Thursday, June 7, 2012

ဂျာရစ်ပြောတဲ့ မယုံမရှိနဲ့..သိမ်ကြီးဈေးအကြောင်း

ဒီတစ်ခေါက် ဂျာရစ် မြန်မာပြည်ပြန်တော့ လိုအပ်တဲ့ဟာလေးနည်းနည်းဝယ်ချင်တာနဲ့  မေမေနဲ့အတူ သိမ်ကြီးဈေးဘက်ကိုရောက်ခဲ့တယ်။ ထုံးစံ အတိုင်းပေါ့နော် သိမ်ကြီးဈေးကြီးကတော့ ရောင်းဝယ်ဖောက်ကား စည်ကားနေလိုက်တာ အရင်လိုပါဘဲ။ မပြောင်းလဲပါဘူး ။ လူတွေ ကြိတ်ကြိတ် တိုးနေတာလည်း အရင်အတိုင်းဘဲ ။ သိမ်တော်ကြီးနား လမ်းဘေးမှာရောင်းနေကြတဲ့ အစားအသောက်သည်တွေကလည်း အရင်အတိုင်းဘဲ ရောင်း ၀ယ်နေကြဆဲဘဲ ။ နေပူပူ လေပူပူအောက်မှာ ယင်တစ်လောင်းလောင်းကို ဇကာလေးနဲ့ ဖုံးပြီး ရောင်းနေကြတာဘဲ ။ ၀က်သားတုတ်ထိုးသည်ကလည်း စားပြီးသားတုတ်ကလေးတွေကို ပြန်သိမ်းလို့ ဘေးမှာရှိတဲ့ ဒီဇယ်ပုံးအလွတ်သေးသေးလေးထဲ ထည့်ထားတဲ့ရေလေးနဲ့စိမ်ပြီး တုတ်ကလေး -တွေ ပြန်သုံးဖို့ပြင်နေလေရဲ့။ ငါးဆုပ်လုံးသုပ်သည်ကလည်း ခဲတံချွန်တဲ့ဓားလေးနဲ့ ဂေါ်ဖီတွေကိုပါးပါးလှီးလို့..။မုန့်ဟင်းခါးသည်ကလည်း ဘေးမှာ -ရေဇလုံလေးနှစ်ခုချပြီး လူတွေစားပြီးတာနဲ့ ပန်းကန်တွေကို ရေဇလုံတစ်ခုထဲထည့်ပြီး ချက်ခြင်းနှိုက်ပြီး နောက်ဇလုံလေးထဲထည့် ကမန်းကတန်း ပြန်ထုတ်လို့ စားမယ့်လူတွေအတွက် ပြင်နေလေရဲ့။




ဇီးယိုထန်းလျှက် ကျောက်ဖရုံယို ရောင်းတဲ့အသည်လေးကလဲ ဇီးယိုပေါ်နားရင်း သေသွားတဲ့ယင်ကောင်လေးကို ဘယ်ဘက်လက်ကလေးနဲ့ -ကောက်နှိုက်ပြီး ဘေးနားကတောင်းနှုတ်ခမ်းစွန်းကိုသုတ်လိုက်ရင်း သူမခြေသလုံးကို ကုတ်နေပြန်တယ်။ ပိန္နဲသီးလေးတွေ ချိုမှချိုကွယ်။ချိုသလား မမေးပါနဲ့..ယင်ကောင်လေးတွေတောင်ကျသေလို့ ဆိုအောင်ဘဲ သူမရဲ့ ရွှေဝါရောင်အသီးအမွှာလေးတွေကြားမှာ ရွှေယင်ကောင်လေးတွေ ၀ဲပျံနေတာကို တချက်တချက်မောင်းလိုက် ဘေးကဈေးသည်နဲ့ အော်စကားပြောလိုက်နဲ့ပေါ့ ။“ဟော ဟော ..ဒီရာသီမှာ ဇီးချိုသီးလေးတွေ -ပေါသလားမမေးနဲ့ တပြည်မှ ငါးရာထဲရယ်ပါ ။ 
အို ..တန်သလားကွဲ့ ပြည်တောင်းဖင် ဇကာမခံကြေး”..၊ “တစ်ထုပ် ၂၀၀  တစ်ထုပ် ၂၀၀ နော် ဇီးသီးလေးတွေချိုတယ် ချိုတယ် ..”အိုကွယ် ..ရေစိမ်တာ ကြာတဲ့အသီးများ ချဉ်စုတ်စုတ်က ပင်ကိုအရသာလား မေးမိတော့မလို့ ။ 


ပြည်တောင်းနဲ့မ၀ယ်နဲ့။ သူတို့က အောက်မှာခုထားတယ်။ 
“နို့ဆီခွက်နဲ့ ချင်ဝယ်မယ်..ဒါဆိုရမယ် 
ဒီမယ်အမကြီးး..နို့ဆီခွက်နဲ့ချင်ဝယ်ရင် တပြည် ၅၀၀ မဟုတ်ဘူး ၇၀၀နော်”
 “ ဟင် ဘာလို့လဲ .ခုနကတော့ တပြည်၅၀၀ဆို ” 
 “ဟုတ်တယ်.မတူဘူး။ နို့ဆီခွက်က ပိုများလို့...ယူမှာလား မယူဘူးလားသာပြော ”
 “ကဲ..ကဲ ပြောမနေနဲ့တော့  ..ယူလိုက်ယူလိုက် မေမေ ရေ သူ့.ရုပ်ကြည့်ရတာ ထရိုက်မယ့်ရုပ်. ”
“ကဲကဲ နို့ဆီခွက်နဲ့ တပြည်သာချိန်ထည့်လိုက် ”
“ဟဲ့ဟဲ့..နေပါဦး ငါတို့ဖာသာငါတို့ ထည့်ပါရစေဟယ် ..၇ဗူးမဟုတ်လား .ဘယ်လိုဖြစ်တာတုန်း ”
“မရဘူး အမကြီး..ဒီနို့ဆီခွက်ကို အမတို့ကိုင်လို့မရဘူး ..”


အလိုလေးဗုဒ္ဒေါ ...မကြားဖူးပေါင်..နို့ဆီခွက်ကို ၀ယ်သူကိုင်ရင် လာဘ်ပိတ်မှာဆိုးလို့ထင်ပါ့ ..တင်ပါ့လို့ မဖြေယုံတမယ်။ကြိုက်သလိုသာ လုပ်ကြ ပါတော့ စားချင်မိတဲ့ ကိုယ့်အပြစ်ရယ်။


အထုတ်ကို ကိုင်ပြီးသကာလ “ဟင်...တပြည်ကလဲဒါလေးဘဲပါတယ် .. မဟုတ်သေးပါဘူးဟ .”
“ဟဲ့နင့်တပြည်ကလည်း ဒါဘဲပါတယ်..မဟုတ်သေးပါဘူး ။ နင်ပြန်ချိန်ပေး..၂၀၀ လဲပိုပေးရသေးတယ် ”
“ပေး ငါ့ဟာငါပြန်ချိန်မယ် .. ဟင်..နို့ဆီခွက်က အထဲမှာ ပုတုလေး”
“ နင်တို့ဟာကလဲ အောက်မှာခံထားတယ် နို့ဆီခွက်ကိုခံထားတာ ” 
ဟားးးးးးးးးးးးးးးးး ဒီအမကြီးတော်တော်လျှာ ရှည်ပါလား ”
ဟဲ့ ငါကလျှာရှည်တာမဟုတ်ဘူး နင်တို့ဘဲ နို့ဆီခွက်ကို ခံပြီးဖင်ခု ခိုးတာလေ. ငါက အပြည့်ဝယ်ချင်လို့တောင်မှ နင့်ကို နို့ဆီခွက်နဲ့ချိန်ခိုင်းတာလေ ”
နို့ဆီခွက်အော်နဲ့ယူရင် ၇၀၀ မရဘူး . ၁၀၀၀ နော်.
“ နို့ဆီခွက်အော်ဆိုတာဘာလဲ .”
“ သြော် ငါ့သမီးရယ် တုံချက်အေ ..နို့ဆီခွက်အော်ဆို အော်ရင်ကျင်တယ် ကိုပြောတာပေါ့အေ့  ”


“ အင်း .ဒါလဲဟုတ်သားဘဲ ပညာရှိသတိဖြစ်ခဲပေါ့အမေရယ် ..”
“ ဒီအမကြီးတော်တော်ပိန်းတာဘဲ အော်တောင်မသိဘူးတဲ့ ”
“ဟဲ့ဒီမယ် စကားကျောမရှည်နဲ့ ငါမပိန်းလို့ နင်တို့လူလည်ကျတာသိတာပေါ့ . နင်စောစောကပြောပါလား နို့ဆီခွက်ပြည့်ဆိုဘယ်လောက်လို့ . နင်တို့ပြည်တောင်းနဲ့ချိန်တော့လဲ  ခိုးတယ် ။နို့ဆီခွက်နဲ့ချိန်တော့လဲခိုးတယ် .”
ဒီမယ် ခင်ဗျားချိန်ပြီးမှမ၀ယ်ဘူးလာမလုပ်နဲ့ .
“ ဟဲ့မ၀ယ်ဘူးပြောနေတာမဟုတ်ဘူး ငါကအချိန်အတွယ်ပြည့်ပြည့်လိုချင်တာ ”
ကဲ ပါအေ .ညည်းကလဲ ၀ယ်မယ်ဆိုလဲဝယ်လိုက်တာမဟုတ်ဘူး။ ပြန်ပြောနေသေးတယ် ”
မဟုတ်ဘူးမေမေရဲ့ ပြောတော့ပြောရမှာဘဲ . ကဲ ဘယ်မလဲ နင့်ရဲ့အော်ခွက် .။ ချိန် ..ပြည့်ပြည့်ချိန် . ..
နေဦး ငါ့ဟာငါထည့်မယ် ပေး နင့်ရဲ့ အော်ခွက် ငါ့ကိုပေး ”
ရွေးလို့မရဘူးနော်အမကြီး 
အလိုလေး နင့်ဟာက သူများတွေတပိဿာ ဘယ်လောက်မှမရှိ ငါပေးတဲ့ဈေးလဲကြည့်ဦး ၁၀၀၀ တောင် အဲဒါတောင်မရွေးရဘူးဆိုတော့ မဟုတ်သေးပါဘူး ။ ”
“ ကဲ ကဲ ရွေးချင်လဲ အသေးစိတ်တော့မရဘူး အပေါ်ယံဘဲရမယ်  ”
ဟားး နားညီးလိုက်တာဟာ ဇီးသီးလေး တပြည် ၀ယ်တာ မဆုံးတော့ဘူး ”


ဟဲ့ ဟဲ့ နင့်မိန်းမက ဘယ်လိုစကားပြောတာတုန်း . ငါက ဈေးဝယ်တာနော် နင်တို့ဆီကလာတောင်းတာမဟုတ်ဘူး . . ရော့အဲဒီမှာ သေချာထုပ်ပေး တပြည် တိတိ ” 

ဆောင့်ကြီးအောင့်ကြီး ကုလားဆိုင်းတီးလို့ အိတ်ကိုဆောင့် ချ ဈေးဝကလှည့်ထွက်တော့ စပျစ်သီးသည်က အချိုသပ်ခေါ် မမှတ်သေးသနော် တဲ့ ဂျာရစ် .. အနားကပ်ခါသွား စမ်းတ၀ါးဝါးဈေးမေးပြန်သောအခါ..

“ ညီမလေးရေ အသည်းလေး အားမပေးသွားတော့ဘူးလား ။ အားပေးသွားပါဦး အမကြီး စပျစ်သီးကဘာနဲ့ မှမတူ တမူထူးပြီး ချိုလိုက်သမှ ဆွေမျိုးတောင်မေ့သွားမဟလို့နော် ... အစိတ်သားမှ တစ်ထောင်ထဲနော် ..”
အလိုလေး ဆွေမျိုးတောင်မေ့မယ်ဆိုပါလား ... ရောက်နေတုန်းငါးရက်တော့ ဆရာသမားကိုခနမေ့ရအောင် စပျစ်သီးလေး အစိတ်သား လောက်ဝယ်စားလိုက်ရင်မဆိုးဘူးပေါ့လေ .. အမေ..စပျစ်သီးဝယ်ရအောင်လေ”
ဘာလုပ်ဖို့လဲ .သီရိမင်္ဂလာဈေးမှာ တစ်ပုံးလုံးမှ ၇၀၀၀ ဘဲရှိတာကို . စားချင်ရင် မနက်ဖန်သွားဝယ်ပေးမယ်လေ ”
အို အမေကလဲ . တပုံးကြီးဘယ်ကုန်ပါ့မလဲ . အစိတ်သားလောက်ဆို မလေဘူးပေါ့ . အာသာလဲပြေ တော်ပါပြီ ”
အေး အေ ..ပြီးတာဘဲ ညည်းသဘော ”
“အမကြီး တကယ်ချိုလား ..”
ချိုတာပေါ့ စားကြည့်ပါလား ရော့ရော ” တစ်လုံးဖြုတ်ပေးတော့ စားမိလိုက်ပါသည်။စားမိပြီးတော့ အားနာနာနှင့်ပင် “ ကဲ အမ အစိတ်သားချိန်ပေး ..ပြည့်ပြည့်လေးနော် ”
အတွဲသေးလေးကိုကတ်ကြေးနှင့်ညှပ် ကာ ချိန်ခွင်ထဲသို့ပစ်ထည့်လိုက်ပြီးချိန်လိုက်သော် ချိန်ခွင်သည်. တာမှလွှတ်သည့် မြင်းအလား မော်တာ ၇ ကောင်တပ်မောင်းသော စက်လို ခွပ်ခနဲလျှင်မြန်စွာ ပေါ့ပေါ့ပါးပါး လျှာထွက်လာလေသည် ။
ကောင်းလေစွ ပြည့်လိုက်တာမှ ချိန်ခွင်ကြီး တဖက်နင်းကိုစောင်းလို့ ။ေ ရွှသဘောတော်တွေကျလို့ . ပိုက်ဆံထုတ်ပေးပြီး သွားမယ်နော်အမ. လို့တောင်နှုတ်ဆက်ခဲ့မိသေး ။  သူကလဲ ကိုယ့်ကို ညလေး နောက်တစ်ခါလာအားပေးဦးနော်ဆိုတာကတစ်ဖုံနဲ့ အပြန်အလှန်နှုတ်ခွန်းတွေဆက်လို့ .. 


လေးငါးဆိုင်ကျော်တော့ . တခြားသူက စပျစ်သီး အစိတ်သားချိန်နေတာကို မျက်စိလျှင်တဲ့အမေကမြင်လေတော့ . ဟဲ့ ဟိုမှာကြည့်စမ်း သူများချိန်တဲ့ဟာကတောင်ပိုများနေသလိုဘဲ ..
ဟင် ဟုတ်ပ .ကိုယ်ဟာက သူချိန်တာရဲ့ သုံးပုံနှစ်ပုံလောက်ဘဲရှိတယ်. ..အနားတိုးကပ်ရင်း အမ . အစိတ်သားဘယ်လောက်လဲမေးတော့ ထောင့်နှစ်ရာတဲ့ . စကားပြောတာကဘုဆတ်ဆတ်. ဘာလို့ လဲ ဟိုဘက်မှာတောင် တစ်ထောင်ဘဲရှိတာကိုလို့မေးမိတော့ .အောင်မလေး ဟောက်လိုက်တာလွန်ပါရော. အလေးပြည့်ချိန်ခွင်ပြည့်မို့သူ့အသီးက ပိုဈေးကြီးသတဲ့ . 
ဘယ်လောက်ရလဲသိချင်သူမို့ အမေတားတဲ့ကြားက  ပေးအစိတ်သားဆိုလို့ ချိန်လိုက်တော့ဟုတ်တော့ဟုတ်သား .ခုနက၀ယ်လာတဲအစိတ်သားထက် နည်းနည်းတော့ပိုများနေပြန်သေး။ အမရယ် ဒါလေးချိန်ပေးကြည့်ပါ့လားဟင် .အမရောင်းတာနဲ့အရမ်းကွာနေလို့ပါလို့ ဆိုပြီးအချိုသတ်တော့ ပေးပေး ဆိုပြီး ချိန်လိုက်တော့ ခုနက ဇောက်ထိုးကြီးက တစ်ဝက်ကျော် မက ပလွတ်ခနဲ့ပြန်တက်သွားတယ် ....
ချိန်ခွင်ကိုအောက်ချ ပါးစပ်ကလဲ ပေါက်ပေါက်ဖေါက်ချလို့ .. တွေ့လား အမတို့ က နှစ်ရာပိုများပေမယ့် အလေးပြည့်ချိန်ခွင့်ပြည့်ပေးတာ .အဲဘက်အခြမ်းကဟာတွေက သိပ်အလေးခိုးတာ  
အောင်မလေး ဘုရား ဘုရား ဘယ်လိုအညှိုးနဲ့များ အကျယ်ကြီးအော်နေရတာတုန်း ..ဟိုကအလေးနဲ့ လှမ်းထုလိုက်ရင် ခွပ်ခနဲ ငါးခေါင်းကွဲသလို ကွဲသေနိုင်တယ် ။။ 
ကဲ ..အမေ မြန်မြန်သာလာတော့ ..သူ့ဟာလဲပြည့်ပုံမပေါ်ပေါင် ..၀ယ်မိတာကိုက ကိုယ့်အပြစ် ...
ခပ်သုပ်သုပ် နဲ့ သားအမိနှစ်ယောက် လူတောထဲ တိုးဝှေ့ဖြတ်လာတော့ ဟော သိမ်တော်ကြီးရှေ့အရောက် ကျဉ်းမြောင်းတဲ့လမ်းပေါ်မှာ မချစ်စု သရက်သီးကြီးတွေ ၀င်းဝင်းကိုဝါလို့ .. မြင်လိုက်ရတော့ .. 
အစားသမား ဂျာရစ် အမေ့လက်ကိုကုတ်ချေပြီ ...အမေ့ ...........
ဟေ..ဘာတုန်းဟ ..
ဟိုမှာ .မချစ်စုအမှည်တွေရောင်းနေတယ် ၀ယ်ရအောင်လေ ..စားချင်တယ် ..
မ၀ယ်နဲ့ အဲဒါ မမှည့်ဘဲ ဆေးတို့ထားတာ ။ မချိုဘူးနုမှည့်တွေ ။ မချစ်စုမှည့်ရင် အဲလိုမနေဘူး အခွံမှာ အပွေးတက်နေတာ ။ 
ဟင် ..အမေကလဲ .သမီးက မှည့်တဲ့အချိန်ဆိုဘယ်တော့မှမရှိတဲ့ဟာကို ခုမ၀ယ်စားရင် သမီးဘယ်စားရတော့မလဲ ..
တသက်လုံးစားနေရသည့်အသီး လျှာတစ်ဖျားအရသာကိုလိုချင်လို့ .အမေ့ကိုမရမကပူဆာတော့ နောက်ဆုံးခွင့်ပြူချက်ကျသည် ။ ကဲ...၀ယ် ၀ယ် တဲ့ ။ 
  မေးလိုက်တော့ တစ်လုံး ကိုးရာ တဲ့ ။ နားကြားမှားသလားလို့ ပြန်မေးတော့ဟုတ်တယ် ။ ငါးရာရမလားဆိုတော့ ကြံကြီးစည်ရာ ညီမရယ်တဲ့ ။ အမတို့ဝယ်ရင်းဈေးတောင် ခုနှစ်ရာရှိပါတယ်တဲ့ ။ 
ဒါဆိုရင်တော့မတန်ဘူး ။ စားပြီးချီးဖြစ်သွားမှာ မတန်ယင်ကာတော့ဝယ်မစားဘူး ။ ရတယ် .. ။
အမေ့လက်ကိုဆွဲပြီး ချာခနဲလှည့်ထွက်လို့ သုံးလေးလှမ်းတောင်မရှိသေး ..လာ ..လာ ညီမ ..ယူသွားတစ်လုံး ငါးရာနဲ့တဲ့ ...။
ဟင်းးဟင်းး ..ဒါမျိုးတွေရိုးနေပြီ . ရန်ကုန်မှာဈေးဝယ်တာ ဒီအထာတွေမှမနပ်ခံသွားရမှာပေါ့ . စပျစ်သီးအလေးခိုးခံရတာတော့ သူတို့ချိန်လို့ .. ပစ္စည်းကိုဈေးများတာနည်းတာတော့ ငါတော်လို့ဘဲ ..ဘ၀င်နထင်တက် လေဟပ်ပြီး ..အောင်မြင်သူအပြုံးနဲ့လှည့်ဝယ်ဖို့ ခြေလှမ်းလှည့် ..ပယ်ပယ်နယ်နယ်ရွေးလိုက်တာ သုံးထောင်ဖိုး ခြောက်လုံးကို တစ်တောင်းလုံးနီးပါး ကုန်အောင်မွှေ ပြစ်လိုက်တယ် .  ။ သူကလဲ အရှုံးခံပြီးပေးတာ မြင်းမြင်းခြင်း နွားနွားခြင်း ခင်မိလို့ အဲလေ မြင်မြင်ခြင်းခင်မိလို့ဆိုဘဲ ... 
လာပြီး အာမရွှီးနဲ့ လေတွေနည်းနည်းလျော့ .. ဟစ်ဟစ်ပြီးဆိုချင်ပေမယ့် သရက်သီးမျက်နှာနဲ့ နေနှင့်လေဦး ...
ရွေးလို့ပြီးတော့ ပိုက်ဆံရှင်းနေတုန်း နံမည်ကြီးသိမ်ကြီးဈေး နှစ်ဆယ် ခြောက်လမ်းဈေးတို့ရဲ့ ထုံးစံအတိုင်း ပေါ့ ..ဘာဖြစ်ပြီလို့ထင်လဲမိတ်ဆွေ ..
လူတစ်ယောက်က သရက်သီးတစ်လုံးဘယ်လောက်လဲဆိုပြီး လာမေးတယ် .ပုံစံကခပ်ညစ်ညစ်ပဲ . တောရုပ်နဲ့။ ဆိုင်ရှင်က ကိုးရာ လို့ပြောတော့ သရက်သီးကို အလည်တည် လိုက်အောင် ဖင်တပြန် ခေါင်းတစ်ပြန်ကိုင်ကြည့်နေတယ် ဈေးလဲမဆစ်ဘူး . 
အဲအချိန်မှာ အနောက်မှာ လူတိုးသလိုလို လူရပ်နေသလိုလို ခံစားလိုက်မိတယ် . သိမ်တော်ကြီးရှေ့လိုလမ်းကျဉ်းမျိုးမှာ ဈေးရပ်ဝယ်နေကြတဲ့သူတွေအဖို့ လူရှောင်ကြတာ တိုးကြတာမဆန်းပေမယ့်  ကိုယ့်အနားမှာ မေမေနဲ့ ဂျာရစ်အကြားရပ် နေသလို ခံစားရလို့လှည့်ကြည့်တော့ လူတစ်ယောက် လူတွေတိုးဝှေ့နေတာကို မေမေနဲ့ဂျာရစ်အနောက်နားမှာပိတ်ရပ်နေတယ် ..။ မေမေဘက်မှာလဲလူတစ်ယောက် . သရက်သီးကို ကြည့်နေတယ် ။ ဒါဆို ... ဂျာရစ်ဖက်ကသရက်သီးဝယ်တဲ့သူနဲ့ ....ဘာလဲ ..ဘာလဲ ..
ရုတ်တရက်သတိရလိုက်မိတာက ချိုင်းကြားထဲ ကိုညှပ်ထားမိတဲ့  ပိုက်ဆံအိတ် .. ဆတ်ခနဲဆွဲပြီးရှေ့ဘက်ကိုထုတ်လိုက်ရင်းနဲ့ သူတို့ သုံးယောက်ကိုအတင်းတို့ဝှေ့ထွက်ရှောင်ပြီး ဒီဘက်ကိုကပ်လိုက်တယ် . ။ ဆိုင်ရှင်က ပိုက်ဆံအမ်းဖို့ရှာနေလို့ စောင့်နေရပေမယ့် နည်းနည်းတော့ သတိထားမိသွားတယ်။ 
ခုနကသရက်သီးဈေးမေးတဲ့သူ ဂျာရစ်တို့ကို လှည့်ကြည့်လှည့်ကြည့်နဲ့ထွက်သွားသလို  နောက်ကရပ်နေတဲ့နှစ်ယောက်ကလဲ ယောင်ပေပေနဲ့ ထွက်သွားတယ် ။ 
ဒါမျိုးလာမလုပ်နဲ့ မအေးပွင့် မြင့်မြင်စန်း လမ်းသုံးဆယ် .. အဲလေ ..ဂျာရစ်ကို လာမစမ်းနဲ့ ပွဲကြမ်းသွားမယ် ..ပြောတာပါ ..စကေဘာတော့ ကြောက်ပါတယ် ။  


လမ်းကျဉ်းကျဉ်းလေးမှာရပ်ပြီးသရက်သီးဝယ်နေတဲ့ ဂျာရစ်တို့ သားအမိကိုများ ငပိန်းငတုံးထင်နေသလားမသိ ။။ ရန်ကုန်သူအစစ်မဟုတ်ပေမယ့် ဒီလောက်ကတော့ သိပါတယ် ။ 
အမေက တစ်ခါ ၂၆ လမ်းဈေးမှာ အိတ်ဓားခွဲခံခဲ့ရသေးတာလေ ။  အဲဒါကိုချက်ခြင်းသတိရမိသွားတာ ။ သရက်သီးသည်ကိုတောင် နေကာမျက်မှန်ကြားကနေပြောပြလိုက်သေးတယ် ။။ ဆနွင်းပုလင်း ဂျာရစ် စတိုင်နဲ့ပေါ့ ။  

အောင်မြင့်သူ ရဲ့ အပြုံး အဲလေ.. ယောင်လို့ အောင်မြင်သူရဲ့ အပြုံးနဲ့ သရက်သီးတွေပိုက် စပျစ်သီးမှာ ထိခဲ့ပေမယ့် ဇီးသီးကိုတော့ ပြည်တောင်းခိုးတာ ဖော်ထုတ်နိုင်ခဲ့လို့ တပြုံးပြုံးတပျော်ပျော် .. ဘယ်နေ့တော့ဓားထိုးခံရမလဲနော်လို့ တွေးရင်းနဲ့  အမေနဲ့ အိမ်အပြန်လမ်းမှာ သိမ်ကြီးဈေးအကြောင်းကို စားမြုံ့ပြန်ရင်းးးး တော်ကီတွေပွားးးးးလို့ ....
ကဲ ..လူကြီးမင်းတို့လဲ  သိမ်ကြီးဈေးသွားရင်ဖြင့် ငမ်းစရာလေးတွေငမ်းရင်း ဖမ်းစရာလေးတွေလဲ ဖမ်း  .အဗြန်းခံစရာ ရှိရင်တော့ အဗြန်းသာခံလိုက်ကြပေတော့ ဗျိုးးးး
မသောက်ရင်မနေနိုင်တာကလွဲလို့ ..အမေတားတဲ့ကြားက သောက်ခဲ့တဲ့တခွက် ခုဆို ဗိုက်ထဲ မှာ အရောင်ဒွေ အရောင်ဒွေ ..း))

ဒါလေးတွေတောင်တခွက် ၂၀၀ ကျပ်ဖြစ်နေပြီ .. ရဲကြောက်ရ စည်ပင် လန့်ရပေမယ့် ရေကိုအရောင်ဆိုးလို့ ၂၆ လမ်းဈေးက ဆိုးဆေးဆိုင်က နေ ၂၀၀ ဖိုးလောက်ဝယ်လိုက်ရင် ၂ သောင်းဖိုးလောက် မြတ်တဲ့စီးပွားရေး အထင်မသေးလေနဲ့ ..ရေနဲ့ ပါဝါရော . ကာလာလေးဖြည့်လို့ အနံအရောင်လေးရေခဲတုံးလေးထည့်လိုက်ရင်ဖြင့် နေပူပူ လေပူပူ မှာ အလိုလေး ရောင်းရချည်သေးရဲ့ .. ကင်ဆာဖြစ်မဖြစ် ကနောက်မှ သောက်ချင်စရာကောင်းတာတော့အမှန်း))

တစ်ထောင်ဖိုးအနိမ့်ဆုံးဘဲ စကားပြောမယ် 

သြော် ဇီးသီးး ဇီးသီးးးး ဂျာရစ် စိတ်နာတဲ့ဇီးသီးးး

ရွှေယင်ကောင်တစ်စုံဟာ အင်အားမဲ့ ပိန္တွဲသီးဗန်းတွေနားဝဲး))

1000 -5000 ..စားချင်စားမစားချင်နေ 

အဲကွန်းမလိုဘူးရှင့် ဆိုးဆေးမပါ ပါဝါမထည့်တဲ့ သဘာဝအော်ဂန်းနစ်လေးပါရှင့် .. ဖုတ် ကပ်တာကလွဲလို့း))

လိမ့်ကျလာတဲ့အလုံးကိုဗျစ်ခနဲ့တက်နင်းပြစ်လိုက်တာ ဘယ်ရမလဲး))

တစ်ခြင်းကို ၅၀၀ နော် သုံးခြင်း ၁၀၀၀ .. အရှုံးခံပြီးရောင်းတာနော် အရှုံးခံပြိးစေတနာအရင်းခံနဲ့ရောင်းတာခင်ဗျး))

လက်မလည် ပတ်မလည် တိုးကြမယ် ရောင်းကြမယ်

ချိုချိုမွှေးမွှေး ချင်းတောင်ပန်းသီးနော် တို့က တရုတ်အားမပေးဘူး ပြည်တွင်းဖြစ်ပဲရောင်းတာ . ပြည်တွင်းဖြစ်ကိုအားပေးပါ

မ၀ယ်ရင်လာမရွေးပါနဲ့ လာမမေးပါနဲ့တဲ့ ဖြေရတာမောတယ်ဆိုဘဲ .. ကြောက်လှပါ့ ခင်နှမရယ်

နဖူးကအနာရွတ်ကိုမြင်တိုင်းးးး ဒီစပျစ်သီးတွေမြင်တိုင်း ဇွတ်ခနဲ ချိန်ခွင်လျာကြီးထွက်ကျလာတာဘဲ မြင်ယောင်နေမိတယ် ...း))

ရောင်းကြမယ်ဟေ့ ကောင်းကောင်း ..ဆဲကြမယ်ဟေ့ကောင်းကောင်းး ..ကောင်မတွေနော် ၀တ်တော့ဝတ်ကောင်းစားလှနဲ့ ၀ယ်လဲမ၀ယ်ဘူး မေးဘဲမေးတယ် ... မဖြေချင်ဘူး မျက်နှာကြောတင်းတင်းဘဲနေလိုက်တယ်



ဝယ်တော့ဝယ်မလို့ဘဲ တရုတ်ပစ္စည်းဆိုလို့ ..အမှန်တော့ မ၀ယ်ရင်မမေးနဲ့လို့ အော်ပြောတဲ့အသံကြားလိုက်မိလို့ပါ .. ၀န်ခြင်းမမျှတာလဲပါတာပေါ့နော်

မိစိမ်းကားကြီးပေါ့ အဲဒီ့မိစိမ်းကားကြီးရဲ့ မာယာတောမှာမျောသွားခဲ့တာ


အားလုံးဘဲ ပြူံးပျော်ရွှင်မြူးနိုင်ကြပါစေ


မဒိုးကန်
၇ ရက် ၆ လ ၂၀၁၂
ကြာသာပတေးနေ့

30 comments:

AH said...

ဖျားဖျားဖျား... ပြန်မရောက်တာကြာလို့ ဈေးတွေကြည့်လိုက်တာ ရင်တုန် ပန်းတုန်ကို ဖြစ်ကရော... ဈေးသည်တွေလည်း တော်တော်လေး နှုတ်ချိုကြတယ်နော်... အင်း ကောင်း၏။ ကောင်း၏။ ဟဲ ဟဲ ဟို ဆေးရောင်စုံ အချိုရည်လေးကတော့ သောက်ချင်သား.... အနီရောင်တစ်ခွက်သောက်လိုက် လျှာလေးထုတ်လိုက် လျှာနီနီလေးကို ကြည့်ရယ်လိုက်ကြ၊ အစိမ်းရောင်လေးသောက်လိုက်၊ လျှာလေးထုတ်လိုက် လျှာစိမ်းစိမ်းလေးကို ကြည့်ရယ်လိုက်ကြ... ငယ်ငယ်တုန်းက ပြောပါတယ်... အဲ့ဒီလို လျှာအရောင်ပြောင်းဆေးလေး သောက်ချင်သေးတယ်။

Q-te said...

မဒိုးကမ်းပြောသွားတာ အမှန်တွေ :D
... သိမ်းကြီးဈေးက သဌေးဈေး
ညီမလေးကတော့ ဘယ်မှာမှ ၀ယ်လို့မရမှ သိမ်းကြီးဈေးသွားရှာတယ်
မ၀ယ်ရင်လဲ အထင်သေးသလိုလိုကြည့်ကြသေးတာ
ခေါင်းရွက်ဈေးသည်တွေကလည်း တရုတ်မတွေလောက်မှ ၀ယ်စားနိုင်တာ ထင်တာ မမရေ
ကိုယ်တွေဆိုလို့ကတော့ ဘယ် နှစ်ဆယ်သားယူမှာလဲ အရင်မေးတာ :(

အမ်တီအန် said...

အိုးး ဒါမျိုးတွေက ရိုးးးဟိုးးးးနေပါရော့လား ဒိုးကန်ရယ်..။
တော်သေးတာပေါ့ ပြေးပေါက်မမှားခဲ့ရလို့။
ဘာပဲဖြစ်ဖြစ် ပို့စ်တစ်ပုဒ်ထွက်လာတာ အမြတ်ပဲလေ.. ဟုတ်ဘူးလား..ဒါလားကွဲ့ ရန်ကုန်သွားတောလား.. :)

khin said...

သိမ်ကြီးဈေးကိုတပတ်ပြိး အသီးစုံစားသွားပါတယ်နော်

မိုးခါး said...

စိတ်ညစ်လိုက်တာနော် .. :D
အဲသဟာကြောင့် ဈေးမသွားချင်တာ :P

ဖြိုးမောင်မောင်(CTM) said...

သိမ်ကြီးဈေးက ဘယ်နားမှာလဲဟင် ရန်ကုန်မှာအဲဒါတွေတော့တွေ့ တယ် ဒါပေမယ့်  မရိုက်ခဲ့ ဘူး။း) ကားတက်စီးတယ် ဆင်းချင်တဲ့ နေရာဆင်းတယ်။ နာမည်တွေမသိဘူးး)

စံပယ်ချို said...

ရွှေဒိုးကျေးဇူးကြောင့်သီမ်ကြီးဈေးကို
တခါတခေါက်ရောက်ခဲ့ပြန်တယ်

ညီလင်းသစ် said...

သိမ်ကြီးဈေးက အသီးအနှံတွေ ဈေးလည်းချို၊ ရောင်းသူ တွေကလည်း နှုတ်ချိုယဉ်ကျေး ကြတယ်နော်၊ အဲဒီမှာ တစ်ခါဈေးဝယ်ရင် တသက် စိတ်ချမ်းသာသွားမှာ အသေအချာပဲ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း အတော်လေး ဂရုစိုက်ကြပုံ ရတယ်၊ ညီမရေ... ပို့စ်အဆုံးမှာ လေပူကြီးသာ မှုတ်ထုတ် သွားပါကြောင်း...။း)

Cameron said...

ဟိဟိ ဗျစ်ခနဲနေအောင် တကယ်ကြီးနင်းခဲ့တယ်...။

Crystal said...

သူများနိုင်ငံမှာ ကောင်းတာလေးတွေ မြင်တော့ အဲဒီလိုမျိုးလေးတွေကို ပြင်စေချင်တယ် ဘယ်က စပြင်ကြရင်ကောင်းမလဲဝေ ...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဂျာရစ်ရဲ့ အသီးတွေကြည့်ပြီး အသီးတွေစားချင်လာပြိ.. သွားဝယ်ဦးမယ်.. အသာလေးနေဦး ..အဟိ

မိုးသက် said...

မျက်စိထဲကို ကွက်ခနဲ မြင်အောင်ရေးထားတာ.။
သတိဆွဲပီး အလေးပြုခဲ့တယ်.။ မဒိုးကြီး.။

အလွမ်းမြို့ said...

ညီလေးဒိုးကန်ရေ.

မကြီးလွမ်းက .. တာသူ..ရန်ကုန် မကျွမ်းတော့ သိမ်ကြီးဈေး အကြောင်းဖတ်သွားတယ်။
ရန်ကုန်ပြန်ရင် ဒိုးကန်ပိုစ့်ဖတ်ထားတာမို့
သွားဖြစ်အောင်သွားလိုက်ဥိးမယ်..


ခင်တဲ့
မကြီးလွမ်း

သူကြီးမင်း (တုံးဖလား) said...

အဲဒီ ဈေးမှာ ဘာမှတော့ မ၀ယ်ဖူးဘူး။ နှာခေါင်းမွေးညှပ်ဖို့ ခေါက်ကပ်ကြေးသေးသေးလေးဘဲ ၀ယ်ဖူးတယ်။ အခုတော့ စကူလှည့်ဖြုတ်ရင်း ထိပ်ကျိုးသွားဖို့ ဒီမှာ တစ်ချောင်းထပ်ဝယ်ဖြစ်တယ်။

ဘာမှတော့ မစပ်ဆိုင်ဘူး။ ရေးချင်တာ ရေးသွားတာ။း)

မောင်သီဟ said...

ဒူးရင်းသီးတွေ ကြိုက်မှကြိုက်ပဲ ဒယ်အိုးရယ်
ဒူးရင်းသီး ဒူးရင်းသီး


မောင်ဘကြိုင်

ဝေဖြိုးဟန်(အင်းစိန်) said...

ကျွန်တော်တို့ သိမ်ကြီးဈေးအကြောင်း အဲ့လောက်လဲ ဖောက်သည်မချပါနဲ့ဗျာ၊ ယူဦးမလား စပျစ်သီး အစိတ်သား ၉၉၉ကျပ်နဲ့။

နွေတေးရှင် (မင်းဧရာ) said...

ကဲ မှတ်ပလား သိမ်ကြီးဈေးက မမတွေ
အခုတော့ ဆနွင်းပုလင်း ဂျာရစ်နဲ့တွေ့မို့လား))း။

ယောင်ပေယောင်ပေနဲ့ ဈေးလိုက်ဝယ်နေတဲ့ပုံကို မြင်ဖြစ်အောင်မြင်လိုက်သေးရဲ့။

ချစ်စံအိမ် said...

ဟီ လွမ်းလိုက်တာ သိမ်ကြီးဈေးကို ပြောတာပါ :P
ပုံတွေကြည့်ပြီး သူရေယိုသွားတယ် ..မမရေ

blackroze said...

အော်..မားမား မားမား
သိမ်ကြီးဈေးမှာလည်း ပွဲကြမ်းခဲ့ပေါ့..

မီးမီးငယ် said...

အင်းးးကိုယ်တို့ အသံဝဲ၀ဲနဲ့ သွားမေးရင်၊
ဈေးကလည်းသာဝတိံသာထိချက်ချင်းခုန်တက်တာဘဲ။
ဒန်အိုးရေ..ကိုယ်တော့ရန်ကုန်မှာမပျော်ဘူး။
ကားစီးလည်း ပိုတောင်းခံရတယ်။
ဈေးဝယ်လည်းပိုပေးရတယ်။
ကျုပ်တို့ တောဘဲကောင်းတယ်။
သိမ်ကြီးဈေးက ကြောက်စရာကြီးဟယ်..။
:)))

နေ၀သန် said...

:P. ရန်ကုန်မှာတော့အ ခုထိကို ဈေးမ၀ယ်တတ်ပါဗျာ.. စိတ်လည်းညစ်.... ညစ်ကလည်း ညစ်ပတ်.. :P.. ဂျာရစ်ရေးထားတာကြည့်ပြီး ရယ်လိုက်ရတာ..း))

ခင်မင်လျက်
နေ၀သန်

မိုးသူ(တောင်ကြီး) said...

မဒိုးကန်ရေ သိမ်ကြီးဈေးအကြောင်းလေး ဖတ်ရလို့ 
ကျေးဇူးပါ ပုံလေးတွေပါတင်ပေးတော့
စိတ်ဘ၀င်ကျတယ်ဗျ
မိတ်ဆွေဖြစ်ခွင့်ပေးပါ
မဒိုးကန် နဲ့ ဘလော့မိတ်ဆွေဖြစ်ချင်ပါတယ်နော်
လင့်လေးယူသွားပါပြီ ဂျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

ပဥာက် said...

ဖက်လို့ကောင်းလိုက်တာပို့စ်လေးက....။

လွင်ပြင်လှိုင်းငယ် said...

ငါ့ညီမကြောင့် သိမ်ကြီးဈေးအကြောင်းသိသွားပါပြီ

ဖြိုးဇာနည် said...

တော်ပြီ မြန်မာပြန်ရင် ဈေးဝယ်တော့ဘူး
စားချင်ရင် ဒီက market ပဲသွားဝယ်တော့မယ်
စိတ်ချမ်းသာတယ်။ဟိုရောက်လို့ကတော့ ရေခဲရေ
တောင်ဝယ်သောက်ဖူးအေ့ဟွန့်

San San Htun said...

ဆနွင်းပုလင်း ဂျာရစ်ရဲ့  သိမ်ကြီးဈေးသွား တောလားမှာ ဂျာရစ်လေးက ပွဲကြမ်းခဲ့လေရဲ့ ..ဝှောင်ဝှောင်ရှေးမယ် သိမ်ကြီးဈေးရယ်..

ဆူးသစ် said...

သိမ်ကြီးဈေးက တကယ်အဲဒီလိုလား။ ကျွန်တော်ကတော့ ဈေးမ၀ယ်ဖူးလို့ မသိပါဘူးခင်ဗျာ။ ဒါပေမဲ့ ဈေးတစ်ဈေးကို ဆရာမမစန္ဒာစာရေးသလို ပတ်မွှေသွားတာ တော်တော်တော့ စုံသားဗျ။ ဟာသအမြင်တော့ ရှိလို့ ပြုံးမိသေးတယ်။ ကျွန်တော့်အတွက် ပထမအခေါက်ဖြစ်လို့ မိတ်ဖြစ်ဆွေဖြစ်လို့ သဘောထားပေးပါ။ လင့်လည်း ချိန်ခွင့်ပြုမယ်ထင်ပါတယ်။ ကျေးဇူးတင်လျက်...။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ရူပါလန်းမှန်း မှတ်ချက်ပေးပြီးမှ သိပါတော့တယ် ခင်ဗျား။

kokoseinygn said...

ငါ့ညီမေ၇းလိုက်လို့
သိမ်ကြီးဈေးကိုပြန်ေ၇ာက်သွားခဲ့ပြန်တယ်။

Anonymous said...

သိမ်ကြီးဈေးက အဲ့လောက်တောင် ဆိုးနေပလားဗျာ..

အမရေးတဲ့ ပိုစ့်တွေက ဟာသဥာဏ်ပါတော့ တစ်ခါတစ်လေ စာသင်ခန်းထဲမှာ ဖတ်မိရင် ရယ်ချင်စိတ်ကို မနည်းထိန်းရတယ်ဗျာ။ စကားမစပ် မေးရရင် အိမ်မှာ နှစ်ယောက် အတူနေကြရင် အမကတော့ ဟာသတွေပြောလို့.. ဗိုလ်နှုန်ခမ်းမွေးကတော့ ရုပ်တည်ကြီးနဲ့ နေလို့..
ရယ်တော့ ရယ်ရမယ်ဗျ.. နော့ :D

အိမ်မက်စေရာ said...

မမကိုးတို့ ရေးတက်လိုက်တာ မျက်လုံးထဲ ကွင်းကနဲ ကွက်ကနဲပဲ...
ဈေးဝယ်ရတာလဲ ပညာစုံမှ ဖြစ်မယ်ထင်တယ်..ဟိ

အိမ်မက်

Related Posts Plugin for WordPress, Blogger...