Tuesday, August 2, 2011

အရာရာကိုအကောင်းမြင်ပါ


ဂျယ်ရီသည်လူချစ်လူခင်ပေါသော လူငယ်တစ်ဦးဖြစ်သည်။
သူသည်အမြဲစိတ်ကောင်းမွေးတတ်ပြီး အပြုသဘောဆောင်မြင်တတ်သည်။
တစ်ယောက်ယောက်ကနေကောင်းလားမေးလျှင် ဂျယ်ရီက ကျနော့်ထက်ကောင်းသူတောင်
ကျနော့်လောက်မကောင်းပါဘူး ဟုအရွှန်းဖောက်၍ ပြန်ဖြေတတ်ပါသည်။
 သူသည်ထူးခြားသောမန်နေဂျာ တစ်ဦးလည်းဖြစ်သည်။ စားသောက်ဆိုင်တွေမှာဆိုလျှင်
ဂျယ်ရီလာတိုင်း ဧည့်ကြိုတွေက ဂျယ်ရီနောက်သို့တစ်ကောက်ကောက်လိုက် တတ်ကြပါသည်။
ထိုသို့လိုက်နေသည်မှာ သူ၏ကောင်းမြတ်သော စိတ်နေသဘောထားကြောင့်ပင်ဖြစ်သည်။
သူသည် တစ်ဖက်သားစိတ်အားတက်ကြွလာအောင် ပင်ကိုအားဖြင့် လုပ်တတ်သူဖြစ်သည်။
အလုပ်သမားတစ်ဦးဦး အဆင်မပြေသောနေ့နှင့် ကြုံခဲ့လျှင် ဂျယ်ရီသည်.ထိုသူ့ထံသွားပြီး
ကြုံတွေ့နေသောအခြေအနေကို အကောင်းရှု့ထောင့်က ဘယ်လိုကြည့်သင့်ကြောင်း ရှင်းပြရင်း
ဖျောင်းဖျပေးတတ်ပါသည်။
ဂျယ်ရီရှု့မြင်ရင်ဆိုင်သည့်ပုံမှာ ကျနော့်အတွက်အံသြစရာဖြစ်ပါသည်။
ထို့ကြောင့်တစ်နေ့တွင် ဂျယ်ရီထံသွားပြီး ကျနော်တော့နားမလည်ဘူးနိုင်ဘူးဗျာ၊
လူတိုင်းအပေါ်အကောင်းမြင်နိုင်ဖို့  မလွယ်ပါဘူး.ခင်ဗျားဘယ်လိုလုပ်ပြီး
မြင်အောင်ကြည့်ပါသလဲ ဟုမေးလိုက်ပါသည်။
မနက်တိုင်းအိပ်ယာကနိုးတဲ့အခါ ကျနော့်ကိုယ်ကျနော် မေးပါတယ်.ဒီနေ့အဖို့
မင်းမှာ ရွေးစရာနှစ်ခုရှိတယ် ။စိတ်ကောင်းထားမလား စိတ်ပုပ်ထားမလားလို့မေးပါတယ်
နှစ်ခုထဲကစိတ်ကောင်းထားဖို့ကျနော် ရွေးချယ်ပါတယ်။
တခုခုဆိုးတာဖြစ်လာခဲ့ရင်လဲ အဆိုးနဲ့ကြုံတွေ့၇တဲ့ ဓားစာခံအဖြစ်ခံမလား။
ဒါမှမဟုတ်အဆိုးထဲကသင်ခန်းစာ ဘာယူမလဲဆိုတာ နှစ်ခုထဲကတစ်ခုကို ကျနော်ရွေးချယ်နိုင်ပါတယ်။
အဲဒီနှစ်မျိုးထဲမှာလဲ အဆိုးထဲကသင်ခန်းစာယူဖို့ပဲကျနော်ကတော့ရွေးချယ်ပါတယ်။
ကျနော့်ဆီမှာ တစ်ယောက်ယောက်ကမကျေနပ်တာတွေ လာရောက်ပြောဆိုတဲ့အခါတိုင်းမှာလဲ
သူတို့မကျေမနပ်ပြောတာကို လက်ခံထားမလား ဒါမှမဟုတ် အဲဒီအခြေအနေမှာ အကောင်းဘက်က
ဘယ်လိုကြည့်နိုင်တယ်ဆိုတာကို ရှင်းပြမလား .အဲဒီနှစ်လမ်းထဲက တစ်ခုကိုရွေးချယ်နိုင်ပါတယ်။
အပြုသဘောဆောင်ပြီး အကောင်းဘက်ကိုဘယ်လိုကြည့်ရတယ်ဆိုတာ ရှင်းပြတာကိုပဲ ကျနော်
ကတော့ ရွေးချယ်ပါတယ် ဟု ဂျယ်ရီကရှင်းပြပါသည်။
အင်း ..ဟုတ်တော့ဟုတ်ပါတယ် .ဒါပေမယ့်အဲလိုသဘောထားနိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စတော့
မဟုတ်ဘူးလို့ ကျနော်ကငြင်းချက်ထုတ်ပါသည်။
ဟုတ်ပါတယ်.သိပ်တော့မလွယ်ပါဘူး.ဘ၀ဆိုတာတကယ်တော့ ရွေးချယ်စရာတွေပါပဲ။ရှည်ရှည်ဝေးဝေးတွေ
ဖြတ်လိုက်ရင် ကြုံတွေ့ရတဲ့အခြေအနေတိုင်းဟာ ရွေးချယ်စရာတစ်ခုသာ ဖြစ်ပါတယ်။
ကြုံတွေ့လာတဲ့အခြေအနေတွေကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ခင်ဗျားရွေးချယ်နိုင်ပါတယ်။
ခင်ဗျားရဲ့ စိတ်နေသဘောထားအပေါ် လူတွေက ဘယ်လိုဖြစ်စေမလဲဆိုတာပေါ်မှာ မူတည်ပြီး ရွေးချယ်နီုင်ပါတယ်။
စိတ်ကောင်းမွေးဖို့ သို့မဟုတ် စိတ်ပုပ်မွေးဖို့ တစ်ခုခု ကိုရွေးချယ်နိုင်ပါတယ်။ အခြေခံအကျဆုံးကတော့ ခင်ဗျားရဲ့ရွေးချယ်မှု့ပဲဖြစ်ပါတယ်။..။ခင်ဗျားရဲ့ရွေးချယ်မှု့အတိုင်း ခင်ဗျားရဲ့ဘ၀ကို ရင်ဆိုင်ရပ်တည်နေတာပဲဖြစ်ပါတယ်..ဟုဂျယ်ရီက ကျနော့်ကိုရှင်းပြခဲ့သည်။
သူပြောသလို ကျနော်ပြန်လည်ဆင်ခြင်စဉ်းစားမိပါသည်။
မကြာမီမှာပင်ကျနော်သည် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုစတင်ဖို့အတွက်
စားသောက်ဆိုင်အလုပ်ကို ကျောခိုင်းခဲ့ပါသည်။ကျနော်နှင့်သူလဲအဆက်အသွယ် ပြတ်သွားပါသည်။
သို့သော် ဘ၀တွင်ကြုံတွေ့ရသော အခြေအနေများကို ချက်ခြင်းတုန့်ပြန်မှု့မပြုပဲ ဘယ်လိုရွေးချယ်သဘောထားရင်
ကောင်းမလဲဟု ရွေးချယ်မှု့ပြုမိတိုင်း ဂျယ်ရီ့ကိုသတိရမိပါသည်။

နှစ်အတော်ကြာသော အခါ ဂျယ်ရီသည် စားသောက်ဆိုင်လုပ်ငန်းတွင် သင်ဘယ်တော့မှလုပ်မိမယ် ဟုမထင်မိသော အလုပ် တစ်ခုကိုလုပ်လိုက်မိပါသည်။
စားသောက်ဆိုင်နောက်ဖေးတံခါးကိုဖွင့်ထားမိရာမှ လက်နက်ကိုင်လူဆိုး ၃ ဦးဝင်လာပြီး ဆိုင်ကိုဓမြလာတိုက်ပါတော့သည်။
မီးခံသေတ္တာကို ဖွင့်ရန်ကြိုးစားနေစဉ် ကြောက်စိတ်ကြောင့်လက်တွေတုန်ပြီးဖွင့်မရသဖြင့် စိတ်တိုနေသော
လူဆိုးများက ဂျယ်ရီ့အားသေနတ်ဖြင့်ပစ်ထည့်လိုက်ပါတော့သည်။
ကံကောင်းထောက်မစွာ အချိန်မီအတွင်မှာပင် ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြပါသည်။
၁၈ နာရီကြာခွဲစိတ်ကုသမှု့ခံရပြီး သီတင်းပတ်ပေါင်းများစွာကြာအောင် ဂရုစိုက်ကုသမှု့ခံယူပြီးနောက်
သူဆေးရုံမှဆင်းရပါသည်။ ဆေးရုံကဆင်းသည်အထိ ကျည်ဆန်အစိတ်အပိုင်းစများ
ဂျယ်ရီ့ခနွာကိုယ်တွင်ရှိနေဆဲဖြစ်သည်။
ထိုဖြစ်ရပ်များအပြီး ခြောက်လခန့် အကြာတွင် သူနှင့်ကျနော်တွေ့သည်။
ဘယ်လိုနေသလဲဟုမေးသောအခါ ကျနော့်ထက်ပျော်တဲ့သူတောင် ကျနော့်လောက်ပျော်မှာမဟုတ်ဘူးခင်ဗျာ..
ကျနော့်ဒဏ်ရာအမာရွတ်တွေကြည့်မလားဟု ပြုံးပြူံးရွှင်ရွှင်ဖြင့်ပြန်ဖြေပါသည်။
ကျနော်ကသူ့ဒဏ်ရာများကို ငုံ့ကြည့်ပြီး ဓားပြ အတိုက်ခံရတုန်းကခင်ဗျားစိတ်ထဲဘယ်လိုနေသလဲ ဟုမေးလိုက်သည်။
ငါနောက်ဖေးတံခါးကိုပိတ်ထားခဲ့ရင်ကောင်းမှာပဲလို့ အတွေးပထမစိတ်ထဲ့ ဖြစ်လာပါတယ်။
သေနတ်မှန်ပြီး ကြမ်းပြင်ပေါ်လဲနေတဲ့ အခါမှာတော့ ကျနော့်မှာ ရွေးစရာ ၂ ခုရှိပါတယ်။
သေမလားရှင်မလားဆိုတာပဲဖြစ်တယ်။ရှင်ဖို့ကိုပဲကျနော်ရွေးခဲ့တယ် လို့ သူ့စိတ်ထဲတွင်
ဖြစ်ပေါ်သောခံစားမှု့ကိုပြောပြခဲ့သည်။
ခင်ဗျားမကြောက်ဘူးလား။သတိကောလစ်မသွားဘူးလား ဟုကျနော်ဆက်မေးသည်။
ရှေးဦးသူနာပြုစုသူတွေက တကယ်တော်ကြပါတယ်။ကျနော်သက်သာမှာပါ .
ဘာမှမစိုးရိမ်ပါနဲ့လို့သူတို့ကအားပေးစကား အမြဲပြောနေကြပါတယ်။
အရေးပေါ်ခွဲစိတ်ခန်းထဲ ကိုလူနာတင်လှည်းနဲ့ကျနော်ကို့တင်ပြီးဝင်လာတဲ့အခါ ဆရာဝန်တွေ.သူနာပြုတွေရဲ့
မျက်နှာမှာပေါ်လွင်နေတာ တွေ့တော့ ကျနော်ကြောက်လန့်စိုးရိမ်ခဲ့ပါတယ်..။
သူတို့ရဲ့မျက်လုံးထဲမှာ  သူဟာသေပြီလို့ဆိုတဲ့အဓိပါယ်ကို ကျနော်ရိပ်စားမိပါတယ်။
ဒါ ကြောင့်ကျနော့်ဘက်ကတခုခုလုပ်ရမယ် ဆိုတာ ကျနော်သိလိုက်တယ်.ဟုဆက်ပြောသည်။
ခင်ဗျားဘာလုပ်လိုက်သလဲဟု သိချင်ဇောနှင့် မေးလိုက်သည်။
ဟုတ်ကဲ့ ကျနော့်ကိုမေးခွန်းတွေအော်မေးနေတဲ့ သူနာပြုဆရာမကြီး ရှိပါတယ်.
ကျနော့်ကိုဘာဆေးနဲ့မတည့်ဘူးလဲလို့မေးပါတယ်.
ဒီတော့ကျနော်ကရှိပါတယ်..လို့ပြန်ပြောလိုက်တော့ ဆရာဝန်နဲ့သူနာပြုတွေက ကျနော်
ပြောမယ့်အဖြေကို ဆက်စောင့်နေကြပါတယ်...
 အားယူရင်း အသက်ပြင်းပြင်းရှုရင်း ကျည်ဆန်တွေလို့ကျနော်အော်ပြောလိုက်ပါတယ်။
အားလုံးသဘောကျပြီး ၀ါးခနဲ ရယ်ကြ ပါတယ်။
သူတို့ရယ်မောသံတွေကြားကနေပြီး ကျနော်အသက်ရှင်ဖို့ပဲရွေးချယ်ပါတယ်။
ကျနော်မသေပါဘူး ။အသက်ရှင်တယ်လို့ယူဆပြီး ကျနော့်ကိုခွဲစိတ်ကုသပေးပါလို့ပြောလိုက်ပါတယ်..။
ထိုဆရာဝန်ကြီးများ၏ ကျွမ်းကျင်လိမ္မာမှု့ ကျေးဇူးကြောင့် ဂျယ်ရီအသက်ချမ်းသာရာ
ရခဲ့ပါသည်။ ဆရာဝန်ကြီးများ၏ကျွမ်းကျင်မှု့သာမကပါ ။
သူ၏အံသြလောက်အောင် အကောင်းမြင်နိုင်စွမ်းသော သဘောထားသတ္တိကြောင့်လည်းအသက်ချမ်းသာရာရလာခြင်း
ုဖြစ်ပါသည်။
ကျနော်သည် ဂျယ်ရီ့ထံမှ သင်ခန်းစာတစ်ခု ရခဲ့ပါသည်။
ဘ၀ကိုပြည့်ပြည့်၀၀ရှင်သန်နေထိုင် ဖို့အတွက် နေ့တိုင်းရွေးချယ်စရာ
ရှိသည်ဆိုသော သင်ခန်းစာ ကိုဂျယ်ရီ့ထံမှ ရခဲ့ပါသည်။
  အရာရာကိုအပြုသဘောဆောင်မြင်တတ်ပါစေ..။

FRANCIE BALTAZAR SCHWARTZ ၏ ATTITUDE IS EVERYTHING ကိုဆီလျော်အောင်
ဘာသာပြန်ပါသည်။

မဒမ်ကိုး
8.44 pm (Tuesday)

4 comments:

မြစ်ကျိုးအင်း said...

စိတ်ခွန်အား စာစုကောင်းလေးပဲ။ ဖတ်ဖူးပေမယ့် နောက်တခေါက် ပြန်ဖတ်တာ။
ကိုယ့်အတ္တတွေမေ့ပြစ်ပြီး တဘက်သားကို အကောင်းတွေးပေးနိင်ရင်တော့ ကိုယ်တိုင် အေးချမ်းရမှာပါ။

ကိုရင်သာပျော့ said...

တတ်နိုင်သမျှ အကောင်းမြင်နိုင်အောင် ကြိုးစားနေပါတယ် မဒမ်ရေ

အလင်းသစ် said...

ဂျယ်ရီလေးအကြောင်း ဖတ်သွားပါတယ်ဗျာ။။။

မေသိမ့်သိမ့်ကျော် said...

ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်မေးကြည့်ဦးမယ်။ ဖတ်လို့ ကောင်းတယ်။

ခင်တဲ့

Related Posts Plugin for WordPress, Blogger...