Monday, January 30, 2012

ဇာတ်ပွဲ

ဘိုငြိမ်းရေ...
ခင်ဗျားရဲ့ အဖြစ်ကလည်း ပြောရမှာ ခပ်ခက်ခက်ပဲ.။မျောက် အုံးသီးရနေတယ်လို့ ပြောရမလား..၊ဒါမှ မဟုတ် သေမဲ့နှစ်မှ စစ်ထဲလိုက်တယ်လို့ ခေါ်ရ မလား။လိပ်တက်ကင်မရာကြီး တကားကားနဲ့.၊ဒီလို လက်သရမ်းပုံနဲ့ဆို ရွှေပြည်ရောက်ရင်တော့ သတိထားဖို့လိုလိမ့်မယ် ဘိုငြိမ်း..။ဘာလုပ်လုပ် ဘာ- -ကိုင်ကိုင် လိုင်စင်ရှိရမယ်ဆိုတဲ့ ခေတ်ကြီးထဲမှာ ခင်ဗျား အမှီကောင်းကောင်း ရှာနေတာကို ကျွန်တော် မအံ့သြတော့ပါဘူး။ဒါပေမဲ့ဗျာ တောင်- -လား မြောက်လား ဆိုတာတော့ ကွဲကွဲပြားပြား သိထားသင့်တယ် မဟုတ်ဘူးလား..။

ကျွန်တော်လား...
အရင်အတိုင်းပဲ ဘိုငြိမ်း..။ဆေးလိပ်ပြာခွက်ထဲမှာ ကျွန်တော်တို့ ဘီယာသောက်ခဲ့တဲ့ညကို မှတ်မိသေးလား။အဲဒီအတိုင်းပဲ.။ခပ်ပေါပေါ အလုပ်တွေ လုပ်နေတုန်းဗျာ။အရင်လိုပဲ ခပ်ကြောင်ကြောင်တွေ စိတ်ကူးတုန်း..။ဝမ်းသာအားရနဲ့ “ဒါမှ ငါ့သူငယ်ချင်း ပီသပေမယ်လို့” ရင်ဘတ်စည်တီးနေတယ် မဟုတ်လား။ ကျွန်တော်မကြိုက်တာ အဲ့ဒါပဲ ဘိုငြိမ်းရ..။ခင်ဗျား နှာခေါင်းနား ကပ်လာတဲ့ ဆေးလိပ်ငွေ့တွေကို ယပ်ထုတ်နေတာနဲ့ လေက သန့်သွားရောတဲ့လား.။အသက်ရှု လိုက်တိုင်း ပြူးဝါးအောက်စီဂျင်ပဲ ပါတယ်ထင်ရင်တော့ ခင်ဗျား လုံးဝမှားနေပြီ။ဒီနေ့ခေတ် စက်ရုံတွေက ထုတ် လွှတ်နေတဲ့ ကာဗွန်ဓါတ်ငွေ့တွေက မက်ထရစ်တန် နှစ်ရာ့နှစ်ဆယ်ကျော်ရှိတယ်။အဲလိုပဲ မော်တော်ကားတစ်စီးဟာ မိုင်ပေါင်း တစ်သိန်းခွဲ သက်တမ်း မှာ ဆီလီတာပေါင်း တစ်သောင်းသုံးထောင် ငါးရာကျော် သုံးစွဲပြီး အဲဒီကားတစ်စီးထဲက ကာဗွန် ဒိုင်အောက်ဆိုဒ် သုံးဆယ့်ငါးတန်နီးပါး ထုတ်လွှတ် တယ်။ဒီနေ့ ကမ္ဘာကြီးထဲမှာ ကားအစီးပေါင်း သန်းခြောက်ရာကျော် လမ်းပေါ်ရောက်နေပြီဆိုတော့ကာ ခင်ဗျား စဉ်းစားသာ ကြည့်ပေတော့..။တခြား မီးဖိုချောင်က ဘာညာနဲ့ ပေါင်းလိုက်ရင် ဒီကာဗွန်ဒိုင် ဓါတ်ငွေ့တွေ ပျောက်သွားဖို့က နှစ် တစ်ရာကျော်လောက် အချိန်ယူရမယ်။အဲဒီတော့ ခင်ဗျား စောစောက ရှုလိုက်တဲ့ အဲဒီအောက်စီဂျင်ဆိုတာတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ သဘာဝတရားကြီးက စနစ်တကျ မစ်ဇ် လုပ်ထားပြီး သားပဲ ကိုယ့်ဆရာ..။

ဘိုငြိမ်း..ခင်ဗျားကတော့ ကျွန်တော် မဖြေနိုင်တာတွေထပ်မေးပြန်ပြီ။သိသလောက် ပြောရရင် အဲဒီကိစ္စမှာ နိုင်ငံရေးလုပ်သူရယ် နိုင်ငံရေး လုပ်စားသူရယ်ဆိုပြီး နှစ်မျိုးရှိတယ်ဗျ။ဝေလေလေတွေကိုတော့ ထည့်မတွက်ဘူးပေါ့ဗျာ။

 
နိုင်ငံရေးလုပ်သူတွေနဲ့ နိုင်ငံရေးလုပ်စားသူတွေကြားထဲက ကွာဟချက်က ( ၄/ဂ )ဆိုတဲ့ ကားနံပါတ်ကြီးများ ဖြစ်နေမလား။ခေတ်ရဲ့တောင်းဆိုမှု အရဆိုရင်တော့ ကျွန်တော်တို့တွေ ဟိုပြည်သူချစ် လူရွှင်တော်ကြီးနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံ အိမ်ဦးခန်းမှာ ချိတ်ထားရမယ်။လိုလိုမယ်မယ်ဆိုတဲ့ အရာတွေဟာ တကယ်တမ်း လုပ်ဆောင်တဲ့အခါ ဘယ်တော့မှ မလိုအပ်တတ်လို့“ဒါမှ ဒို့အကိုကြီးကွ”လို့ လက်သီးလက်မောင်းတန်းပြီး အော် တတ်ဖို့လည်း လိုမယ်။မိုးလေ၀သ အခြေအနေအရ “အဘကိုလည်း ပူဇော်တတ်ရမယ်”။ ဗေဒင်ကိန်းခန်းတွေအရ ဆိုရင်တော့ ၂၀၁၂ထဲမှာ သကြားမင်းက မနေတတ်မထိုင်တတ် လျှာနှစ်ခွနဲ့သတ္တ၀ါကြီးကို စီးထားတယ်ဆိုတော့ အကောင်းဆုံးယတြာအနေနဲ့တော့ ညာဘက်ပုခုံးပေါ်မှာ ထီးထမ်းပြီး လမ်းပေါ်လျှောက်နေရမယ်လို့ ညွှန်းထားတယ်ဗျ။
ဒါက ရှင်းရှင်းလေးပါ ဘိုငြိမ်း..။
ပေါက်နေတဲ့ အိုဇုန်းလွှာကြီးကို တက်ဖာဖို့ ခေါင်းချင်းရိုက်နေကြမဲ့အစား သစ်တစ်ပင် ထစိုက်လိုက်တာဟာ ပိုထိရောက်ပါတယ်။အဲလိုပဲပေါ့..။ “အဂတိ လိုက်စားမှု ပပျောက်ဖို့ မင်းငါ့ကို ဘယ်လောက်ပေးမှာလဲ” လို့ ကမ်းလှမ်းနေသမျှ အဂတိလိုက်စားမှု  ပျောက်ကွယ်မှာမဟုတ်သလို ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်လို့ ခေါင်းစဉ်တပ်နေသမျှ ကျုပ်တို့တွေ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဝေးနေကြအုံးမှာပါပဲ..။

ကဲ..ဘိုငြိမ်းရေ..အပြင်မှာ နေသာတုန်း အိမ်ထဲမှာ မိုးညအိပ်မက်မြူဓါတ်ရှင် ကြည့်လိုက်အုံးမယ်ဗျာ။ဘာမှ မဆိုင်ဘူးလို့တော့ ခင်ဗျား မလုပ်နဲ့နော်။ အသေချာဆုံး တစ်ခုက ဒီစာကိုရေးတဲ့ ကိုရင်ဟာ ကိုရင်ဖြစ်တယ် ဆိုတာပဲပေါ့ဗျာ...

လေးစားစွာဖြင့်
ကိုရင်
20:24(GMT)

25 comments:

သူကြီးမင်း (တုံးဖလား) said...

ဒီဇာတ်ပွဲမှာ ကိုရင်တစ်ယောက် မင်းသားဖအဖြစ် သရုပ်မဆောင်ရဘဲ လိုက်ကာဆွဲဘ၀နဲ့ဘဲ အရိုးထုတ်ခဲ့တယ်ထင်ပါ့။ လက်ဝါးပြင်မှာ ကြိုးရာကြီးနဲ့။း)

San San Htun said...

မိုးညအိမ်မက်ဖြူ ကောင်းမကောင်း ညွှန်းပါဦးနော်

AH said...

ကားတစ်စီးက ပေါင်းစပ် အဲလောက် ကာဗွန် မိုနောက်ဆိုဒ်တွေ၊ ဒိုင်အောက်ဆိုဒ်တွေ၊ ထရွိုင်အောက်ဆိုဒ်တွေ ထုတ်နိုင်တယ်ဆိုတာ ခုမှပဲ သိတော့ သဗျို့.......

မည်သို့ပင်ဖြစ်စေ သစ်ပင်စိုက်ရန်၊ သစ်စေ့ တစေ့ရသွားသို့ ကျေးဇူးပါဗျာ........

မောင်ဘုန်း said...

သြော် ...... ၄/ဂ တောင် ဖြစ်ကုန် ပြီလား ....

မီးမီးငယ် said...

အင်း...
ကိုရင်ကြီးရေဒေါ်မီးဖတ်ပြီး..။
နားမလည်ဘူး...။
တောသားလေဟယ်..။
ပိန်းတယ်ဆိုပါတော့..။
မိုးညအိပ်မက်မြူဓါတ်ရှင်..ဆိုတာဆက်ရေးပါအုံးလေ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဆောင်းတစ်ည ကြည့် အဘရင် ... မိုးညအိပ်မက်မြူက သိပ်ကြောက်စရာမကောင်းဘူး...နေသာနေချိန်လေးမှာဆောင်တစ်ညကြည့်ဖြစ်အောင်သာကြည့် ကြည့်ပါ...

စံပယ်ချို said...

မိုးညအိပ်မက်မြူ ဆိုတာလာလဲ
မသိလို့ပါ
အတော်လေးနေကောင်းနေပါပြီး
သိပ်ပြီးစားမကောင်းဘူး
အိပ်မကောင်းဘူး အဲတာလောက်ပါပဲ
ကျေးဇူးကိုရင်ရေ

မိုးသက် said...

စာလေးကောင်းပုံကတော့ ကလိကလိနဲ့နေတာ
ပဲ အဟက်....

mstint said...

၂၀၁၂-ခုနှစ်အတွက် တီတင့်ရတဲ့ယတြာကတော့
လပြည့်(၃)ကြိမ်တိတိဆက်တိုက်ဘဲဥပြုတ်တစ်လတစ်လုံး
နှုန်းအတိုင်း(၃)လုံးပြည့်အောင်စားရင် ယတြာကြေပြီ
ကိုရင်နဲ့မဒိုးရေး)။ ကိုရင်ပြောသလို
ထီးထမ်းလိုကလည်းထမ်းပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ကောင်းမှ ကောင်း

kokoseinygn said...

မောင်ရင် ကတော့
စာေ၇းအတော်ကောင်းတယ်။

Candy said...

ကင်မရာကြီးနဲ့ လူကြီးက တော်တော်ရေပန်းစားနေပါလား.. ဟဟ..

ကိုရင် စာရေးကောင်းသည်။
မဒမ်လည်း ကောင်းသည် (ကြောက်ရတယ် အဟိ)

Candy said...

ခုမှ အကုန်ဖတ်ပြီးလို့ ထပ်မန့်တာ ဟီး
Read more ကိုမတွေ့တော့ ပြီးသွားဘီထင်လို့ မန့်လိုက်တာ

အဆုံးထိဖတ်ပြီးတော့ ပိုကောင်း၏..
ပြောချင်တာလေး ပိုနားလည်သွားတယ်

ရူပါအရမ်းလန်းတော့ နှစ်ခေါက်မန့်သွားတယ် ဟဟ xD

မိုးဇက် said...

ကောင်းတယ် ၊ ရေးချက်က လန်ထွက် ၊ လျှံကျ နေတာပဲ ။ ကိုရင်ကိုတော့ ခိုက်သွားပီ ( အရေးအသားကိုပြောတာနော် )

ဂီတအနုပညာရှင်ကြီး
မိုးဇက်

ညိမ်းနိုင် said...

အိမ်းးးးးးးးးကိုရင်.....ကျုပ်ဖြင့် ဘာပြောရမှန်းကို မသိ
တော့ပါဘူးဗျာ...၊ခင်ဗျားလို ဘေးမှ မဒမ်မရှိတော့လည်း
ကင်မလာဂျီးပဲအဖော်ပြုရမှာပဲဗျိုးးးးး:)))

မင်္ဂလာ မောင်မောင်ကြီး said...

ဟိုက်ရှားဘား.. ပုဆိုးကို ခါးတောင်းကျိုက် ဂူဂဲလ်ကိုဝင်မွှေ တွေ့သမျှ ဘလော့လင့်ခ်ကို ကြည့် ဟိုဝင်ဒီထွက်နဲ့ ဒီဘလော့ ရောက်လာ ပါတယ်ဗျာ။ တောင်စဉ်ရေမရ လှည်းတန်း ဈေးသူ မသဲအူ သာသာ ပေါက်တတ်ကရ ဘေးတီး သွေးမကြီးတဲ့ ကိုရင်ရဲ့ အရေးအသားတွေ ဖတ်သွားပါတယ်။ ဘိုငြိမ်းတဲ့ တသဝေမတိမ်း ယောင်တောင်တောင် ပို့စ်၊ မိုးညအိမ်မက်မြူ အူတူတူနဲ့လည်း ပါလိုက်သေးတယ်။ ဆက်ရေး ကိုရင်ရေ.. ဆက်သာရေး ဘာမှ မထူးတဲ့ ဝေလေလေ ဘလော့ဂါများ အကြိုက် ..ဘလော့ဂင်းလုပ်လေဦးတော့...။

မင်္ဂလာ မောင်မောင်ကြီး ရေးသွားသည်။

blackroze said...

ဘာရေးထားမှန်းကိုမသိဘူး
သူများသေချာသိတာဆိုလို့
မိုးညအိမ်မက်မြူ
ဇာတ်လမ်းဘဲ..
အဲကားလေးကောင်းတယ်
နေတိုးရယ် စိုးပြည့်သဇင်ရယ်
မိုးဟေကိုရယ်..သဉ္ဖာဝင့်ကျော်၇ယ်..လေ

မောင်မောင် said...

ဂွတ်တယ် ဗျို. ဇတ်လမ်းလေးက

ပန်းချီ said...

I love reading second to the last paragraph Ko Yin :)) What a great play!
Pls extend my regards to my lovely madam win :D

Rgds,
MPC

မိစံ said...

ဘိုငြိမ်းနဲ့..ဘိုရင်..စတွေ့တာဘဲး)
စိုးပြည့်သဇင်အကယ်ဒမီရတဲ့
မိုးညအိမ်မက်မြူ..
ကောင်းတယ်ကိုရင်
ဝတ္ထုလေးက.ပိုကောင်းတယ်း)

Han Kyi said...

ဗျိုး ကိုရင်...
ရေးထားပုံလေး ကြိုက်သဗျာ...
ညနေကပဲ ဒီချုပ်က အစည်းအဝေးတက်ဖို့ ဖိတ်သေးတယ်...အဲဒီတော့မှ ကိုရင့်ပို့စ်ကို ပြန်သတိရသဗျို့...နောက်တစ်ခေါက်ထပ်ဖတ်ရင်း တက်ရကောင်းနိုး မတက်ဘဲနေရ ကောင်းနိုးစဉ်းစားမိပါသေး...

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေးကြောင့်ရော.... ကွန်မန့်တွေကြောင့်ပါ ပြုံးရပါလားနော်...:):)

အလင်းသစ် said...

ရွှေယောက်ဖ ဟဲဟဲ... တိုးတိုးလေး ပြောသွားမယ်...
မိုက်တယ်.. :P

ညီရဲသစ် said...

ကဲ... ကျွန်တော်လဲ အိုဇုံးလွှာပေါက်တဲ့ အကြောင်းကို ဘာမှ မပြောတော့ဘူး... သစ်ပင် တစ်ပင်လောက်ဘဲ စိုက်လိုက်တော့မယ်...

အလွမ်းမြို့ said...

မောင်ထောင်းလေး။

အဲ..မှားလို့ မောင်တော်လေး ကိုရင် နဲ့ ဆရာလေး...မှားပြန်ပြီ ဒိုးကန်လေး။ ရောက်ခဲ့ပါကြောင်း မမ လင့်တွေသေနေ လူလည်းစိတ်တွေလေ နေလို့ခုမှ ရောက်ဖြစ်တယ်ကွယ်။ ကိုရင်က စာရေးကောင်း အပြောကောင်း ပါလား။ အားပေးနေလျှက်


ခင်မင်တဲ့
အလွမ်း

Related Posts Plugin for WordPress, Blogger...