Showing posts with label ထန်းတောကျောင်း. Show all posts
Showing posts with label ထန်းတောကျောင်း. Show all posts

Thursday, May 29, 2014

သတ္တမြောက်ခြေလှမ်း (သို့) ပြိုင်တူတွန်းလျင် ရွေ့ နိုင်ပါသည်

" ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ပညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။အသေချာဆုံး တစ်ခုကတော့ "ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"..။


Related Posts Plugin for WordPress, Blogger...