Wednesday, September 19, 2012

Happy Birthday To You

ဒီနေ့ ဒိုးကန်မွေးနေ့..
အလုပ်တွေကလည်း မအားကြတဲ့ကြားကပဲ ကျွန်တော်တို့ သူ့မွေးနေ့ပွဲလေးကို လုပ်ဖြစ်ခဲ့ကြတယ်။ အစကတော့ ရေတံခွန်ကိုခေါ်သွားပြီး -တောင်ထိပ်ရောက်မှ သူ့ကို အံ့သြသွားစေမဲ့ မွေးနေ့လေး လုပ်ပေးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ သူနေမကောင်းတာကြောင့်ပဲ အစီအစဉ်က ပြောင်းသွားခဲ့ တယ်။ Hilam Copitiam မှာပဲ ကျွန်တော့်ရဲ့ ဆိုးဖော်ဆိုးဘက် ပုခုံးဖက်ပေါင်းတဲ့လူတွေဖြစ်တဲ့ မင်းဧရာ၊ မောင်ဝင်းထွန်း၊ မောင်ချမ်းမင်း( ထာဝရသစ္စာ)တို့နဲ့ ပွဲလေးတစ်ပွဲ လုပ်ဖြစ်ခဲ့တယ်။ အထူးခြားဆုံး လက်ဆောင်ကတော့ ကိုမင်းဧရာရဲ့ စိတ်ကူးတစ်ခုလေးပါ။မွေးနေ့မှာ ဒိုးကန်ကို ငှက်နှစ်ကောင် ရအောင်ရှာပေးပြီး လွှတ်စေခဲ့တယ်။ သူပျော်တာနဲ့တင် ကျွန်တော်လည်း ရောရောင်ပြီး ပျော်တယ်..။ ကျန်တဲ့လူတွေလည်း -ပျော်ကြတယ်.။
နောင်နှစ် နောင်နှစ်တွေတိုင်းမှာလည်း ပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာကို ပိုင်ဆိုင်ပါစေမိန်းမရေ..။
 

ဘုရင့်နောင်လို မလိုအပ်ပဲ
လက်သည်းကြားကိုတော့ အပ်မစိုက်ဘူး..
ပင်လယ်ကို ကူးခတ်ဖို့ လိုအပ်တိုင်း 
ငါ့သွေးတွေက
အမြဲတမ်း မြင့်ရာက နိမ့်ရာကို စီးဆင်းပစ်မယ်..။
ကိုရင်
19:45 (GMT) 
မုန်တိုင်းကိုလှန်
 လေကိုဆန် ၍
လှိုင်းထန် ကိုခွင်
ပင်လယ် တွင်း၌
 မြစ်မင်း လိုဖေါက်
လိုရာ ရောက်စေ...
 (ဘကြီးမှုန်)
 မကြုံချင်လည်း ကြုံ..
မဆုံချင်လည်း ဆုံ..
မရချင်လည်း ရ..
ဒါ..လူ့ဘဝ..
လေအဆန်မှာ
ရင်ခွင်အမှန်နဲ့
အစ်မရေ ....
အတောင်ပံခက်သံတွေပြင်းပြင်း
အဲဒီ လေအဆန်တွင်းက
ထွက်ခဲ့စမ်းပါဗျ.....။ 

 မောင်သစ္စာ

31 comments:

ညီလင်းသစ် said...

ညီမ မဒိုးကန်အတွက် ကျန်းမာပျော်ရွှင်ပြီး ချမ်းမြေ့ဖွယ်ရာ မွေးနေ့ မင်္ဂလာဖြစ်ပါစေလို့ ဆုမွန်ခြွေပါတယ်..၊

ဘဝပင်လယ်ထဲမှာ ကြုံတွေ့ရစမြဲ ဖြစ်တဲ့ စိန်ခေါ်ခြင်း လှိုင်းတံပိုးတို့ အလယ်မှာ ရွက်,မသိမ်း၊ တက်,မယိမ်းဘဲ ရဲရင့်နီစွေးစွာနဲ့ လှော်ခတ်နိုင်ပါစေ ညီမရေ..။

မီးမီးငယ် said...

ဒန်အိုးလေးရေ..
မွေးနေ့ မင်္ဂလာပါရှင်။
အစဉ်အမြဲကျမ်းမာချမ်းသာတဲ့၊
ခန္ဓာကိုယ်နဲ့ ချစ်တဲ့သူတွေနဲ့ ရာသက်ပန်၊
ပေါင်းသင်းနေထိုင်နိုင်ပါစေလို့ ....။
ဆုတောင်းပေးလိုက်ပါတယ်ကွယ်...။

ချစ်စံအိမ် said...

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေမဒမ်ရေ..
အပျော်တွေတောင်ကူးစပ်ကုန်တယ်..
ပျော်ရွှင်မစေရှင်..

mstint said...

လူ့ဘဝရဲ့အနှစ်သာရဟာ 'ချစ်ခြင်းမေတ္တာ' တဲ့ မဒိုးရေ။
အားလုံးရဲ့အချစ်ကို ခံယူထားတဲ့ မဒိုးလေးတစ်ယောက်
အမြန်ဆုံးပြန်လည်ကျန်းမာပါစေ။ မွေးနေ့ရက်မြတ် မင်္ဂလာကအစပြုလို့ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြီးပြည့်စုံတဲ့ မွေးနေ့ရှင် တစ်ယောက်ဖြစ်ပါစေကြောင်း ဆုတောင်းပေးခဲ့တယ်နော်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

Happy Birthday ပါ ညီမဒိုးကန်ရေ...

နွေတေးရှင် (မင်းဧရာ) said...

ဂျာရစ်ရေ.......
ပျော်ရွှင်စရာကောင်းသော မွေးနေ့လေးမှသည်
နှောင်နှစ်ပေါင်းများစွားတိုင်အောင် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်မားခြင်းနှင့် ပြည့်စုံ၍
သွားလိုရာ ခရီးလမ်း ဖြောင့်ဖြောင့်လေး လှမ်းနိုင်ပါစေဗျာ။

လရိပ်အိမ် said...

HAPPY BIRTHDAY!!!
Sorry for late wishing .
I wish you will be Happy with your hubby.
Get well soon.

ဆန်းစနေ၀န်း said...

happy birthday....ပါ.. မဒမ်...ရေ

ဆန်းစနေ၀န်း said...
This comment has been removed by the author.
khin said...

ပျော်ရွင်သောမွေးနေ.များစွာကို ကိုရင်နဲ.အတူ ဖြတ်သန်းနိုင်ပါစေလို. ဆုတောင်းပေးပါတယ် ညီမလေးရေ

မေဓာဝီ said...

မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ ညီမလေး ဒိုးကန်ရေ ...

စံပယ်ချို said...

ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ခဲ့မှာပါ
နောင်နှစ်တိုင်းလဲ အမြဲပျော်ရွှင်စေပြီး
ချစ်သော ကိုရင်နဲ့လဲ
ရွှေလက်တွေမြဲပါစေလို့နော်
မွေးနေ့ကဗျာတွေအားလုံးကောင်းတယ်ရွှေဒိုးရေ
ချစ်တဲ့ jas

အိပ်မက်ကောင်းကင် said...

အခုမှသိလိုက်ရလို့ သိသိချင်း လာလည်သွားပါတယ်
မမ ဒန်အိုး အဲမှားလို့ ဒမ်ကိုး မွေးနေ့မှာပျော်ရွှင်နိုင်ပါစေနော်

AH said...

Happy Birthday မဒမ်... ပျော်ရွှင်သော မွေးနေ့ဖြစ်ပါဗျာ

လွင်ပြင်လှိုင်းငယ် said...

ပျော်ရွှင်သောမွေးနေ့လေးပါ ညီမ

ဆောင်းနှင်းရွက် said...

ဟက်ပီး ဘက်ဒေးပါဗျို့း))
ဒါနဲ့ ..
၁၆ နှစ် ၊ ၁၈ နှစ် ၊ ၂၀ နှစ် ၊
၂၂ နှစ် ၊ ၂၄ နှစ် ၊ ၂၆ နှစ် ၊ ၂၈ နှစ် ၊ ၃၀ နှစ်

ဘယ်နှစ်နှစ် ပြည့်လဲ .. :D
အစ်မ လား ၊ ညီမ လား မသိလို့ပါ .. :D
အန်တီအရွယ် မဟုတ်လောက်သေးတာတော့ သိတယ် .. :P


ခင်မင်လျှက်
ဆောင်းနှင်းရွက်

အနှိုင်းမဲ့ said...

မွေးနေ့မှာပျော်ရွှင်ပါစေ..ဒိုးကြီး
ဒေါင်းလေးဘလော့ဂ်မှာ ဒိုးကြီးအတွက်
မွေးနေ့လက်ဆောင်လုပ်ပေးထားတယ်နော်။

အလွမ်းမြို့ said...

ညီမလေး ဒိုးကန်ရေ။။

မင်္ဂလာရှိသော မွေးနေ့လေးဖြစ်ပါစေ။
ယနေ့မွေးနေ့လေးမှစ ဒိုးကန်တစ်ယောက်
ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး
လိုရာဆန္ဒပြည့်ဝပါစေ။
စိတ်သွားတိုင်းကိုယ်ပါဖြစ်ပြီး သာယာသော
အိမ်ထောင်လေးမှာ အေးချမ်းစွာ နေနိုင်ပါစေ။


ခင်တဲ့
မကြီးလွမ်း

Cameron said...

ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သာမီးလေး...း))

သူကြီးမင်း (တုံးဖလား) said...

http://madankoo.blogspot.co.uk/2011/09/blog-post_18.html အဲဒီတုန်း မွေးနေ့ပွဲကျင်းပပုံလေးက ပိုကြည်နူးဖို့ကောင်းတယ်။ ကိတ်မုန့်ရယ်။ ဖယောင်းတိုင်ရင်၊ ကိတ်လှီးဓါးတစ်ချောင်းရယ်။း)

မွေးနေ့မှာ ပျော်ရွှင်စွာ ကြည်နူးနိုင်ပါစေ ဒိုးကန်။
ကိုရင်လဲ ဒိုးကန်အပေါ် ဆထက်ထမ်းပိုး အချစ်တွေတိုးနိုင်ပါစေ။

Unknown said...

ဒိုးကန်လေးရေမင်္ဂလာရှိသောမွေးနေ့လေးမှာ
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပီးလိုရာဆန္ဒများ
ပြည့်ဝပါစေကွယ်။
ဒိုးကန်ချစ်သောကိုရင်နှင့်အတူအေးချမ်းသော
အိမ်ထောင်ရေးမှာသက်ဆုံးတိုင်ပျော်ရွှင်ချမ်းမြေ့ကျပါစေကွယ်ခင်တဲ့အန်တီလေးမေခင်

မြတ်နိုးသူ said...

happy birthday ပါအမ
မွေးနေ့လေးမှစလို့နောင်နှစ်မွေးနေ့ပေါင်းများစွာ
မှာလည်းစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့လိုရာဆုတွေ
ပြည့်စုံနိုင်ပါစေ

မိုးနတ်ကြယ်စင် said...

အမရေ..ညီမလေးကအသစ်မို့ မသိလို့ ခုမှလာရပါတယ်ရှင်...မွေးနေ့လေးမှာပျော်ရွှင်ပါစေနော်
ရှေ့လျှောက်ပြီး ဆန္ဒနဲ့ဘ၀ တထပ်တည်းကျနိုင်ပါစေလို့
ဆုမွန်ခြွေလျက်
ခင်မင်နေတဲ့..မိုးနတ်

တောက်ပကြယ်စင် said...

ဒိုးကန်ရေ ကျန်းမာရေး ဂရုစိုက်နော်။ ပျော်ရွှင်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများတိုင်အောင် ကျန်းမာ(အထူးကျန်းမာ)ချမ်းသာစွာနဲ့ လိုအင်တွေပြည့်ဝပြီး သာသနာအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေလို့။

ကိုရင်နဲ့ဒိုးကန်တို့က အလုပ်တွေရှုပ်နေလို့ ဘုန်းဘုန်းကို သတိရဖို့ အချိန်မရှိဘူး ထင်ပါရဲ့။ ဘုန်းဘုန်းကတော့ အသက်ရှုတိုင်း သတိရပါတယ်ဆိုတဲ့အကြောင်း။ အော်...သံယောဇဉ်၊ သံယောဇဉ်...သုံးလုံးထဲမို့လို့နော်...ဟွန်း...

Anonymous said...

အခုမှပဲသိတယ်အမတော်ရေ မွေးနေ့ ပြီးသွားလည်းပျော်ရွှင်ပါစေနော် ဟက်ဟက်

အမ်တီအန် said...

ဒီမှာလာပြီးဆုတောင်းပေးဖို့ နောက်ကျသွားတာ ခွင့်လွှတ်ပါ ဒိုးကန်ရေ...။
ညီမလေးအတွက် ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ခဲ့မှာပါ..။ အမြဲတမ်း မွေးနေ့ရက်များစွာကို ချစ်သောသူများနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ..။

8Yar said...

အစ်မဒိုးမှာ ဒီလောက်ချစ်တတ်တဲ့ အစ်ကိုရင်ရှိတာ အစ်မအတွက် ဂုဏ်ယူမိပါတယ်ခင်ဗျာ။ အစ်မဒိုး နေမကောင်း ခဏ ခဏ ဖြစ်တယ်နော်။ ကျန်းမာရေးဂရုစိုက်ပါနော်။ အားရင် 8Yar ကို ph လေးဘာလေးဆက်ပြီး မုန့်လေးဘာလေးလိုက်ဝယ်ကြွေးနော်။ :P

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဘယ်လိုလဲ မခင်သီတာ ..နေကောင်းပြီလား .. စာမွဲတွေပြည့်နေလို့ ဘလော့လည်း မကင်းနိုင်တာကြာခဲ့ပြီ..

ညီမလေး အမြဲကျန်းမာပါစေ

မိုးသက် said...

တကယ်ကြီး ဘလော့ ကိုပစ်ထားတာ. အစ်မမွေးနေ့ပို့စ်တောင်ခုမှ ဖတ်ပြီး သဘောကျမိတယ်.။ တော်လိုက်တဲ့ ကရင်ပဲ.။

မောင်သီဟ said...

ဒယ်အိုးရေ....
ကွန်နယ်ရှင်မကောင်းတဲ့နေရာရောက်နေလို့ဟာ
မွေးနေ့ကိုလည်း မသိလိုက်ဖူးး)
ပျော်ရွှင်ပါစေဟား)
ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ဟေ့

San San Htun said...

ံ့Happy Birthday Belated ဒိုးကန်ရေ..မနှစ်က ကိတ်မုန့် သေးသေးလေးပေါ်မှာ ဖယောင်တိုင်ကြီး နှစ်တိုင်နဲ့  သတ္တဝါနဲ့  လက်နက် မမျှတယ့် ကိတ်မုန့် လှီးဓားတချောင်းကို တွေ့ လိုက်ရတာ တနှစ်ပြည့်သွားရောလား..အချိန်တွေက မြန်လိုက်တာ..မွေးနေ့ မှသည် ကျန်းမာပျော်ရွှင်စွာနဲ့  စာတွေအများကြီး ရေးပြီး ကိုရင်နဲ့  အတူတူ ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်ပါစေ..

Related Posts Plugin for WordPress, Blogger...