Monday, September 24, 2012

ဂျာရစ်၊ သမ္မတကြီးနှင့် ၂၄ နာရီ အာဏာရခြင်း


ဂျာရစ်ခုတလော နေမထိ ထိုင်မရ မျောက်ငပိထိသလို ခုန်ဆွ ခုန်ဆွ ..အရင်ကမသုံးတဲ့ဖေ့ဘွတ်ကိုစသုံးပြီးကတည်းက သူများတွေဖေ့ဘွတ်စွဲသလို စွဲမှာကြောက်လို့ ဖြတ်နေပါတယ်ဆိုမှ . ခုတလောမွှေးတဲ့မီးကိုစိတ်ဝင်စားမိတာကနေ . နေ့မနားညမအား မအိပ်နိုင်မစားနိုင် ဖီလင်တွေတက် ခံစားချက်တွေပေါက်ကွဲ အပေါက်ဖြဲပြီး သတင်းတွေ လိုက်ရှာလိုရှာ . .
အရင်က ဘယ်နိုင်ငံရေး ဘယ်အကြောင်းတင်တင်စိတ်မ၀င် စားခဲ့လေသမျှ ခုတော့ စိတ်ဝင်စားလိုက်သမျှ . ဘာဟင်းချက်မလဲ သတိတောင်မရတော့ပြီ. ခပ်ရှင်းရှင်းပြောရရင်တော့ဖီလင်တောင်မလာတော့ပြီ. ။
တက်လာသမျှသတင်းတွေကို ဖတ်ရင်းဖတ်ရင်း ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလား ငါလဲမလုပ်တတ်ဖူး ဆိုသည့် စာတန်းများအောက်တွင် ဂျာရစ်တစ်ကောင်ပတ်ချာလည်နေလေသည်။


တနေ့တနေ့ဒါဘဲပြောသည်။ ဒါဘဲဖတ်သည်။ သူငယ်ချင်းတွေနဲ့ချက်တင်ထိုင်လဲ ဒါဘဲမေးသည်။ လူတွေကလဲ တွေ့သမျှရှယ်သည် ။ ဟုတ်တာမဟုတ်တာအပထား ။ရှယ်နိုင်မှခေတ်မှီမည့် ခေတ်သို့ရောက် လာသည်။
သတင်းတွေဖတ်ပြီး အားမလိုအားမရ ..တယ်ငါလုပ်ထည့်လိုက်ရ..တယ်... ငါပစ်ထည့်လိုက် ရနှင့်  လေထဲတွင် လူအယောက်များစွာသေလေသည်။ ဂျာရစ်၏ ဖေ့ဘွတ်စာမျက်နှာကြီးသည်လဲ သွေးချင်းချင်းနီရဲလျှက် ရှိလေရာ . ရေဆေးလဲမနိုင်တော့ချေ.။ အခန့်မသင့်လျှင် လောက်လေးစာ ဓားစာမိလိုက် သေနတ်ပစ်ချက်များမိလိုက်နှင့် ဖဘကြီးသည်လဲ စကာပေါက်ဖြစ်နေရ ရှာလေသည်။ 
ခံစားချက်တွေပေါက်ကွဲတာ အရှိန်ပြင်းသွားသော တနေ့တွင် .ဂျာရစ်သည် အကြံကောင်းတစ်ခုကိုစဉ်းစာမိလေသည်။ .အင်းးး..ငါသာ သမ္မတ ရာထူးကို တရက်လောက်သာ ရခဲ့ရင် .ဘယ်လိုစီစဉ်ပစ်လိုက်မယ် ဟု တွေးမိလေသည်။ သို့နှင့် လက်တွေ့ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်တတ်သော ဂျာရစ်သည်  သမ္မတရုံးသို့ဖဘစာမျက်နှာမှတဆင့် စာတစ်စောင်ပို့လိုက်လေသည်။
စာထဲတွင် .. ဂျာရစ်သည် .နိုင်ငံတော်သမ္မတကြီးကိုအလွန်အမင်းလေးစားပါကြောင်း . ဂျာရစ်သည်. နိုင်ငံအရေးကိုလက်တွေ့ကျကျဆောင်ရွက်ချင်ပါသဖြင့် . ဂျာရစ်အား သမ္မတကြီး၏ အာဏာကို တရက်လောက်သာ ခနငှားပါဆိုသည့်အကြောင်း. ဒီလိုမှ မရပါလျှင် စားမ၀င်အိပ်မပျော်ဖြစ်ကာ အင်မတန်ပိန်ချုံးကျသွားနိုင်ပါကြောင်းဖြင့် စာပို့လိုက်လေသည်။

ခြေခင်းလက်ခင်းသာသောတနေ့၌ ဂျာရစ်၏ ဖုန်းအစုတ်ကလေးပေါ်တွင် အမည်မသိ ဂဏန်းများပေါ်လာလေရာ .. ကြည့်ရင်းကြည့်ရင်း မြန်မာပြည်မှခေါ်သောဖုန်းဖြစ်နေသည်.။ သို့နှင့်ကောက်ကိုင်လိုက်လေရာ .တဖက်မှ ကြည်လင်ပြတ်သား သောအသံဖြင့် . ဂျာရစ်လားကွဲ့ ..မေးလာလေရာ မသိသောအသံစိမ်းပိုင်ရှင်ကိုယောင်အမ်းအမ်းဖြင့် ဟုတ်ကဲ့ ပါ . ဂျာရစ်ပါခင်ဗျ ဟုဖြေလေသော် .. တဖက်မှ ဂျာရစ်ရေ .အဘပါကွဲ မစ္စတာပရက်စီးဒင့်ပါ ..ဟု ဆိုလာလေသော် . ဂျာရစ်သည် ကုတင်ကျိုးမတတ်ထခုန်လေတော့သည်.။ ။..ရင်တုန်နှလုံးတုန်သော အသံဖြင့် ဟုတ်ကဲ့ ဟုတ်ကဲ့ အဘသမ္မတကြီးရှင့် ပြောပါရှင့်ဟုဆိုလေသော် . ဒီလိုကွဲ့ ဂျာရစ်ရဲ့ ..ညေး. ကကျုပ်ဆီကို သမ္မတရာထူး တရက်လောက်လိုချင်ကြောင်းမေးပို့လာတာကိုပြောချင်လို့ကွဲ့. ..ကျုပ်လဲ ..သမ္မတလုပ်ရတာသက်တမ်းမကြာသေးဘူးဆိုပေမယ့် အသက်အရွယ်ကျန်းမာရေးကြောင့်ရယ် ခုတလောစိတ်ပင်ပန်းလူပင်ပန်းနဲ့ ဖြစ်နေတော့  တရက်လောက် နားအေးပါးအေး တရားစခန်းသွားမလားစဉ်းစားမိတယ်လေ . ဒါကြောင့် ညေးကလဲသမ္မတရာထူးကို တရက်လောက်လိုချင်ပါတယ်ဆိုလို့ .သမ္မတရာထူး ဆိုတာ ဘယ်လိုလဲလို့ညည်းတို့ပြည်သူတွေကလေးတွေသိအောင် တရက်ငှားမယ်. .. ပေါက်ကရလေးဆယ် တော့ လုပ်မထားနဲ့ပေါ့ ..ကဲ ခုဘဲပြန်လာဖို့လုပ် .နိုင်ငံတော်လေယာဉ်နဲ့အကြိုလွှတ်မယ် ဟုပြောလေသော် ..ဂျာရစ်သည် . နောက်ကျွမ်း ရှေ့ကျွမ်း ဆယ်ပြန်မကထိုးလေသည်။ .

ဟိုအစည်းဝေးဒီအစည်းဝေးတက်ရန် ရှိစုမဲ့စု  ဖြစ်ညှစ်ဝယ်ထားရသော ဘရမ်းအကျီအထည်၂၀ ခန့် ရှာဖွေရွေးယူပြီး လက်ဆွဲသေတ္တာထဲသို့ထိုးကြိတ်ထည့်ကာ ..လေယာဉ်ကွင်းသို့ကမန်းကတန်းဆင်းလေသည်။ လေယာဉ်ကွင်းရောက်သော်တူညီ ၀တ်စုံများဝတ်ထားသော လေယာဉ်မယ်လေးနှစ်ဦး . ခပ်မိုက်မိုက် ကိုရီးယား ဘော်ဒီဂတ်စတိုင်ဖြင် ခပ်ပိန်ပိန်အမျိုးသားလေးဦး နောက်အိတ်အမဲလွယ်ထားသော အမျိုးသမီးတစ်ဦး တို့သည် . ဂျာရစ်အားလာရောက်ဂါဝရပြုနှုတ်ဆက်ကြလေရာ ဂျာရစ် သည်ပင်လျှင် ယောင်အမ်းအမ်းဖြစ်ရချေသည်။..

ထိုအိတ်အမဲလွယ်ထားသော အမျိုးသမီးမှ သူမတို့သည် သမ္မတအသစ်အားလာရောက်ကြိုဆိုပါကြောင်း နှင့် သူမသည် စက္ကထရီတေရီ ဖြစ်ကြောင်း . သမ္မတကြီးဂျာရစ်အတွက် လိုအပ်သည်များကို တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ပေးရန် သူမတွင်တာဝန်ရှိပါကြောင်းနှင့် ထိုခပ်မိုက်မိုက် ခပ်မဲမဲ လူလေးယောက်မှာမူ ဂျာရစ်၏ ဘော်လီဂတ်များဖြစ်ကြောင်း အကြောင်းတစ်စုံတရာဖြစ်လာခဲ့လျှင် အသေခံပြီးကာကွယ်ပေးကြမည်ဖြစ်ကြောင်းပြောပြလေရာ ဂျာရစ်ကိုယ်တစ်ဝက်လောက်ပင်ရှိသော ထိုလေးယောက်အား မယုံသကာင်္မျက်လုံးတို့ဖြင့် ဝေ့ကြည့်မိလေသည်။
လေယာဉ်ထွက်ခွာချိန်နီးသဖြင့် လေယာဉ်ပေါ်သို့တက်ပါမည့်ကြောင်း ထိုအမျိုးသမီးမှပြောလာသောအခါ . ဂျာရစ်သည်မြောက်ကြွမြောက်ကြွ ဖြင့် အပေါက်ဝမှ ခုန်ဆွ ခုန်ဆွ သွားလေရာ .  စက္ကထရီတေရီမှ သမ္မတဆိုသည်မှာ ထိုကဲ့သို့ ခုန်ဆွ ခုန်ဆွသွားမရကြောင်း က္ကုနြေ္ဒအပြည့်ဖြင့် တည်တည်ငြိမ်ငြိမ်သွားရကြောင်း သင်ကြားလေသောအခါ ဂျာရစ်သည် အင်မတန်စိတ်ညစ်သွားလေသည်။
အင်း ...သမ္မတဖြစ်ချင်တာဘဲ ဒီလောက်တော့လုပ်ပေးရမပေါ့ဟု တွေးလိုက်မိပြီး ခပ်တည်တည်ဖြင့်ရင်ကိုကော့ခေါင်းကိုမော့ပြီးလျှောက်လာလေရာ သူမကတဖန် ခေါင်းကြီးမော့ပြီး ရင်ဘတ်ကော့လျှောက်ရန်မလိုကြောင်း ပုံမှန်ငြိမ်ငြိမ်သက်သက် သွားလာလျှင်ရကြောင်းပြောလေရာ များစွာစိတ်ညစ်ရလေသည်.။ ကော့ထားသောရင်ကိုပြန်ကုန်ပြီး ခပ်ကုပ်ကုပ်ပင် သူမနောက်မှလိုက်လေရာ .သမ္မတကြီးမှာ ထိုကဲ့သို့သွားလို့မရကြောင်း ခပ်ပြူံးပြုံး အနေအထားဖြင့် ကိုယ့်ဖာသာကိုယ်သွားရကြောင်း ပြောလေရာ စိတ်အိုက်လာသဖြင့် ဟားးးးးးးးးးးးးးးးးးးးးးးးး ဟုအော်လိုက်မိလေသည်။

ထိုအခါ စက္ကထရီတေရီမှ သမ္မတကြီးရှင့် အဲလို ဟားးးးးးးးးးးးးးးးတို့ အုတို့ အွန်တို့ အွတ်တို့ အော်လို့မရတော့ပါဘူး . ခုချိန်ကစပြီး သန်းခြောက်ဆယ်သော ပြည်သူတို့ကို နှစ်ဆယ့်လေးနာရီအုပ်ချုပ်ခွင့်ရတဲ့ သမ္မတတစ်ယောက် အနေနဲ့ ဘဲဖြစ်ဖြစ် . တကမ္ဘာလုံးက ကြွေးအထူဆုံး ရန်အဖြစ်ဆုံး အအော်ဟစ်ဆုံး ပြဿနာအဖြစ်ဆုံး  နိုင်ငံရဲ့ သမ္မတဖြစ်ကြောင်း သိနေတဲ့အချိန်မှာ သမ္မတကြီးဟာ အရင်ကလို အွန်တို့ အီးးးးးးးးးးးးးး တို့ အွတ်တို့ကို လွယ်လွယ်ကူကူ ထွက်လို့ အော်လို့မရနိုင်တော့ပါဘူးရှင်ဟု သင်ကြားလေရာ. မျောက်မူးလဲဂျာရစ်ခင်မျာ
ပါးစပ်ပိတ်ခါ  မျက်လုံးကိုဘယ်ညာကြည့်လိုက်မိလေသည်။
ထိုအခိုက် . သူမက အဲလိုလဲ မျက်စိဘယ်ညာကစားလို့မရပါဘူးသမ္မတကြီးရှင့် . အဲလိုပြူးကြောင်ကြောင်အကြည့်တွေ နဲ့ တောင်ကြည့်မြောက်ကြည့် ကြည့်လို့မရပါဘူးရှင့်ဟုပြောလာလေသော် ..ဗုဒ္ဒေါ မြတ်စွာဘုရား ဘယ်အချိန်ကများငါ့ကိုကြည့်နေပါလိမ့်ဟုတွေးမိပြီး ဂျာရစ်သည် လေယာဉ်ပျံပေါ်သို့သာ အမြန်ရောက်စေရန်  ရုပ်ရှင်များတွင်ကြည့်ခဲ့ရသောစတိုင်အတိုင်း အင်မတန်မှ စိတ်အိုက်စွာ  လျှောက်လှမ်းရလေတော့ သည်.။

လေယာဉ်ပေါ်သို့ရောက်လေသော် လေယာဉ်မောင်မယ်များက ဆီးကြိုနှုတ်ဆက်ကြပြီး လေယာဉ်မှုးကြီးနှင့် ဒုလေယာဉ်မှုးတို့က လာရောက်ဂါရ၀ပြုလေသည်။
လေယာဉ်အတွင်းသို့ရောက်လေသော် အစည်းအဝေးခန်းမပုံစံကဲ့သို့ပြင်ဆင်ထားပြီး ကျယ်ဝန်းသောအနေအထားရှိကာ . တဖက်တွင် အိပ်ခန်းကဲ့သို့သော အခန်းတစ်ခုကိုတွေ့ရှိလေသည်။
ဂျာရစ်သည်လေယာဉ်စီးလျှင် ဘေးဘီဝဲယာကိုခနတဖြူတ်မျှ ကြည့်ကာ နာရီဝက်ခန့်အကြာတွင်အိပ်တတ်သူဖြစ်လေရာ .အိပ်ရန်အတွက်
စက္ကထရီတေရီအား ထိုင်ရမည့်ခုံနေရာအားမေးမြန်းလေသည်။ ထိုအခါ စက္ကထရီတေရီမှ သမ္မတကြီးရှင့် .. အစည်းဝေးထိုင်ခုံသို့ ကြွရောက်ပါရန်နှင့်  အစည်းအဝေးပြူလုပ်မည်ဖြစ်ကြောင်းပြောလေရာ . ဂျာရစ်မှ ဟင့်အင်း လေယာဉ်မူးတယ် စာဖတ်လို့မရဘူး  ဘယ်လိုထိုင်ရမလဲဟုငြင်းလေသော် . . စက္ကထရီတေရီသည်  ဂျာရစ်အား ဤကဲ့သို့နေလို့မရကြောင်း တရက်တာ သမ္မတတာဝန်ယူရမည်ဆိုပါလျှင် မြန်မာပြည်ပြန်ရောက်သည်နှင့် လွှတ်တော်တက်ခြင်း ယခုဘင်္ဂါလီကိစ္စ တရုတ်ကြေးနီတောင်ကိစ္စများ နိုင်ငံတကာမှ အကြမ်းဖက်မှု့များအတွက် ကြိုတင်စည်းဝေးရမည်ဖြစ်ကြောင်းပြောလေရာများစွာ စိတ်ညစ်ရလေတော့သည်။ 
စက္ကထရီတေရီသည်. ဂျာရစ်ကိုစာရွက်များထိုးပေးခြင်း အကြောင်းအရာများဖတ်ပြခြင်းဖြင့် ပြောပြနေလေရာ ဂျာရစ်နားတွင်မူ လေယာဉ်မူးနေသဖြင့် ပုရစ်မတစ်ကောင်အနားလာအော်နေသည်နှင့်သာတူလေတော့သည်။ 

တစ်နာရီခန့်ကြာသော် ဘယ်လိုမှမခံရပ်သည့်အဆုံး ကဲ ကျုပ်တော့မရတော့ဘူး အစားအသောက်လေးတခုခုတော့ကျွေးပါဦးဟု ပြောယူရလေသည်။ ထိုသို့ပြောလေသော်ဘဲလ်တခုကိုနှိပ်လိုက်ရာလေယာဉ်တံခါးပေါက်မှ တွန်းလှည်းတခုဖြင့် အုပ်ဆောင်းကြီးငယ်အသွယ်သွယ်တို့ရောက်ရှိလာလေသည်။ 
ဂျာရစ်သည်ဝမ်းသာအားရဖြင့်စားဖို့ဟန်ပြင်လေသော် . စက္ကထရီတေရီမှ သမ္မတကြီးရှင့် ..ဟိုရောက်လျှင်ဧည့်ခံပွဲများတက်ရမည်ဖြစ်သဖြင့်ထိုကဲ့သို့စားမရကြောင်း . အသေအချာ တခုချင်းဖြေးညှင်းစွာဝါးစားပြီး စတိုင်ထုတ်ရမည်ဟုပြောလေရာ . ဂျာရစ်မှာခေါင်းကိုသာတွင်တွင်ကုတ်မိလေသည်။ 
ထိုခေါင်းကုတ်ခြင်းကိုမြင်လေသော် .ထိုစက္ကထရီတေရီသည်.. သမ္မတကြီးရှင်.. အဲလိုလက်လွတ်စပယ်ကုတ်လို့မရပါဘူး ဖြည်းညှင်းစွာနှင့် ကုတ်ရပါမည်ဟုဆိုလာလေသော် ဂျာရစ်မျက်နှာသည် အီးမှန်သကဲ့သို့ မှုန်လေသည်.။ ထိုစဉ် ဂျာရစ်၏ ခြင်္သေမြို့တော်အခန်းမှ ကိုရွှေဂျပိုးတစ်ကောင်သည်. ဂျာရစ်နောက်ကျောသို့ကိုက်လေသော် . .ရုတ်တရက် အား..အားဟုအော်ပြီး နောက်ကျောကိုယောင်ယမ်းကုတ်ခါ မမှီမစမ်း ကုတ်လေသည်။ ဂျပိုးဖမ်းမမိခင်ပင်တွင် စက္ကထရီတေရီမှ သမ္မတကြီးရှင့် .. တကယ်လို့ခုလိုရုတ်တရက်အကောင်ကိုက်ခံရရင်လဲ မသိမသာလေးအောင့်နေပြီး သည်းခံရပါတယ် ဘာလို့ဆိုရင် သတင်းစာများလူမှု့ကွန်ယက်စာမျက်နှာများပေါ်မှာ သမ္မတကြီးရဲ့သတင်းပါသွားနိုင်လို့ပါ ။ 
ဂျာရစ်ငိုချင်စိတ်ပေါက်လာသည်.ကျန်တာကိုသည်းခံနိုင်သော်လည်း ဂျပိုးကိုက်ခြင်းဒဏ်ကိုမှုမခံစားနိုင်ချေ. 
ထိုစဉ်လွှတ်ခနဲ .အလာကယ်ပါ ယေရှု့ကယ်ပါ ဗုဒ္ဒကယ်ပါ.ဟု လွှတ်ခနဲအသံပင်ထွက်လိုက်မိလေသည်။ 

ထိုသို့ထွက်လေသော် စက္ကထရီတေရီမသည်. သမ္မတကြီးရှင့် .. လွှတ်ခနဲ တခြားဘာသာတွေကိုယောင်ယ.မ်းတနေရင် ကိုယ့်ပြည်သူတွေက သမ္မတကြီးကိုအကြည်အညိုပျက်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်နိုင်ပါတယ် ။ 
ဂျာရစ် ကိုယ့်ပါးစပ်ကိုကိုယ်လက်ဖြင့် ယောင်ယမ်းပြီးပိတ်လိုက်မိသည်။ စိတ်ညစ်သည်။ဘာမှလုပ်မရ။ 
အ၀တ်များတလွှာခြင်းခင်းပြီး ထိုးဆိတ်စားသောက်နေရာ ၀က်နံရိုးများကိုလက်ဖြင့်ကိုက်ချင်စိတ် . လိမ္မော်ရည်များကိုလဲ လေးငါးခွက်မော့ရန်ဆိုင်းပြင်းလေရာ စက္ကထရီတေရီမှ သမ္မတကြီးရှင့် အစားအသောက်ကိုတို့ကနန်းဆိတ်ကနန်းပဲစားပြီး အအေးကိုလဲနှုတ်ခမ်းစွတ်ယုံသာစတိုင်နဲ့ လူတောထဲမှာစားရပါတယ်ဟု ပြောပြန်လေသည်. စိတ်ညစ်ပေစွတကား . အစားတောင်သမ္မတဘ၀ဘယ်လိုစားပါလိမ့်ဟုတွေးလိုက်မိသည်.။
ထိုစဉ်ဗိုက်ထဲနာသလိုလိုရှိရာ . ဟိုလေ . အိမ်သာလေးများဘယ်နားမှာ၇ှိလဲမသိဘူးနော် ဗိုက်နာလို့ဟုမေးလိုက်ရာ ..စက္ကထရီတေရီမှာ..သမ္မတကြီး အဲလိုပီပီပြင်ပြင်မသုံးရပါဘူး ..Rest Room ဒါမှမဟုတ် Wash Room လို့ သုံးပေးရပါမယ် ။။
ဟာ....အရေးထဲ ဗိုက်နာပါတယ်ဆိုမှ..ငါ့နှယ်နော် ..စိတ်ညစ်လိုက်တာ .. 
ဟုတ်ပါပြီ ..မြန်မြန်လေးပြပါ .လေယာဉ်နောက်လား ရှေ့လား ..
အနောက်မှာပါ .သမ္မတကြီး..ကြွပါ ..  စက္ကထရီတေရီမှ လိုက်လံပြသသော် .ဘော်လီကတ်နှစ်ကောင်ကပါထလိုက်လာလေသည်။ 

ဂျာရစ်သည်လက်ညိုးထိုးပြီး မေးလိုက်မိလေသည်.။ ဒါကြီးတွေက ဘာလုပ်ဖို့ ကျုပ်အိမ်သာတက်တာကိုလိုက်လာမှာလဲ ..
ထိုအခါစက္ကထရီတေရီမှ မတော်တဆ ပြုတ်ကျသွားခဲ့သည်ရှိသော် သမ္မတကြီးရဲ့လုံခြုံရေးအတွက်ပါဟုဆိုလေသည်။ 
ဂျာရစ်သည် .အိမ်သာထဲသို့လျှင်မြန်စွာဝင်လိုက်ပြီးဇိမ်နှင့် ငုတ်တုတ်ထိုင်နေလေသည်.ဖတ်စရာမဂ္ဂဇင်းတစ်အုပ်လဲအဆင်သင့်တွေ့လေရာ .ဇိမ်နှင့်ထိုင်ဖတ်နေလိုက်လေသည်။ ကွမ်းတရာညက်ခန့်ကြာသော် အိမ်သာတံခါးအားထုရိုက်သံကြားရ၍့ဖွင့်ကြည့်လိုက်လေရာ . ဘော်လီဂတ်နှစ်ကောင်မှာ အတွင်းအားဖြင့်အိမ်သာတံခါးကိုဖွင့်ရန်ကြိုးပမ်းနေကြသည်ကိုတွေ့လိုက်ရလေသည်။ 
ဘာဖြစ်လို့လဲဟုမေးလိုက်ရာ .စက္ကထရီတေရီမှ မြန်မာပြည်ရောက်ရန်အချိန်နီးကပ်နေကြောင်းဆက်လက်အစည်းဝေးထိုင်ဖို့ရှိသေးကြောင် ပြောလေရာ
လေယာဉ်မုးလာသောဂျာရစ်သည် ထိုင်ငိုချင်လောက်အောင်စိတ်ညစ်သွားလေသည်။ 

မျက်နှာငယ်လေးဖြင့် ခနလောက်အိပ်လို့မရဘူးလားခင်ဗျာ . ကျနော် လေယာဉ်မူးလာလို့ပါ ဟုမေးလိုက်ရာ စက္ကထရီတေရီသည်မျက်မှန်ကိုကျော်ကြည့်လျှက် ..မရပါဘူးသမ္မတကြီးရှင့် . ပြန်ရောက်တာနဲ့ ဆန္ဒပြနေသူများ၏ ကိစ္စ .ယခု ရခိုင်အရေးကိုပြောနေကြသည့်ကိစ္စ . ကချင်ပြည်နယ်ကိစ္စ .ဧရာဝတီကိစ္စ . ပြောင်းဖူးကိုင်ပြီးလျောက်သွားမိသဖြင့် သိက္ခာကျနေသော ကိစ္စများ .ထောင်ကျသမျှလူများအားဘာကိစ္စဖြစ်ဖြစ်လွှတ်ဖို့အော်နေသည့် ကိစ္စများ မီး ၂၄ နာရီရရှိရေး. ကြေးနီတောင်မှကိစ္စများအား  ဆွေးနွေးရန် ၀န်ကြီးများစောင့်နေလို့ ဘယ်လိုမှနားမရတော့ပါဘူးရှင်.ဟုဖြေလိုက်လေရာ ..ဂျာရစ်သည် အာပြဲကြီးနှင့်အော်ငိုမိလေသည်။ ။
ဘယ်လိုလုပ်ပြီးဒါတွေကိုတချိန်ထည်းရှင်းရမလဲ စဉ်းစားကြပါဦး . အကုန်လုံးလာပြုံစုံပြီး ပြောနေတာ . ဘယ်လိုရှင်းရမလဲ တခုပြီးတခုလုပ်မှာပေါ့ ဟု ပြောရင်းအော်ငိုလေရာ  စက္ကထရီတေရီမကြိးမှ သမ္မတကြီးရှင့် ..ယခုလက်ရှိရာထူးနဲ့ အဲလိုလဲ စိတ်လွတ်ကိုယ်လွတ်အော်ငိုလို့မရပါဘူး နောက်ပြီး.ခုလက်ရှိအချိန်မှာနိုင်ငံအရေးဟာ အစုလိုက်အပြုံလိုက်ရှုပ်ထွေးနေသည့်အတွက် အကုန်လုံးကတစ်ယောက်တပေါက်ဝိုင်းအော်နေကြတဲ့အတွက် သမ္မတကြီးအနေနဲ့ ပြည်သူတွေလဲစိတ်တိုင်းကျ နိုင်ငံအတွက်လဲအဆင်ပြေမယ့် နည်းလမ်းများချက်ခြင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ် ဟု ဆိုလေသည်။

ထိုအခါ ဂျာရစ်  စိတ်အလွန်တိုလာလေသည်.။ ကဲ အတွင်းရေးမှုးကြီး .ရိုဟင်ဂျာတွေအားလုံးကို ဒိုင်းညှောင့်ပစ်လိုက် .တရုတ်တွေကိုလဲ အကုန်မောင်းထုတ်ပစ်လိုက် .ထောင်သားတွေလဲ အကုန်သာလွှတ်ပေးလိုက် . ဆန္ဒပြချင်တဲ့သူပြ လွှတ်သာပေးလိုက် ဟု ဆိုလေရာ ... စက္ကထရီတေရီသည် ဂျာရစ်အား လျှင်မြန်စွာ နိုးနိုး သမ္မတကြီးဒီလိုအမိန့်အလွယ်ချလို့လဲမရပါဘူး  အားလုံးရှဉ့်လဲလျှောက်သာပျားလဲစွဲသာလုပ်ရပါမယ် ဟုဆိုလေသည်. ဂျာရစ်စိတ်အလွန်တိုလာလေပြီ။ ဒါဆို ကျနော်ကဘယ်လိုလုပ်ရမလဲ  ရိုဟင်ဂျာတွေကိုနယ်ပေးလိုက် . တရုတ်တွေကိုလဲ အကုန်လက်ခံပြီးအကုန်ပြန်စ. ဆန္ဒပြသူတွေအကုန်ဖမ်း . ထောင်သားတွေအကုန်သေအောင်ရိုက်သတ် လို့အမိန့်ထုတ်မယ်ဗျာဟုဆိုလေပြန်ရာ . စက္ကထရီတေရီမှ ခေါင်းကိုဖြေးညှင်းစွာရမ်းခါပြီး ဒီလိုမရပါဘူး သမ္မတကြီးရှင့် . ဒီလိုလဲ လုပ်လို့မရပြန်ပါဟုဆိုလေရာ . ဂျာရစ်သည် .ပေါင်းအိုးထဲဝင်ထိုင်ရသကဲ့သို့စိတ်အင်မတန်ညစ်ရလေတော့သည်.။  

အရမ်းကိုစိတ်ညစ်လေပြီ ။ ထိုစဉ် လေယာဉ်မောင်မှ ခနအကြာလျှင်ရန်ကုန်လေယာဉ်ကွင်းသို့ဆင်းသက်မည်ဖြစ်ကြောင်း လာရောက်သတင်းပို့လေရာ . စက္ကထရီတေရီမှ ဂျာရစ်အား သမ္မတကြီးရှင့် . ရန်ကုန်လေယာဉ်ကွင်းကိုဆိုက်ရောက်ပါတော့မယ် .လေယာဉ်ပေါ်ကဆင်းလျှင် တလှမ်းခြင်းတလှမ်းချင်းဆင်းပြီး မျက်နှာကိုပြဲူံးပြုံးထားပြီး  ကြိုဆိုသုများကိုလဲ တပြူုံးပြုံးဖြင့်လက်ဝှေ့၇မ်းပြရပါမယ်ဟုဆိုလေသည်။ နောက် လာရောက်ကြိုဆိုသူများကိုလဲ လက်ဆွဲနှုတ်ဆက်ကြလျှင်ပြန်လည်နှုတ်ဆက်ရမည်ဖြစ်ကြောင်း ပြောနေပြန်လေရာ ..အင်း အင်း နှင့်ပင် ဂျာရစ် တော်တော်အကြံအိုက်နေပေပြီ။ သမ္မတကြီးသည် မည်ကဲ့သို့များဒီလိုတာဝန်တွေနှင့် နေ သ လဲံတွေးမိသည်.။ ဂျာရစ် သမ္မတရာထူးကိုတရက်လိုချင်သည်ဆိုသည်မှာ . ချချင်သည့်အမိန့်ချပစ်လိုက်ရန်အတွက် သာဖြစ်သည်။ ဟိုလိုလုပ်ပါလား သည်လိုလုပ်ပါလားငါလဲမလုပ်တတ်ဖူး  လုပ်ရန်အတွက်သာ လိုချင်ခဲ့ခြင်းဖြစ်သည်။ သမ္မတတစ်ယောက်သည်လောက်တာဝန်ကြီးလျှင် အနေအထိုင်အစားအသောက် ကအစ ဂရုစိုက်နေရလျှင် ဂျာရစ်နှင့်မဖြစ်တော့ချေ. ။ စိတ်ညစ်သည်အကြီးကြီးစိတ်ညစ်သည်။  အော်ဟစ်သာပြစ်လိုက်ချင်သည်။ 
လိုချင်ဦးဟဲ့သမ္မတရာထူး ..ငဂျာရစ်ခံစမ်းခံစမ်း ...
ထိုစဉ်လေယာဉ်ကြီး သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လေသည်.။ ဂျာရစ်သည်. ယင်တလှပ်လှပ် ယင်လတ်စတိုင်ဖြင့် လျှောက်လေသော် ဒေါက်ဖိနပ်စီးကျင့် မရှိသောကြောင့်  လေယာဉ်ထဲတွင်ပင်အားယားမှောက် ကျလေသည် ။
ဘော်လီကတ်နှစ်ကောင်မှပြေးပြေးလွှားလွှားလာထူလေရာ အင်မတန်မှပင်အရှက်ရလေသည်။  
လေယာဉ်တံခါးဖွင့်လေသော် . ဘော်လီဂတ်နှစ်ကောင်သည်ရှေ့ ကဆင်းပြီးဂျာရစ်  နောက်မှနှစ်ကောင်သည်  ဂျာရစ်အား ခြံရံလိုက်ကြလေသည်။  လေယာဉ်ကွင်းအ၀င်တွင်ပင် မြင်လိုက်ရသောမြင်ကွင်းကြောင့် ဂျာရစ်သည် နောက်သို့ပြန်တက်ပြေးလေပြီး အနောက်မှဘော်လီ၈တ်နှစ်ကောင်ဆွဲထားသည်ကိုပင် အတင်းအကြောက်အကန် ကုန်းရုန်းပြီး ပြန်တက်ပြေးလေတော့သည်.။ ပါးစပ်မှလဲ ... ပြန်ပို့ ပြန်ပို့ အောက်မဆင်းတော့ဘူး ခုဘဲ ရရလေယာဉ်နဲ့ပြန်ပို့ကြပါတော့ သမ္မတတာဝန်မယူချင်တော့ဘူး ပြန်ပို့ကြပါတော့ ဘယ်လိုဘဲဖြစ်ဖြစ် ရအောင်ပြန်ပို့ကြပါတော့  နောက်ဘယ်သောအခါမှသမ္မတရာထူးမယူတော့ပါဘူး  သမ္မတကြီးကိုလဲပြောလိုက်ပါကျေးဇူးအရမ်းတင်ပါတယ် ဟုအော်ဟစ်ပြီး တက်ပြေးရလေတော့သည်။ 
အကြောင်းမှာမူ. လေယာဉ်ကွင်းတွင် .မြင်လိုက်ရသောမြင်ကွင်းမှာ  ဆိုင်းဘုတ်များကိုင်ကာကြိုဆိုကြသည် လူများမှာအဖွဲ့အစည်းများမှ မဟုတ်ဘဲ . တရက် ၅၀၀၀ ဖြင့် အငှားလိုက်လာပြီး ဆိုင်းဘုတ်များကိုင်လျှက် .. “ သီမီတဂျီးကို ကျိုဆော်ပါတယ် ”  ဟုသော မပီကလာစာတန်းများကိုကိုင်ဆောင်လျှက်အော်ဟစ်နေသော ၅၀၀၀တန်ဆင်းကတ်များ အဲလေ မြန်မာပြည်သူလူထုများအဖြစ် . ဘင်္ဂါလီများ တရုတ်များကိုတွေ့လိုက် ရသောကြောင့်ဖြစ်လေသည်. ။

သမ္မတရာထူးတစ်ရက်လောက်လိုချင်သောစိတ်မှလဲကင်းဝေးကြပါစေ



မည်သည့်အကြောင်းအရာကိုမျှမရည်ရွယ်ပါ ။တိုက်ဆိုင်မှု့ရှိလျှင်ခွင့်လွှတ်ပါ ။

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ ။ 


မဒမ်ကိုး
၎း၁၀ မိနစ်
၂၄ရက် ၉ လ ၂၀၁၂






18 comments:

မိုးသူ(တောင်ကြီး) said...

သမ္မတရာထူးမလိုချင်ဘူးဗျ ...

Yin Sue said...

မမဂျာရစ်တို့ကတော့ ရေးလိုက်ရင် ရီဖို့သာပြင်ပေတော့..ဟဟ.....စဉ်းလည်း စဉ်းစားတတ်ပါပေ့.... အားပေးသွားတယ် မကြီးဒိုးကန်ရေ...

လွင်ပြင်လှိုင်းငယ် said...

တွေးလဲတွေးတတ်ပါ့ ငါ့ညီမရယ်

Unknown said...

သြော်..တော်တော်စိတ်ညစ်သွားမှာပေါ့....ဖတ်ရင်းနဲ့တောင် တော်တော်စိတ်ညစ်သွားတယ်...လွယ်ဘူးနော် အမ....:DDD

ညီလင်းသစ် said...

Jim Carrey သရုပ်ဆောင်ထားတဲ့ Bruce Almighty ဇတ်ကားလေးကို သတိရသွားတယ် ညီမရေ..၊ ဘုရားသခင် ရာထူးကို အချိန်ပိုင်း ရလိုက်တဲ့ လူတစ်ယောက် အကြောင်းလေ...၊း)

အဲဒီထဲမှာတော့ အာပြဲကြီးနဲ့ အော်ငိုတဲ့အခန်း မပါဘူးဗျ။းD

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးးးးးးးးးးး
လုပ်ချင်ဦးဟဲ့ သမတ။

ပြောမယ်ဆိုလည်း ပြောစရာတွေကြည့်ဘဲ
ကလေးတွေ ဗူစီဘောင်း မရလို့ ငိုတော့လဲ သမတ
xxxx လို့စားစရာ မရှိတာလဲ သမတ ဘဲ

ရှေ့ဆက်ပြီး ပြောရင် ကျုပ်ခေါင်းကွဲ တော့မယ်
စိန်ဂျာရစ်။

မေဓာဝီ said...

ရယ်လိုက်ရတာ ဒိုးကန်ရယ်။
ကျောင်းစာကြည့်ရင်း အိပ်ငိုက်နေတာ ဒိုးကန်ပို့စ်ဖတ်ပြီး ရယ်ရလို့ မျက်စိကျယ်သွားတယ်။
ရေးလဲရေးတတ်ပါပေတယ်။ :))

sosegado said...



PSO ကဘယ်သူလဲ ပျော်စရာတွေဖတ်ရတဲ့အတွက်ကျေးဇူးပါ

sosegado said...



PSO ကဘယ်သူလဲ ပျော်စရာတွေဖတ်ရတဲ့အတွက်ကျေးဇူးပါ

ညီရဲသစ် said...

ဒိုးကန်... နင်သီမီတဂျီး တကယ်တစ်ရက်လောက် သွားလုပ်လိုက်ရင် ဝိတ်ကျသွားလောက်မယ်ထင်တယ်...:P

Anonymous said...

သမ္မတ မဖြစ်ချင်နေပါဗျာ ကျုပ်တော့ ရဲနဲ့ အပီပေါင်းပြီ ခေတ္တနိုက်ကလပ် ဒုဦးစီးမှုးလောက်ဆိုတော်ပါပြီ..ဘိုလဲ..ဖြစ်လောက်ပါတယ်နော်..ခိခိ

မိုးသက် said...

တမ်မတကြီး ဒိုးကန်က နဲနဲ ရှေ့က ဟိုလူတွေကချည်းခိုင်းနေတော့တာပဲ.။ နားရင်းပိတ်တီးပစ်လိုက်ရမှာ တိလား.။

ချစ်စံအိမ် said...

ဟီး မဒမ်ပိုစ့်တွေဖတ်ရယ် ရယ်ရတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျာရစ်ရယ် နင်ရေးလိုက်မှ သမ္မတလုပ်ချင်သူတွေ စိတ်ညစ်ကုန်တော့မှာဘဲ.. ယားတာတောင် ကောင်းကောင်းမကုတ်ရလို့း))
ဖတ်ပြီး ရယ်လိုက်ရတာ .. ရေးလဲ ရေးတတ်ပါ့..
အိုင်ဒီယာတွေ သိပ်ထွက်တတ်တယ် ဦးနှောက်က :)

Unknown said...

တစ်ရက်ဖြစ်လိုက်တဲ့တမတကြီးဒိုးကန်လေး
အကြောင်းကိုအားပေးသွားပါတယ်ကွယ်
ခင်တဲ့အန်တီလေးမေခင်

mstint said...

စိတ်ရဲ့ထွက်ပေါက်လေး ရသွားပြီပေါ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ဟဟ ကျုပ်မလဲ သီမီတအီမေ တစ်ရက်ဖြစ်လိုက်ရပြီလားတော်...။

San San Htun said...

လူဖြစ်ရတယ့် အဲ သမ္မတဖြစ်ရတယ်. ဒုက္ခ...:P

Related Posts Plugin for WordPress, Blogger...