မီးလင်းတဲ့ လက်ဖက်ရည်ဆိုင်ကို
ထွက်လာခဲ့ကြတာပေါ့..
အိမ်တွေကတော့ အမှောင်ထဲမှာ ကျန်ခဲ့ပြီ..
ခြောက်သွေ့မှုက
ငါတို့အပေါ်ကို ညီညီညာညာ ကျရောက်လို့..
ငြီးငွေ့မှုကိုတော့
အ၀င်မဆိုးအောင် အချိုရည်ရောပြီး မျှောခဲ့ကြ...
ရောခ့်သီချင်းတွေဆိုပြီး ငိုခဲ့ကြတယ်...
ဟစ်ဟော့တွေဆိုရင်း ရယ်ခဲ့ကြတယ်...
ငါတို့ဖွဲ့သီကြ...ပြီးတော့ ငါတို့ပြန်အန်ထုတ်ကြ..
လွမ်းပဲလွမ်းနေရ..
ညကတော့ ညထက်ပိုပြိး မှောင်ခဲ့ပြီ
အိမ်လား...
အိမ်မပြန်ချင်လည်း
အိမ်ကိုပဲ ပြန်ခဲ့ကြတယ်။
1 comment:
အိမ်မပြန်လို့ရှင်ဘယ်ပြန်ချင်သတုန်း..ကိုရွှေဘာ...း)
Post a Comment