Wednesday, May 23, 2012

ဂျာရစ် အိပ်ယာနိုးခြင်းနှင့် တစ်ဆယ်တန်ပြတိုက် အကြောင်း

ဂျာရစ်လား သူအိပ်နေတယ် ..
အဲလေ.. ဂျာရစ်လား သူပျင်းနေတယ် . ပျင်းတာမှ တော်တော်ပျင်းတာ...လက်သည် ရှာမရအောင်ကိုပျင်းနေတာ . စာတွေကလဲ ဟိုနားတစ်ပုဒ် ဒီနားတစ်ပုဒ်နဲ့ ကလေးများ ချုံပုတ်တခွင် ပြဲပြဲစင် ချီးတစ်ပုံပီး တပုံပါထားသလိုဘဲ ဟိုနား သေးသေးတစ်ပုံ ဒီနား အကြီးကြီးတပုံနဲ့ အပုံလိုက် အပုံလိုက်ပါဘဲ ..။ (မျက်စိထဲကွင်းကွင်း ကွက်ကွက်ပေါ်လာအောင်နှိုင်းပြတာပါ)။ ဖိနပ်တစ်ဖက်စီကိုင်ပြီး လျှောက်သွားနေလိုက်တာ တနေ့တနေ့ ဖွဘွတ်ကြီးထဲ ပျော်မြူးလို့ ၊ သူရဲကောင်းတွေရဲ့ အော်ဟစ်သံတွေ အတင်းအဖျင်း ဒလဒင်းတွေ၊ အဲလေ သတင်းတွေ .. မန့်လိုက် ရန်ဖြစ်လိုက် ထွက်ပြေးလိုက်နဲ့ ဟိုဝင်ဒီထွက် အိမ်ယာမဲ့လူတန်းစားလို ပျော်မြူးနေလိုက်တာများ . ဖလန်းဖလန်းကိုထလို့ ။

အရေးထဲ . ဘော်လဂါများစုံလင်စွာ ဖလန်းဖလန်းထပွဲတို့ ဘာတို့ဆိုလည်း လစ်လိုက်သေး။ အဲဒီလိုနဲ့ တရက်တော့ ဂျာရစ်ရဲ့ အပေါင်းအဖော် နာမည်ကြီးများဖြစ်ကြတဲ့ အပျိုကြီးအိကု (မျောလွင့်ဘီယာတို့ နာခိုးရာ)၊ မော်ဒယ် စည်သွပ်ဗူး ကိုညီပြာဟောင်းတို့ (သူကရဲတာကြိုက်ပေမယ့် ဂျာရစ် ကရဲတာမကြိုက်တော့ ပြာထည့်လိုက်တာဘဲ )၊ နာမည်ကြီး အဂ္ဂမဟာသီရိသုဓမ္မသိဂီ မဟာ့မဟာဖလန်းဖလန်းထမယ်တော် သကြားလုံးတိုနဲ့အတူ -လေးယောက်သား အန်တီတင့်ကိုအကြောင်းပြုလို့ ကောင်းမှု့စုံစွာ အဲလေ .. အပေါင်းစုံစွာနဲ့ တရုတ်တန်းကို အမှတ်သဟာပြု ချိန်းကြတယ်ပေါ့နော်..။ အန်တီတင့်ကတော့ ကံကောင်းစွာနဲ့ မပါလိုက်ပါဘူး။ (သူ ကံကောင်းသွားတာပါ )..။

အဲလိုချိန်းတဲ့အချိန်မှာ အပျိုကြီးအိကုက ဂျာရစ်တို့ သုံးကောင်ကို မျှော်လင့်ချက်တွေ တသီကြီးပေးပြီးခေါ်ပါတယ်။သူ့ရဲ့စကိုင်းကို မိတ်ဆက်ပေး မယ်ပေါ့။ အတင်းသမား အဲလေ သတင်းသမားတွေပီပီ ဘယ်လောက်ပင်ပန်းပင်ပန်း အိပ်ရေးပျက်ပါစေ ဒါမျိုးဆိုလို့ကတော့ တက်ကြွပြီးသား ။ အရောက်သွားလို့ စပ်စုချိန်မတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖျာယောင်းသွေစောင်းခြင်းကို အနှီ ၃ဦးသားခံလိုက်ရရှာပါတယ် ။ငဂျာရစ်ကို ဒါမျိုးလာစမ်းလို့ ဘယ်ရမတုန်း။ ပြန်ဖျာယောင်းလိုက်တာပေါ့ ။ ကင်မာကြီးတကိုင်ကိုင်နဲ့ ပရိုလောင်းလျာ အိကုအတွက် ရိုက်ကွင်းရှိတယ်ဆိုပြီး စင်္ကာပူရဲ့ အနုပညာပြတိုက်ကို ခေါ်သွားလိုက်တာပေါ့။ အဲမှာ ဖရီးသင့်ကာ လီဝမ်ရဲ့ ပါဖောင်းမန့် တကိုယ်တော်အနုပညာပြပွဲရှိပါတယ် ။

ဂျာရစ်တို့ကျောင်းတက်တုန်းက ပြင်ဆင်ထားတာတော်တော်လှသလောက် ( အပြင်က ကြည့်တာလည်း ပါမှာပေါ့လေ )။ ၀င်ကြေးတော့ မသိလိုက် ပါဘူး။ ပြတိုက်လည်း ရောက်ရော ၀င်ကြေး တစ်ဆယ်ဆိုလို့ ဘိုင်ပြတ်နေတဲ့ ဂျာရစ်က အပေါက်ဝကနေ လှည့်ပြန်ပြေးပါတယ် ။ ဒါနဲ့ အိကုနဲ့ ကိုညီရဲတို့နှစ်ယောက်က “လာပါဟဲ့..၀င်ကြည့်ရအောင်ပါ...ရောက်ပီးမှတော့” ဆိုပြီး ဂုတ်ဆွဲလို့ သူတို့ဒကာခံတာနဲ့ အထဲကို ယက်ကန်ယက်ကန်နဲ့ -ရောက်သွားပါလေရောလား  ။

အထဲရောက်တော့ .အဲမှာစတာဘဲဇာတ်လမ်းက .. အဲကွန်းလေလေး အေးအေးနဲ့ ကြမ်းပေါ်လှဲသာ အိပ်လိုက်လို့ကတော့ ဂျာရစ်လည်း တကိုယ်တော် ပြပွဲဖြစ်သွားမလားဘဲ . ။အိုင်ကျုတွေ သိပ်မြင့်လွန်းလို့လား၊ သိပ်ကိုဘဲနိမ့်လွန်းလို့လားမသိပါဘူး လေးယောက်သား ဘာမှကို နားမလည်ဘဲနဲ့ -ယောင်ပေပေနဲ့ လျှောက်ကြည့်ပြီး ပြန်ထွက်လာခဲ့ရပါတယ်။ မယ်တော်ကြီး သကြားလုံးကတော့ နှစ်တလက်မတုတ်နဲ့ရော ကင်နွန်ကြီးနဲ့ရော တဖြတ်ဖြတ်နဲ့ကို နေရာမရွေး ဓာတ်ပုံအရိုက်ခံပါတယ်။ လီဝမ်ကတော့ ကြိုးစားပမ်းစားကမ္ဘာလှည့်ပြီး တွေးစရာတွေနဲ့ အနုပညာကို ဖော်ကျူး ပြသထားပေမယ့် မျက်လုံးထဲမတော့ ကုလားတွေဆနွင်းလူးပြီး မီးနင်းပွဲကနေသလိုလို စိတ်ဖောက်သွားတဲ့ အရူးပြကွက်လိုလို အူကြောင်ကြောင် အတွေးတွေနဲ့ဘဲ ပရိုဂျက်တာတွေနဲ့ မီနီရုပ်ရှင်ခန်းတွေထဲမှာ ငါးမိနစ်စာ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို သရီးဒီနဲ့ ရှုပ်ထွေးစွာ ပြထား -လေတော့ နိုင်ငံခြားသားတွေနဲ့တန်းတူ မှင်သေသေနဲ့ ခုံတန်းထဲဝင်ထိုင်လို့ ငါးမိနစ်ကျော်ကျော်ကြာတဲ့ ရုပ်ရှင်ပြကွက်အတွေးတွေကို  အမှောင်ထဲထိုင်ကြည့်ပြီး ဟိုဒင်းတန်းလန်းနဲ့ အရုပ်တွေကိုတခွိခွိရီပြီး  တခန်းရပ်တော့ လေးယောက်သား ကိုယ့်ဟာကိုယ်ဘဲ “ပီးပြီ..ထတော့”ဆိုပြီး ထပြန်ထွက်လာခဲ့ကြတာပါဘဲ ။ အဲလောက်ကို အိုင်ကျူမြင့်ကြပါတယ် ။

အဲနောက်တော့ တခြားကလေးပြတိုက်တစ်ခုကိုပါ သွားကြည့်လို့ရပါတယ်။ အဲလက်မှတ်က နှစ်ခုဝင်လို့ရတယ်ပေါ့။ ရောက်သွားတော့ ဂျာရစ်တို့ အိုင်ကျူမြင့် ဘလော့ဂါကြီးများဟာ ကလေးအရုပ်များ အလင်းရောင်နဲ့ လှုပ်ရှားခိုင်းထားတဲ့ ပန်းပွင့်ကမ္ဘာလေးလဲတွေ့ရော ၀မ်းသာအားရ ပျော်ရွှင် မြူးတူးကြပါတော့တယ်။ အထဲကိုဝင်မယ်လုပ်တော့ ပြခန်းစောင့်တွေက နာရီဝက်ပဲအချိန်ကျန်တော့လို့ မြန်မြန်သွားပါလို့ ရီကွက်စ် လုပ်လာပါတယ်။ သူတို့အထင်ကတော့ တလေးတစားလာရောက်လည်ပတ်ကြည့်ရှုကြတဲ့ ဧည့်သည်တော်ကြီးများပေါ့။

အထဲလည်းရောက်ရော . လီဝမ်ရဲ့ပြကွက်တွေကို နားမလည်သမျှ ကလေးတွေအတွက် ပြထားတဲ့ ရောင်စုံခဲတံတွေ ကလေးတွေအရောင်ခြယ်ထားတဲ့ ပုံလေးတွေ အရုပ်တွေကြားမှာ သကောင့်သားလေးကောင်ဟာ ပျော်ရွှင် မြူးတူစွာနဲ့ ဓာတ်ပုံစအရိုက်ခံကြပါတော့တယ်။မော်ဒယ်ကြီး အဂ္ဂမဟာ သီရိသုဓမ္မ သကြားလုံးသည် ပရိုကြီးမျောလွင့်တိမ်အတွက် မော်ဒယ်အဖြစ်လည်းကောင်း၊ ကိုညီပြာဟောင်းက ဂျာရစ်အတွက်မော်ဒယ်ဘွမ်း လုပ်ပြီးလည်းကောင်း သရုပ်ဆောင် ပေးကြပါတယ်။ တဖြတ်ဖြတ်နှင့် ရိုက်လိုက် တဟီးဟီးနဲ့ အရောင်တွေခြစ်လိုက် လုပ်နေကြတဲ့ ဧည့်သည်တော်ကြီး -လေးရောက်ကို ပြခန်းစောင့်တွေကတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေကြရှာပါတယ် ။

အဲဒီလိုနဲ့ အားရပါးရ ၀င်ရောက် ကမြင်းပြီးသကာလ အဲလေ ကြည့်ရှုပြီးသကာလ  ပြခန်းလည်းပိတ်ရော ခြေညောင်းဗိုက်ဆာလာသမျှ တရုတ်တန်းက စမ်းချောင်းလှေကြီး ဆိုင်သို့ သုတ်ခြေတင်အမှီ ပြေးခဲ့ကြပါတော့တယ် ။

ညီအကိုမောင်နှမများအားလုံးပေါ့ပေါ့ပါးပါးနဲ့ ပြုံးပျော်စေရန် ရည်ရွယ်ရင်း အမြည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာတင်ပြထားတဲ့ လီဝမ်ရဲ့ အတွေးအမြင်ပြကွက်များကိုဖြင့် စိတ်ထဲတွေးထင်သလို မှတ်ချက်လေးများပေးသွားခဲ့ကြရင်ဖြင့် အလုပ်လုပ်ရင်း ပိုစ့်တင်ရကျိုး နပ်ပါကြောင်း..

ပြတိုက်ရဲ့ အ၀င်မျက်နှာစာမြင်ကွင်းပါ ။

ကိုညီရဲ သတ္တိရှိလား ခင်ဗျားသတ္တိရှိရင် အဲလေအရုပ်ကြီးကို အပ်နဲ့သွားဖောက်လိုက်စမ်းပါဆိုတော့ ကိုညီရဲတစ်ယောက် ရီပါလေရေား))

လူငယ်လေးတစ်ယောက်ရဲ့အတွေးများ

မြင်ဖူးကြလား မိုးမျှော်တိုက်ကြီးတွေကို လူငယ်လေးတစ်ယောက် အိတ်လေးတစ်လုံးပိုက်လို့ အောက်ကနေမျှော်ကြည့်နေတဲ့ မြင်ကွင်းနဲ့မတူဘူးလား ဖြေကြစမ်းဘား))

ပြခန်းဝင်ဝင်ခြင်း ပြသထားတဲ့ လီဝမ်ရဲ့ အနုပညာပုံဖော်မှု့တွေပါ

ကိုညီရဲကပြောပါတယ် . ဒါကို အပေါ်ကမိုးရေတွေကျလို့ ခံထားတဲ့အ၀တ်စမှတ်လို့ပါတဲ့ ( ဆွဲတဲ့ပန်းချီဆရာတော့ အဲနားတင် အော်ဟစ်လူးလှိမ့်ငိုချင်သွားမှာ အမှန်ဘဲး)) ဂျာရစ်တောင် ဆေးသုတ်ရီနိုဗေးရှင်းလုပ်တဲ့ အ၀တ်စမှတ်လို့ရယ် ..အဲလို အဲလို

ဘာလို့ထင်လဲ ဟင်း))

ခပ်တည်တည်နဲ့အများနည်းတူ ကင်မရာထုတ်ရိုက် အဲလေ ဖုန်းကိုထုတ်ရိုက် .ဘာမှန်းလဲမသိဘူး ဘာကိုပြထားချင်မှန်းလဲမသိဘူး

သေချာကြည့်လိုက်တော့မှ အဲစက္ကူလှေတွေထဲကဟာတွေက  ငရုတ်ကောင်းတွေ ဆံနွင်းမှုန့်တွေ သစ်ဂျပိုးခေါက်တွေ ငရုတ်သီးမှုန့်တွေတဲ့ဗျာ . ဇလုံထဲကတော့ နနွင်းရေထဲကို သံချိန်းကြိုးကိုနှစ်ထားတာ  . သတင်းစာတွေအလုပ်လျှောက်ြုပီး ပိုတာ ရောင်းမရလို့ ပြထားတယ်ထင်တာဘဲ .

လီဝမ်ရဲ့ ပြကွက်တွေကို ဓာတ်ပုံတွေ နံရံမှာကပ်ထားလေရဲ့

ဘာလို့ထင်ကြလဲဟင် .. ဘာမှန်းကိုမသိတာ တခန်းလုံးကြက်ပေါက်ကလေးတွေအော်သံတွေထွက်နေလို့ လိုက်ရှာတော့လဲမတွေ့ သေတ္တာထဲရှာလိုရှား))


ဘာကိုပြချင်တာလဲတော့မသိဘူး မူလီတွေတော့တော်တော်ကုန်တာအမှန်ဘဲ

ဒီလိုလဲပြထားသေးရဲ့

ဂျာရစ်ဖိနပ်လေးတွေလဲအဲလိုပြဖို့ စဉ်းစားထားတယ်း))

အဲဒီခုံမှထိုင် နံရံမှာရေးထားတာတွေကို တနေကုန်ထိုင်စဉ်းစားလို့ရတယ်မှတ်း))

ပြောတော့လွတ်လပ်မှု့တဲ့ ဘောင်တွေခတ်ထားလိုက်တာများး))

တစ်နိုင်ငံစနစ်နှစ်မျိုးတဲ့ .ဘယ်နိုင်ငံမှာရှိလဲဖြေပါး))

ဘယ်နိုင်ငံကခေါင်းဆောင်ဇောက်ထိုးဖြစ်

လူဆိုးတွေလား လူကောင်းလေလားး))

လီဝမ်ရဲ့ ပြကွက်ထဲမှာ သူတောင်မလွတ်ရှာပါလားနော်း))

လီဝမ်ရဲ့ဖက်ရှင်ကလဲစိတ်ဝင်စားစရာပါဘဲ

တစ်လုံးကမီးရှို့ဖို့တစ်လုံးကက်ဆက်ဖွင့်ဖို့ အဲလေ မီးထွန်းဖို့
နနွင်းမှုန့် အရောင်တင်မှုန့် မဆလာ ကရဝေးခေါက်ရမယ်နော်း))


ဘာကိုပြောပြချင်တာပါလိမ့် ဖြေပါး))

အိုင်ကျုမြင့်လို့သူဘာဆိုလိုချင်မှန်း မသိလိုက်ပါဘူးတကယ်ပါး))


ကဲ သူ့လိုပါဖောင်မန့် ဘယ်သူပြချင်သလဲဖြေပါ

ဂျပိုးနနွင်းလူသားး))

ငရုတ်ဆီ ငံပြာရည် ကြော်ငြာတယ်ထင်တာဘဲ


တီဗီထဲကေ ရွှ့ရွှေ့ပုံကို လီဝမ် ဘာလုပ်မလဲလို စိတ်ဝင်စားနေတဲ့သူတို့နှစ်ယောက်

ဖွဘွတ်မှာရှဲဖို့အားကြိုးမာန်တက်ရိုက်ချက်များး))

ဆံသဆိုင်က ဆံပင်အပြတ်တွေရယ် သစ်ရွက်ခြောက်တွေရယ်က သင်္ခါရ လား

အဲဒါလီဝမ်ရဲ့ မျက်နှာကြီးကို နနွင်းရေတွေနဲ့ ပက်နေတာ မျက်နှာချည်းဘဲ ပရိုဂျက်တာနဲ့ပြထားတာ

ကြည့်မရလို့အုပ်ခဲ့တယ် (လက်ဝါးနဲ့း))


မွန်းကြပ်မှု့လား

လှောင်ချိုင်ထဲကဘာတွေလဲ

စူးစမ်းလေ့လာ သူတို့ကမ္ဘာ

အမှန်တော့လှောင်ချိုင့်ထဲမှာ လည်ပင်းညှစ်ခံထားရတဲ့ ကြက်ကင်း))


ဒီသံပြားကိုသရုပ်ဖော်တာတော့တော်တော် တော်တယ် 

ဘာမှန်းတော့မသိဘူး သူလဲရိုက်နေတာဘဲ

အင်ဒိုက ကားလို့ပြောတယ် ဟန်နုမာန်ခေတ်က သူစီးတဲ့ကားများလေလားး))


ကားလေးကိုစိတ်ဝင်စားလို့ သူ့အတွက် ဖော်ပြထားတဲ့စာကိုရိုက်လာခဲ့တယ် စိတ်ဝင်စားစရာပါဘဲ

ဆေးလိပ်ဟူက ဆန့်ကျင်ကြး))

သူနဲ့ကျမှ ကျမလဲဒီဘ၀ရောက်ရပါတယ်ရှင်း))

ဒိုင်ယာနာလဲဟန်ပါပါခဲနေလေရဲ့း))

လူငယ်လေးတစ်ယောက် ၏ တွေးတောမှု့များ


စူးစမ်းနေဆဲ ...................

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါသည်း))

ပုံစံတူလေးတွေ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်


စိတ်ရှည်လက်ရှည်ပုံဖော်ထားတဲ့ ပုံစံငယ်လေးများ

ပန်းချီကားများ

ဆယ်စုနှစ်တစ်ခုလောက်က စာအိတ်လေးများ

ပိတ်ပေါ်မှာယက်ထားတဲ့ ယိုးဒယားစာများ

စာထဲမှာရေးထားတာလေးတွေ

အဖေတစ်ယောက်ကရေးတဲ့စာလို့ထင်တာဘဲ

ပြတိုက်ရဲ့အပြင်လျှောက်လမ်း
ဒါကလေးပြတိုက် လှုပ်တုတ် လှုပ်တုတ် နဲ့ ပန်းကလေးတွေ
ဒါကတော့ ဘယ်သူနဲ့တူတဲ့ပုံဖြစ်နိုင်မလဲး))
ဘာမှန်းကိုမသိတာပါ
ချစ်စရာလေးတွေ
ကလေးတွေရဲ့ဖန်တီးမှု့
ဂျာရစ်၏ မော်ဒယ်ဘွိုင်း
ဆေးရောင်စုံလေးများး))
ဂျာရစ်၏ မော်ဒယ်၈ဲလ်း))
ဘာမှရှိတော့ဘူးတဲ့
ကျနော်သရဲပါး))
စက္ကူပုံးကလေးတွေ
ကိတ်မုန့်ကြီး
ကျနော်သူခိုးး))
ဒါကတော့ ဂန္တ၀င်တွင်မယ့်လက်ရာများပေါ့
နောက်အနှစ် ၂၀ လောက်ဆို ဒါတွေဟာ သိန်းချီလေလံပစ်ရလောက်ပြီ
အားလုံး အေးချမ်းကြပါစေ
မဒိုးကန်
၅း၁၆ မိနစ်
၂၂ ရက် ၅ လ ၂၀၁၂ခုနှစ် ( အင်္ဂါ နေ့)  
.

29 comments:

blackroze said...

ဟင်းဟင်းးဟင်းး
ပစ်ပစ်လည်းမားမားသမီးမို့လားမသိပါဘူး
ဘာမှကိုနားမလည်ဘူး
အစားအသောက်ဓါတ်ပုံကလွဲရင်ကျန်တာဆို
တော်တော်စဉ်းစားယူရတယ်လေ..

သူကြီးမင်း (တုံးဖလား) said...

သူရို့ ဘာမှနားမလည်ဘဲ ရိုက်ခဲ့တဲ့ ပုံတွေကို ဘုမသိဘမသိ ၀င်ကြည့်မိတာ ငါ့အမှား။း)

မိုးသက် said...

အနော်လည်းနားမလည်ဘူး... ဘာတွေဒုန်း..

Mrs. Bagel said...

အို လေးယောက်သား သွားကြတယ်ပေါ့။ မနာလိုလိုက်တာ။ ဟင့်

ညီလင်းသစ် said...

အင်း.. နားမလည်ဘူး ဆိုတာကို နားလည်သွားတယ် လို့ပဲ ပြောရမယ် ထင်ပါရဲ့..၊း)

လီဝမ်ရဲ့ ပြပွဲကို အတူသွားကြသူ အချင်းချင်း အပေါ် ပြန်ပြီး ရိုက်ပြထားတဲ့ ပုံတွေကလည်း နှစ်သက်ချင် စရာပါ၊ ကော်ရစ်ဒါ ကျဉ်းကျဉ်းလေးထဲမှာ အမျိုးသား ဘလော့ဂါ နှစ်ယောက် အတွေးကိုယ်စီနဲ့ ငြိမ်နေကြတဲ့ ပုံလေးကို သဘောကျတယ်၊ ရင်းနှီးနေတဲ့ ဘလော့ဂ်တွေရဲ့ ပိုင်ရှင်တွေကိုပါ မြင်ဖူးသွား တာပေါ့၊း) အခုလို ပြန်ပြီး မျှဝေတာ ကျေးဇူးပါ ညီမရေ...။

Crystal said...

ပြခန်းသွားကြည့်တဲ့ အမျိုးသားနှစ်ဦးက ပြခန်းရဲ့ art တွေထဲ မျောနေကြသလားလို့...

ကောင်မလေးနှစ်ယောက်ကတော့
ဆော့ရလို့ ပျော်နေကြပုံရတယ် ဟိဟိး)

ချစ်စံအိမ် said...

စာဖတ်ပြီ ပုံကြည့်တာနဲ့ကိုတန်နေပါပြီရှင်...
နားမလည် တလည်နဲ့ကြည့်သွားပါတယ်။။

AH said...

ကြည့်တယ်... မူးတယ်... နားမလည်... ဂလိုနဲ့ ပြန်တွားဘီ...

Candy said...

ငါ့အစ်မခုမှပဲ စာပြန်ရေးရတော့တယ်.. နယ်နှင်ဒဏ်က လွတ်ပီပေါ့ ဟိ

အမ်တီအန် said...

ကြည့်တယ်..တွေးတယ်..အဓိပ္ပါယ်ဖော်တယ်...
ကြည့်တယ်..တွေးတယ်..အဓိပ္ပါယ်ဖော်တယ်...
ကြည့်တယ်..တွေးတယ်..အဓိပ္ပါယ်ဖော်တယ်...
လိုက်လို့ကို မမှီတာ...။
ပါဖောင်းမန့်တွေထဲက နှင်းဆီးပန်းပဖြူလက်စွတ်လေးနဲ့ လက်ကလေးကိုလည်း တွေးနေမိသေး...။
နောက်ဆုံးက ပန်းချီကားနှစ်ချပ် သေသေချာချာ သိမ်းထားပါ.. သမိုင်းဝင်ဖြစ်သွားနိုင်တယ်... :))

လွင်ပြင်လှိုင်းငယ် said...

အရမ်းမြင့်နေတော့ လိုက်လို့မမှီဘူးဖြစ်နေတယ်

Cameron said...

မူးတွားဒယ် ဂျာရစ်ရယ်...။ အလုပ်လုပ်ရင်း ညက်စိညောင်းလို့ ၀င်ကြည့်မိပါတယ်အေ...။ အကြိုက်ဆုံးကတော့ နှင်းဆီပန်းလက်စွပ်လေးပဲ ဘာပြောပြော...။

kokoseinygn said...

စိန်ဂျာ၇စ်ေ၇းတဲ့စာတွေ
ဖတ်သွားပါကြောင်း
ပုံလေးတွေကြည့်ရင်း....

အလွမ်းမြို့ said...

ဂျာရစ်လေးရေ မကြီးလာဖတ်သွားတယ်။
နားမလည်လည်း သေချာဖတ်ပြီး ဓါတ်ပုံကြည့်သွားတယ်။
ပန်ချီတွေထဲက ဂျာရစ်ရဲ့မော်ဒယ် .... ညီမလေးက ချောထှာ...ကန်ဒီ!!!!

ညီရဲသစ် said...

သြော်... ဒီပိုစ့်လေး ဖတ်ပြီး ကုန်သွားတဲ့ ပိုက်ဆံတွေကို နှမြောလိုက်တာနော်... ခြေလဲ ညောင်းသေးတယ်...း))

နွေတေးရှင် (မင်းဧရာ) said...

မဒိုးကန်ရာ....
စစ်ကိုင်း ကိုကြည့်ချင်တာများ( မျောလွင့်ဘီယာတို့နားခိုရာ )ဆိုတဲ့ ဦးလေးကညိမ်းနိုင် အညာကို ခံရတယ်လို့ မန္တလေးကိုလာခဲ့ ကျွန်တော်လိုက်ပြမယ်)း။ဟို အာပေးတူး မော်ဒယ်ကလည်း ဖွက်တော်အရှည်ကြီးပါလား)))း။

ကိုရင့် စကားကိုငှားပြောရမယ်ဆိုရင် ဒင်းတို့လေးယောက်လာနိုင်တဲ့ နေရာမှာ ပြခန်းဖွင့်တာကိုက လီဝမ် ရဲ့ အမှားဘဲ)))း။

သို့ပေသိ ကျွန်တော်လည်း အိုင်ကျူမြင့်နေသည်)း။

ညိမ်းနိုင် said...

အိမ်း.....ဘာမှကိုနားမလည်တာဟနော်...၊နားလည်
မလား ကျိုးစားကြည့်သေးတယ်၊ရပါဘူး...ဘာမှနား
လည်ဘူး....။ကိုယ်တွေက မြင့်လွန်းလို့ထင်ပါ့..:)

Han Kyi said...

စာတစ်ပိုဒ်တော့ ဖတ်ဖူးသား...

တောင်ပေါ်ကနေ တောင်အောက်ကို ငုံ့ကြည့်ရင်လည်း သေးသေးပဲ မြင်ရသတဲ့...တောင်အောက်ကနေ တောင်ပေါ်ကို မော့ကြည့်ရင်လည်း သေးသေးပဲ မြင်တာပဲတဲ့...

အနှီတော့ လီဝမ်ကြီးက တောင်ပေါ်ကလား...ဦးဟန်ကြည်တို့က တောင်ပေါ်ကလားတော့ မသိဘူး...သေးတော့ ခပ်သေးသေးပဲ ဂျာရစ်ရေ...

စံပယ်ချို said...

တခါမှ မကြည့်ဖူးတဲ့ပန်းချီကားတွေအတွက်တော့ကျေးဇူးတင်ပါတယ်
တခါမှ မတွေဖူးတဲ့အတွေးတွေနဲ့တွေးကြည့်မိတယ် အဖြေမပေါ်လာဘူး ဒါပေမယ့်အဲဒီပန်ချီကားတွေကိုကြိုက်တယ်

အိမ်မက်စေရာ said...

ထင်ရှား ကျော်ကြား ဘာမှနားမလည်တဲ့ ပုံများ ..မမကိုးနှင့်အတူ မျှဝေခံစား သွားပါသည်..
အောက်ဆုံးနှစ်ပုံ အရှင်းဆုံး ပဲ..
ပုံ . ဒိုးကန်ဆိုတာလေ..း)

ချစ်တဲ့
အိမ်မက်စေရာ

...အလင်းစက်များ said...

ပရို အိကုမို့  တော်သေးတယ်။ ပရော့ အိကု ဆိုရင်တော့ သွားဘီ။ ဟီးဟီး ကိုညီဝါဟောင်းဆို ပိုကောင်းမယ် :D

San San Htun said...

တူတူပဲ.အိုင်ကျူမြှင့်တယ်..

ကြည်ဖြူခင်ခင် said...

မိုနာလီဆာက ဘယ်လိုဖြစ်သွားရတာပါလိမ့်..(း

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့တိုင်းပြည်က ဟိုလူကြီးလည်းပါတယ်တော့
ဂုဏ်ယူစရာကြီး :)
လီဝမ်ရဲ့ ဒီဇိုင်းကလည်း မိုက်လှချည်လား..
အော်တိုရော မရေးခိုင်းခဲ့ဘူးလား
နှင်းဆီပန်းလေးနဲ့ လက်ကလေးကတော့ လှမှလှအေ.
ချစ်စရာလေး

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ငါ အိုင်ကယူ တအားမြင့်သွားလို့ နေမယ်.. နားလည်လိုက်ဘူး..အဟီး

Nyi Nyi said...

အထက်ပါပုဂ္ဂိုလ်များကဲ့သို့လာရောက်၍အိုင်ကျူမြင့်သွားပါကြောင်း....

Unknown said...

အင်းးသြော်.အဲ.အကယ်၍ ဤသိုဆိုလျှင် ထိုအရာကို
၎င်း၌ .ထိုကြောင့်.၏ကဲ့သို ပြုရာ ..
...

ကြည့်ရင်းကြည့်ရင်း
အုံးနှောက်တော့ ဗွက်လည် သွားပီ .
အထက်ပါပုဂ္ဂိုလ်များထက် သာသော
မဟာ့မဟာပညာဂိ မောင်ဒု..း)

ဖြိုးဇာနည် said...

ဟဟမိုက်ချက်ဗျာ့ ဒိုးကန် လက်ရာအကောင်းဆုံးပဲ
ဂျာရစ်တို့များပေါ်မဲ့ပေါ်တော့လဲ လုပ်ချလိုက်တာ
မိုက်သဟ့ အေပေါ့အေ နောက်လဲမကြာမကြာပေါ်
ပါဟ့

ရွှေပြည်သူ (ShwePyiThu) said...

ပုံတွေကို စိတ်ဝင်တစား ငေးမောသွားပါတယ် မဒိုးကန်ရေ... ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ် ညီမလေး...

Related Posts Plugin for WordPress, Blogger...