သန့်ရှင်းလတ်ဆတ်တဲ့ဖျော်ရည်တွေရဲ့နောက်ကွယ်ကအမှန်တရားဟာာတကယ်ပဲဝိတ်ကျစေနိုင်သလားတဲ့။
မှန်ပါတယ်။ခုချိန်မှာတော့လတ်ဆတ်တဲ့သစ်သီးဖျော်ရည်တွေဟာခန္ဒာကိုယ်ရဲ့အဆိပ်အတောက်အညစ်အကြေးတွေကိုဖယ်ထုတ်တဲ့နေရာမှာအသုံးပြုနေကြပြီဖြစ်ပါတယ်။နာမည်ကျော်ကြားသူတွေဒါမှမဟုတ်အများစုကတော့ဒီဖျော်ရည်နဲ့သန့်စင်မှု့ကိုဈေးကွက်လိုအပ်ချက်အရ၀ိတ်ကျစေနိုင်တယ်လို့သတ်မှတ်ပြီးအဓိကထားအသုံးပြုလာကြတာကိုတွေ့ရပါတယ်။
ဒီဖျော်ရည်တွေရဲ့အဓိကလုပ်ဆောင်ပေးတာတွေကတော့
အချက်သုံးချက်ရှိပါတယ်။
၁)သန့်စင်ခြင်း၊၊သင့်ခန္ဒာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်တွေမှာလိုအပ်တဲ့အဟာရဓာတ်တွေကိုအကောင်းဆုံးစုပ်ယူပေး
စေနိုင်ပါတယ်။
၂)ကျန်းမာရေးကောင်းမွန်လာခြင်း၊၊ဒီလိုလုပ်လိုက်ခြင်းအားဖြင့်ခန္ဒာကိုယ်ထဲကရောဂါတွေကိုတိုက်ထုတ်ဖို့ကိုယ်ခံစွမ်းရည်စနစ်ကိုအကောင်းဆုံးအစာကျွေးလိုက်ခြင်းပါပဲ။
၃)ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊၊ဒီလိုဖျော်ရည်တွေသောက်ပေးခြင်းအားဖြင့်ခန္ဒာကိုယ်မှာရှိတဲ့အဆိပ်အ တောက်တွေကိုဖယ်ရှားပြီးသားဖြစ်တဲ့အပြင်ကိုယ်ခန္ဒာရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုပြန်လည်ပြီးနိုးထလာစေတာကြောင့်
ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေပြီး ကိုယ်အလေးချိန်ပါကျစေလာပါတယ်။
“drink your veggies, eat your
fruits.” ဆိုတဲ့စကားလေးအတိုင်းလိုက်နာစားသုံးကြည့်လိုက်ပါ. ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့အဟာရဓာတ်တွေဟာသင့်ခန္ဒာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ပေးနိုင်ပြီးသကြားဓာတ်နဲ့Fructoseပါဝင်တဲ့အသီးအနှံတွေဟာဆိုရင်လဲအဟာရဓာတ်တွေအများကြီးပါဝင်ပြီးကိုယ်ခန္ဒာကိုမထင်မှတ်လောက်အောင်အကျိုးပြုတာကိုတွေ့ရပါလိမ့်မယ်။
အသီးအနှံတွေရယ်ဟင်းသီးဟင်းရွက်တွေရယ်ကိုမိမိနှစ်သက်ရာကိုဖျော်ရည်လုပ်ကာသုံးဆောင်နိုင်ပါတယ်။ဒီလိုဖျော်ရည်တွေကိုအမြန်ဆုံးစတင်လုပ်ဆောင်ပြီးသောက်မယ်လိုအပ်နေတဲ့လူနေမှု့ဘ၀ပုံစံကိုပြောင်းလဲလိုက်မယ်၊
ပြီးရင်ကျန်းမာရေးလေ့ကျင့်ခန်းလည်းပုံမှန်လုပ်မယ်။အစားအစာကိုအချိုးတကျပုံမှန်စားသုံးတဲ့နည်းတွေကိုလည်းစိတ်ရှည်ရှည်နဲ့လိုက်နာမယ်ဆိုရင်တော့မိတ်ဆွေ..သင့်ရဲ့ခန္ဒာကိုယ်မှာသင်လိုချင်တဲ့ကောင်းမွန်တဲ့အဖြေထွက်လာမှာမလွဲပါဘူ့း။
ကဲ..စာဖတ်သူတွေအားလုံးလဲခုချိန်ကစပြီးအသီးအရွက်အသီးအနှံတွေကိုဖျော်ရည်လုပ်ပြီးကျန်းမာရေးအတွက်လှပဖို့အတွက်အမြန်ဆုံးသောက်လိုက်ကြရအောင်နော်။
ကိုးကား ၊ ၊ healthdizest
(လရိပ်၊အသူနဲ့အမဂျက်တို့ရဲ့BPPChallangeအတွက်ဖြစ်ပါတယ်။နောက်ဘယ်သူတွေခေါ်ထားသေးလဲတော့မသိပါဘူး။ခေါ်ထားသူများစီဘောက်စ်မှာမက်စေ့ချန်နိုင်ပါတယ်။)
ပြန်ခေါ်ချင်တဲ့သူများကတော့
၁) အမချစ်ကြည်အေး
၂ ) အမသက်ဝေ
၃) အကိုညီလင်းသစ်
၎) ပစ်ပစ်
၅) သူကြီးမင်း
၆) မမမေဓာဝီ
၇ ) မမနော်ဖော sharon of rose
၈)ရွှေအိမ်စည်မေ
၉) အမမယ်သံ
၁၀ ) ဆွေလေးမွန် (ဖြူစင်သောစိတ်ကလေး )
(လရိပ်၊အသူနဲ့အမဂျက်တို့ရဲ့BPPChallangeအတွက်ဖြစ်ပါတယ်။နောက်ဘယ်သူတွေခေါ်ထားသေးလဲတော့မသိပါဘူး။ခေါ်ထားသူများစီဘောက်စ်မှာမက်စေ့ချန်နိုင်ပါတယ်။)
ပြန်ခေါ်ချင်တဲ့သူများကတော့
၁) အမချစ်ကြည်အေး
၂ ) အမသက်ဝေ
၃) အကိုညီလင်းသစ်
၎) ပစ်ပစ်
၅) သူကြီးမင်း
၆) မမမေဓာဝီ
၇ ) မမနော်ဖော sharon of rose
၈)ရွှေအိမ်စည်မေ
၉) အမမယ်သံ
၁၀ ) ဆွေလေးမွန် (ဖြူစင်သောစိတ်ကလေး )
ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
25 စက်တင်ဘာလ 2014
5.10 မိနစ်
စင်္ကာပူဒေသစံတော်ချိန်
11 comments:
ပညာပေးလေးဖတ်သွားပြီ မဒိုးရေ...
BPP Challenge post လေးတွေ ဖတ်ရတိုင်း စိတ်ကြည်နူးမှု အတိုင်းထက်အလွန်... :)
တိုက်ဆိုင်လိုက်တာ ဒီမှာလဲ အသီးအနှံတွေစား ထမင်းလျှော့စား ပေါင်လေးချိန်ကြည့်လိုက် ပြန်တတ်လာ ပြန်လျှော့လိုက်နဲ့ နပန်းလုံးနေတယ် :) :)
လုပ်ပြီ သူလုပ်ပြီ
အရင်ဆုံး လှအောင်လုပ်လိုက်ဦးမယ်အေ
ဒီပို့စ်လေးကို ဖတ်ရတော့ ဟိုးအရင် တီဗီကြော်ငြာ ခေတ်ဦးမှာ ခင်သန်းနုက မျက်တောင် ပုတ်ခတ်၊ ပုတ်ခတ်လုပ်ပြီး ပြောဖူးတဲ့ "သခွားရည်ဟာ အသားအရေကို တကယ်ပဲ လှပစေနိုင် ပါတယ်ရှန်" ဆိုတဲ့ ကြော်ငြာစာသားလေးကို သတိရမိသွားတယ်၊း)
(အဆုံးသတ်ကျမှ ကိုယ့်နာမည်ကို challenge လုပ်ထားတာတွေ့လို့ မျက်လုံးပြူးပြီး ပြန်ထွက်သွား...)းD
ညတ်ချွာဘုရား... ၀ိတ်ကျ လှပ ဆိုလို့ အမြန်လာဖတ်တာ ကိုယ့်ကို Tag ထားတာနဲ့ လာတိုးနေတာကိုး... ဟိဟိ
ညီမပြောသလို အသီးဖျော်ရည်တွေ သောက်ပြီး ၀ိတ်ကျအောင် အရင်လုပ်လိုက်အုံးမယ်... ပြီးမှရေးမယ်လေ.. မကောင်းဘူးလား... :D :D :D
ဖျော်ရည် သောက်တာက အသီးကိုဖျော်တာမျိုးတော့ ပစ်လည်းကြိုက်တယ်..ခက်တာက အမရယ်..ဒီမှာက ဖျော်ရည်ဆိုရင် အသီးကိုဖျော်တာထက် အမှုန့်ကို သုံးတာကများနေတယ်..
အသီးအနှံတွေ ဖျော်ရည်တွေကိုပါ ကြိုက်တဲ့သူမို့ အတော်ပဲ
ရေးပေးတာကိုပဲကျေးဇူးပါနော်
ဘလင်ဒါတော့ ၀ယ်ထားပြီးပြီး စမ်းလုပ်ပြီး သောက်ကြည့်ဦးမယ်။ အသက်ကလေးက ရလာပြီဆိုတော့ ကျန်းမာရေးက အရေးကြီးတယ်။
ကျေးဇူးပါ ဒယ်အိုး။။။
အသီးဖျော်ရည်အရမ်းကြိုက်..
အသူတဂ်တာကိုရေးပေးတဲ့အတွက် သိပ်ချစ်သွားပြီ။ :D
Water Hack Burns 2lb of Fat OVERNIGHT
At least 160000 men and women are losing weight with a simple and secret "water hack" to lose 1-2lbs each and every night in their sleep.
It is very simple and it works with anybody.
This is how to do it yourself:
1) Take a clear glass and fill it up half glass
2) Now use this weight loss HACK
and you'll be 1-2lbs thinner when you wake up!
Your Affiliate Profit Machine is ready -
Plus, getting it running is as simple as 1--2--3!
This is how it all works...
STEP 1. Choose which affiliate products you want to promote
STEP 2. Add some push button traffic (it LITERALLY takes JUST 2 minutes)
STEP 3. Watch the system explode your list and sell your affiliate products all for you!
Are you ready?
Your MONEY MAKING affiliate solution is RIGHT HERE
Post a Comment