လောဘဒေါသမောဟတွေနဲ့
နေ့စဉ်ဝတ္တရားတွေရှင်သန်
မျောလွင့်ခြင်းမနက်ဖန်ကမရေရာ
မသေချာတဲ့နေ့တွေကိုဖြတ်သန်း
အသက်ရှုသံမျှင်းမျှင်းမှာပျော်မွေ့
နေ၀င်လထွက် နာရီတွေရေတွက်ရင်း
ဘ၀နိယာမကိုမေ့နေလေခဲ့။
နာကြင်ခြင်း ကြင်နာခြင်း ချစ်ခြင်း မုန်းခြင်းတွေနဲ့
မောဟတွေစုပေါင်း အဆိပ်ပင်တွေရေလောင်းလို့
ရှင်သန်နေခဲ့နိစ္စဒူဝ။
ခရောင်းလမ်းကိုဖယောင်းလမ်းမှတ်
အဆိပ်ရည်ကိုအချစ်ရည်မှတ်လို့
သောက်သုံးခဲ့ ငါ့အတွက်
မျောပြီးရင်မျော အရသာရှိတဲ့ ပျားရည်ခါးတောမှာ
ကျေနပ်စွာ ကူးခပ်ခဲ့ ။
ဒိန်ခဲလိုဘ၀အနှစ်သာရ
ဖုံးကွယ်လို့ထားတဲ့ မောဟတရားတွေနဲ့
အချိန်တွေကသောက်သုံးလို့
ငါ့ကိုငါပြန်ဆန်းစစ်မိတော့
အချိန်လွန်တဲ့အရွယ်ရောက်ခါမှ
ဖြတ်ခနဲသတိတွေရမိ
အလို.....အရသာရှိတဲ့ငါဒိန်ခဲ
ဘယ်သူစားသွားသလဲ ....................။
မဒမ်ကိုး
17 ဇူလိုင်လ 2013
Wednesday
10:05 AM
7 comments:
အင်း..ကဗျာလေးက သံဝေဂဆန်တယ်.. မ ရေ..
ဒီမနက်ပဲဒိန်ခဲကို ပေါင်မုန့်နဲ့ညှပ်ပြီး ကြော်စားခဲ့တာ :P
ဂျာရစ်ရေ
ဒိန်းချဉ် ဒိန်းခဲ နို့နဲ့ပါတ်သက်တာမကြိုက်လို့
ခိုးစားတာ မကြီးလွမ်းမဟုတ်ပါ။ ကိုရင်ဘဲ
ဖြစ်နိုင်ချေများတယ်။သူက လုပ်တတ်တယ်။
ကောင်းလိုက်တဲ့ စာသားတွေရယ် အဓိပါယ်
ပြည့်ဝတဲ့စာလုံးတွေရယ်နဲ့မို့ အားပေးသွားတယ်
ဂျာရစ်ရေ။ ကျန်းမာရေးတော့ အထူး ရုချိုက်ပါ။
မေတ္တာဖြင့်
မကြီးလွမ်း
ဒိန်ခဲဆိုတာ cheese ကိုပြောတာလား? ဟီးးး
ဘာဖြစ်ဖြစ် အမဒိန်ခဲဘယ်သူစားသွားလဲမသိဘူးနော်။
သံဝေဂ ကဗျာလေးလိုပါပဲ မေ့နေတာတွေကိုသတိပေးခံလိုက်ရတယ်ကျေးဇူးပါရွှေဒိုးရေ
ဦးဟန်ကြည် မစားဘူးနော်...ဒိန်ခဲက ၀ီစကီနဲ့မှ လိုက်တာရယ်...လောလောဆယ် မအားသေးလို့ မ၀ီနိုင်သေးဘူးး)
ပစ်ပစ်မစားဘူးမားမား
Post a Comment