လူသား၏နှလုံသားသည်
ခံစားတတ်ပါသည်။
အလွန်နက်နက်ရှိုင်းရှိုင်းခံစားတတ်ပါသည်။
နှလုံးသားကိုသင်၏လက်ဖြင့်
ထိတွေ့ကိုင်တွယ်သောအခါ..
ညင်ညင်သာသာရှိပါ..အလွန်ညင်သာပါ.
ထိခိုက်နာကျင်သော စကားတစ်လုံး တစ်ပါဒမျှ မဟပါနှင့်.
မလိုမုန်းတီးသောအကြည့်မျိုးလဲ လုံးဝမကြည့်ပါနှင့်။
သင်၏ရင်မှာနွေးထွေးစွာထွေးပိုက်ထားပါ..
သူ၏နွေးထွေးမှု့နှင့် နူးညံ့မှု့သဘောကိုလဲ ထိတွေ့ခံစားပါ
သူ၏မျှော်လင့်ချက်များနှင့်ကြောက်ရွံထိတ်လန့်မှု့များကိုလည်.ထိတွေ့ခံစားပါ
ယုယစွာထွေးပိုက်ပြီးချစ်ပါ.မေတ္တာထားပါ
လေးစားတန်ဖိုးထားပါ.
ကျေးဇူးပြုပြီးတစ်စက်ကလေးမှ ထိခိုက်နာကျင်မှု့မဖြစ်ပါစေနှင့်.
နှလုံးသားသည်.အမှန်နူးညံ့လှပါသည်။
နှလုံးသားသည်.အလွန်လည်းသိမ်မွေ့ပြီးထိခိုက်နာကျင်တတ်ပါသည်။
လွယ်လွယ်နှင့်လဲကွဲကြေတတ်ပါသည်။
ထို့ကြောင့်..
နှလုံးသားကိုသင်၏လက်ဖြင့်ထိတွေ့ကိုင်တွယ်တော့မည်ဆိုပါလျှင်
အလေးအနက်ကြီးစွာထား၍ ကြင်ကြင်နာနာ ညင်ညင်သာသာကိုင်တွယ်ပါ။
အမှန်ကန်ဆုံးမေတ္တာရှေ့ထားလျှက် မြတ်နိုးကြင်နာပါ။
သို့မဟုတ်ပါက နှလုံးသားသည် တုန်လှုပ်ပြီး ကွဲကြေသွားနိုင်ပါသည်။
မဒမ်ကိုး
10.16 pm (sunday)
4 comments:
နှလုံးသားကိုသင်၏လက်ဖြင့်ထိတွေ့ကိုင်တွယ်တော့
မည်ဆိုပါလျှင်အလေးအနက်ကြီးစွာထား၍ ကြင်ကြင်နာနာ ညင်ညင်သာသာကိုင်တွယ်ပါ။
သို့မဟုတ်ပါက နှလုံးသားသည် တုန်လှုပ်ပြီး ကွဲကြေသွားနိုင်ပါသည်။
ကိုရင်လာတယ် မသက်ထွေးရေ..:)
နှလုံးသားဆိုတာ ဟာ ထိ ရှ ပွန်း ပဲ့လွယ်တဲ့ တကယ်ကိုနူးညံ့လွန်းတဲ့အရာတခုပါ..
ဲ့
အရမ်းနူးညံ့တဲ့ စာသားလေးတွေပဲ။ နူးညံ့တဲ့ နှလုံးသားလေးဟာ ထိခိုက်ကွဲရှလွယ်လွန်းတယ်။
ခင်မင်လေးစားလျက်
အလွမ်းမြို့
ဒမ်လေးရေ...နှလုံးသားက ပွန်းပဲ့လွယ်တယ်ဆို ရင် မလေးကိုခဏခဏ မသွားနဲ့နော်။။တိုတိုရင် ကဒမ်လေးလာရင် ချောပြ အကြိုက်ဆောင်..ဒမ်လေးပြန်ရင် သူက...ထုံးစံ အတိုင်းပေါ့။။။အဟား.....သိတယ်နော်.. နောက်သွားမယ်ဆို ဆူပါကလူး ကို ပါယူသွားနော်.ဟိဟိ
Post a Comment