Saturday, August 31, 2013

အမှတ်တရ ငပျင်း ဘလော့ဂင်း


အလို..
.................
ဘာတွေပါလိမ့် ..အော်သံတွေကြား
အပြေးအလွှား သွားကြည့်မိတော့ 
ဘလော့ဒေးတဲ့လား။

အူကြောင်ကြားရယ်နဲ့ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်
ငါ..ဘလော့ဂါစင်စစ်မှဟုတ်ပါလေစ..။




ဖုန်မှုန်စိတ်မှိုတက်တွေကြား
ငပျင်းတစ်ကောင် အိပ်မှုံစုံမွှားနဲ့
ရေးးးးး ဘလော့ဂင်းဒေး.........ရယ်လို့
သြော် ...ငါအော်ခွင့်ရနေသေးတယ်လား။

အင်းးးးးး..အင်းးးးးးး..ဒါဆို.. ကျေးဇူးပင်တင်ရဦးမပေါ့။
မမေ့မလျော့တဂ်သူတွေကြား
ပီတိတွေပွားရင်း
ဘာရေးရမလဲစဉ်းစား။

သက်တမ်းရင့်ရင့်လာတဲ့ အပျင်းစားဦးနှောက်ကြီးက 
အပြေးအလွှား အတွေးများရှာဖွေလိုက်တော့ 
ထွက်လာပဟဲ့ ရွှေညဏ်တော်ရဲ့
ကဲ.ဒါဆို.ရေးချလိုက်မယ်တော့
ဘလော့ဂါကြီးရယ်ပေါ့လို့
အထင်တော်မကြီးလိုက်ကြပါနဲ့။

ဖြတ်သန်းလာသမျှနှစ်တွေကြား
သာမန်လူတစ်ယောက်လိုခံစားလို့
အပြောင်အပျက်ရယ်ဖွဲ့
အမောပြေ ရွှင်ပြုံးစေချင်တဲ့စိတ်နဲ့
ရေးခဲ့သမျှအရာရာ
ပေတလွှာစာမထူးပါဘူး
သြော် စာရူးပေရူးမို့
တားမရတဲ့ဝေဒနာ
အဖြေရှာ ပေလွှာမှာတွေ့
ဖြစ်သမျှအရာရာ 
ခြစ်သမျှ..စာလွှာဖြစ်ပါသတဲ့။
တော်တတ်သူတွေကြား
ရှက်ပြုံးပင်ပွားမိပါရဲ့။


အလို ............ငါဟဲ့.သလော့ဂါ.....................
အို....လာ..လာ.....
လက်သီးလက်မောင်းတန်းပါလို့ ......

ဟက်ပီးဘလော့ဂင်းဒေးပါဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


မဒမ်ကိုး
31 August 2013





18 comments:

မေဓာဝီ said...

လန့်လိုက်တာ ဒိုးကန်လေးရယ် ... ဖြည်းဖြည်းလဲ အော်ပါကွယ် ... :)

Angelhlaing(May everybody be happy and healthy! said...

ထပ်တူထပ်မျှပါ မမရေ... ရေးထားတာ ..ဖတ်ရတဲ့သူကိုပါ ရွင်မြူး....စေတယ်..မမ.:)

Iora said...

ဒီလိုရေးတာလေးတွေကိုပဲစွဲနေတာ။
အိုင်အိုရာ

Tuumar said...

သူ့ရဲ့​အော်​သံများကြား ငါလွင့်​​မျောသွားခဲ့ရတယ်

Tuumar said...

သူ့ရဲ့​အော်​သံများကြား ငါလွင့်​​မျောသွားခဲ့ရတယ်

rose of sharon said...

ဟက်ပီးဘလော့ဂင်းဒေးပါဗျိုးးးးးးးးးးးးးးးး

Candy said...

ဟဟဟ... ဘလော့ဒေးပါဗျို့..........

သူကြီးမင်း (တုံးဖလား) said...

ဒီနှစ်ယောက်လုံး ငြိမ်နေကြတယ် အခုမှ အိပ်မက်ယောင်သလို ထအော်နေတယ်။ ဟက်ပီးဘလော့ဒေးတဲ့။ အင်း အင်း သူကြီးမင်းလဲ ဟက်ပီးဘလော့ဒေးပါဘဲ။

သူကြီးမင်း (တုံးဖလား) said...

ဒီနှစ်ယောက်လုံး ငြိမ်နေကြတယ် အခုမှ အိပ်မက်ယောင်သလို ထအော်နေတယ်။ ဟက်ပီးဘလော့ဒေးတဲ့။ အင်း အင်း သူကြီးမင်းလဲ ဟက်ပီးဘလော့ဒေးပါဘဲ။

Yan said...

မဒိုးရဲ့ ကဗျာလေးကို ရူပါအလွန်လန်းသော ကျွန်ုပ် မန့်သွားပါသည်။ Myanmar Blogs Digest Fan Page လေးအတွက်လည်း ယူသွားပါသည်။ Tada!!!! :D

Yan.

နွေတေးရှင် (မင်းဧရာ) said...

အကြွေး မှတ်ထားကြအေ ။

Han Kyi said...

တယ်မိုက်တဲ့ ကဗျာပဲ...ဂျာရစ်...ဘလော့ဒေး အထိန်းအမှတ် သီချင်းတစ်ပုဒ်လောက် ရီကွက်စ်...း)

Cameron said...

Happy blog day thamee lay...;))

Thu said...

ဘလော့ဂ်ဒေးပါဗျို့ နောက်တောင်ကျနေပြီ :P

ညီလင်းသစ် said...

အများနဲ့မတူဘဲ ကဗျာလေးနဲ့မို့ မြူးမြူးကြွကြွနဲ့ သွက်လှတယ် ညီမဒိုးကန်ရေ...၊

သက်တမ်းရင့်ရင့်လာတဲ့ အပျင်းစား ဦးနှောက်ကြီး-တဲ့၊
တင်စားချက်က ‘ဒန်’ လှတယ်ဗျာ...၊

စောသည်၊ နောက်ကျသည် မရှိဘဲ နှုတ်ဆက်လိုက် ပါတယ် ညီမရေ..၊ ပျော်ရွှယ်ဖွယ်ရာ ဘလော့ဂ်ဒေး ဖြစ်ပါစေဗျား...။

လရိပ်အိမ် said...

ခေါင်းစဉ်က တပ်ထားတာ အပျံစား။ ဘလော့ဒေးအတွက် ရေးဆို တခါတည်း ဒိုးဒိုးဒေါက်ဒေါက်နဲ့ရေးလိုက်တာမှ မြန်လေစွ။

အမ်တီအန် said...

လက်သီးလက်မောင်းတန်းလောက်အောင် ခွန်အားတွေ ရှိနေပြီ ဆိုတော့ကာ... ဘလော့ပို့စ်တွေ ဆက်တိုက် ဖတ်ရတော့မည်ပေါ့... :)

ချစ်သော -
မြသွေးနီ

San San Htun said...

ငါဟဲ့  ဘလော့ဂါ...လက်သီးလက်မောင်းတန်းပါလို့ ...
Happy Belated Blog Day !
ဒိုးကန်တယောက် ဘယ်ကိုရောက်
ဖေ့ဘွတ်ဆီရောက်...း)

Related Posts Plugin for WordPress, Blogger...