Friday, October 24, 2014

ကြောက်စိတ်






သည်းခံရတာတွေများများလာတယ် 
ပတ်ဝန်းကျင်မှာ

တဖက်သက်တွေများများလာတယ်
ပတ်ဝန်းကျင်မှာ

မျိုသိပ်ရတာတွေများများလာတယ် 
ပတ်ဝန်းကျင်မှာ 

မှန်လျှက်နဲ့မှားလိုက်ရတာတွေများများလာတယ်
ပတ်ဝန်းကျင်မှာ

အဖြူကြီးကိုမြင်နေရက်နဲ့အမည်းလို့ပြောလို့
ကျောခိုင်းလိုက်ရတာတွေများများလာတယ်
ပတ်ဝန်းကျင်မှာ

အမှန်အမှား မတရားမှန်းသိသိနဲ့ 
တရားပါတယ်ဆိုလို့ လျစ်လျုရှု့လိုက်ရတာတွေများလာတယ်
ပတ်ဝန်းကျင်မှာ

ချိုချိုသာသာစကားတွေကိုပစ်ယုံမှားလို့ 
ရည်ရွယ်ချက်ယိုင်းယိုင်သွားတာတွေများလာတယ်
ပတ်ဝန်းကျင်မှာ

ငါချမ်းသာလို့ငါပြောတာအမှန်ငါ့သာထောက်ခံဆိုတဲ့
ငါဆိုတဲ့ငါတွေများများလာတယ် 
ပတ်ဝန်းကျင်မှာ

ငါနဲ့မခေါ်လို့ မပေါင်းရ ပေါင်းကနင့်ပါငါ့ရန်သူဆိုတဲ့
အတ္တနှလုံးတွေများများလာတယ်
ပတ်ဝန်းကျင်မှာ

စကားတွေကား နင့်စကား
အပိုပြောသူတွေကြားရုန်းထွက်ရတာများများလာတယ်
ပတ်ဝန်းကျင်မှာ 

အလုပ်မရှိအလုပ်ရှာကြောင်ရေချိုးသူတွေကြား
ရှောင်ရှားရတာများများလာတယ်
ပတ်ဝန်းကျင်မှာ 

အမေ...
ကျနော်လေ  မျိုသိပ်ရင်း ငုံ့ခံရင်းကျောခိုင်းရင်း လျစ်လျရှု့ရင်း
များသထက်များလာတဲ့
အလျင်မမှီတော့တဲ့လူ့စိတ်တွေအကြား
အသက်ရှုတွေတောင်မှားလို့
လျစ်ခနဲအရိပ်မြင်ရင်တောင်လူများလားလို့
ကြောက်နေတတ်သူဖြစ်နေခဲ့ပြီလေ။



ချစ်ခြင်းအားဖြင့်

မဒမ်ကိုး

26 စက်တင်ဘာလ 2014
11.00 နာရီ
စင်္ကာပူစံတော်ချိန်


9 comments:

ဆွေလေးမွန် said...

အမှန်တွေ ရေးသကိုး မဒမ်ရဲ့.

Adora etc. said...

မှန်လိုက်တာအမရယ်။ ရင်တွေတောင်မောသွားတယ်။

Mrs. Bagel said...

အစ်မဒိုးကန် ပေါက်ထွက်တော့မယ်။ :) CHallenge ထားတယ်နော်။

Aunty Tint said...

စေ့စေ့တွေးလေ ကြောက်စရာကောင်းတယ် မဒိုးရေ... ကြောက်စရာကောင်းမှန်းသိပေမယ့် မ၀ံ့မရဲ ရဲဆေးလေးတော့တင်နေရမှာပဲလေ။

သူကြီးမင်း (တုံးဖလား) said...

နေရာတိုင်းမှာ အဲဒါမျိုးတွေ ရှိနေပါလား။ နေရာတိုင်းမှာနော်။

3rdthameetaw said...

မရှိတာတွေ အရှိလုပ်တာများလာတော့
အဲ့ဒါတွေ များများ လာတာပေါ့ မဒမ်ကိုးရေ

စံပယ်ချို said...

ဂျက်တို့နားက ပတ်ဝန်းကျင်နဲ့ တထပ်တည်းပဲ
ပုံတူကူးထားနေတာလားလို့တောင်မေးလိုက်ချင်တာ
ဒီနှစ်ထဲရွှေဒိုးဆိုဒ်မှာ ဖတ်သမျှ ဒီနေ့ဖတ်ရတာ အရသာအရှိဆုံး ကျေးဇူး

Unknown said...

ထပ်တူကျလို့ ရှယ်မလို့ ခွင့်တောင်းဖို့ မန့်ဖို့ဟာ ရူပါလန်းသူများသာဆိုလို့ ကိုယ့်ကော်လံကိုယ်ထောင်သွားတယ် မကိုး .... ;-)

Blogger said...

Strange "water hack" burns 2 lbs in your sleep

More than 160 000 women and men are hacking their diet with a simple and SECRET "water hack" to lose 1-2 lbs each night as they sleep.

It is effective and it works with everybody.

This is how you can do it yourself:

1) Hold a clear glass and fill it up with water half full

2) And now use this proven HACK

you'll become 1-2 lbs thinner when you wake up!

Related Posts Plugin for WordPress, Blogger...