Wednesday, September 5, 2012

မခင်သီတာ..သို့

မခင်သီတာရေ ..
နှုတ်ကနေသာ ပြောကြစတမ်းဆို
သတိရတဲ့အချိန်တွေရေတွက်ရရင် 
ဖောင်ဖွဲ့မရတဲ့ တမ်းချင်းတွေများလွန်းတော့
အိပ်မရတဲ့ညတွေကြားမှာ
နာရီဆိုးတွေမင်းမူနေလေရဲ့ဗျာ .။


မြှုပ်တခါပေါ်တလှည့် အိပ်မက်တွေကြား
ဝိုးတ၀ါးတောင် မြင်ခွင့်မရဘူး
အတွေးတွေကြားမှာ ချာချာလည်ရူးတယ် မခင်သီတာ .။

မနက်ဖန်ဆိုတာကိုရောက်ဖို့
ဒီညဆိုတာကိုဖြတ်သန်း
ငရဲခန်းနဲ့နှစ်ပါးသွားနေရသလားမှတ်ရအောင် 
ကိုယ့်အလှည့်ကျမှ 
အချိန်တွေကရှည်ကြာလွန်းနေတတ်ပြန်ရော ....။

ရှုတစ်ခါမှုတ်တလှဲ့ထွက်သက်ဝင်သက်တွေနဲ့
အလင်းနစ်တို့ပျောက်ဆုံး
အမှောင်တွေဖုံးလာတဲ့ညမှာ
လေညှင်းကသဲ့သဲ့တောင်မတိုက်တော့
ကြယ်ရောင်ခပ်လင်းလင်းတခုလောက်များ
စမ်းတ၀ါးဝါး ရှာတွေ့ချင်နေမိသေးပြန်တယ်။

ပြန်မရတော့တဲ့အချိန်တွေကိုသောက်သုံး
တခါတလေ..ကျနော်
လူဖြစ်များရှုံးနေသလားလို့ လဲတွေးမိနေပြန်တယ် ။

လက်ချိုးလို့ ရေရတဲ့ရက်တွေရယ်
လှည့်လို့မရတဲ့နာရီလက်တံတွေရယ်နဲ့
ကြိုတင်ဆုတ်ဖြဲခွင့်မရှိတဲ့ ပြက္ခဒိန်တွေရယ်ကြား
လမင်းနဲ့တွေ့ဆုံချိန်ကိုစောင့်တဲ့
ယစ်မူးသူပျားတစ်ကောင် ကျနော်ကတော့ဖြင့်
       ချာချာလည် ရူးနေဆဲ ပါ ..မခင်သီတာ ...................။

မဒမ်ကိုး
၃.၁၅ မိနစ်
ဗုဒ္ဒဟူးနေ့ ( ၅ရက် စက်တင်ဘာလ ၂၀၁၂ )

မျောလွင့်တိမ်တို့နားခိုရာ၏ မခင်သီတာကို အမြတ်တနိုးဖြင့်အမှတ်တရတိုင်တည်၍ရေးဖွဲ့ပါသည်  ။

19 comments:

ညီရဲသစ် said...

အလဲ့... တယ်ဆိုတဲ့ ကဗျာလေးပါလား မခင်သီတာ... ဒိုးကန်တို့ က ဒါမျိုးလေးတွေလဲ ရတာပါဘဲလား...း)

Crystal said...

တိမ်ဖုံးလို့ဖြင့် လ မသာနိုင်ပြီ၊
ချစ်တဲ့ ခင် - သီတာသို့ မှန်းမျှော်လို့ တမ်းတပါသည်။

Unknown said...

မခင်သီတာကို လာတွေ့ သွားပါတယ်

အလွမ်းမြို့ said...

အားပေးသွားတယ် ဒိုးကန်ရေ။
ကျန်းမာရေးလည်း ဂရုစိုက်နော်။



ခင်တဲ့
မကြီးလွမ်း

mstint said...

တီတင့်သူငယ်ချင်း မခင်သီတာ အတော်လေးကို သဘောကျနေပြီ နေရာတိုင်းမှာ သူ့နာမည်ဖတ်မိလို့တဲ့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အဖြူရောင်နတ်သမီး said...

လာလည်သွားပါတယ် မခင်သီတာ..း)

အမ်တီအန် said...

မခင်သီတာ...ရေ..လို့တောင် လိုက်ခေါ်ချင်လာပြီ..:))

မိုးသက် said...

သေချာတာပေါ့မခင်သီတာ..။ ခင်ဗျားကို အားလုံးက ယစ်မူးစွဲလမ်းလို့ .။ ခင်ဗျား ဘယ်သူလဲ ဆိုတာ သိချင်နေကြပြန်သတဲ့..။ အဟက် ဟက်.။ ခက်ရော..

ညိမ်းနိုင် said...

အော်....မခင်သီတာ....ရယ်......:)

မိုးနတ်ကြယ်စင် said...

မခင်သီတာ..တာ..တာ..အဟက်..စတာပါ..
ကြိုက်တယ် ...စာသားလေးတွေကလှတယ်...
မခင်သီတာတော့ မသိဘူးကွယ်..မိုးနတ်တောင်...
သူ့အစား ကဗျာဆရာရဲ့ အချစ်ကိုခံစားတတ်နေပြီ..:P
ခင်တဲ့...မိုးနတ်..

Cameron said...

မခင်သီတာရယ် မဒိုးရဲ့ ကဗျာတစ်ပုဒ်မှာ ခင်ဗျားဒီလောက်လှပမှန်း ခုမှသိတော့တယ်..။

Anonymous said...

ကောင်းတယ်ဗျ

မြူးမြူး said...

မခင်သီတာအသာထားလို့ ကျားထောင်ချောက်လေးများ ဆက်ရေးပါဦးလား မဒိုးကန်ရဲ့

ချစ်စံအိမ် said...

မခင်သီတာနာမည်ကြီးနေတာ မဒမ် ကဗျာတွေကြောင့်ထင်တယ်..:P

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အဲလိုကဗျာလေးတွေကြိုက်တယ်...ကောင်းတယ်

မိုးဇက် said...

ပြန်မရတော့တဲ့အချိန်တွေကိုသောက်သုံး
တခါတလေ..ကျနော်
လူဖြစ်များရှုံးနေသလားလို့ လဲတွေးမိနေပြန်တယ် ။

မိုက်လေ၏ အမတော်

ဖြိုးဇာနည် said...

မခင်သီတာတို့များ ကံကောင်းချက်
ရည်ရွယ်ပြီးရေးပေးခံရတယ် မိုက်တယ်ကွာ

ဆူးသစ် said...

ကဗျာကောင်းလေးဖတ်ရှုခံစားသွားပါတယ်။ မနက်ဖြန်ဆိုတာကိုရောက်ဖို့ ကိုယ့်အလှည့်ကျမှညတာကရှည်လား။အမှောင်ဖုံးနေလို့ကြယ်ရောင်ခပ်လင်းလင်းတစ်ခုလောက်ကိုများတောင့်တနေလား။ ခံစားထားတာနက်တယ်ဗျာ။

မိုးသူ(တောင်ကြီး) said...

မခင်သီတာကိုပဲတိုင်တည်ပြောလိုက်တော့မယ်

စကားလုံးသုံးနှုန်းမှုအားကောင်းတဲ့ ကဗျာလေးကို

လက်ခုပ်တဖြောင်းဖြောင်းတီးသွားပါတယ်ခင်ဗျာ

မိုးသူ(တောင်ကြီး)

Related Posts Plugin for WordPress, Blogger...