Sunday, August 14, 2011

“ကိုယ်ရေးကိုယ်တာ ကြော်ညာ”


ဘိုးဘေးဘီဘင်တွေရဲ့ ဂုဏ်သိက္ခာတွေကို
မီးလောင်တိုက် သွင်းပြီး..(ခဲ့ပြီးပြီ။)
ဟီရိသြတပ္ပကိုလည်း
သားကောင်တစ်ကောင်လို ချနင်းပစ်လိုက်ကြပြီ...(ခဲ့ပြီးပြီ)

သဲကိုးဖြာကို ဖိန့်ဖိန့်တုန်ရမဲ့ ခေတ်က ကုန်ခဲ့ပြီဆိုပဲ
မယုံရင်“အချစ်ရှိသည်” ဇုံထဲဝင်ခဲ့
မကျည်းကိုးပင်ပုံပြင်တွေကို
အိပ်ယာဝင်တေးအဖြစ်ဆိုပြပေးမယ့်သူများ
“အိုင်တွေ့လို့မှ ခြေမဆေးရင် ယောကျာင်္းမဟုတ်ဘူး”တဲ့လား။ 

ကြောင်ခံတွင်းပျက်ဆိုတဲ့ နာမည်ကို
ဆက်ရက် တောင်ပံကျိုးနေ့မှာ ကင်ပွန်းတပ်ခဲ့ကြ
ဖျာလိုအနင်းခံလိုသူများလည်း ဆက်သွယ်ကြ
မင်းတုန်းမင်းရဲ့ မူကိုယူ
တစ်ပင်လဲရင် တစ်ပင်ထူစနစ်ကိုယူပြီး
တစ်လင် တစ်မယားစနစ်ကို
ပင်လယ်ထဲမျှောပစ်လို ပစ်ကြ။

အချစ်ကိုဖိနပ်လုပ်စီးပြီး အပြုံးတုတွေနဲ့
တဏှာဝဲဂယက်တွေထဲ
မိုးမမြင် လေမမြင် ရွက်လွှင့်လိုလွှင့်ကြ
အတိတ်ခါးခါးတွေထဲက
ဇနီးမယား သမီးသားနဲ့ အကြွေးများစွာကို
ဒီနေရာမှာ ကလေးကစားစရာလို လုပ်ပစ်လိုပစ်ကြ။

အလုပ်ဖြစ်ချင်တယ် ဆိုရင်တော့
+65 ကိုတစ်ချက်လောက် မက်(စ်)ကောပစ်
အဖော်ရချင်ရင်တော့ +60 ကိုဆက်သွယ်
နောက်တစ်ယောက်နဲ့ မတွေ့ခင်ရက်
ဒီတစ်ယောက်အပေါ်မှာ ရက်စက်

နွံ...နွံ...နွံ
အဲဒီနွံထဲမှာပက်ပက်စက်စက် နစ်ပစ်ဦးမဲ့ခေတ်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဝန်ခံချက်။........ဆင်ခြင်တုံတရားမဲ့စွာနဲ့
 ကိုယ်တိုင် တွေ့၊ကြုံ၊ဖြစ်၊ပျက်၊ကခုန်ခဲ့ဘူးပါသည်။

ကိုရင်သာပျော့
21:00(GMT)

10 comments:

သူကြီးမင်း (တုံးဖလား) said...

စလုံးနှင့် မ မှာ တကယ် ဂလိုတွေ ဖြစ်နေကြပြီလား။ (း

တစ်လင်တစ်ယား စနစ် ဆိုလို့ ချက်ချင်း ဘယ်လိုကြီးလဲလို့။ နောက်မှ တစ်လင်တစ်မယားစနစ်ကိုးးးးးးးးးးး။ မီးနင်းချင်းတော့ တူသယောင်ယောင်နော်။း))))

ခင်မင်လျက်

မဒမ်ကိုး said...
This comment has been removed by the author.
ညိမ်းနိုင် said...

အဟ....ကိုရင်သာပျော့....သတ္တိတွေဘယ်ကရလို့ မဒိုးကန်
ဒန်ကောစရာ...ဤကဗျာကိုမှ ရင်တွင်းညှစ်ရယ်လို့ ဟစ်ဟစ်
ပြီးတင်ဝံသနည်း...ကိုရင့်အစား မတွေးဝံပါ....:)
(ကဗျာလေးကိုတော့ ကြိုက်သွားသဗျာ...+၆၅ မှာတော့
အဲ့အတိုင်းတွေများကြီးရယ်....:((( )

ဟန်ကြည် said...

ဟ...ရင်တွင်းညှစ်တွေပါကလား ကိုရင်...

mstint said...

ဘုရား ဘုရား ဘုရား တော်ပါသေးရဲ့ လွန်ခဲ့တဲ့ (၂၈) နှစ်က အိမ်ထောင်ကျခဲ့လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

သြော်...ဂလို့..ဂလိုတွေလည်း ရှိကြလေသတည်း.. အင်း..ကလေး ကလေးလိုနေမှ..ဟီးးးးးးးးးးး။။။

Maung Myo said...

လ ပါ လ တယ် အယ်လေ လန့်ပါ လန့်တယ်ပြောတာပါ ဒါမျိုးကို အချဉ်ထုတ် ဖောက်ပစ်လိုက်တယ်လို့ ခေါ်ရမယ်း) သိပ်မြိန်တာ ။

စံပယ်ချို said...

ပြောမယုံ ကြုံဖူးမှသိနော်...
ဒီမှာလဲ..ဒီလိုတွေပဲ
ပြောရရင် ပေါင်နာမှာစိုးလို့....
ထောင်းရမှာလေ....
မပြောတော့ပါဘူးနော်..အားလုံးလဲသိပြီးနေမှာပါ။

Anonymous said...

း)

Anonymous said...

ကိုရင်ရေ။
အစကတည်းက ကျောင်းစောင့်နေခဲ့ပါဆို အပြင်လိုက်ခဲ့တာကိုး။ စာသင် စာအံ့ နေလိုက်မယ်ဆို တောင်ငူမိဖုရား ပြန်လာရင် ခပေါင်းတံတားထိပ်က အကြော်လေး ဝယ်ခဲ့မှာပါ့။ ဒမ်ကိုးလေးကလည်း ၁၀ မှမဖြစ်သေးတာ..ကိုးဆိုတော့လည်း ကိုးပေါ့နော်.

ခင်မင်စွားဖြင့်
အလွမ်းမြို့

Related Posts Plugin for WordPress, Blogger...