Saturday, September 21, 2013

သူမ

သူမ..
သနပ်ခါး မကြိုက်ဘူး
အုန်းဆီ မလိမ်းဘူး
ညှပ်ဖိနပ် မစီးဘူး
ပြည်တွင်းဖြစ် ထမီမ၀တ်ဘူး
ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့သူ

သူမ
ပါတီမတက်ဘူး
ဘီယာမသောက်ဘူး
ဝိုင်မသောက်ဘူး
စီးကရက် လက်ကြားမညှပ်ဘူး
မြန်မာအမျိုးသမီးဂုဏ်ကို အမြဲတံခွန်ထူထားတဲ့သူ

သူမ
 ပြုံးမပြတတ်ဘူး
ဟန်မဆောင်တတ်ဘူး
စကားပြော မယဉ်ကျေးဘူး
အပေါင်းအသင်းမများဘူး
ဒါပေမဲ့ လူ့ယဉ်ကျေးအသိုင်းဝိုင်းမှာ ကျက်စားပျော်မွေ့သူ

သူမ
လူတစ်ယောက်နဲ့ မတူဘူး
ဆိတ်ငြိမ်တာကို ခံတွင်းမတွေ့ဘူး
အသံထွက်ပြီး မငိုဘူး
တွေ့ဆုံကြုံကွဲဒဏ်ကို ကြံ့ကြံ့မခံနိုင်ဘူး
ဒါပေမဲ့နဲ့ လောကဒတ်နဲ့ အမြဲစီးချင်းထိုးနေတဲ့သူ

သူမ
ကံအဆိုးဆုံးသူ
ကံအကောင်းဆုံးသူ
မီးတောင်တစ်လုံးလို ပေါက်ကွဲလွယ်သူ
အငိုမျက်လုံး အပြုံးမျက်နှာနဲ့သူ
ပေါ့ပေါ့ပါးပါးနေပြီး လေးလေးနက်နက်တွေးတဲ့သူ

သူမ
အရာရာကို ပိုင်ဆိုင်ဘူးသူ
အရာရာကို ဆုံးရှုံးဘူးသူ
အရာရာကို သူရူးတစ်ယောက်လို လွှတ်ချထားသူ
အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို လောကပါလအပေါ် သစ္စာရှိသူ
လူမလေးတစ်ယောက်လို မေတ္တာတရားကို ကိုးကွယ်သူ
ဒုက္ခအထူကြီးနဲ့ ရူးနေတဲ့သူ

လေးစားစွာဖြင့်
ကိုရင်
04:16 (GMT)

10 comments:

ရွှေယွန်းဝါ said...

သူမ
ခင်မင်ဖွယ်ကောင်းသောသူ
တခါမှအပြင်မှာမတွေ့ဖူးသူ
စိတ်ရင်းကောင်းသူ

အပြင်မှာလူချင်း မမြင်ဖူးပေမဲ့ စိတ်ထဲမှာ အမမဒမ် စိတ်ရင်းအရမ်းကောင်းတယ်လို့ခံစားမိပါသည်။

အမမဒမ်၏အမျိုးသား ရေးပေးသော မွေးနေ့လက်ဆောင်လေးကို ဖတ်ရတာ ကြည်နူးဖွယ် ကောင်းသည်။

သိ င်္ဂါ ရ said...

ထို့ကြောင့် ... သူမ သည် ... သူမ ဖြစ်လေသည် ... ။

ထိုအကြောင်းများကြောင့် ပင် ... သူမ ကို သူမ စစ် စစ် ဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည် ... ။

ခင်မင်သောအားဖြင့် ...

သိ င်္ဂါ ရ

Unknown said...

သူမ ပြုံးမပြတတ်ဘူး ဟန်မဆောင်တတ်ဘူး
အပေါင်းအသင်းမများဘူး
ဒါပေမဲ့ လူ့ယဉ်ကျေး အသိုင်းအဝိုင်းမှာကျက်စားပျော်မွေ့သူ
သူမ ချစ်ခင် ဖွယ်ကောင်းသောသူ

ပဥာက် said...

ရူပါလန်းသော bloggerများသာ မန့်သွားတတ်ကြ၏...။ ခုမှပဲတွေ့တယ်..ဟွန်း..မန့်ဦးမှ..။
သြော်..ချစ်စရာ့ လုံမပျိုလေးကို ကိုရင်ကရထားတာပဲဗျ...ကံကောင်းလေစွ...။
သံသရာဆုံးတိုင်..ချစ်နိုင်ကြပါစေဗျာ..
ဟဟဟကျူပ်လည်းကျူပ်စိတ်ထဲက ကျူပ်လုံမလေးတွက်ရေးဦးမှ..ဟဟဟ။

စံပယ်ချို said...

ချစ်စရာကောင်းသူ
မုန်းစရာကောင်းသူ
ပတ်ဝန်းကျင်ကိုပျော်စေသူ
ပတ်ဝန်းကျင်ကိုစိတ်ညစ်စေသူ
----------------ရွှေဒိုးရေ.....ကြိုက်တယ်

မိုးသက် said...

မိုက်ဒယ်ကျန်း.. ကွင်ရေးထားတာ :)

နွေတေးရှင် (မင်းဧရာ) said...

သူမရဲ့ ချစ်စရာ အကျင့်လေးက

ဖွတ်ကျား ပတ်ဝန်းကျင်းလေး မှ
တသသ နဲ့ ချစ်ခင်သူ ။

ဖြူချင်ဖြူ မဲချင်မဲ
မွဲချင်မွဲ တေချင်တေ
ခပ်ပေပေ တွေကိုလည်း ချစ်တတ်သူ ။

သိပ်ဖြူတဲ့ အဲသည် စိတ်
အကို တိတ်တိတ်လေး ချီးကျူး တယ် ။

Cameron said...

သူမကို ညွှန်းဖွဲ့ဆိုသွားတာလေးသိပ်ကောင်းတယ် ကွင်....

မောင်သီဟ said...

အလဲ့ ဟိဟိး) ညွှန်းတယ်ဗျား ညွှန်းစေဗျား
ဒယ်အိုးတော့ သဘောတွေခွေ့ပြီး ပြုံးဖြီးနေမှာ မြင်ယောင်သေး ဟေးဟေး
ပျော်ရွှင်ကြပါစေဗျား....


မောင်ဘကြိုင်
မှတ်ချက်။။ ဒယ်အိုးရေး တဂ်ပို့စ်ကိုအေးဆေးရေး ပါ့မယ်နော်
အားဖူးဖြစ်နေတယ်ကွယ်း)

မိုးသက် said...

အာ့ဘူ့အစ်မလည်း တိတယ်မလား.. ^_^

Related Posts Plugin for WordPress, Blogger...