ယောကျာင်္းရေ ..
ဘယ်ကနေဘယ်လိုစပြောရမှန်းတောင်မသိလောက်အောင်အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေတယ် ။
ရှင်မှတ်မိဦးမလား . ရှင်နဲ့ကျုပ်စတွေ့တုန်းကလေ .....ကျုပ်ကိုရှင်က မွေ့ယာအောက်မှာပေါက်တဲ့ ကောင်မလေးလို့ ပြောတယ်...
ကျုပ်ကရှင့်ကို နံရံကြားကကောင်လေးလို့ ပြောတယ်။ သိပ်ချစ်စရာစကားလုံးလေးတွေနဲ့ပေါ့၊
ကျုပ်တို့နှစ်ယောက်တွေ့ပြီးသိပ်မကြာပါဘူး နံရံပေါ်တွေနား အကြိုအကြားတွေ နား လျှောက်သွားရင်း ညားခဲ့ကြတယ်လေ။ သူများလို သိန်းတရာနှစ်ရာ ကုန်အောင်မင်္ဂလာဆောင်စရာတောင်မလိုပါဘူး ။ နားလည်မှု့အပြည့်နဲ့ဘဲ ညားခဲ့ကြတာဘဲလေ။
ညားပြီးသိပ်မကြာပါဘူး ရှင်ကဗွေဖောက်လာတယ် ။ ကျုပ်တို့အိမ်ကိုပြောင်းလာတဲ့ ဟိုဘက်ခန်းက ကောင်မကို ရှင် တိတ်တိတ်ကလေးစွဲလန်းလာတယ်။ ကျုပ်သိတာပေါ့ . ။ ကျုပ်ဟိုဟိုဒီဒီလျှောက်သွားနေတုန်း ရှင်ကျုပ်မရှိခင် ဟိုကောင်မနားသွားသွားချောင်းရတာလေ .
ကွန်ပြုတာသုံးနေရင်လဲငေးကြည့်ရတာနဲ့ . အိပ်နေရင်လဲ သွားသွားချောင်းကြည့်ရတာနဲ့ .
နောက်ရှင်ချောင်းလို့အားမရတော့ဘဲ သူ့ထမီတွေအကျီတွေကို မြတ်နိုးလှပါချည်ရဲ့ ဆိုပြီး ခေါင်းဦးအိပ် လိုက် ရင်ဘတ်ထဲထားအိပ်လိုက်လုပ်တယ်။
ကျုပ်အတန်တန်ပြောတယ် . ရှင် မမှတ်ဘူး ။
ဟိုကောင်မ ဘုရားရှိခိုးနေတဲ့အချိန်ဆိုလဲ သိပ်ချစ်ဖို့ကောင်းတာဘဲဆို အသားလေးသွားပွတ်ကြည့်လို့ ဟိုကထအော်ပြေးပါလေရောလား။
ဒီကောင်မက သူ့နားပုရွက်ဆိတ်တောင်အကပ်မခံတာကို ရှင်ကသွားမျက်စောင်းထိုးတယ်။
ကိုယ်ဝန်ကြီးနဲ့ကျုပ်ကိုလည်းလှည့်မကြည့်ဘူး ရှာဖွေကျွေးမွေးဖို့လဲစိတ်ကူးမရှိဘူး။
ရှင်က သီချင်းလေးတအေးအေးနဲ့ မင်းရဲ့ခြေသုတ်လေးဖြစ်ပါရစေဆိုလိုက် . မင်းအနားနေချင်တယ်ဆို လိုက်နဲ့ ခြေသုတ်ခုံနားသွားနေရရင်တောင်ကျေနပ်နေတာရှင်က .. တခါတခါ ဟိုကောင်မမရှိတုန်း သူ့ဘရာစီရာတွေကိုကောက်နမ်းလိုနမ်းနဲ့ ရှင်တော်တော်ဆိုးပါလားယောကျာင်္းရယ် ။
တရက်ရှင့်ကိုရုတ်တရက်မြင်သွားတော့ သုထအော်လိုက်တာလေ ကျုပ်မှီနေတဲ့နံရံကြီးတောင်ပြိုကျသွားပလားအောင့်မေ့ရတယ် ။
ရှင်ဘယ်နားသွားထိလိုက်လို့လဲမသိဘူး . ဟိုကောင်မအာပြဲကြီးနဲ့အော်ပြီး ကုတင်ပေါ်ကဆင်းပြေးတာလေ။ လက်မှာလဲ ခြင်ဆေးဘူးကြီးကိုဆွဲမိဆွဲရာကိုင်လို့ ။
ဒီချိန်ထိ ကျုပ် သူနဲ့ ခပ်ကင်းကင်းရှင်းရှင်းဘဲနေမိသေးတယ်။ ရှင့်လုပ်ရပ်တွေကိုမကြိုက်ပေမယ့် ကျုပ်ဘာမှမပြောသလို သူနဲ့ပတ်သတ်စရာလဲမလိုသေးဘူးလေ။ တခြားအခန်းဖော် မိန်းခလေးတွေရှိသေးတာဘဲဟာ။ကျမကသူ့ကိုလုံးဝအရေးအရာတောင်မလုပ်ဘူး။
ရှင်ကသာသု့ကိုတန်းတန်းစွဲ အနားမသွားရင်မနေနိုင်အောင်ရစ်သီရစ်သီလုပ်နေတာ .
ရှင့်ကိုဘယ်လိုရှင်းပြရှင်းပြနားမလည်ဘူး...။
ဒီကောင်မအိမ်ရောက်လာကတည်းက ကြိုက်လိုက်တဲ့အသန့်ဆိုတာမျက်စိကိုနောက်နေတာဘဲ ။ အိပ်ယာခင်းကလဲ တပတ်တခါလျှော်နေ။ အ၀တ်တွေကလဲ ပုံထားတာမရှိတော့ ကျုပ်တို့အလစ်သုပ်စရာ ခနတဖြုတ်တောင်လှဲလို့နေလို့မရဘူး ။ တအိမ်လုံးလဲ သူချည်းရှင်းနေတာ ကိုယ်တောင်ဘယ်နားပြေးရမှန်းမသိတော့ဘူး ။
တည ရှင် ထွက်သွားပြီး ဟိုကောင်မအိပ်နေတာကို ပါးလေးက ဖြူနေတာဘဲဆိုပြီး သွားသပ်လို့ ဟိုက ကိုယ့်ပါးကိုယ်ပြန်ရိုက်ချထည့်လိုက်တာ ဖြန်းဆိုတဲ့အသံကြီးကို ကြားမိတဲ့ ကျုပ်တောင် တော်တော်လန့်သွားပါရောလား။
ဒီတပတ်လဲ ဒီကောင်မခရီးသွားရင် ကျုပ်အေးအေးဆေးဆေးအနားယူမလို့ ဟာကို ဒင်းက မသွားဘဲ စနေတရက်လုံးမိုးအေးလို့ဇိမ်နဲ့အိမ်မှာနှပ်နေတယ်လေ ။ အခန်းဖော်ကောင်မလေးတွေက ခပ်ပျင်းပျင်းဆိုတော့ သူမစရင် ဘယ်သူမှမစရေးချမစဘဲ ။
အဲ . ဆန်းဒေးလဲကျရော မနက်နိုးကတည်းက ည၀တ်အကျီကြီးနဲ့ မနက်စာထလုပ်ပြီး စားလိုက်ပြောလိုက်နဲ့ အိမ်ရှင်းမယ်လို့အသံကြားပါလေရော ။ ကျုပ်မှာ တိမ်ပြာပြာနေ့တနေ့ဆန်းဒေးမှာကွယ် လုပ်မလို့ဘဲရှိသေးတယ် . သူလုပ်လို့ ကဗျာကယာ ထပြေးရတယ် ။ ဘစ်ကနီဝတ်ပြီး ရေဇလုံထဲသွားမလို့ဟာ ကျုပ်မှာကမန်းကတန်းပြေးဖို့အပေါက်ရှာရပါလေရော .
အနေအထိုင်မတတ်တဲ့ ဟိုဘက်အိမ်က ကောင်မသုံးကောင်တော့ပါသွားလေရဲ့ ။ ဒီကောင်မကဘယ်ကလာတာလဲမသိဘူး ။ နှိပ်စက်နည်းကိုမျိုးစုံအောင်ရတယ်တော့ ။ တိပ်နဲ့ခွာပြီးနှိပ်စက်နေလိုက်တာများ ဟိုကောင်မတွေ အော်ဟစ်နေရတာဘဲ ။
ဟင်းဟင်းး ဒီကောင်မတွေပါသွားတာကျုပ်တော့ဝမ်းသာတယ် .သူတို့ကလဲ ရှင့်ကိုစပွန်ဆာပေးချင်နေကြတာလေ .... ကျုပ်မသိတာကျနေတာဘဲ ။
ကျုပ်တို့နေတဲ့ တိုက်ဗီဒိုကြီးလဲ ဒင်း လွှတ်ပစ်လိုက်တာ အိမ်ရှင်တောင်မပြောရဲဘူး ။ ရှင့်တူတွေတူမတွေဆို ဟစ်တလာသတ်သလို အသတ်ခံရတာ ။
အဆိပ်နံ့တွေကြားမှာ ဂျူးတွေလိုသေရရှာတာ ။
ကျုပ်ကအဲဒါကြောင့်ရှင့်ကိုအတန်တန်သတိပေးတယ် ။ ရှင်ကလဲကျုပ်လစ်တာနဲ့ ဟိုကောင်မအိပ်ယာခြေရင်းဘဲ ၀င်ဝင်တိုးနေတာဘဲ ။
ကျုပ်အတန်တန်သတိပေးနေတဲ့ကြားက ရှင် ကိုဟိုကောင်မတွေ့သွားခဲ့တယ်မလား . ။ ရှင်သူ့အိပ်ယာခြေရင်းမှာ ဖင်ဘူးတောင်းထောင်နေတာကို သူမြင်သွားတယ်မလား ။ ရှင့်ကိုအော်ဟစ်ပြီးဖမ်းမိသွားတာ သူက ဂုဏ်တွေယူလို့ ။ ဒီကောင်ခွေးသူတောင်းစား ဂျပိုး နေစရာရှားလို့ငါကုတင်အောက်ကိုဒင်းကလာပုန်းနေတယ် ဆိုပြီးအော်ဟစ်လို့ ။ ကျုပ်ခြေကားယားလက်ကားယားနဲ့ ပြေးလာတာဘဲ . ။ ရှင့်ကိုခွပ်ခနဲ့ ကျောက်ပြင်နဲ့ရက်ရက်စက်စက်ထုစတ်နေတာမြင်တော့ ကျုပ်ရင်တွေကွဲပါပြီတော် ..ကျုပ်မှာ ဗိုက်ကြီးတကားကားနဲ့ အပြေးအလွှား ဆန္ဒပြဖို့ပြေးလာတာဘဲ ။
တော်သေးတယ် ရှင်ကလျှင်လို့ . ကျောက်ပြင်နဲ့ထုသတ်တာ ရှင်အရှောင်မြန်လို့ ရုပ်ပျက်ဆင်းပျက်မသေလိုက်ဘူး ။ ရှင်သူ့လက်ကိုရှောင်ပြီးဘေးကပ်လိုက်ပေမယ့် ဒီကောင်မက ဂန်းစတားလို့နံမည်ကြီးနေတဲ့ သူဆိုတော့ရှင့်ကိုပြန်မိသွားတာဘဲ .
ကျုပ်ရှေ့မှာဘဲ ရှင့်ကိုဖမ်းခေါ်သွားတာ မြင်လိုက်ရတာ ရင်ထဲမချိပါဘူးယောကျာင်္းရယ် ။ ရှင့်ရဲ့နောက်ဆုံးအော်သွားတဲ့အသံလေးကိုလဲနားထဲကမထွက်ပါဘူး...............
တေလေဂျပိုးမလေး ရေ ကိုတော့သွားပြီကွယ် . အချစ်သစ်ရဲ့လက်မှာ ကိုယ်ကျရှုံးသွားပါပြီတဲ့ .နှုတ်ဆက်ပါတယ်ဆိုပြီးအော်သွားတာ ကျုပ်နားထဲကဘယ်ထွက်လိမ့်မတုန်း .. ရှင်က အသစ်မြင်လို့အဟောင်းမေ့ချင်တာကိုးး.....
သိပ်ရက်စက်တတ်တဲ့ ဟိုဖက်တီးမက ရှင့်ကိုမီးနဲ့မရှို့ခင်ရေနဲ့လောင်း လိုက်သေးတယ် ။ မလှုပ်နိုင်မှ ရှင့်ကိုမီးရှို့တာ ..
အောင်မလေး ယောကျာ်းရယ် ကျုပ် ရင်နှစ်ခြမ်းဗြမ်းဗျြမ်းကွဲရပါပြီ..။အတန်တန်သတိပေးရက်နဲ့ တားရက်နဲ့ .လှတာလေးမှလိုချင်တယ်ဆိုတဲ့ရှင်...ဘာသာမတူလူမျိုးမတူလဲဘာဖြစ်လဲဆိုတဲ့ရှင် .. ခုတော့မီးဖုတ်ခံလိုက်ရတာ ဖောက်ခနဲတောင်မြည်ပြီး သေပြီ..။
ကျူပ် ရှင့်အတွက် လက်စားချေဖို့ ပြင်လိုက်တယ် . ဒါပေမယ့် ကျူပ် က လောလောလတ်လတ် မုဆိုးမဖြစ်ထားရတာမလား . ကျူပ်အသည်းကွဲနေတယ် ..အဟင့်..
ချောင်ချိုချောင်ကြားမှာ မှောင်ခိုကာ ငိုနေရတဲ့ ကျုပ် ဘ၀ .. ကိုယ်ဝန်အရင့်အမာကြီးမျက်နှာကိုမှမထောက် အချစ်သစ်နောက်ကိုကောက်ကောက်ပါပြီး ခုတော့မီးဖုတ်သေလို့ ဘ၀ဆိုးသွားတဲ့ရှင် ..
ကျုပ်မှာ အက်အက်စီ ၀ူးမန်းစင်တာ ရက်ဖ်ဖဲဆေးရုံ မောင်အဲလိဇဘက် တို့ဘာတို့မှာမွေးနိုင်တဲ့အင်အားမရှိတော့ဘူး . ခုတော့ လက်သည်နဲ့မွေးရတော့မယ့်ကိန်း .
.ရှင်မီးဖုတ်ခံရတဲ့နေ့ညနေမှာဘဲ ကျမကလေးမွေးတယ် အမွှာလေးတွေပေါ့ .. လမ်းပေါ်မှာကြမ်းပေါ်မှာမွေးရတဲ့ဘ၀ .ဆိုးလိုက်တာကမ်းကုန် ။
ဒီကောင်မကိုကြောက်နေရတာနဲ့ မွေ့ယာလေးနဲ့တောင်မီးမဖွားလိုက်ရဘူး ။
သူတို့ကို နွေးနွေးထွေးထွေးနဲ့ထားဖို့ အဟာ၇ပြည့်ဖို့လိုသေးလို့ ကျမ ရှာရဖွေရချက်ပြုတ်ရနဲ့ .
ဟော ..ဟော ..ကျမအားလုံးပြီးစီးတော့ . သူတို့မရှိတော့ဘူး ..ဟိုကောင်မလူယူတ်မာ ဖက်တီးမ တစ်ရှုးစတွေနဲ့ ကျမကလေးတွေကိုဖိသတ်ပစ်လိုက်တယ် ..။
တော်တော်ရက်စက်တဲ့ဖက်တီးမ . ကျုပ်ကလဲ့စားချေတော့မယ် ဒီကောင်မကို ..
လုံချည်တိုတိုဝတ်လိုက်တယ် . ကျုပ် ဟန်ပါပါလမ်းလျှောက်ပြီး ဒီကောင်မကိုစိန်ခေါ်ရမယ် .
ကျုပ် သူ့အခန်းထဲကိုသွားလိုက်တယ် .သူက ကုတင်ပေါ်မှာခြေထောက်ချင်းချိတ်လို့ ကွန်ပြူတာသုံးနေလေရဲ့ . တချက်တချက် ခြေထောက်ကလှုပ်နေသေးတယ် ။
ကျူပ် ကုန်းအော်လိုက်တော့ တချက်ဟိုဟိုသည်သည် ကြည့်ပြီး မျက်လုံးက ကွန်ပြုတာစကရင်ကိုပြန်ရောက်သွားတယ် .
သောက်မြင်ကတ်လိုက်တာ .ဖက်တီးမ ၀က်ပုပ်မ .တွေ့မယ် ဒင်း ငါ့အကြောင်းကောင်းကောင်းသိမယ် ။
ကျူပ်ကုတင်ပေါ်ကိုဝုန်းခနဲခုန်တက်ဖို့ပြင်လိုက်တဲ့အချိန်မှာ သူကခြေထောက်အရင်ကျလာတယ် ..
ပြီးတော့ အော်တယ် ..။
အောင်မလေးလေးတဲ့ . လူကောင်ကြီးမှ အားမနာ အသဲကလည်းငယ်တတ်သေးတယ် ။
သူအော်တာနဲ့ ကျူပ်လဲ လန့်ပြီး နောက်ကိုခုန်ဆုတ်လိုက်တာ ပက်လက်လန်ကျပါလေရော .။
ကြမ်းပေါ်မှာ ကျုပ်ပက်လက်လန်ပြီး မထနိုင်သေးတဲ့အ ချိန်မှာဘဲ . ဟိုကောင်မက အာပြဲကြီးနဲ့ ဒီမှာ ဒီမှာ ဂျပိုးမ...ဗိုက်ကားကားနဲ့ ကြည့်စမ်း ခြေကားယား လက်ကားယားနဲ့တဲ့ .
စော်စော်ကားကား လင်ကိုလဲမီးဖုတ်သတ်သေးတယ် . ကျူပ်ကိုလဲ ဂျပိုးမလို့ ပိုးဆိုးပက်စက်ခေါ်သေးတယ် ..ရှင်ဆိုကျူပ် ကိုတေလေဂျပိုးမလေးလို့ ခနခန ခေါ်တာ .သူကျမှ ကျမကို ဗိုက်ကားကားနဲ့ဂျပိုးမတဲ့ ရက်ရက်စက်စက်ခေါ်တာ ..ရှင့်ကိုဒါတွေပြန်ကြားစေချင်လိုက်တာလေ..
ကျုပ်အချစ်ကိုလုသွားတဲ့ကောင်မ . ကျမသားသမီးတွေကိုသွေးအေးအေးနဲ့ သတ်တဲ့ကောင်မ .. ကျုပ်ဆွမျိုးတွေကိုအဆိပ်ဆေးနဲ့ ဖြန်းသတ်တဲ့ကောင်မ...ဖက်တီးမ .အစာပုပ်မ အစားပိုးနင့်ြ ပီးသေမဲ့ ဟာမ ....
ကျုပ်အားကုန်သုံးပြီးထရပ်လိုက်တဲ့အချိန်မှာပဲ.............
..ခွပ် ................
အားးးးးးးးးးးးးးးးးးးးးးးးးးးး
သနပ်ခါးတုံးက ကျုပ်ခြေထောက်ပေါ်ကျလာတယ် ..။
ဟင် ..ဒီကောင်မ ငါ့ကိုသနပ်ခါးတုံးနဲ့ထုတာဘဲ .
ခြေထောက်ကနာနာနဲ့ ပြေးမလို့နေရာရှာလိုက်ရသေးတယ် ။ လင်သေ သားသမီးသေ တဲ့ ကျုပ်လိုမုဆိုးမကိုတောင်သနားရမှန်းမသိတဲ့ ညှာတာရကောင်းမှန်းမသိတဲ့ ကောင်မ .
ဖက်တီးပုတ်မ ..ကျုပ် သူ့ခြေထောက်ကို ပြေးကိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာဘဲလေ ..သိလားးးး ..
.................................
ခွပ်......................................
..................................
အား.းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ယောကျာင်္းရေ..ကျုပ်တော့ သနပ်ခါးတုံးနဲ့ ထုသတ်ခံရလို့သေဘီး)))) .
ရှင့်ရဲ့ တေလေဂျပိုးမလေး ။
မဒမ်ကိုး
၎နာရီ ၁၀ မိနစ်
၁၇ ရက် ၇ လ ၂၀၁၂ ခုနှစ်
အင်္ဂါနေ့
23 comments:
မားမား ရက်စက်ထှာနော်..
ကြမ်းပိုးမလေး သနားဈာ မားမားရယ်
ဂျပိုးပါးကွက်သား လာပြီနော်......ပြေးနိုင်မှလွတ်မယ်....ခုတော့ ဂျပိုးမိသားစုရော ....အဆွေအမျိုးတွေရော...ကုန်ပြီ.....တနားလိုက်တာနော်....ကျွတ်စ်
အမလေးဗျာ... ဂျပိုးဇာတ်ထုပ်ကြီးက တော်တော့်ကို စွန့်စွန့်စားစားနဲ့ ဆွေတစ်ရာမောင် တစ်ကျိပ် စုံစိနေပါလားဗျို့... အင်း ဂျပိုးတွေနဲ့ စစ်ခင်းနေရင်း ဒီစာကို ရေးလိုက်တယ် ဆိုပါတော့လေ.. :P
ဂျပိုးစစ်ဆင်ရေး မှာ တူဂ ဝါရီယာ ဂျီးပေါ့လ ..ခစ်ခစ်
ရွှေဒိုးရဲ့ ဂျပိုးအော်ပိုရေးရှင်းပေါ့နော်
သူတို့ မိသားစု ကုန်ရောလား
ရဲရဲတောက်အာဇာနည်းမှန်းသိတာကြာပါပြီ မဒိုးရေ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဂန်းစတားလက်ချက်.. ဂျပိုးမ အသက်ထွက်.။
ဘာပဲဖြစ်ဖြစ် မမဒမ်ပိုစ့်တွေဖတ်ရတာ အူနာတယ်
အဟုတ် ညစ်နေရင် ပိုဖတ်လို့ ကောင်းတယ်..:)
ဖတ်ပြီး ရီရတယ်တကယ်။
နီလွမ်းနေတာလား ဟင်..
သိပ်ဝမ်းနည်းနေသလား
ဆိုးရိမ်သောကတွေ ဖြစ်မနေပါနဲ့ ဂျာရစ် ရယ်
မလေးကို လာတဲ့ အခါကြရင်
တနင့်တပိုးကြီးကို လက်ဆောင်ထဲ့ပေးပါ့မယ်း)။
ကြမ်းပိုးတစ်ကောင်၏ ဖွင့်ဟဝန်ခံချက်ကို သဘောတကျနဲ့ ဖတ်သွားတယ် ညီမရေ...၊း) ဆင့်ပွား၊ ခံစားနိုင်စွမ်းတွေ မြင့်နေသူ မို့လား မသိဘူး၊ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းနဲ့ကို ရသတွေ စုံအောင် ရလိုက်တယ်ဗျ...။း))
စဖတ်တုန်းတည်းက စိတ်ဝင်စားတာ.. လတ်စသတ်တော့.. ဂျပိုးဇာတ်လမ်းကိုး.. မမ ဒိုးကန်ကတော့.. ရေးတတ်ပါ့.. ရေးပုံကိုက ချစ်စရာလေး..ငါ့မမ.. :)
ယောကျာင်္းရေ..ကျုပ်တော့ သနပ်ခါးတုံးနဲ့ ထုသတ်ခံရလို့သေဘီး)))) ..
နောက်ဆုံးဇာတ်သိမ်းခန်းလေးအကြိုက်ဆုံးပဲ...
မမဒမ်ကိုး...
ဂျပိုးတွေဆန္ဒပြပြီး ကန့်ကွက်လိမ့်မယ်ဟ
အစုလိုက်အပြုံလိုက်ရက်စက်စွာသတ်ဖြတ်ခြင်းကိုကန့်ကွက် ကြမတဲ့လေ ဂန်းစတားဒယ်အိုးရေး)း)
ပထမအပုဒ်မှာ ကိုရင်များတူညားသွားငမ်းသလားထင်ရ တယ် တိန်
တမတကြီးကပြောတယ်, သနားပြီးခေါ်ချင်လျှင် ပို့ပေးပါမယ်တဲ့။
ဖတ်စက ကိုရင်ဘာတွေများလုပ်နေတာလဲလို့။ဖတ်ရင်းဖတ်ရင်းနဲ့မှ
ဇာတ်ကြောင်းသိသွားတော့တယ် ။အားပေးလျက်ပါ ညီမရေ
ငါ့သမီးရယ် ရက်စက်ပေ့....
ဟဟဟဟ.. ရီရလို့ သေတော့မယ် မမရယ် LOL
အားပေးသွားတယ် အမရေ...:-)
ညလေးရေ.
တေလေဂျပိုး ဆိုလို့လန့်သွားထှာ။
မကြီးလည်း လွင်ပြင်လိုဘဲ
စဖတ်တုန်းက (ကိုရင်)ဘာတွေမွှေနေလဲပေါ့.အဟီး
အဆုံးသတ်တော့ သဘောပေါက်လို့ လက်ခုပ်တီး
လိုက်တယ်။
ခင်မင်တဲ့
မကြီးလွမ်း
ရသ စုံေ၇းတတ်လွန်းတယ်....
မောင်ရင်ပျောက်နေတယ်......
အနားယူနေတာလား....
စိန်ဂျာရစ်ေ၇ ဗီဇာရရင်ဘဲဥသွား
သယ်ပါအုံး.......
ဂျပိုးတကောင်းရဲ့  ဖွင့်ဟဝန်ခံချက်လေးက မိုက်တယ်..ဂျပိုးဆို မီးမီးကြောက်ကြောက်...
Post a Comment