Tuesday, March 20, 2012

တူသောအကျိုး ပေးပါတယ်

ဒီဆောင်းပါး(တရားတော်)ကို အရှင်ဝိမလ၀ံသ (အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်)မှ ရေးသားပေးပို့ပါသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦​❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
“နူနာရောဂါသည်များ(အနာကြီးရောဂါသည်)အား ပေးလှူကြပါ”

“ယောဘိက္ခဝေ မံ ဥပဌဟေယျ သော ဂိလာနံ ဥပဌဟေယျာတိ”
မြတ်စွာဘုရားရှင် ဆုံးမဟောကြားတော်မူခဲ့တဲ့ အဆုံးအမလေးတစ်ခုရှိပါတယ်။အဲဒါဘာလဲလို့ဆိုတော့ “ ချစ်သားတို့ ငါဘုရားရှင်ကို လုပ်ကျွေးပြုစု -ချင်သောသူသည် ဂိလာနပုဂ္ဂိုလ်တို့အား ပြုစုလုပ်ကျွေးကြကုန်” ဆိုတဲ့ အဆုံးအမလေးပါ။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့ရဲ့ အားကိုးမှီခိုရာဖြစ်တဲ့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကို လုပ်ကျွေးချင်ကြပါတယ်။ဒါပေမယ့် မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန်ပြုသွားပြီဆိုတော့ မြတ်စွာဘုရားရှင်ကို ကာယကံမြောက်လုပ်ကျွေးခွင့် မရနိုင်ပါဘူး။မြတ်စွာဘုရားရှင်ကို အမှန်စင်စစ်လုပ်ကျွေးချင်တယ်ဆိုရင်တော့ မြတ်စွာဘုရားဆုံးမထားတဲ့ အဆုံးအမ အတိုင်း ဂိလာနလို့ခေါ်တဲ့ နာမကျန်း မသန်မစွမ်းဖြစ်နေတဲ့ ပုဂ္ဂိုလ်များကို လုပ်ကျွေးကြရပါမယ်။ဒီလို မိမိတတ်နိုင်သလောက် လှူဒါန်းပေးကမ်းခြင်း သည်ပင်လျှင် လုပ်ကျွေးသမှုပြုခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်း နာမကျန်းဖြစ်တဲ့ ဂိလာနရဟန်းများကို ကိုယ်တိုင် ပြုစု -စောင့်ရှောက် လုပ်ကျွေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ထိုထဲမှ အထင်ရှားဆုံးဝတ္ထုကတော့ ပူတိဂတ္တ တိဿမထေရ် ဝတ္ထုဖြစ်ပါတယ်။

နောက် တော်လေးဝ အပါအဝင်ဖြစ်တဲ့ ကောသလမင်းကြီး၏ မိဖုရားမလ္လိကာ အလောင်းအလျာဖြစ်မယ့် သမ္ဗုလာမိဖုရားသည်လည်း နူနာသည် လင်ယောင်္ကျားအား ပြုစုလုပ်ကျွေးခဲ့တဲ့ ဇာတ်တော်လည်း ရှိပါသေးတယ်။မလ္လိကာမိဖုရားဖြစ်မယ့် သမ္ဗုလာမိဖုရားသည် အလွန်တည်ငြိမ် ခန့်ငြား လှပ၏။ ကောင်းခြင်း ငါးဖြာနှင့်လည်းပြည့်စုံပါ၏။လေငြိမ်ရာအရပ်တွင် ထွန်းအပ်သောဆီးမီးတောက်ကဲ့သို့သော ကိုယ်ရေအဆင်း ဝင်းဝါတောက်ပ၏။ လင်ဝတ်တရားကို ကျေပွန်စွာဆောင်ရွတ်တတ်သော မိဖုရားဖြစ်၏။လျပ်ပေါ်လော်လီခြင်းလည်း ကင်း၏။ထိုထိုကောင်းခြင်းများစွာနဲ့ ပြည့်စုံတဲ့ သမ္ဗုလာမိဖုရားသည် နူနာရောဂါ စွဲကပ်နေသော သောတ္ထိသေန မင်းသားအား ပြုစုလုပ်ကျွေးခဲ့ရပါတယ်။

သောတ္ထိနသေနမင်းသားတွင် ယားယံသော ရောဂါမှတစ်စတစ်စ ကုသရင်းကပင် နူနာစွဲလာ၏။ကုတ်ရင်းကပင် ကိုယ်ရည်စိုရွှဲကာ ရွံဖွယ်လိလိ ဖြစ်လာ၏။သမားတော်ကြီးများပင် ကံနာဝဋ်နာအဖြစ်ထားကာ လက်လျော့ရပါ၏။သောတ္ထိသေနမင်းသားသည် မိမိကိုယ်တိုင်ကိုပင် ရွံရှာ၍ လာ၏။ ဤသို့သော လူတကာရွံရှာဖွယ်ရာသောခန္ဓာကိုယ်ဖြင့် မင်းအဖြစ်ပြုလုပ်ရလျှင် အဘယ်အကျိုးရှိမည်နည်း။လူသူ အရပ်နှင့်မနီးသော တောကြီးထဲမှာ ပင် တစ်ကိုယ်တည်းနေကာ အသေခံပါတော့မည်ဟု ခမည်းတော်ကြီးအား လျှောက်ကြား၍ ရွှေအိမ်ရွှေနန်းကိုစွန့်ကာ မြို့မှ ထွက်ခွာသွား၏။ 

ထိုထိုအခြင်းအရာကို ထောက်ဆကြည့်လျှင် အနာရောဂါဖြစ်သူများဟာ မိမိကိုယ်ကို စိတ်အားငယ်တတ်ကြ ပါတယ်။ လူအများစုနဲ့ တစ်စုတည်း တစ်ဝေးတည်း နေထိုင်ဖို့ မဝံ့မရဲဖြစ်တတ်ကြပါတယ်။ဒါကြောင့် ထိုသို့သော် အနာရောဂါသည်များကို လျစ်လျှူရှုမထားဘဲ တတ်စွမ်းသမျှ ပြုစုပေး မည်ဆိုလျှင် အတော်ပင် နေရာကျလှပါတယ်။ထိုသို့ပြုစုလုပ်ကျွေးမည်ဆိုပါလျှင် လူနာများမှာ စိတ်အား ညှိုးငယ်မှုတွေ ကင်းရှင်းနိုင်ပါတယ်။မိမိပြုစု လုပ်ကျွေးလိုက်တယ်ဆိုလျှင်ပဲ ထိုထိုသော သူနာများမှာ ကိုယ်နာသော်လည်း စိတ်မနာဘဲ စိတ်ဓာတ်တတ်ကြွမှုများ ဖြစ်စေနိုင်ပါတယ်။စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်တဲ့သဘောလို့ ဆိုမည်ဆိုပါက ဆိုနိုင်ပါတယ်။

သောတ္ထိသေနမင်းသားသည် သစ်သီးသစ်ငယ် ရလွယ်ပြီး အရိပ်အာဝါသကောင်း၍ ရေမိုး ပြည့်စုံမည့်အရပ်၌ ကျောင်းသင်္ခမ်းဆောက်၍ နေ၏။ သမ္ဗုလမင်းသမီးသည် သောတ္ထိသေနမင်း မနိုးထမီ နံနက်စောစောကပင် ထပြီး ကျောင်းကိုတံမြက်လှည်း သောက်ရေသုံးရေတို့ထည့်။ ခင်ပွန်းနိုးလာ လျှင် သွားတိုက်စရာဒန်ပူနှင့် မျက်နှာသစ်ရေကို ဆက်ကပ်ပြီး ဆေးမြစ်ဆေးရွက်တို့ကိုကျိတ်၍ နူနာတို့ကို တစ်ကိုယ်လုံးလူးပေး၏။ထိုနောက် -ကောင်းမြတ်ချိုမြိန်မည့် သစ်သီးတို့ကို ရွေးချယ်ရေဆေး အခွံခွာစားနိုင်ရန် အသင့်ပြုပြင်၍ ခင်ပွန်းကို စားစေပြီး၊ မိမိသည် နောက်မှ စားသောက် ၏။ ပြီးစီးသည်နှင့်တပြိုင်နက် မိမိ၏ခံတွင်း၊ လက်တို့ကိုဆေးကြော၏။ထို့နောက် “အရှင့်သား သတိနှင့်နေတော်မူပါ။ မမေ့မလျော့ပါနှင့်” ဟု မှာကြားပြီး ခင်ပွန်းကို ရှိခိုးကာ တောင်း၊ တူရွင်း၊ ချိတ်၊ တံချူတို့ကိုယူပြီး သစ်သီးရှာရန် တောတွင်းသို့ ထွက်သွား၏။

သစ်သီးရှာမှ ပြန်လာပြီးလျှင် ကောင်းစွာထားရှိ၍ ရေအိုးဖြင့် ရေကိုခပ်လာပြီး သောတ္ထိသေနမင်းသားကို ရေလောင်းပေး၍ ကသယ်မှုန့် မြေညက် တို့ဖြင့် ပွတ်တိုက်ကာ ရေချိုးပေး၏။ထိုနောက် သစ်သီးတို့ကို ကျွေးမွေးပြန်၏။မိမိလည်း သစ်သီးတို့ကိုစားပြီး အိပ်ရာ၌ လဲလျောင်းသည်နှင့် သမ္ဗုလ မင်းသမီးသည် မင်းသားကို နှိပ်နယ်ပေးပြီး မင်းသားအိပ်မှ မိမိလည်း မင်းသား၏အနီးတွင် လဲလျောင်း၍ အိပ်၏။ဤသို့ဖြင့် နေ့စဉ် ဝတ်ကြီးဝတ်ငယ် တို့ကို ပြုစုပေး၏။ ဤအခြင်းအရာကိုထောက်ဆပြီး မိမိတို့အနေနဲ့ ထိုထိုနူနာရောဂါသည်များကို အနီးကပ်ပြုစုမပေးနိုင်သော်လည်း ထိုလူနာများ အတွက် အသုံးဝင်မည့် ငွေကြေး၊ စားဖွယ်သောက်ဖွယ်၊ အဝတ်အထည်၊ နေစရာအိပ်ခင်းစတာတွေ တတ်စွမ်းသမျှ လှူဒါန်းသင့်ကြောင်း ထင်ရှားလှပါတယ်။ထိုသို့လုပ်ပေးခြင်းဟာ အောက်ကျစရာ အဆင့်အတန်းနိမ့်စရာ မရှိပါ။မြတ်စွာဘုရားလမ်းကြောင်းအတိုင်း လျှောက်လှမ်းတာ ဖြစ်တဲ့အတွက်၊ မြတ်စွာဘုရား အဆုံးအမကို လိုက်နာတာဖြစ်သောကြောင့် လူသူတော်ကောင်းများ နတ်ကောင်းနတ်မြတ်များက သာဓုခေါ်ဆိုမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ခန္ဓာကိုယ်ကြီး အရှင်လတ်လတ်ပုပ်ဆွေးနေတဲ့ ပူတိဂတ္တတိဿမထေရ်ကို အနီးကပ် စေတနာ မေတ္တာထားကာ ပြုစုစောင့်ရှောက်တော်မူခဲ့ပါတယ်။ထိုသို့ပြုစုတော်မူပြီးနောက် ရဟန်းတို့ကိုလည်း သြဝါဒပေးတော်မူခဲ့ပါတယ်။အဲဒီသြဝါဒက အထက်မှာ ဖော်ပြထား ခဲ့သည့်အတိုင်း “မြတ်စွာ ဘုရားက သူ့ကိုလုပ်ကျွေးချင်လျှင် သူအို၊သူနာများကို လုပ်ကျွေးပါလို့ ဆုံးမခဲ့ပါတယ်။ ”မြတ်စွာဘုရားရှင်၏ အဆုံးအမကို နာခံမှတ်သားက မြတ်စွာဘုရားချမှတ်တော်မူခဲ့တဲ့ အဆုံးအမလမ်းစဉ်အတိုင်း သူအို၊ သူနာများကို တတ်စွမ်းသမျှ ငွေကြေး၊ အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး၊ နေရာထိုင်ခင်းများကို ပေးလှူခြင်း အားဖြင့် ကုသိုလ်ပြုသင့်ပါတယ်။

ထိုသို့ ကုသိုလ်ပြုလုပ်ပေးမည်ဆိုပါက မိမိသည်လည်း ဖြစ်လေရာဘဝတိုင်းမှာ ဆေးဝါးလှူဒါန်းခြင်းကြောင့် အနာရောဂါများကင်းရှင်းစေခြင်း၊ အဝတ်အထည်များပေးလှူခြင်းကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ပဒေသာပင်မှပေါက်သော အကောင်းစားအဝတ်အထည်များပေါများခြင်း၊ အစား အသောက်များကိုပေးလှူခြင်းကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဥာဏ်ပညာကြီးခြင်းစတဲ့ အကျိုး တရားများစွာကို ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် မြတ်စွာဘုရားချမှတ်တော်မူခဲ့တဲ့ အဆုံးအမကိုလက်ကိုင်ထားပြီး မြတ်စွာဘုရားရှင်ကို လုပ်ကျွေး ပြုစုတဲ့အနေနဲ့ သူအို သူနာများကို တတ်စွမ်းသမျှ ပေးလှူကြပါလို့ တိုက်တွန်းအသိပေးလိုက်ရပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦​❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ဗြိတိန်မှ လှုဒါန်းကြသူများ
၁။အရှင်ဇနက(အင်္ဂါမောင်)
၅၀ ပေါင်
၂။ကိုကိုမောင် (ပန်းရနံ့)
၅၀ ပေါင်
၃။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး
၅၀ ပေါင်
၎။ကိုကို ညီညီ (လန်ဒန်)
၄၅ ပေါင်
၅။အရှင်နာဂသေန (ဘာမင်ဂမ်)
၂၀ ပေါင်
၆။ဦးစိန်ဌျေး + ဒေါ်ဆွေဆွေဦး (ဘာမင်ဂမ်)
၂၀ ပေါင်
၇။ဦးတင်အောင်- မိသားစု (လန်ဒန်)
၂၀ ပေါင်
၈။မောင်နေလင်းအောင် (လန်ဒန်)
၁၀ ပေါင်
၉။မောင်အောင်မျိုးသန့် (လန်ဒန်)
၁၀ ပေါင်
၁၀။မသီတာထွန်း (လန်ဒန်)
၁၀ ပေါင်
စုစုပေါင်းလက်ခံရရှိဆဲ အလှုငွေ
၂၈၅ ပေါင်
အမေရိကန်နိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ
၁။ဦးတင်ရှိန် + ဒေါ်ချိုချိုရီ မိသားစု
၁၀၀ ဒေါ်လာ
၂။မနှင်းပွင့်
၁၀၀ ဒေါ်လာ
၃။မစန်းထွန်း
 ၃၀ ဒေါ်လာ
စုစုပေါင်းလက်ခံရရှိဆဲ အလှုငွေ
၂၃၀ ဒေါ်လာ
စင်ကာပူနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ
၁။ကိုညိမ်းနိုင်
၂၀၀ ဒေါ်လာ
၂။မခိုင်ခိုင်
၁၈၀ ဒေါ်လာ
၃။မဆွေမွန်ဦး
၁၀၀ ဒေါ်လာ
၎။ဦးကြည်ဝင်း+ဒေါ်အုံးသွင်၊ သမီး မအိသင်း
၁၀၀ ဒေါ်လာ
၅။နိုင်ချစ်စိန်+မိအုံးရီ၊ သမီး မိမြစန္ဒာ
၁၀၀ ဒေါ်လာ
၆။သဇင်ထက်အောင် ၊ မိုးမြင့်သူ
၁၀၀ ဒေါ်လာ
၇။ကိုအောင်ချို + မသန္တာဝင်း
 ၈၀ ဒေါ်လာ
၈။ကိုဘိုဘိုသောင်း + မအိန္ဒြာနီလာ
၅၀ ဒေါ်လာ
၉။မဖြူဖြူသန့်
၅၀ ဒေါ်လာ
၁၀။အိပ်ယာ
၅၀ ဒေါ်လာ
၁၁။ကိုရင် + မဒမ်ကိုး
၅၀ ဒေါ်လာ
၁၂။မနီလာ
၅၀ ဒေါ်လာ
၁၃။စေတနာရှင်တစ်ဦး
၅၀ ဒေါ်လာ
၁၄။မသင်းသီတာနွယ်
၅၀ ဒေါ်လာ
၁၅။မစုသဲဖြူ ၊ မလွင်လွင်ခိုင်
၅၀ ဒေါ်လာ
၁၆။မယဉ်
၃၀ ဒေါ်လာ
၁၇။စေတနာရှင်တစ်ဦးနှင့် မမြစန္ဒာ
၃၀ ဒေါ်လာ
၁၈။ကိုဇော်မျိုး + မ၀င်းမာထွေး
၂၅ ဒေါ်လာ
၁၉။ကန်ဒီခိုင်
၁၅ ဒေါ်လာ
၂၀။မစုစုလှိုင်
၁၀ ဒေါ်လာ
၂၁။မကော့ဆွမ် @ အားရှန်
၁၀ ဒေါ်လာ
၂၂။မရတနာ
၁၀ ဒေါ်လာ
၂၃။မခင်ယုယုလှိုင်
၁၀ ဒေါ်လာ
စုစုပေါင်းလက်ခံရရှိဆဲ အလှုငွေ
၁၄၀၀ ဒေါ်လာ
မလေးရှားနိုင်ငံမှ လှုဒါန်းကြသူများ
၁။ဇင်ငြိမ်းဦး
၁၀၀ ရင်းဂစ်
၂။နွေတေးရှင် @ မင်းဧရာ
၁၀၀ ရင်းဂစ်
၃။မောင်ဘုန်း+ကောင်းကင်ဖြူ
၁၀၀ ရင်းဂစ်
၎။ကိုရင်+မဒမ်ကိုး
၁၀၀ ရင်းဂစ်
၅။မိုးဇက်
၅၀ ရင်းဂစ်
၆။
၅၀ ရင်းဂစ်
၇။ကိုဖြိုးသူအောင်
၂၀ ရင်းဂစ်
၈။ကိုမျိုးသူအောင်
၂၀ ရင်းဂစ်
၉။ကိုစောဘီလူး
၂၀ ရင်းဂစ်
၁၀။ကိုအေးချမ်း
၁၅ ရင်းဂစ်
၁၁။ကိုကရင်
၁၀ ရင်းဂစ်
၁၂။ကိုပြည့်ဖြိုး
၁၀ ရင်းဂစ်
၁၃။ကိုသာအေး
၁၀ ရင်းဂစ်
၁၄။ကိုကြည်မြင့်
၁၀ ရင်းဂစ်
၁၅။ကိုနေမျိုးထိုက်
၁၀ ရင်းဂစ်
၁၆။ကိုသိန်းထွန်း
၁၀ ရင်းဂစ်
၁၇။ကိုစိုးငယ်
၁၀ ရင်းဂစ်
၁၈။ကိုဖိုးချို
၁၀ ရင်းဂစ်
၁၉။ကိုသက်နိုင်ဦး
၁၀ ရင်းဂစ်
၂၀။ကိုရဲမင်းစိုး
၁၀ ရင်းဂစ်
၂၁။ကိုကျော်သူ
၁၀ ရင်းဂစ်
၂၂။ကိုမြတ်ဘုန်းအောင်
၁၀ ရင်းဂစ်
၂၃။ကိုပေါက်စ
၅ ရင်းဂစ်
စုစုပေါင်း လက်ခံရရှိဆဲအလှုငွေ
၇၀၀ ရင်းဂစ်
ထိုင်ဝမ်နိုင်ငံမှ လှုဒါန်းကြသူများ

၁။မသဇင်ဟန်၊ မယုယုဟန် မိသားစု
၃၀၀၀ ဒေါ်လာ (TWN)
၂၊မသိန်းသိန်းအေး
၁၀၀၀ ဒေါ်လာ (TWN)
၃။မမြတ်မွန်နှင့် သူငယ်ချင်းများ
၁၀၀၀ ဒေါ်လာ (TWN)
စုစုပေါင်း လက်ခံရရှိဆဲ အလှုငွေ
၅၀၀၀ ဒေါ်လာ (TWN)
ဂျပန်နိုင်ငံမှ လှုဒါန်းကြသူများ
၁။မခင်ချိုဝင်း
၁၀၀၀ ယမ်း
၂။မနီနီလွင်
၁၀၀၀ ယမ်း
၃။မကြည်ကြည်လွင်
၁၀၀၀ ယမ်း
၎။မဇာခြည်လင်း
၁၀၀၀ ယမ်း
၅။မရီနာ
၁၀၀၀ ယမ်း
၆။မမီမီသန်းဌေး
၅၅၀၀၀ ကျပ် (၀ှီးချဲလ် တစ်စီး)
စုစုပေါင်း လက်ခံရရှိဆဲ အလှုငွေ
၅၀၀၀ ယမ်း + ၅၅၀၀၀ ကျပ်
 
အိန္ဒိယနိုင်ငံမှ လှုဒါန်းကြသူများ
 
၁။အရှင်ဝိမလ
၁၀၀ ဒေါ်လာ (US)
၂၊အရှင်သုဇာတ
၈၀,၀၀၀ ကျပ်
စုစုပေါင်းလက်ခံရှိသော အလှုငွေ
၁၀၀ ဒေါ်လာ + ၈၀,၀၀၀ ကျပ်

3 comments:

ပန်းချီ said...

မဒမ်ရေ..ပို့စ်အသစ်က လင့်ခ်မတက်လာဘူး။ လာကြည့်မိမှပဲ သိတော့တယ်။ အလှူငွေကောက်ခံနေကြတာ မသိလိုက်ဘူး။ လှူလို့ရသေးလားဟင်? ကောင်းလိုက်တဲ့ အလှူပွဲလေးး)

8Yar said...

သာဓု၊ သာဓု၊ သာဓု ပါခင်ဗျာ။ ဖတ်မှတ်သွားပါတယ် အစ်ကိုရင်နဲ့ အစ်မကိုးရေ.... ပါဝင်ခွင့်ရလို့ ကျေးဇူးပါခင်ဗျာ။

နွေတေးရှင် (မင်းဧရာ) said...

ကိုရင်+မဒမ်...
ပြုခဲ့ပြီးပြီဖြစ်သော ပြုနေစဲဖြစ်သော ကုသိုလ်ကောင်းမှု့ အစုစုတို့ကြောင့် ကောင်းကျိုးဟူသမျှကိုသာ ခံစားရပါစေဗျာ။

Related Posts Plugin for WordPress, Blogger...