ချစ်သောမေမေ
ဘာလိုလိုနဲ့
နိုဝင်ဘာ၂၅ တောင်ရောက်လာခဲ့ပြန်ပြီနော် .
ဒီနေ့ဟာ
မေမေ့ရဲ့အသက် ၆၀ ပြည့်မွေးနေ့ရောက်ပြန်ပြီပေါ့မေမေ ။
ငယ်ငယ်ကတည်းက
မိသားစုအတူနေကြရတဲ့ အချိန်တွေကလဲ အရမ်းနည်းခဲ့ရတယ်။
ခုလက်ရှိ
သမီးကိုယ်တိုင် နယ်ခြားမြေခြားမှာ ရောက်နေတာ ငါးနှစ်တောင်ရှိခဲ့ပြိမဟုတ်လား.
မေမေ့ရဲ့မွေးနေ့မှာ
သမီးအနားမှာရှိမနေနိုင်ခဲ့တာတော့ခွင့်လွှတ်ပေးပါမေမေ .
ဒီအချိန်ဆို
မေမေ့ကိုမွေးနေ့လက်ဆောင်ပေးနေကျ . မေမေ့အခန်းဝနားမှာ တခုခုမှာအမှတ်တရ ပိုစ့်ကတ်လေးတွေ
ပန်းလေးတွေ တခုခု ကိုမေမေနိုးလာရင်မြင်ရအောင် ဖေဖေနဲ့သမီး တစ်ခုခုလုပ်ပေးနေကျ . ခုဆို
မလုပ်ဖြစ်တာ နှစ်တော်တော်ကြာခဲ့ပြီမေမေ ။ ခွင့်လွတ်ပါဆိုတဲ့စကားကလွဲရင် သားသမီးဝတ်အပြည့်အဝ
မကျေနိုင်သေးဘူးလို့ခံစား နေမိပါတယ် ။
ခုလိုအချိန်မှာဖေဖေနဲ့အတူမေမေရဲ့
၆၀ ပြည့်မွေးနေ့ကို ဖြတ်သန်းခွင့်ရတဲ့အတွက် သမီးအရမ်းကို ၀မ်းသာကြည်နူးမိ ပါတယ်မေမေ
။ တနေ့နေ့တချိန်ချိန်မှာတော့ သမီးရယ် ဖေဖေရယ် မေမေမွေးနေ့မှာ အတူရှိနေပြီးဆုတောင်းပေး
နိုင်အောင် ကြိုးစားပါ့မယ်.
မိသားစုအပေါ်မှာတာဝန်ကျေတဲ့မေမေ
.
လင်သားအပေါ်မှာ
ဂရုစိုက်ကြင်နာတတ်တဲ့မေမေ .
မိဘအပေါ်မှာအကောင်းဆုံးလုပ်ပေးနိုင်ခဲ့တဲ့မေမေ
တစ်ဦးတည်းသောသမီးအပေါ်မှာ
အကောင်းဆုံး လမ်းညွန်မှု့တွေ ပေးနိုင်ခဲ့တဲ့မေမေ .
မေတ္တာတရားတွေနဲ့
စိုးရိမ်စိတ်တွေနဲ့အတူ ရောဂါသည်သမီး အပေါ်အချစ်တွေပုံထားတဲ့မေမေ .
ဘ၀တစ်ခုလုံးမိသားစု
အတွက် ပုံပေးခဲ့တဲ့မေမေ .
လောကဓံအတက်အကျ
ရိုက်ခတ်မှု့ပြင်းပြင်းကို လူငယ်သမီးထက် ပိုခံနိုင်ရည်ရှိခဲ့ပြီး ကြံ့ကြံ့ခံခဲ့တဲ့မေမေ
။
ဘုရားတရားသံဃာကလွဲပြီး
ဘယ်အရာကိုမှ ကိုးကွယ်ယုံကြည်မှု့မရှိ ပြတ်သားရဲတဲ့မေမေ …
ရုပ်ရှင်ထိုင်ကြည့်တိုင်းလွမ်းတယ်
နေကြာစေ့အတူစားပြီး မပြီးမချင်းထိုင်ကြည့်လို့ စကားပြောခဲ့တာတွေကို လွမ်းတယ်လို့ ခနခန
ပြောပြီး ပြန်လာခဲ့တော့ ဒီမှာဘဲအတူနေကြတော့မယ်လို့ ခနခနပြောတတ်တဲ့မေမေ ..
သမီးပို့လိုက်တဲ့ပစ္စည်းဆို
မုန့်ဘူးကအစ တမြတ်တနိုးသိမ်းပြိး လွမ်းနေတတ်တဲ့မေမေ ။
သံသရာပါအောင်
ကုသိုလ်တွေနဲ့အတူ ဘာဝနာတွေပွားလို့ ငြိမ်းချမ်းအောင်ကြိုးစားနေတဲ့မေမေ .
လူတစ်ဖက်သားအပေါ်
ကျွေးမွေးချင်တဲ့စိတ် ကူညီချင်တဲ့စိတ်အပြည့်နဲ့ အမြဲ ကူညီတတ်ခဲ့တဲ့မေမေ .
ခနခနချော်လဲတတ်တဲ့မေမေ
…ကလေးတစ်ယောက်လိုချော်လဲပြီးတိုင်း ရီဖြဲဖြဲလုပ်တတ်ပေမယ့် အညိုအမဲ အမြဲစွဲ နေတတ်တဲ့ကျနော့်ရဲ့ချစ်သောမေမေ
.
ဆီတွေမတည့်တာတွေမစားပါနဲ့ဆို
စားပြန်ပြီ လို့ကျနော့်ကိုခနခနဆူတတ်တဲ့ မေမေ.
ဖုန်းနဲ့လူနဲ့အမြဲကပ်နေပါ
. ဖုန်းခေါ်တိုင်းမရရင်စိတ်ပူတယ်လို့ အမြဲပြောတတ်တဲ့ကျနော့်ရဲ့မေမေ .
သမီးလုပ်တဲ့သူကို
အေးချမ်းစွာနားခိုနိုင်မဲ့အရိပ်တစ်ခုမှာ ရှိနေစေချင်ပြီလို့ အမြဲ စိတ်ပူဆုတောင်းတတ်တဲ့ကျနော့်
ကိုချစ်တဲ့ ကျနော့်ရဲ့ မေမေ …………….
စာရေးတာဝါသနာပါသလို
သမီးလုပ်သူကိုလဲ ဘလော့ဂါသိပ်ဖြစ်စေချင်တဲ့ မေမေ …………………………..
ဘာလိုလိုနဲ့အသက်
၆၀ တောင်ရှိသွားပြီ .အသက်တစ်နှစ်ကြီးသွားပြန်ပြီလို့ တနေ့ကဖုန်းဆက်တော့ ကလေးလေးလို
သမီးကို ရီပြီးပြောလာတဲ့ မေမေ ..
ငှက်ကလေးကအတောင်စုံလို့
ပြန်သွားလိုက်တာ …အတောင်ညောင်းရင်ပြန်ခဲ့ပါလို့ ခနခနတဖွဖွပြောတတ်တဲ့ မေမေ
အားငယ်တယ်
တခုခုဆို တိုင်ပင်ဖော်တိုင်ပင်ဖက်မရှိ လိုက်တာသမီးလေးရယ်လို့ အားငယ်စွာ ခနခနပြောတတ်တဲ့
မေမေ ..
မေမေရဲ့အသက်၆၀ပြည့်မွေးနေ့မှသည်.အသက်ခန္ဒာတည်မြဲနေသမျှကာလပတ်လုံးတရားဘာဝနာတွေနဲ့
အေးချမ်းမွေ့ လျော်ပြီး ချစ်သောဖေဖေ.ချစ်သောဒီသမီးနဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းစွာ အသက်ထက်ဆုံးနေထိုင်သွားနိုင်ပါစေ
လို့ ချစ်သမီး အဝေးတနေရာကနေ ဆုတောင်းပေးရင်း…
အလွမ်းများစွာဖြင့်
တီကောင်ကလေး
၂၅
ရက် ၁၁ လ ၂၀၁၂ ခုနှစ်
၁.၂၂
မိနစ်
တနင်္ဂနွေနေ့
27 comments:
ချစ်ညီမ မဒိုးကန် ရဲ့ ချစ်မေမေ မွေးနေ့ရက်လေး မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ..အသက်ရာကျော်ရှည်ပါစေ လို့ ဆုမွန်တောင်းပေးလိုက်ပါတယ်...
ချစ်အမကြီး
ရွှေစင်ဦး
Happy birthday Mom!!
အမတော်ရဲ့ မေမေ အသက်ရာကျော်ရှည်ပါစေဗျာ...
ကျွန်တော့်ရဲ့ အစ်မရင်းလိုချစ်ရတဲ့ ..အစ်မကြီးဂျာရစ်ရဲ့ချစ်မေမေ နောက်ထပ် နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပြီး အသက်ရာကျော်ရှည်ပါစေ လို့ ဆုတောင်းပါတယ် .........
မောင်ငယ်...
မေမြို့မိုး
မဒမ်ရဲ့ မေမေ ကျန်းမာသက်ရှည်ပြီကုသိုလ်ကောင်းမှုများစွာပြုလုပ်ပြီမိသားစုနဲ့ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေရှင်
မွေးနေ့ မှာ မွေးနေရှင်နှင်တူ ကျေးဇူးသိတတ်သော သမီးလေးလည်း ပျော်ရွှင်ပါစေနော
ဒိုးကန်ရဲ့မေမေ...အသက်၆၀ပြည့်မွေးနေ့မှသည် နောင်
နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ချမ်းမြေ့စွာ တရားဘာဝနာ
များ ပွားများနိုင်ပါစေကြောင်း၊သူမချစ်သော သမီးတော်
နှင့်အတူတကွ သက်ဆုံးတိုင် မကွဲမကွာနေရပါစေကြောင်း၊
ခဏခဏ ချော်လဲလို့ ဒူးပြဲရသည့် ကိုယ်လည်း မဖြစ်ပါ
စေကြောင်း.....၊ဒိုးကန်ကိုလည်း ကောင်းကောင်းဆူနိုင်
ပါစေကြောင်း......ဆုတောင်းပေးလိုက်ရပါတယ်ဗျိုးးးးးးး။
ချစ်မရဲ့ မေမေ၏ယနေ့ကျရောက်သောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး တရားဘာဝနာများပိုမိုပွားများနိုင်ကာ ချစ်သောမိသားစုနဲ့ပျော်ရွှင်ဖွယ်ရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေနော် ...
ချစ်တဲ့
ညလေး မိုးည
ချစ်သောသူမ ၏ အသက် ၆၀ ပြည့်မွေ့နေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မားခြင်းနှင့် ပြည့်စုံ၍ ချစ်သော ဖေဖေ ချစ်သောသမီးနှင့် တစ်လှေတည်းစီးပြီး တစ်ထီးတည်းမှာ ခိုနိုင်ပါစေဗျာ။
ချစ်သောသူမ ၏ အသက် ၆၀ ပြည့်မွေ့နေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မားခြင်းနှင့် ပြည့်စုံ၍ ချစ်သော ဖေဖေ ချစ်သောသမီးနှင့် တစ်လှေတည်းစီးပြီး တစ်ထီးတည်းမှာ ခိုနိုင်ပါစေဗျာ။
မားမား
မားမားရဲ့မေမေ အသက်60ပြည့်မွေးနေ့မှစပြီးတော့
နောက်လာမဲ့မွေးနေ့ပေါင်းများစွာကို
မိသားစုစုံလင်စွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့
ပစ်ပစ်ကဆုတောင်းပေးတယ်မားမား....
မားမားရဲ့ မေမေဆိုတော့ ပစ်ပစ်ရဲ့ဘွားဘွားပေါ့နော်
Happy Birthday ပါ ဘွားဘွား
အာဝါးးးးးးးး mwahhhhhh
အမ မဒမ်ရဲ့ မေမေ ၆၀ ပြည့်မွေးနေ့မှသည်..
နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ.ကိုယ်ကျန်းမာနဲ့ တရားဓမ္မများကို ပွားများနိုင်ကာ ဘ၀ရဲ့အနှစ်သာရများကို အကျိုးရှိရှိ
ခံစားနိုင်ပါစေလို့ ဆန္ဒပြုရင်း....
ချစ်တဲ့...မိုးနတ်
သမီးအလိမ္မာ လေးေ၇းတဲ့စာတွေ
တ၀ကြီးဖတ်သွားပါတယ်။
ညီမလေးမေမေေ၇ာဖေဖေပါ ကျန်းမာချမ်းသာစွာနဲ့
ဘ၀တစ်သက်သာ မိသားစု အတူတကွ
ပျော်ရွှင်နိုင်ကြပါစေ။
အမေကိုချစ်တဲ့ သမီးတစ်ယောက်ကချစ်ခြင်းတွေနဲ့ ရေးတဲ့စာကို သမီးကိုချစ်တဲ့ အမေကလည်း ပီတိတွေနဲ့ ဖတ်နေမှာဘဲနော်.
စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ.. ခုလိုအပြန်အလှန်ချစ်ကြတဲ့ အချစ်တွေ မြင်ရတာတကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။
မဒမ်းကိုးရဲ့ မေမေ
မွေးနေ့မှာ စိတ်ရောကိုယ်ပါ ပျော်ရွှင်ပါစေ...
နေ့ရက်တိုင်းလည်း ကျန်းမာ ချမ်းသာစွာနဲ့ အသက်ထက်ဆုံးတိုင် တရားဓမ္မနဲ့ ပျော်မွေ့ရင်း မိသားစုနဲ့ မခွဲမခွာ နေနိုင်ပါစေ.. ကြည်လင်ရွှင်လန်း စိတ်အေးချမ်းပါစေလို့..
င့ါသမီးမေမေ အသက်ခြောက်ဆယ်ပြည့်ပို့်စ်ကိုဖတ်တော့မှပဲ အမအမေလဲ လာမယ့်နှစ် ခြောက်ဆယ်ပြည့်မှာ...။ မဒိုးမေမေ အသက်ရာကျော်ရှည်ပါစေ...။
ကျေးဇူးသိ၊တန်ဖိုးထား၊လိမ္မာတတ်သော..
သားသမီး၊မြေး၊မြစ်များနဲ့အတူ
နောင်လာမယ့်မွေးနေ့ပေါင်းများစွာတိုင်
အသက်ရာကျော်ရှည်ပြီး
ပျော်ရွှင်ချမ်းမြေ့ဖွယ်နေ့ပေါင်းများစွာကိုပိုင်ဆိုင်နိုင်ပါစေ
တရားထူးတရားမြတ်များလည်း ရရှိပိုင်ဆိုင်နိုင်ပါစေ...
ဆရာလေးကတော့ လူထွက်ခါစဆိုတော့..
ဒီလိုဘဲဆုတောင်းတတ်ပါတယ်း))
ဒကာမကြီးမဒမ်ကိုးတို့ဇနီးမောင်နှံလည်း
သက်ရှည်ကျန်းမာပြီး မိဘကျေးဇူးကို
ဒီ့ထက်မက ဆက်နိုင်ကြပါစေကွယ်...
((အဟမ်း..အဟမ်း)) :D
သမီးငယ်တစ်ယောက်ရဲ့ နူးညံတဲ့မေတ္တာတွေပျော်ဝင်၊ မိခင်တစ်ယောက်ရဲ့ အဆုံးစမဲ့ အေးမြတဲ့မေတ္တာတွေ စီးဆင်းနေတဲ့ ချစ်စရာပို့စ်လေးတစ်ပုဒ်း)
ညီမ မဒမ်ကိုးရဲ့ ချစ်သောမေမေ မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်သော နေ့ရက်ပေါင်း၊ ခုနစ်ပေါင်း များစွာကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မွေးနေ့ထက် တစ်ရက်နောက်ကျစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ချစ်ဖို့ကောင်းတဲ့ မမကို ဖန်ဆင်းပေးတဲ့.မမရဲ့ ချစ်မေမေ မွေးနေ့မှာ ပျော်ရွှင်ပါစေ..
မမရဲ့ မေမေတော့ ပျော်နေမှာပဲ... ပျော်ရွင်ဖွယ် မွေးနေ့လေး ပိုင်ဆိုင်ပါစေလို့ ..
မမရေ..နောက်ကျသွားတယ် ..:P
အသက် ၆၀ ဆိုတော့ ငယ်သေးတာဘဲ။
မိသားစု ကျန်းမာပျော်ရွှင်စွာ တစ်ချိန်ချိန် ပြန်နေနိုင်မှာပါ။
ကိုရင်ကို ပစ်ပြီး အမေနား ပြေးမနေနဲ့ဦး။း))
မိသားစုအားလုံး ကျန်းမာချမ်းသာပျော်ရွှင်ဝမ်းသာနိုင်ကြပါစေ။
ဒီလိုမသိတတ်ခဲ့ပါဘူး။ အခုချိန်ထိ မိဘတွေရဲ့ မွေးနေ့ကို သေချာ မမှတ်ထားမိသေးဘူး။ မွေးနေ့လုပ်တဲ့ အကျင့်မရှိတာလည်း ပါမယ်ထင်ပါရဲ့၊ မွေးနေ့ဆုတောင်းစာလေး ဖတ်ပြီး အတွေးထဲ လမ်းလျှောက်နေမိပါရဲ့..။
ကျွန်တော်ကတော့ မိဘတွေရဲ့မွေးနေ့ကို
ဂုဏ်ပြုဖို့မပြောနဲ့
သေချာတောင်မသိဘူး
သူတို့ကလည်းဖွက်ထားတာဗျ ဟိဟိ
တန်ဖိုးရှိလိုက်တဲ့ အတွေးလေး .....
လူတိုင်းသိနေပေမယ့် အလွယ်တကူမေ့နေတတ်တာကို
လှလှပပလေး ချပြသွားနိုင်တယ်လို့ ခံစားမိပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
ဒိုးကန် မေမေရဲ့ မွေးနေ့ရက်မှသည် ကျန်းမာချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပါစေ...။
မေမေဖတ်မိရင် အချစ်တွေတိုးစေမယ့် စာလေးတစ်ပုဒ်ပါ..။
သားသမီးနဲ့ မိဘ ရဲ့ အေးမြတဲ့ မေတ္တာရိပ်လေးပါရှင့် ၊ ညီမလေး မေမေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံပိုင်ရပါစေကြောင်း ဆုတောင်းပေးပါတယ် ...
အမေအတွက်ဆုတောင်းလေးကိုဖတ်ရင်းဝိုင်း၍ဆုတောင်းပေးပါတယ်ခင်ဗျား။ကြည်နူးမှုလေးတွေလည်းမျှဝေခံစားရပါတယ်။
မဒိုးရဲ့မေမေ အသက်(၆၀) ပြည့်မှ နှစ်ပေါင်းများစွာတိုင် အေးချမ်းစွာ ဘဝမှတ်တိုင်များကို ကျော်ဖြတ်နိုင်ပါစေနော်။ ဒီကနေ့မှ ဘလော့တွေလည်လို့အသိနောက်ကျသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment