Saturday, February 11, 2012

ဒီစာကိုမဝေရင် သတ်ပစ်မယ်

ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ကြုံခဲ့ဘူးပါတယ်။“ဘယ်ဆရာတော်ကြီးရဲ့ အိပ်မက်အရ ဒီစာကို အစောင်တစ်ရာရေးပြီး ပြန်ဝေငှပါ။ဝေတဲ့သူ ထီပေါက်မည်။မဝေတဲ့ မိသားစုကတော့ အိမ် မီးလောင်မယ်။ဖခင် ဆုံးမယ်”နဲ့ ကျွန်တော်တို့ စာတွေ ရခဲ့ဖူးပါတယ်။ရခါစတုန်းကတော့  တကယ် ကြောက်ကြောက်လန့်လန့်နဲ့ စာအရွက်တစ်ရာ သေချာကူးပြီး သူငယ်ချင်းတွေရဲ့ လွယ်အိတ်တွေထဲ မသိအောင် လိုက်ထည့်ပါတယ်။နောက် အသက် ကြီးလာတော့ အယုံအကြည်မရှိတော့ပဲ တခြားတစ်ယောက်က လာပေးရင်တောင် နှပ်ချေးသုပ်ပြီး လွှတ်ပစ်ပါတယ်။

အခုနှစ်တွေ ဒီလောက် ကြာလာမှ ဒါမျိုး ကြုံလာရပြန်ပါပြီ။တက္ကသိုကျောင်းသားတွေဆီကို “ဒီစာကို မဝေရင် သတ်ပစ်မယ်”ဆိုပြီး email တွေ ၊ ဖုံး sms တွေနဲ့ပါ ၀င်လာပါတယ်။အသက်အရွယ်အရ စဉ်းစားချင့်ချိန်တတ်တဲ့ အရွယ်ကို ရောက်နေကြပြီဖြစ်တာကြောင့်တစ်ကြောင်း၊အယုံအကြည် မရှိတာက တစ်ကြောင်းကြောင့် တစ်ချို့ ကတော့ delete လုပ်ပစ်ကြပါတယ်။တစ်ချို့ ကတော့ သူငယ်ချင်းတွေကို နောက်ပြောင်ချင်တာကြောင့် ပြန် လည် ဝေမျှကြပါတယ်။အခု အဲ့ဒီမေး ရရှိလာပြီး တကယ်ကြုံတွေ့လာရတာက ပြန်ပြီး မဝေမျှတဲ့ လူတွေဟာ ချိန်းကြိုးနဲ့ရစ်ပတ်ပြီး ရက်စက်စွာ စိတ္တဇ ဆန်ဆန် အသတ်ခံနေရတာပဲ။ဘာလုပ်ရမလဲ..ပြန်ပြီး share ရမလား မသိတော့လောက်အောင် ဇဝေဇ၀ါ ဖြစ်နေတယ်။

နောက်ဆုံး ရဲတွေအထိ ဘယ်လိုဖြေရှင်းရမှန်း မသိတော့လောက်အောင် ထိတ်လန့်စရာ ကောင်းလှပါတယ်။ရှေ့ ကို ဘာဆက်ဖြစ်မလဲ သိချင်ရင်တော့ သင်ကိုယ်တိုင် အောက်ကလင့်မှာ ဆက်လက် ရှုစားနိုင်ပါတယ်မိတ်ဆွေ။တကယ်ကောင်းတဲ့ ရုပ်ရှင်ပါ။ဒီရက်တွေ စာရေးချင်စိတ်လည်း နည်းနေ တာကြောင့် ရတာလေး ပြန်မျှပါတယ်။ကောင်းမကောင်း သိရအောင် အောက်မှာ movie trailer ကို ထည့်ပေးထားပါတယ်။full movies ကြည့်လိုသူများကတော့ အောက်ကလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား။

Chain Letter' Trailer HD 

37 comments:

Angelhlaing(May everybody be happy and healthy! said...

အဲလိုမေးလ်တွေ ဝင်လာရင် ညီမလေး ကတော့ ခပ်တည်တည်ပဲ မသိချင်ယောင်ပြီး မဝေပါဘူးအကို...:):) ရုပ်ရှင်တော့ ကြည့်လိုက်အုံးမယ်အကို...:D

rose said...

At first, when I'm reading your post, I thought it's real. Aww... it's about a movie. You scare me :D. Thanks for the review.

အလင်းသစ် said...

အောင်မယ် မဝေရင် လူပျိုကြီးဖြစ်ပြီး အထီးကျန်မယ်ဆိုလို့ လန့်ဖျန့်ပြီး ဝေလိုက်တာ ..ဘားးးးးမှမထူးဘူး..ယပင့်နဲ့ ယရစ်ပဲ ကွာသွားတယ်.. အထီးကျန်တာကတော့ ကျန်တာပဲ.. အဲတော့ မဝေတော့ဘူး..ဟီးးးး

အိမ်မက်စေရာ said...

ဝေး ကိုရင်ရေ...
ဒီလို ကားမျိုး အိမ်မက် တအားကြိုက်တယ်.. trailer ကားဆိုရင် ဘာမမစဉ်းစားဘဲ တန်းကြည့်တယ် တခါတလေ တော်တော်မကောင်းတဲ့ကားတွေနဲ့ တွေ့ရတယ်.. ခုလို ဝေမျှတာ ကျေးဇူးပါ ..နောက်များ ဒီလိုကားတွေ ရှိရင်လဲ ဝေမျှပေးပါလို့ ..
ခင်တဲ့
အိမ်မက်စေရာ

မေဓာဝီ said...

ကြောက်စရာဇာတ်လမ်းဆိုရင် မကြည့်ဝံ့ဘူး ကိုရင်ရေ ... ဒို့များက အသက်သာကြီးတာ အသည်းက ခပ်ငယ်ငယ် ဟက်ဟက် :))

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အဲ့လို လူသတ်ကားတွေကြည့်ရဲဘူး... ကြောက်တတ်တယ်

မိုးသက် said...

ဟုတ်တယ် တစ်ခါတစ်လေဆိုရင်.. ဘယ်ဘုန်းကြီးပြောတဲ့ သတင်းပါ ဘယ်နှယောက်ကို ဝေပါ မဝေလို့ ဘယ်သူတွေဘယ်လိုဖြစ်ကုန်ပြီ.. ဘာညာနဲ့..။ ဝေတဲ့သူကရှိသေးတယ်ဗျာ.။ သာသနာကိုညစ်နွမ်းအောင်လုပ်နေသလိုပဲနော်.။ ရတနာသုံးပါးက ခိုက်တယ် ဆိုတာမှ မရှိပဲ နော့ ကိုရင်

blackroze said...

သူများကသရဲတို့လူသတ်တာတို့
လုံးဝမကြောက်ဘူး
ကြည့်မယ်...

လင်းဦး(စိတ်ပညာ) said...

အင်း... Game တစ်ခုနဲ့ လူတွေရဲ့ ယုံကြည်မှု၊ စိုးရိမ်မှုအပေါ် အခွင့်အရေး ယူလိုက်တာပါ။ ဒီလိုမျိုးတွေကိုတော့ ဝေလဲမဝေဘူး။ ရှောင်လည်း ရှောင်တယ်။

AH said...

အမငီး.... ခေါင်းစဉ်ဖတ်ပြီး လန့်လိုက်တာ ကလူ ကလူ.... ရုံးဆင်းတော့မှ ကိုရင်ညွှန်းထားတဲ့ ကားလေး ကြည့်မယ် :)

သူကြီးမင်း (တုံးဖလား) said...

ဒါ ဘလော့ဖတ်သူတွေကို ကြောက်လန့်စေမှုဘဲ။

ဒါနဲ့..
ဟိုတစ်နေ့က လက်ခံရရှိထားတယ်ဆိုတဲ့ ဘိုးတော်တစ်ပါးရဲ့ အိပ်မက်အကြောင်းစာကိုကော အနည်းဆုံး ၇ ယောက်လောက် ဝေပြီးပြီလား။ မဝေသေးရင်တော့....း)

မောင်ဘုန်း said...

ဟုတ် ...... ကြည့်နေပါတယ် အခုထိ တော့ ကြောက်စရာပြ ကွက် ထွက် မလာသေးဘူးရော ....

Mrs. Bagel said...

ကြည့်ဦးမယ်။ :)
ငယ်ငယ် က အဲလို မေးလ်တွေဝင်ရင် အရမ်းစိတ်ပျက်တယ်။ အရေမရ၊ အဖတ်မရနဲ့။

ပန်းချီ said...

ကိုရင်..ကိုယ်လည်းဘာမှမလုပ်မိသေးပါလား...
ခေါင်းစဉ်မြင်တာနဲ့လန့်ထာ...။

တာဝန်အရပြောရတာမို့ စိတ်မရှိပါနဲ့ဗျာ...းDးDးD

နွေလ said...

တားကတော့ စိတ္တဇဆန်တဲ့ဇာတ်ကားတွေ
အရမ်းကြိုက်တယ် ဦးကိုရင်ရေ . .
အရင်ကတော့ စာတွေ ရဖူးပါတယ်

စံပယ်ချို said...

ကိုရင်ရေ
မဝေရင်သတ်မယ်ဆိုလို့ ကြောက်ပြီးအမြန်လာခဲ့တာ
သတ်တော့မသတ်ပါနဲ့
သရဲကားတွေဆိုရင်ကြိုက်မှကြိုက်ပဲ
လုံးဝမကြောက်ဖူးကြည့်မယ်........

လွင်ပြင်လှိုင်းငယ် said...
This comment has been removed by the author.
လွင်ပြင်လှိုင်းငယ် said...
This comment has been removed by the author.
လွင်ပြင်လှိုင်းငယ် said...

အမေလေး သတ်မှာစိုးလို့ လာကြည့်တာ
သရဲကားဆို အရမ်းကြိုက်

နေ၀သန် said...

သြော်ကွယ်... ဇာတ်လမ်းကြော်ငြာဖြစ်နေတာကိုး.. :D

ခင်မင်လျက်
နေ၀သန်

ချောကလက်ကျူးပစ်လေး said...

လေးလေးကိုရင်ရေလန့်လိုက်တာ...ဗျာ
ခေါင်းစဉ်ကြီးက
ပီားးပီားးသားတို့ဆီမှာတော့သတ်မယ်တောမပြောဘူးကံဆိုးမယ်ဘာညာပေါ့ခဏခဏလာတယ်။
ဖုန်းထဲလဲလာမေးလ်ထဲလာ....တစ်ခါမှပြန်ဘူး...။

ဇာတ်ကားကိုတော့ကြည့်ချင်တယ်..ဒါပေမယ်လိုင်းကကောင်းရှာဘူးလေ....:)

ညီရဲသစ် said...

အသတ်တော့ မခံဘူး... ရုပ်ရှင်ကို ကြည့်ဖြစ်အောင်ဘဲ ကြိုးစားမယ်...

laylwintlu said...

ဧုတ်ကဲ့ မကြည့်ရင်သတ်ပစ်မယ်တော့ မဟုတ်လာက်ပါဘူးနော်..ရင်ဒိုး..တဲ့ကွ

အဖြူရောင်နတ်သမီး said...

ကြောက်လယ်..
ဝေပါ့မယ်..
ဒူ..ဝေ..ဝေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီစာကို မဝေရင် သတ်ပစ်မယ်ဆိုလို့ အမြန်ဝေမလို့ ကြောက်ကြောက်နဲ့ အပြေးအလွှားလာခဲ့တာ
လက်စသပ်တော့ ရုပ်ရှင်ဖြစ်နေပေသကိုး
လန့်လိုက်တာ ကလူကလူ...
အညွှန်းကောင်းတာနဲ့ အတော်ကို စိတ်ဝင်စားတယ်။.
ကြည့်ဖြစ်အောင်ကြည့်ဦးမှာ

Candy said...

ဘုရား တရား.. ခေါင်းစဉ်ကြီး ဖတ်ပြီး ခပ်လှန့်လှန့်လာဖတ်ရတယ်
တော်သေးတယ် ဇာတ်လမ်းဖြစ်လို့..
မသိပါဘူး.. ကိုရင် တယောက် စီပုံးမှာ ဗုံးနဲ့ ခြိမ်းခြောက်တာ အားမရလို့ ပိုစ့်တင် ခြိမ်းခြောက်တယ် ထင်တာ ကွိကွိ

mstint said...

ဇာတ်လမ်းကြည့်ဘို့စဉ်းစားတုန်းပုံမြင်လိုက်တာနဲ့
ကြည့်တော့ဘူးကွယ်။ အသက်ကြီးတော့ဆင်ခြင်
ရတယ် ကိုရင်ရဲ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

အတော်လုပ်ပါ ကိုရင်ရယ်)))၀။

Thameesan said...

မဝေရင်သတ်ပစ်မယ်တဲ့...
သင်တုန်းဓားနဲ့လားး))
သရဲကားတော့ကြည့်ပါဘူး
ကိုယ့်လောက်ရုပ်မဆိုးတော့
ကြည့်ရင်းကြည့်ရင်း.ရယ်ချင်လို့ပါ :P

လာမယ့်ရက်အနည်းငယ်အတွင်းမှာ
များများစားဖို့မျှော်လင့်ထားပါကြောင်း..း)

ချစ်ခင်လျှက်

SHWE ZIN U said...

ရူပါလန်း လို့ သာမန့်သွားတာ ကိုးနတ်ရှင် မကောင်းလို့ ကြည့်မရဘူး

Han Kyi said...

အင်း ခက်တော့သကိုး...သူ့ဖာသာ အားလို့ မေးလ်ပို့တာကို လက်ခံမိတဲ့သူကပဲ ပြန်ပို့ရဦးမတဲ့...လာပစေဦး...အဲဒီလောက် မျောက်ခြောက်တဲ့ ငတကို လေးခွနဲ့ကို တွယ်လွှတ်လိုက်မယ်း)

San San Htun said...

ကြောက်စရာကြီး ကြည့်ဘူး..သတ်ချင်သတ်ပစ်လိုက် ဝေဘူး..

8Yar said...

ဟီး.... တကယ်များလို့ လက်စသတ်တော့ ရုပ်ရှင်ကြော်ငြာကိုး လန့်သွားတာပဲ။ ဟိဟိ...

မောင်သီဟ said...

အမ်လေး ကြောက်စရာ လန့်စရာ
း)
မေးလ်ပို့ဖို့နေနေသာ
ဖတ်ဖို့တောင်အားဖူး
ဘလော့ပို့စ်တွေပဲဖတ်မှား)း)

Z@! said...

အဲ့လိုစာမျိုးလာလို့ကတော့ ဝေဘူး သတ်ချင် သတ် မဝေဘူး။။
ဒါပေမယ့် ရုပ်ရှင်တော့ ကြည့်ပါတယ် ကိုရင်ရေ။ ဒီလို စိတ္တဇကားတွေကတော့ သိပ်မကြည့်ဖူးဘူးဗျ။ SAW တို့ I know what you did last summer တို့ကို စိတ္တဇဆန်လို့ ရှောင်တယ်။
သရဲကားကတော့ လာထားပဲ။ ဟဲဟဲ ကြောက်ဘူး။ ကိုယ်တွေက သရဲထက် ရုပ်ဆိုးတာကိုး။

ဝေဖြိုးဟန်(အင်းစိန်) said...

ရုပ်ရှင်ကားလေးကို အညွှန်းကောင်းလို့ ကြည့်လိုက်ပါဦးမယ် ခင်ဗျာ

အမ်တီအန် said...

ရုပ်ရှင်ကြည့်ရင်း ဆုတောင်းခဲ့ပါတယ်။

မဒိုးကန်တို့မောင်နှံရဲ့ နှစ်ပတ်လည်နေု့မြတ်မှသည် ရာသက်တိုင် အေးအတူပူအမျှ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ...။

Related Posts Plugin for WordPress, Blogger...