ဟိုနေ့က ကျော့ဆုံး
ရှု့မဆုံးတဲ့ မောင့်သက်လှယ်
ဖီးလိမ်းကာပြင်ဆင်ရယ်နှင့်
ကေသာဝယ်ပန်ဆင်ဖို့သူရွေး
နှင်းဆီဇလပ် ခတ္တာရယ်
အသွယ်သွယ်ထိုပန်း
မဆင်မြန်းချင် မယ့်ဘ၀င်မှာမရွှင်လို့
မလိုပေါင်ညိုမှောင်မှောင် မျက်နှာပေးရယ်နဲ့
မျက်ရည်ပုလဲဥ ကျလုလုရွှေရုပ်သွင်
မောင့်အပေါ်ဝယ် နွဲချင်ပေလို့လား.။
ရွှေစိတ်တော်မညို.
ဗျာပါတော် မနှောင့်စရေး
ကဗျာကယာမောင်ခူးကာ ပန်ဆင်ပေးလိုက်တယ်..
စံပယ်လေး တစ်ခိုင်
မယ့်အပြုံးတွေရယ်လှိုင်လှိုင်ပွင့်ပါလို့
ဘ၀င်မှာရွှေရင်အေးရတယ်
မွှေးလိုက်တာလေး။
ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
26 JUNE 2013
8 comments:
စပယ်နံ့ သင်းလာလို့ တအားကြိုက်ခဲ့တယ်လေး
သိပ်ကောင်းတာတဲ့ ကဗျာလေး အေ ။
ဖတ်ရင်းနဲ့တော့ တွေးမိသား
ကွင်တော့ မဖြစ်တန်ရာပေါ့ ။
ကောင်းလိုက်တဲ့ ကဗျာ... မျက်လုံးထဲ ထင်းကနဲ ပေါ်တယ်။ စံပယ်ပန်းတွေကိုလည်း ချစ်တယ်...
စပယ်ရနံ့လေးမွှေးပြီးအေးသွားတယ်
အို.. ဒီလို နုမယ်လို့တောင် ထင်မထားဘူး. .။ ဂွတ်လှချည်လား မခင်သီတာ..
မိမိုးသက် ...
ညေးကလဲ နှက်လိုက်ပြန်ပကော :)
နာ့အမရေးထားတာ အစစ်ဟ
နာတောင် အတော်ကြီးကိုကြွေသွားဒယ် ဟိ
အမမဒမ်ရေ.....
ကဗျာလေးက တကယ်ကိုချစ်ဖို့ကောင်းပြီး
နုတယ်ဗျာ ...ကောင်းပါပေ့ :)))
အဲလိုမြန်မာကဗျာ လှလှလေးတွေ
မဖတ်ရတာ ဘယ်လောက်ကြာပြီလဲ !!!!
သတိရနေပါတယ် မ
ချစ်တဲ့ မိုးနတ်ကြယ်စင်
မြန်မာဆန်ဆန် နုရွတဲ့ အရေးအသားနဲ့.. ကျောလေးကို
လာအားပေးတဲ့နေ့ ရောက်ခဲ့ပြီ..
ပျော်ရွှင်ပါစေ.. မမဒိုးကန် ..း)
ရူပါမလန်းဘူး ထင်မှာစိုးလို့ မန့်သွားတယ် ..
လို့ မပြောပါဘူးကွယ်။ ကဗျာလေးကို ချစ်လို့ ချစ်ကြောင်းလေး ပြောထားခဲ့တယ်နော်။
Post a Comment