Friday, September 12, 2014

ပညာရှာသည်ဆိုကြရာဝယ် ပန်းခင်းလမ်းသည်အမြဲ မဟုတ်ပါတကယ်


 ကမ္ဘာတ၀ှမ်းမှာကျာင်းသွားဖို့သာမန်လမ်းမဟုတ်တဲ့အန္တာရယ်အများဆုံးလမ်း၁၀ခုပါတဲ့။ဒီထက်လဲရှိချင်ရှိနေဦးမှာပါ။ကျောင်းစာကိုသင်ချင်လွန်းလို့အန္တာရယ်များလှတဲ့ဒီခရီးလမ်းတွေကိုနေ့စဉ်နိစ္စဓူဝဖြတ်သန်းပြီးသွားလာနေကြရတဲ့ကလေးငယ်လေးတွေရဲ့ပုံကိုမြင်တဲ့အခါကျွန်မတို့မြန်မာပြည်မှာလဲကုန်းတတန်ရေတတန်သွားမှပညာတတ်ရတဲ့စာတတ်ရတဲ့ကျေးလက်နေဒေသခံတွေကိုပြေးသတိရမိပါတယ်။ကျွန်မတို့တစ်တွေရဲ့ဘ၀ဟာ ဒီကလေးငယ်တွေလောက်အပင်ပန်းခံပြီးစာကိုမသင်ကြားခဲ့ရကြပါဘူး


 မဖွံ့ဖြိုးသေးတဲ့နိုင်ငံသို့မဟုတ်ဖွံ့ဖြိုးဆဲနိုင်ငံတွေမပြောနဲ့ဖွံ့ဖြိုးပြီးသားတိုးတက်ပြီးသားနိုင်ငံတွေမှာတောင်အစွန်အဖျားဒေသတွေမှာပညာရေးနဲ့ပတ်သတ်လာရင်ဘယ်လောက်ပဲခက်ခဲနေပါစေအခြေအနေမပေးနေပါစေလိုချင်လွန်းလို့ကြိုးစားပန်းစားသင်ယူနေကြတယ်ဆိုတာမြန်မာနိုင်ငံမှာတင်မဟုတ်ဘဲတခြားတခြားသောနိုင်ငံတွေမှာလဲရှိကြပါတယ်ဆိုတာဒီပုံလေးတွေကနေသက်သေပါပဲ။ 


ဒါ့ကြောင့်ဘယ်အရာကိုမှလွယ်လွယ်ကူကူနဲ့ခူးခပ်စားအဆင်သင့်ဆိုရင်တန်ဖိုးမထားမသိတတ်ကြသလိုတကယ်အပင်ပန်းခံကြိုးစားလေလေခက်ခဲလေလေရရှိလာတဲ့အရာမှန်သမျှပိုတန်ဖိုးရှိလေလေဆိုတာဒီပုံလေးတွေကိုကြည့်မိရင်းသင်ခန်းစာရမိပါတယ်။
လူငယ်တွေလဲကိုယ်အတွက်အလွယ်တကူရရှိနေတဲ့အခြေအနေတွေကိုငြီးငြူမနေကြဘဲအပြစ်တင်ပြောဆိုမနေကြဘဲနဲ့ကိုယ်ရရှိရာနေရာကိုယ်ရောက်ရာနေရာကနေရသမျှပညာကိုအပတ်တကုတ်လေ့လာကြိုးစားသင်ယူနိုင်ကြပါစေလို့တိုက်တွန်းလိုက်ပါတယ်။
 
ဒီပုံလေးတွေကိုလာရောက်ကြည့်မိလို့တစုံတခုများခံစားသိရှိသွားမယ်ဆိုရင်ဖြင့်မအားတဲ့ကြားကဖော်ပြပေးရကြိုးနပ်ပါပြီလို့ပဲဆိုချင်မိပါတော့တယ်။

10 Most Dangerous and Extra-ordinary journeys to school around the world

တုတ်တုတ် ( သုံးဘီး ) ကားလေးကိုတပြုံတမကြီးတိုးစီးပြီးမှ ကျောင်းကိုသွားကြရတဲ့အိန္ဒိယနိုင်ငံ Beldanga ဒေသကကလေးငယ်လေးတွေ။
Riding a Tuktuk (Auto Rickshaw) To School In Beldanga, India




India နဲ့ Himalayas ဒေသကြားမှာ Zanskar ဒေသခံကလေးငယ်တွေကျောင်းသွားရတဲ့အခါ ဒီလိုနေရာဒေသတွေကိုဖြတ်သန်းပြီးမှစာသင်ကျောင်းကိုရောက်ကြရသတဲ့။
Kids Traveling To A Boarding School Through The Himalayas, Zanskar, Indian Himalayas

photo credit: Timothy Allen



တရုတ်ပြည်ရဲ့ကူလုဒေသမှာငါးနာရီနီးပါးတောင်ပတ်လမ်းကနေလျှောက်ပြီးမှစာသွားသင်ကြရတဲ့ကလေးငယ်တွေပါ။ကဲ..သင်သာဆိုရင်ရော?????????????????????????????
 5-Hour Journey Into The Mountains On A 1ft Wide Path To Probably The Most Remote School In The World, Gulu, China

photo credit: Sipa Press

အင်ဒိုနီးရှားနိုင်ငံLebak ဒေသကကလေးငယ်တွေဟာဒီလိုပျက်စီးနေတဲ့ကြိုးတံတားပေါ်ကနေခက်ခက်ခဲခဲဖြတ်ကူးပြီးစာသွားသင်ကြရပါတယ်။
Pupils Crossing A Damaged Suspension Bridge, Lebak, Indonesia
 
    ဒီသတင်းပျံနှံ့သွားပြီးနောက်မှာတော့အင်ဒိုနီးရှားနိုင်ငံရဲ့အကြီးဆုံးစတီးထုတ်လုပ်ရေးကုမဏီကနေတံတားသစ်လာဆောက်ပေးသွားတယ်လို့ဆိုပါတယ်။
       A new bridge was built after the story spread by Indonesia’s largest steel producer, PT Krakatau Steel.
photo credits: Reuters

  ကိုလံဘီယာနိုင်ငံကRioNegroဆိုတဲ့မြစ်ကို၄၀၀မီတာလောက်အမြင့်ကနေပြီး၈၀၀မီတာနီးပါးကိုစတီးကြိုးနဲ့ဒီလိုကူးပြီးကျောင်းသွားကြပါသတဲ့။
                    Kids Flying 800m On A Steel Cable 400m Above The Rio Negro River, Colombia


 
Photo credits: Christoph Otto

အင်ဒိုနီးရှားနိုင်ငံRiau ဒေသကကလေးငယ်လေးတွေဒီလိုလှေလေးနဲ့ ကျောင်းသွားကြတဲ့အခါကျွန်မတော့ဧရာဝတီတိုင်းဖက်ကကလေးငယ်တွေကိုပြေးသတိရမိတော့တာပါပဲ။
                                          Pupils Canoeing To School, Riau, Indonesia

photo credit: Nico Fredia

တရုတ်ပြည်စီချွန်ပြည်နယ်Dujiangyan ဒေသမှာကျိုးပျက်နေတဲ့နှင်းဖုံးတံတားပေါ်ကနေအန္တာရယ်များစွာဖြတ်သန်းပြီးပညာရှာကြတယ်
         Crossing a Broken Bridge In The Snow To Get To School In Dujiangyan, Sichuan Province, China

photo credits: Imaginechina / Rex Features






ဖိလစ်ပိုင်နိုင်ငံRizal ပြည်နယ်ဖက်မှာကျောင်းသားငယ်လေးတွေဟာလေထိုးထားတဲ့ကားတာယာကြီးကြီးကိုစီးပြီးမြစ်ကိုဖြတ်လို့ကျောင်းကိုသွားကြရပါသတဲ့လေ။
  Elementary School Students Crossing A River On Inflated Tire Tubes, Rizal Province, Philippines


photo credits: Dennis M. Sabangan / EPA and Bullit Marquez /AP



     ကမ်းပါးပြတ်နံရံကိုအန္တာရာယ်များစွာဖြတ်ပြီးမှကျောင်းတက်ရတဲ့သီရိလင်္ကာနိုင်ငံကကျောင်းသူလေးတွေ
 School Girls Walking Across A Plank On The Wall Of The 16th Century Galle Fort In Sri Lanka

photo credits: Reuters/Vivek Prakash

အိန္ဒိယနိုင်ငံDelhi မြို့ကကျောင်းသူကျောင်းသားလေးတွေဟာအဲဒီလိုမြင်းလှည်းသေးသေးလေးပေါ်မှာပြွတ်သိပ်စွာတက်စီးပြီးကျောင်းကိုသွားစာသင်ကြရတယ်။
                        Schoolchildren Riding A Horse Cart Back From School In Delhi, India
photo credit: Reuters

                   တရုတ်နိုင်ငံပီလီဒေသကလူတွေကျောင်းတက်ဖို့  125 မိုင်သောဒီလိုခရီးကိုနှင်ရတယ်။

                    125-Mile Journey To A Boarding School Through The Mountains, Pili, China

အင်ဒိုနီးရှားနိုင်ငံSumatra ဒေသမှာ ကျောင်းသားလေးတွေဟမြစ်ပေါ်ကနေပေ၃၀အမြင့်ကဖြတ်ပြီးကျောင်းသွားတက်ကြရတယ်တဲ့

                  Pupils Walking On A Tightrope 30 Feet Above A River, Padang, Sumatra, Indonesia

photo credits: Panjalu Images / Barcroft Media



credit :butterbin

ကဲဒီပုံလေးတွေကိုကြည့်ပြီးရင်တော့ပညာသင့်ဖို့ကိုယ့်ဘ၀ဟာဒီလောက်ဆိုးခဲ့သလားဆိုတာသင်ကိုယ်တိုင်ခန့်မှန်းမိသွားပါလိမ့်မယ်။

ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
11 စက်တင်ဘာလ 2014
စကာင်္ပူဒေသစံတော်ချိန် 3:50 မိနစ်
ကြာသာပတေးနေ့

7 comments:

ညီလင်းသစ် said...

ငယ်ငယ်တုန်းက လျှောက်ခဲ့တဲ့ ရွှံ့ဗွက်အိုင်တွေနဲ့ ကျောင်းသွားရာ လမ်းကလေးကို မျက်စိထဲ ပြန်မြင်ယောင်လာမိတယ်...၊း)

ခဲရာခဲဆစ် ပညာသင်ကြရတဲ့ ဓာတ်ပုံလေးတွေကို စုစည်းဖော်ပြပေးတာ ကျေးဇူးပါ ညီမဒိုးကန်ရေ...။

TheinKha Zaw said...

လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ။

Iora said...

ဟုတ်တယ်နော်။
ကိုယ်တွေဟာတကယ်မကြောင့်မကြသင်ခဲ့ရတာဘဲ။
ကျေးဇူးနော်။
အိုင်အိုရာ

မိုးသက် said...

ကိုယ့်ကိုယ်ကိုယ်တောင် တော်တော် ကျေနပ်သွားတယ်.။ စကားမစပ် အစ်မတဂ်ထားတဲ့ ပို့စ် ၁၆ ရက်နေ့ ရေးမယ် :)

မီးမီးငယ် said...

ငါ့ညီမေလး
ရှာဖွေပေးမှ
ကိုယ်တို့လည်း
သိမြင်ရတော့တယ်
ကျေးဇူးပါဘဲ..
ကိုယ်တို့ကကံကောင်းသေးတာပေါ့နော်

blackroze said...

ကလေးတွေသနားပါတယ်...

သူကြီးမင်း (တုံးဖလား) said...

ခက်ခက်ခဲခဲ သွားလာရတော့ ကြိုးကြိုးစားစားသင်ယူကြတယ်။ တန်အောင်လို့လေ။ ရွှေတိုင်းပြည်ကတော့ ပညာဒါနတွေကများ စာသင်ကျောင်းတွေက အဆင်သင့်ဆိုတော့ အေးအေးဆေးဆေးရယ်။း)

သူတို့ကိုကြည့်ပြီး ငါတော်တော်ကံကောင်းပါလားလို့ အတွေးတွေ ထပ်ပွါးသွားပါတယ် ဒေါ်စိန်တင်ရေ။

Related Posts Plugin for WordPress, Blogger...