Showing posts with label ပေးစာများ. Show all posts
Showing posts with label ပေးစာများ. Show all posts

Wednesday, December 21, 2011

လူကြုံ သယ်သွားပေးပါ

မဒမ်ရေ...
နေကောင်းရဲ့လား..။ရာသီဥတုက အေးနေပြီဆိုတော့ ကျန်းမာရေးတော့ ဂရုစိုက်ပါ။နှင်းရေထိရင် ရင်ကျပ် တတ်တယ် မဟုတ်လား.။မနက်စောစောတွေ နှင်းတောထဲ လမ်းလျှောက်ချင်တဲ့ စိတ်ကိုတော့ ချုပ်တီးပေါ့ ကွာ။ကျန်းမာရေးက အရေးကြီးတာကိုးကွ..။လောကမှာ ပစ္စည်းဥစ္စာဆုံးရှုံးတာထက် ကျန်းကျန်းမာမာနေရ တဲ့ဘ၀ကို ဆုံးရှုံးတာက ပိုပြီးစိတ်ပျက်ဖို့ကောင်းတယ် မဟုတ်လား..။အဲဒီတော့ သွားသတိ၊စားသတိရှိပါ မဒမ်..

Related Posts Plugin for WordPress, Blogger...