင် ... အဲလေ မွေးနေ့ပွဲလေးမှာချစ်ရသူနဲ့ အမြဲ ပျော်ရွှင်စွာဆင်နွှဲနိုင်ပါစေလို့.... ဆုတောင်းရင်း ဖယောင်းတိုင်အကြီးကြီးထွန်းထားတဲ့ ကိတ်မုန့်အကြီးကြီးကိုပါ စားသွားတယ်နော်။ :P

မေသိမ့်သိမ့် ကျော် said...

Birthday Wish နောက်ကျတာ ခွင့်လွှတ်ပါနော်။

နိုင်းနိုင်းစနေ said...

မွေးနေ့ဆုတောင်းနောက်ကျသွားတယ်..
ဘာပဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ..း)

mstint said...

့ခရီးသွားနေလို့ မဒမ်ကိုးရေ။ ဘာဖြစ်ဖြစ် နောက်ကျသွားတဲ့မွေးနေ့ပွဲလေးကို အရောက်လာပြီး ဆုတောင်းပေးခဲ့တယ်နော်။
ထူးမြတ်တဲ့ မွေးနေ့ရက်မြတ်ကစလို့ လောကီ လောကုတ္တရာ နှစ်လီနှစ်ဝလိုအင်ဆန္ဒအဖြာဖြာပြည့်ဝကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

မဒမ်ကိုးဆိုတာ မရွှေစင်တို့အရွယ်များလားလို့ တိန်
မှားပီပဲ မောင်ဘကြိုင်က ၃ . ၉ . ၈၂ မွေးတာဆိုတော့ ရက်ပိုင်းငယ်တဲ့ မဒမ်ညီမလေးမှန်း အခုမှသိ
စိတ်ထဲမှာ အဒေါ်ကြီးလို့မှတ်နေတာ မှားမှန်းသိပါပီ
ချောတီး မဒမ်ညီမလေးရေ


အေးချမ်းသာယာစေ
မောင်ဘကြိုင်

ချစ်ကြည်အေး said...

ဪ...ဒါကြောင့် မဒိုးကန် စီဘောက်မှာ လာဖွသွားတာကိုးးး၊ သူ့မွေးနေ့ မလာလို့တဲ့။ အမ ခရီးလွန်နေလို့ပါ ညီမလေးရေ...။ ဟက်ပီး ဘီလိတ်တက်ဘာ့သ်ဒေးနော်...ကိုရင်နဲ့အတူ ထာဝရ ချစ်ခင်ကြင်နာနိုင်ကြပါစေ၊ ပိုပြီး ဂျီကျနိုင်ပါစေလို့....:)

ကိုဇော် said...

ဟိုတလောက မအားတဲ့ အချိန်နဲ့ တိုးနေလို့ အခုမှပဲ ရောက်တော့တယ်။ ဘာပဲ ဖြစ်ဖြစ် ဆုတောင်းပေးတာပဲဟာ နောက်မကျပါဘူး နော့။

Happy Birthday ပါဗျာ။

နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ။

Related Posts Plugin for WordPress, Blogger...