Wednesday, August 31, 2011

အမှတ်တရ ကူစု



ဒီတစ်ပတ် Hari Raya ပိတ်ရက်မှာ မဒိုးကန်တစ်ယောက် ခြေကျောရှည်ခဲ့ပါတယ်.။အရင်ကပိတ်ရက်ဆိုရင် ကိုရင့်ဆီရောက်နေတတ်သလို အိမ်မှာနေတဲ့ရက်ဆိုလဲ မအိမ်ခင်ဖြစ်ပါတယ်.။အိမ်မှာအတူနေတဲ့ ကျောင်းေ နဖက်အမတစ်ယောက်က သူကပိုင်ရာဆိုင်ရာတွေ အင်မတန်ကန်တော့တတ်သူပါ။ဘုရားတရားလဲ လုပ်သ လို ပိုင်ရာဆိုင်ရာတွေလဲ နားညီးအောင် ဆုတောင်းတတ်သူပါ။တရက် မဒိုးကန်တို့အိမ်မှာ အမတစ်ယောက် ကအလုပ်ရှာဖို့ ရောက်နေရင်းနဲ့ သူက ဆော်သြလာပါတယ်။

အဲကျွန်းမှာသွားဆုတောင်းဖို့ပါ။ဟုတ်မဟုတ်တော့ မသိပေမယ့် မဒိုးကန် ကျောင်းတက်ကတည်းက သူက အဲဒီကျွန်းကို ၂ ခေါက်လောက်သွားပြီး မယ်တော်ကို နားပူနာဆာတိုက်ပြီးပါပြီ။ခု မဒိုးကန်တို့ အလုပ်ဝင်တဲ့ အချိန်မှာ သူက နောက်ထပ်တစ်ခေါက်ကိုရောက်ပြီးတဲ့အပြင် သူများကိုသွားဖို့သူလမ်းညွှန်နေပါတယ်။ မဒိုးကန်လဲစဉ်းစားမိတယ်လေ..မဒိုးကန်ကို ကွမ်ရင်မယ်တော် ချစ်မချစ်တော့ မသိပါဘူး.။ အန်းကုန်းက တော့တော်တော်ချစ်ပုံရပါတယ်။ဘူကစ်က အန်းကုန်းရုပ်ကြီးဖက်ဖက်ပြီး ဆုတောင်းရင်း ပါးပွတ်လိုက် ဗိုက်ပွတ်လိုက် အိတ်ပုတ်လိုက်နဲ့ မဒိုးကန်ရုပ်က ကြာလေ အန်းကုန်းနဲ့ပိုပိုတူ လာပါတယ် ။

အိတ်ဖောင်းမဖောင်းတော့မသိပေမယ့် လွယ်နေတဲ့အိတ်အသေးပြတ်သွားလို့ ခုလွယ်နေတာ အန်းကုန်း အိတ်နီးနီးလောက်ရှိပါတယ်။မဒိုးကန်က ဘူကစ်က ကွမ်ရင်ကျောင်းမှာတော့ ချိုချဉ်နှိုက်လွန်းလို့ .အခန့် မသင့်ရင် အသီးတောင်းတောင်းစွန့်တတ်လို့ အဲဒီကမယ်တော်တော့ အမြင်ကတ်နေလောက်ပြီဆိုပြီး စတေးရှောင်နေတာ နှစ်လနီးပါးလောက်ရှိပါပြီ။(အသီးစွန့်ချက်ကတော့ အိမ်နားကနတ်စင်မှာလာလာတင် ရင်  သရဲကန်တော့လား နတ်ကန်တော့လားမသိ မဒိုးကန်တို့ဗရုပ်တွေက ခပ်တည်တည်နဲဖြုတ်စားပစ်လို့ နတ်တွေလဲ တော်တော်စိတ်ညစ်ကြရမှာပါ)။အဲ...ပြောရင်းက ဘယ်ရောက်သွားပါလိမ့် လမ်းချော်တော့မယ် .ဂလိုနဲ့ မဒိုးကန် မယ်တော်ပြောင်းဆုတောင်းဖို့စဉ်းစားမိပါတယ် ။
.
ရာထူးချင်းတူပေမယ့် နယ်ချင်းမတူရင် နည်းနည်းတော့ကြည့်ရဦးမှာပဲ ဆိုပြီး လိုက်မယ်လို့ ပြောလိုက်ပါ တယ်။(ကိုယ်သာ အပြင်မသွားတာလေ ကိုရင်က အဲဗားလမ်းသလားနေတာ။အဲတော့ကိုယ်လဲထွက်မယ်ပေါ့ )သွားမယ့်နေ့ကို  ၆ နာရီထကြမယ်လို့ ပြောပြီး တကယ်တန်းကျတော့ဘယ်သူမှမနိုးကြပါဘူး အိပ်လိုက် ကြတာများသိုးနေတာပါပဲ ။နိုးလဲနိုးရော ကသုတ်ရိုက်ပြေးရပါတယ် .သဘောင်္မရတော့မှာစိုးလို့ပါတဲ့ လမ်းပြတဲ့သူက နောက်မှာချည်းရောက်နေတာပါ။သွားခါနီး ဗိုက်မကောင်းဖြစ်နေလို့ လိုက်ဖို့ အင်တင်တင် ဖြစ်နေသေးတာပါ 

နောက်တော့ကဲ မထူးချေဘူး ဆိုပြီး လိုက် ခဲ့ လိုက်ပါတယ်။(လိုက်လဲပြီးရော လှစ်လှစ်ကိုထနေတာပါပဲ .ကဲပုံများပြောပါတယ် ။မဒိုးကန်တို့သူငယ်ချင်း ၃ ယောက်ရယ် အမစုံတွဲတစ်တွဲရယ် အားလုံး ၅ ယောက်ပါ ။ သူတို့က ဘာဆုတောင်းမယ်မသိပေမယ့် မဒိုးကန်ကတော့အကြံကြီးပြီးသားပါ။ စကာင်္ပူကနတ်ကိုမလေးထိ လှမ်းချူပ်ခိုင်းဖို့အကြံကြီးပြီး လိုက်သွားတာပါ။လိမ္မော်သီး ၅ လုံး ၀ယ်ပါတယ် အစကတည်းကပြောပါတယ် ။ မယ်တော် ၃ လုံး ငါ ၂ လုံးလို့ ပြောပြီး ၀ယ်လာတာပါ ။သူတို့ကတော့ကော်သီး (ကျွဲကောသီးတဲ့) အစုံပါပဲ ။ 

လကုန်ဆိုတော့ ဘတ်ဂျက်လဲတွက်ရပါတယ် ကိုရင့်ကိုလဲစာရင်းပြရဦးမှာမို့ ချွေတာတယ်လို့ သဘော ထားပြီး OLD CHAN KEE ကာရီပတ်ဖ်၂ခု ကြက်တောင်ပံ၁ခုပဲ စားပြီး လိုက်ခဲ့ရတာပါ။ဒါတောင် နိုင်ငံကြီး သားပီပီ ရထားပေါ်ခိုးစားလာတာပါး)။သဘောင်္ခက  ၁၅ ကျပ် ပါ။သွားတဲ့အချိန်မှာလှိုင်းကြီးလို့ ဘုရား ဘုရား ကိုရင်တော့ဝမ်းသာနေမလားလို့တောင်တွေးမိလိုက်သေး။ပြောရတာမဟုတ်ဘူး တော်ကြာ ထက နေမှာဆိုးရသေး။

ပထမတော့စိန့်ကျွန်းကို  ၀င်မယ်လို့ပြောထားပြီးမှာ ကူစု ကျွန်းကိုသဘောင်္ကတန်းမောင်းသွားတာ နာရီဝက်နဲ့ေ၇ာက်သွားပါတယ်။ကျွန်းလေးကသေးသေးလေးပါ  သာယာပါတယ်။သိတဲ့သူတွေ ပြောပြချက် အ၇တော့ တန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်လို့အယူရှိကြပါတယ်.။လိပ်ကျွန်းလို့ ခေါ်တာမို့ ဧရာမ လိပ်ကြီးတစ်ကောင်ကိုလဲ ဆုတောင်းပြည့်ရေတွင်းနားမှာ တွေ့ခဲ့ပါသေးတယ်။စကာင်္ပူမှာနေတဲ့သူတွေက တော့တော်တော်များများရောက်ဖူးကြပါလိမ့်မယ် .။.

မှတ်တမ်းတခုအနေနဲ့ တင်ပေးလိုက်တာပါ.။(ကိုရင်က ဆုတောင်းခိုင်းလိုက်ပါသေးတယ် ။ မဒိုးကန် ကွယ်ရာ တွင် အချိန်ကြာကြာ အွန်လိုင်းထိုင်ခွင်ရပါစေ ။အမေးအမြန်း အစစ်အဆေးမရှိပဲ သုံးနိုင်ရပါလို၏ တဲ့ ..) ဟဲ ဟဲ ရပါတယ် ။(မဒိုးကန် ဘာဆုတောင်းခဲ့သလဲ ဆိုတာသိချင်ရင် ပုံများရဲ့အောက်ဆုံးကိုကြည့်ပါ .း)

အထူးမှတ်ချက် ။။  ဒီပိုစ့်ကိုတင်မိတာရုံးမှာပါ .ပုံတွေစီလို့အပြီးမှာ မဒိုးကန်ရဲ့ နာပါတ် ၃ လေဒီဘောစ့် အေမီ ကမြင်ပါတယ် .မြင်ပြီးအလန့် တကြားအော်ပါတယ်..။ ဘာလို့ဓာတ်ပုံတွေရိုက်ယူလာတာလဲလို့မေး ပါတယ်။ဓာတ်ပုံရိုက်ယူလို့ မရတဲ့အကြောင်းကြောက်လန့်တကြားနဲ့အော်ပြီး မေးပါတယ် .ဘယ်သူ့မှ မတားဘူးလား မမြင်ဘူးလားလို့မေးပါတယ်.။မဒိုးကန်မေးတော့ ဒေသခံတွေအယူအရ ဓာတ်ပုံရိုက်ယူရင် တခုခုဖြစ်မယ့်ပုံစံမျိုးနဲ့သူပြောလာပါတယ်။နောက်ပြီး စိတ်ထဲမထားဖို့နဲ့ မဒိုးကန်က နိုင်ငံခြားသားဖစ် တယ်။ယဉ်ကျေးမှု့မှမတူတာ သတင်းပဲပေါ့ နောက်တခါသွားရင် တောင်းပန်လိုက်ပါလို့ပြောတယ် ဟုတ်မဟုတ်တော့မသိပါ ..သိသူများပြောကြ သတင်းပေးကြပါလေကုန် .။မဒိုးကန် သည်လောက်ကို လက် ကမြင်းခဲ့ပါသည်.)


 ဒါကစကာင်္ပူရေပိုင်နက်ထဲမှာရပ်ထားတဲ့ပင်လယ်ကူးသဘောင်္ကြီးတွေကိုအဝေးကမြင်ရတာကိုရိုက်ထားတာပါ

 ဒါကဆုတောင်းပြည့်ေ၇တွင်းပါ .အကြွေစေ့ကို အဲဒီထဲမှာချည်ထားတဲ့ခေါင်းလောင်း ၃ ခုကတခုကို ထိပြီးအသံမြည်အောင်ပစ်ချရပါတယ် ..မဒိုးကန်တော့တချက်မှမထိခဲ့ပါဘူး (ဒါပေမယ့် ဆုတောင်းမပြည့်ဘူးမထင်နဲ့ နော် မျက်နှာသေလေးနဲ့ တောင်းခဲ့ပြီးသား အပိုးကျိုးကျိုးနဲ့ကိုတောင်းခဲ့တာ  )
အဲဒီတွင်းထဲမှာလိပ်ကြီးတစ်ကောင်ရှိနေခဲ့ပါတယ် သက်တမ်းအရ တော်တော်ကြာနေပုံရပါတယ်
ဒါကတော့မယ်တော်နတ်နန်းအ၀င်ပါ ..


 ဒါက လိပ်ပေါက်လေးများ ပါ လိပ်ကျွန်းလို့ဆိုတဲ့အတိုင်း လိပ်ကလေးတွေအများကြီးပါပဲ

 ဒါကဘာနတ်လဲမသိပါဘူး (ဦးရှင်ကြီးတော့မဟုတ်လောက်ဘူး )  တွေ့သမျှ တော့ဆုတောင်းခဲ့တာပဲ
 ဒါကနတ်ကွန်းရှေ့က လိပ်ရုပ်ကြီးများဖြစ်ပါတယ်

မြေစောင့်နတ်နဲ့တံခါးစောင့်နတ်တွေပါ )
 ဒါကတော့အဲဒီကျွန်းကကွမ်ရင်မယ်တော်နတ်နန်းပါ


 ဒါတွေကကန်တော့တဲ့အသီးအနှံတွေပါ ..နောက်ပြီး ဆုတောင်း စာရေးပြီးမီးရှို့ရပါတယ် .

ဒါကတော့ စကာင်္ပူဘက်ကိုပြန်မြင်ရတဲ့မြင်ကွင်းပါ..
 ဒီပုံက လူတွေရေကူးလို့ရတဲ့နေရာပါ

 ဒီပုံကတော့ကျွန်းဘေးနားကိုပင်လယ်ကူးသဘောင်္ကြီးဖြတ်ကူးတုန်း ရိုက်လိုက်တဲ့ပုံပါ

ဟန်နုမာန်ခင်းခဲ့တဲ့ကျောက်တန်းနဲ့တော်တော်တူတယ် 
ဘာစားစရာမှမတွေ့ခဲ့ပါဘူးး)
 မသွားခဲ့ဘူး.အပီးရှင်းလာပြီသားး)
 အဲဒါကတော့ ကူစုကျွန်းရဲ့ ရာဇ၀င်လေးပါ..(ကိုယ့်ဖာသာကိုယ်ပဲဘာသာပြန်လိုက်ကြပါနော်း)


 ဒါကတော့ ဘုရားကျောင်းရဲ့ အဝေးမြင်ကွင်းပါ .
 အင်မတန်မှလှပါတယ် .
 သာယာလှတဲ့လမ်းကလေးပါ
 ဘာသီးလဲမသိဘူး .လမုသီးနဲ့ဆင်တယ် အပွင့်က စကားပွင့်တွေလိုပဲ ဖြူပြီးမွှေးနေတယ်

 အျပန္သေဘာၤဆိပ္ပါ
 ပြန်လာကြိုတဲ့သဘောင်္ပါ
ဒါကြီးက တစ်ယောက်ကို ၃၀ တဲ့ .ဘူဖေးပါကျွေးသတဲ့ ..ဈေးကြီးတယ် မစီးဘူးး) ၁၅ ကျပ်တန်ပဲစီးမယ်
 အပြန်ကျွန်းမှခွာစဉ် ..
 သူနဲ့ကိုယ် ဖင်ချင်းပေါက် အဲလေ ကျောချင်းကပ် ခွာခဲ့သည်.
 ကျွန်းကိုအဝေးမှမြင်ရစဉ်....


 အပြောကျယ်လှပေါ့ ပင်လယ်ကြီးရယ.်

 အဝေးကစကာင်္ပူမှုန်ပြပြ .


 



မဒမ်ကိုး
၅း၁၅ မိနစ်
 ၃၁/၀၈/၂၀၁၁

25 comments:

မောင်ဘုန်း said...

အင်း .... ကျနော် တော့ဘယ်မှ မသွားပဲ အခန်းထဲမှာနေလိုက်တော့တယ် .... ပိုက်ဆံ မရှိလို့ လေ ...အဟီး .....:D

အလင်းသစ် said...

အယ်..အဲဒါ ပဲခူးက လိပ်ပြာကန်လား...ရန်ကုန် မဟာဝိဇယစေတီရှေ့က လိပ်ကန်ကြီးလား .. တော်တော်ပြောင်းလဲ သွားပြီကိုး...ဟီဟီ
လကားစတာ..
လှလိုက်တာနော်..ကျွန်းကြီးက ..အမတော်ရော.. ဘယ်လိုဆုတောင်းခဲ့လဲ.. အီးလိုကျွမ်းတဲ့အမတော်က. အီးလိုပဲ ဆုတောင်းမယ်ထင်တယ်နော..ဟိဟိ..
တွေးကြည့်လိုက်ဦးမယ်..ဒီလိုထင်တယ်... "ဟယ်လို မယ်တော်၊ ကမ်းမ်အန်စိ အွန် လေးတိုင်စင်၊ အိသည် ကောက်ညှင်း အန် တိတ်သည် အုန်း၊ငှက်ပျော၊ အန်သမ်း ဂစ်မီ ကံကောင်းခြင်း..." ဟေဟေ့..အဲလိုဆိုရင်တော့ ဟိုပုံထဲက ကျားကြီးကို ဒီလိုလှမ်းပြောမယ် ထင်တယ်...ဟိဟိ
"ဟဲ့ တိုက်ဂါး..ဂိုးအန်အိ..အဲဒီငမိုက်သား.." ဆိုရင်တော့ တေဘာဘီ..ဟီးးးးးးးးး။။။ မရောက်ဖူးတဲ့ နေရာတွေကို သေသေချာချာ လျောက်ကြည့်သွားပါတယ် အမတော်ရေ။။။ဟေဟေ့။။။

Angelhlaing(May everybody be happy and healthy! said...

ချစ်မရေ အလည်တွေ သွားနေကြတာများနော် နာလိုဘူးနော်...ဟွန့်...နောက်တစ်ခါသွားရင် ခေါ်ကြပါဗျို့ လိုက်ချင်လို့ပါ :):)

Han Kyi said...

အလို မဒိုးကန်...ကိုရင်ဖတ်မိရင်တော့ တိုက်ပွဲတွေ ဖြစ်တော့မှာပဲ...ဦးဟန်ကြည်ကတော့ သမိုင်းပေးတာဝန်အရ အမျိုးသားချင်း ယိုင်းပင်းရမှာပဲဗျ...အန်းကုန်းဆီသွားမယ်ဆိုလည်း ပြောပြောက စောပါတော့လားလေ...ဦးဟန်ကြည်ကို အသားဖြူဖြူလေး၊ ပေါက်ဖော်လေးဖြစ်အောင် ဆုတောင်းခိုင်းမလို့...

ညိမ်းနိုင် said...

အဲ့ကျွန်းကိုညီမတော်တစ်ယောက်ကပြောဖူးတယ်ဗျ...
ဘယ်ကနေသွားရသလဲဟင်...နတ်လမ်းညွှန်ပါဦးအစ်မရေ၊
ဒါနဲ့လှိုင်းလေးနဲနဲကြီးတုန်းက ကိုရင် ထကတာကွေးနေတာ
ပဲသိလား....၊လှိုင်းလည်းငြိမ်ရော...ကိုရင်လည်းငြိမ်ရော........:)))၊ဟိ...စတာနော်...ကိုရင့်ခေါင်းမှာဘုထွက်ရင် ကျွန်တော့တာဝန်မဟုတ်...:)))

kokoseinygn said...

မဒမ်ကိုး ဆုတောင်းတွေအကုန်
ပြည့်ပါစေဗျာ....

ဆောင်းနှင်းရွက် said...

အဲ့ဒီ့ ကျွန်းမှာ
ဆုတောင်းရင် အကုန်ပြည့်တယ်တဲ့ ..း))
ပြည့်ရင်လည်း ထပ်လာပြီး
ကန်တော့ကို ကန်တော့ရတယ်တဲ့ ..း)
ကြားဖူးတာ ပြောခဲ့တာပါ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

KMC@ချင်းလေး said...

ပထမဆုံးရောက်ဖူးတာမို့သေသေချာချာမွှေကြည့်သွားပါတယ်ဗျာ.။ တောင်းခဲ့တဲ့ဆုတွေပြည့်ဝပါစေလို့ဆုပြန်လေးခဲ့ပါတယ်..။ ပို့စ်အစက(ဒီတစ်ပတ် Hari yara ပိတ်ရက်မှာမဒိုးကန်တစ်ယောက်ခြေကျောရှည်ခဲ့ပါတယ်..) Hari Raya ဖြစ်မယ်လို့ထင်ပါတယ်အစ်မရေ.။ ပျော်ရွှင်ပါစေနော်..။

အိမ်မက်စေရာ said...

ဒါမျိုးဆုတောင်းတော့ များများပြည့်ပါစေ မမ မဒမ်ကိုးရေ.. ညီမလဲ ဆုတောင်းနေကျမို့ ဟိ

လင်းခေတ်ဒီနို said...

မဒိုးကန်ကြီး စင်ကာပူထီကြီး ပေါက်ပါစေလို့ ရေပါ အော်နိင်ပါစေလို့ ဆုတောင်းပေးတယ်း))))

သူကြီးမင်း (တုံးဖလား) said...

ဒါကြောင့် ကိုရင်သာဖျော့ကို တိုပါးရိုးပစ္စည်းအဟောင်းဆိုင်မှာ တွေ့လိုက်တာကိုး။ ကွန်ပျူတာကြီး တမမနဲ့။ အဟောင်းဆိုင်ကို ရတဲ့ဈေးနဲ့ သွားရောင်းမလို့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ကစပြီး အင်တာနက်မထိုင် ချတ်တင်မ၀င်ဖို့ ဆုံးဖြတ်လိုက်ပြီတဲ့။ ပြီးတော့ ဘုန်းကြီး အပြီးဝတ်တော့မယ် ဆိုလားဘဲ။ မဒိုးကန်ရဲ့ ဆုတောင်း ပြည့်သွားပုံရတယ်။း)))

ခင်မင်လျှက်

ကိုရင် said...

နာ့ကို ဘ၀တုန်းအောင် လုပ်နေပါလား..
ကိုရင် ဘုန်းကြီး အပြီးဝတ်တော့မယ် ဘော်ဒါတို့ရေ..

mstint said...

အခွင့်အခါသင့်ရင်တော့ လည်ချင်တယ် မဒန်ကိုးရေ။ ဗဟုသုတလေးတွေ မျှဝေပေးတာကျေးဇူးနော်။
မဒန်ကိုးရဲ့ တောင်းဆုတွေလည်းပြည့်ပါစေလို့း)
ကိုရင်သာပျော့ရဲ့ ဆန္ဒလေးလည်း ပြည့်ပါစေနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

အစ်မရေ...
စာဖတ်ရင်း ဓာတ်ပုံလေးတွေကိုလဲ သေချာကြည့်သွားတယ်။ ဒါနဲ့ အဲဒီကျွန်းကို ဘယ်လို သွားရမလဲအစ်မ။ ကျွန်တော်က ဘလော့ဂ်ဂါ အသစ်ကလေးပါ။ အစ်မ လင့်လေး ယူသွားပါတယ်။

ညီရဲ( လေးစားလျှက်)

မေသိမ့်သိမ့် ကျော် said...

(ရူပါလန်းသော bloggerများသာ မန့်သွားတတ်ကြ၏...။) ဟု ပြောသဖြင့် မန့်ခြင်းမဟုတ်။ အဟုတ် အင်မတန်စိတ်ဝင်စား၍ မန့်ခြင်းသာဖြစ်သည်။း) အဲဒီကျွန်းလေးကို သိတာကြာပြီ ၊ မသွားဖြစ်သေးဘူး။ ဒီတစ်ပါတ် ပိတ်ရက်တော့ အဲဒီကို လစ်လိုက်ဦးမှ...း)


ခင်တဲ့

8Yar said...

ha ha ha ha ha ရီရတယ် အရမ်းပဲ။ ဗဟုသုတလည်းရတယ်။ အစ်မဆုတောင်းမြင်ရင် အစ်ကိုတော့ ခစ် ခစ် ခစ် ခစ် ပြောတော့ပါဘူးဂျာ.. :P

8Yar said...

ဟိုက်! အခုမှ comment တွေလိုက်ဖက်မိတယ် အဲလေ ဖတ်မိတယ်။ပြောတာ။ အစ်ကိုကဖတ်ပြီးသွားပြီပဲ။ မလုပ်ပါနဲ့အစ်ကိုရယ်။ ဝတ်မယ်ဆိုကျွန်တော့ဆီ သင်္ကန်းလာယူနော်။ ဟိ...

နေ၀သန် said...

လိပ်တွေ သဘောကျတယ်.. :D.. လိပ်ကိုမြင်ရင် အသည်းယားတယ်... ဟီး... အတော်မှ ပျော်ခဲ့ရဲ့လား.. မမဒိုးကန်...း))

ခင်မင်လျက်
နေ၀သန်

blackroze said...

ကဲ..တောင်းသမျှဆုအားလုံးပြည့်စေ

စင်ကာပူကနေ မလေးထိလှမ်းချုပ်ထားနိုင်စေ..

တကယ်ပြည့်ရင်မီးကိုလည်းပြောနော်
မီးအတွက်နောက်တခါထပ်သွားပေး..
မီးနဲ့ဝေးနေတော့ မီးကိုယ်စားချစ်မကြီးမဒိုးကန်
သွားပေးရမယ်နော်...လို့
မီးအတွက်တောင်းရမဲ့ဆု..တခါတည်းပြောခဲ့မယ်
"" ပစ်ပစ်လေးး တကယ်အထုပ်ဆွဲပြီး
လိုက်သွားနိုင်ပါစေလို့ "" ဟီးးဟီးးခစ်ခစ်

ကိုဇော် said...

ဟားဟား... ဒီလို ဆုတောင်းနဲ့ ဆိုရင်တော့ .. ကျနော့်ရဲ့ ညစ်ကျယ်လေးကို မဒိုးကန်နဲ့ ခပ်ဝေးဝေး ထားမှပဲ ဖြစ်မယ်။
ကဲပါ... ကိုရင်သာပျော့ရယ် .. ချက်တင် ထိုင်မနေပါနဲ့ဗျာ..ကျနော်တို့ နှစ်ယောက် အပြင်မှာပဲ ရှာကြတာပေါ..ဟီးဟီး.. မဒိုးကန်တော့ မသိစေနဲ့နော် :D

Anonymous said...

အမတော်..မဒိုးကန်..အမောင်လည်းသွားပြီးဆုတောင်းချင်လိုက်တာကလေး၂ောက်အမေနဲ့ အိမ်ထောင်ရေးအဆင်မပြေလို့ လေ
ရက်ရက်စက်စက်ကိုဆုတောင်းပလိုက်မယ်
လက်၇ှိရည်းစားကို(ကျွတ်ကျွတ်အိပ်နဲ့ ထုတ်စည်ပင်အမှိုက်ကားထဲ)ပစ်ပြီး
အမောင်ကိုပြန်ချစ်ပါစေလို့ ..သွားဆုတောင်းတာတောင်
အဲ့လောက်ပြည့်ရင်..အဲ့ကျွန်းလေးမှာပဲ
တဲထိုးနေလိုက်ပါတယ်စင်္ကာပူနဲ့ အမောင်တို့ နေတဲ့
နေရာနဲ့ နီးတော့..အရေးအကြောင်း၇ှိရင်လှမ်းခေါ်လိုက်
မကြားရင်သရေကွင်းနဲ့ သာလှမ်းပစ်လိုက်ဗျာ
ဘယ်လောက်ကြာတတ်မှတ်လို့ တခေါ်လောက်
ဝေးတာကွမ်းတရာညက်လောက်လျှောက်ရင်ရောက်တာကိုတကယ်လာရင်ရေနွေးတစ်ပွက်လောက်ပဲကြာတာပါ
ကဲပြန်ပီနော်အမတော်..ခင်တတ်တဲ့ အမောင်(လူပျိုလေးကလေး2ယောက်အဖေ)

Anonymous said...

အရမ်းသာယာတယ်နော်
သွားထိုင်နေချင်လိုက်တာ...

တောက်ပကြယ်စင် said...

မဒိုးကန်ရေ ဘူကစ်ဆိုလို့ ရထားပေါ်က ကြေညာသံကို ကြားယောင်နေမိပါရဲ့။ ဆုတောင်းသမျှ အကုန်ပြည့်စေသတည်း။

ကိုးပုံမြောက်မှာ ကျားဝါလေးက မာန်ဖီပြီး ပြေးလာနေသလိုပဲ။

ကျန်းမာပျော်ရွှင်ကြပါစေ မဒိုးကန်တို့ရေ။

San San Htun said...

စလုံးမှာ ၃နှစ်လောက် နေပြီး ဖလမ်းဖလမ်းထခဲ့တာ ကူစု၊ပူလာအူပင်တွေကို မနှဲ့ ခဲ့ဘူး..ခု မဒိုးကန် ကောင်းမှုနဲ့  ရောက်ပြီ...

မိုးခါး said...

ဟားဟားဟား .. အောက်ဆုံးက ဆုတောင်းကို အခိုက်ဆုံးပဲ :P ခုလောက်ဆို ကိုရင်တော့ မျက်ခုံးလှုပ်နေလောက်ပေါ့ :P
(ရူပါလန်းလို့ မန့်သွားသည် :D)

Related Posts Plugin for WordPress, Blogger...