Saturday, August 13, 2011

ဒုက္ခအထူကြီးနဲ့ ရူးနေခဲ့ဖူးတယ်။

ပဉ္စလက်ညတွေက စေလိုရာစေနဲ့
ခြောက်ခြားစရာ အိပ်မက်ဆိုးတွေက
အတွေးနယ်ကို ၀ါးမျိုကြလို့
ကွန်ပြူတာဘေး ငုတ်တုတ်ငေးခဲ့ရတဲ့ဘဝ
အိုင်ဒဲဘီးဇီးလို့ တရားမှတ်ပြီး
တက်လာပဟဲ့ ပျောက်သွားပဟဲ့နဲ့
ချည်ချည်ခါခါရှုသွင်းလို့
တရေးနိုးညတွေများ
ခါးသီးလွန်းလိုက်တာလေ
ငိုရှိုက်သံတွေများ ဘယ်သူကြားနိုင်ပါလိမ့်မလဲ..။
မဆန်းတော့တဲ့ ရိုးရာတစ်ခုလို
ဖြစ်ရိုးဖြစ်စဉ်တခုလို့သာသတ်မှတ်ရင်း
နာကျင်စွာနဲ့ ရှိုက်သံတွေမျိုသိပ်.
စီးကျတဲ့မျက်ရည်တွေ ခေါက်သိမ်းပြီး
အထီးကျန်ညတွေကိုဖြတ်သန်း
ရင်ကွဲနာကျခဲ့ရတဲ့ တစ်ခန်းရပ်ပြဇတ်မှာတောင်
ကိုယ်ကလူကြမ်းဖြစ်လိုဖြစ် ..
နွမ်းလျတဲ့အတွေးတွေနဲ့ဆုတောင်း
မနက်ဖြန်မိုးမြန်မြန်လင်းပါစေကြောင်း.
ခြေကုန်လို့လက်ပန်းကျ
အသက်တောင်ရဲရဲမရှုနိုင်တဲ့ဘ၀နဲ့.
သြော်......ဟုတ်ကဲ့
မဒမ်းကိုးဆိုတာလေ
မဝေးတဲ့ကာလတစ်ခုတုန်းက
ဒုက္ခအထူကြီးနဲ့ ရူးနေခဲ့ဖူးပါတယ်..။

မဒမ်ကိုး
12/08/2011
( FRIDAY)

12 comments:

kokoseinygn said...

ထိခိုက်ရှနာဝေဒနာ တွေနဲ့မဒမ်ကိုးရဲ့
ကဗျာကိုအသေအချာဖတ်သွားပါတယ်....

Anonymous said...

အခု ဒုက္ခလေး ပါးသွားပြီနော် အိုကေ

အမရွှေစင်

ပန်းချီ said...
This comment has been removed by a blog administrator.
စံပယ်ချို said...

ကဗျာအရမ်းကောင်းပါတယ်.....
ဒုက္ခထူကြီးရှိနေသေးလား
အကိုသာပျော့ကိုထမ်းကူခိုင်းနော်....
မကူဘူးပြောရင်အကြောင်းကြားလိုက် စစ်ကူလာမယ်။
၂ ယောက်အတူထာဝရ လက်တွဲနိုင်ပြီး
ချမ်းမြေ့ပါစေရှင်။ ။

ကိုကိုမောင်(ပန်းရနံ့) said...

အခုတော့ ဒုက္ခက နဲနဲ ပါးသွားလောက်ပြီထင်ပါရဲ့။
ဒုက္ခထူပြီး နှုတ်ကတော့ စူမနေနဲ့ဦးနော်။ တော်ကြာ ကျုပ်နှမ မူနေရဦးမယ်။း)))

ခင်မင်လျက်

ညိမ်းနိုင် said...

ရင်ကွဲနာကျခဲ့ရတဲ့ တစ်ခန်းရပ်ပြဇတ်မှာတောင်
ကိုယ်ကလူကြမ်းဖြစ်လိုဖြစ် ..အား...ကောင်းလိုက်တဲ့၊
အားပါလိုက်လိုက်တဲ့စကားလုံးတွေ...၊မဒိုးကန်ကလဲ
ဒါမျိးရတာပဲဟ...:)) အဲ...ကိုရင်သာပျော့ကတော့အပေါ်
ဆုံးမှာ စပ်ဖြဲလုပ်နေလေရဲ့....:D (ရန်တိုက်ပေးသွားအိ)

rose said...

ကဗျာလေး လာဖတ်သွားတယ် ညီမရေ။ အရင်ပို့စ် အဟောင်းတွေလည်း မွှေနှောက်ပြီး ဖတ်လိုက်ဦးမယ်။

မအိမ်သူ said...

ကဗျာလေးကို ခံစားဖတ်ရှုသွားတယ် ညီမရေ..

Kaung Kin Ko said...

:-)

အလင်းသစ် said...

မဒိုးကန်ရဲ့ ရင်ဖွင့်သံကြီးပါလား...မိုက်ဒယ်...

Anonymous said...

ဒမ်ကိုးရေ....

ခံစားချက်တွေကလည်းနော်..အဟင့် အဟင့် ဘဲ။ ဒုက္ခထူနေမယ်ဆို ပိသာချိန်နဲ့ရောင်းလိုက်။
အထူအပါး နားမလည်တဲ့ အလွမ်းမြို့ကတော့ ဒမ်ကိုးရဲ့ ဒုက္ခထူလေးကို ခံစားပေးသွားတယ်နော်


ခင်မင်စွာဖြင့်
အလွမ်းမြို့လေး

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အာ မမ က လဲရှောက်ပြီးကြွားနေတယ်
ကိုယ်သိရင်တော်ပြီပေါ့ရူးတာကို ဟိဟိ
ခင်လို့နောက်တာနော် မမ အဲ မန့်မှာ အန်တီလို့ပြောထားတယ် မှားလို့နော် ကန်တော့
ဟိဟိ

Related Posts Plugin for WordPress, Blogger...