Saturday, December 31, 2011

Happy Birthday ဒီဇင်ဘာ ..I love You ဒီဇင်ဘာ ...Goodbye My love.. ဒီဇင်ဘာ

ကျမတို့တစ်တွေ ဆောင်းနှင်းဖွေးဖွေးလေးတွေကျတတ်တဲ ဒီဇင်ဘာကိုချစ်ခဲ့ကြတယ်Sweet December တဲ့ ချိုသော ဒီဇင်ဘာအဖြစ်နဲ့ မွးနေ့ကို  နှုတ်ခွန်းဆက်ကြတယ်ဟက်ပီးဘက်ဒေးပါ ချိုသော ဒီဇင်ဘာ
 
တခါတလေမှာ သူက အးအေးလေးတွေနဲ့ ကြိုဆိုတတ်သလို တခါတလေ သူမပျော်တဲ့အခါ နှင်းမှုန် -လးတွေနဲ့ ကျီစယ်ပြန်တယ်သူ စိတ်ကောက်တဲ့အခါ နှင်းမှုန်တိုင်းကြမ်းကြမ်းနဲ့ အရိုးခိုက်အောင် ပညာပြ တတ်သေးတယ်ကလေးဆိုးကြီးတစ်ယောက်လို အင်မတန်ချစ်စရာကောင်းတဲ့ ဒီဇင်ဘာ




သူကိုကျမတို့ချစ်ကြတယ်သူရာက်လာတဲ့ အချိန်တိုင်း ကျမတို့ မှာ သက်တောင်သက်သာရှိလှတဲ့ နရက် -တွကို ပိုင်ဆိုင်ခဲ့ကြတယ်ကျမတို့ လွင်ချင်ရာကိုလွင့် မျာပိုင်ခွင့်ကို သက်တောင်သက်သာ ရှိလှအောင် သူဖန်တီးပေးထားတယ်ကျမတို့နှစ်သက်တဲ့ အရသာအထိအတွေ့လေးတွေကို သူဖန်ဆင်းပေးပြန်တယ်
 
ဒီဇင်ဘာရဲ့ နေရက်တော်တော်များများမှာ ကျမတို့ရဲ့ အမှတ်တရဓာတ်ပုံလေးတွေ ချိတ်ဆွဲခွင့်ရခဲသလို အ မှတ်တရလေးများလဲ ဒိုင်ယာရီအဖြစ် ရေးထိုးခွင့်ရခဲ့ကြတယ်သူရင်ငွေ့ကို ခိုလှုံခွင့်ရတဲ နေရက်များမှာ -ေ လာက အလှတရားကိုလဲ အေးချမ်းစွာခံစားနိုင်ကြတယ်ပန်းကလေးတွေရဲ့အလှ ငှက်ကလေးတွေရဲ့တေး ဆိုညကို ကျမတိုနာခံနိုင်ခွင့်ရှိခဲ့ကြတယ်။ ကျေးဇူးပါ ဒီဇင်ဘာ..ချစ်ရပါတယ် ဒီဇင်ဘာ


ခုတော ကျမတို့ ဒီဇင်ဘာကို ပြန်ခွဲကြရပြန်ဦးမယ်ဒီဇင်ဘာရဲ့  နောက်ဆုံးနေရက်များကို အလှတရားတွေနဲ့ - ဖြတ်သန်းချင်တာ ကုန်ဆုံးချင်တာကျမတို့အားလုံးဖြစ်ချင်တဲ့ဆန္ဒပါဒီဇင်ဘာရဲ့ ညနက်တွေကို ကျမတို့ ဆန်တာကလော့ရယ် နှင်းမှုန်တွေရယ် ရောင်စုံမီးလုံးတွေရယ်နဲ့ သာယာနာပျော်ဖွယ်JingleBellတေးသွားကိုသာအလိုရှိကြတယ်နာကျင်စရာ ကြောက်လန့်ဖွယ်အိပ်မက်ဆိုးတွေ မြင်ကွင်းတွေကို ကျမတို့ အလိုမရှိ ပါဘူး ဒီဇင်ဘာရယ်


ကြေကွဲငိုရှိုက်သံတွေ အထီးကျန်မှု့တွေ ခိုကိုးရာမဲနေတဲ့ မျက်နှာတွေကို ကျမတို့ မကြည်ရက်ဖူးဒီဇင်ဘာရယ်
အနာဂတ်မဲ့သွားတဲ ကောင်းကင်တွေကို လှမ်းကြည့်နေကြတဲမျက်ဝန်းတွေကို ကျမတို့ရင်မဆိုင်ရဲဘူး ဒီဇင် -ဘာဒီဇင်ဘာရဲ့နောက်ဆုံးနေ့ရက်တွေကို ကျမတို့နဲ့အတူ ပျော်ရွှင်ခွင့် ပေးပါလား ဒီဇငဘာရေ။




ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ကျမတို့ရဲ့မျှော်လင့်ချက်မီးတိုင်တွေကို ထွန်းညှိခွင့်ပေးပါ။မျက်ရည်စေ- တွကိုဖယ်ရှားဖို့ ခွန်အားတွေ ကျမတို့ကိုပေးပါ။ကမ်းလင့်တဲ့ နှစ်သစ်လက်တစ်စုံကို အရှိန်ပြင်းပြင်း အားအင် ခွင်းပြီး ဆွဲကိုင်ပြောင်းယူခွင့်ပေးပါ။
အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်မို့ ဒီဇင်ဘာ ရင်ခွင်ထဲကို ကျမတို့ ပြန်လာဦးမှာမို့လို့ ငါ့ကို ခွဲသွားရက်လေခြင်းလို့ထင်ပြီး နာနာကြင်ကြင်နဲ့ ဆွဲခါရမ်းမပစ် လိုက်ပါနဲ့ဒီဇင်ဘာ။နှလုံးသာနုနုတွေ သွေးချည်တွေဥလို့ မျက်ရည်တွေချောင်းစီး ရှိုက်သံတွေလွှမ်းနေတဲ့ တိမ်တိုက်တွေကို ပြန်တချက်လောက်ငဲ့ကြည့်ပေးပါဦး ဒီဇင်ဘာရယ်။


ကျမတို့ ဒီဇင်ဘာရဲ့ နေ့ရက်အစတွေကစလို့ ချစ်ခဲ့ကြတယ်။မျှော်လင့်ခဲ့ကြတယ်။တေးသွားတွေ စိတ်ကူးယဉ် အိပ်မက်တွေနဲ့ ဖြတ်သန်းဖို့ ကြိုးစားခဲ့တယ်။
ဒါကြောင့် ဒီဇင်ဘာရယ် တချက်လေးစောင်းငဲ့ကြည့်လိုက်ပါဦး။
တချို့တချို့သော လုပ်ရပ်တွေထဲမှာ မှန်တယ်လို့ ထောက်ခံပေမယ့် တချို့တချို့သောလုပ်ရပ်တွေမှာ အပြစ် မဲ့တဲ့ နှလုံးသားတွေ စတေးခံရတော့ မတရားဘူး ဒီဇင်ဘာရယ်။နေ့ရက်တွေကို အလှဆုံးရေးချယ်ပေးစမ်းပါ။ ခြယ်မှုန်းပေးစမ်းပါ။သာယာတဲ့ ကြည်လင်တဲ့ မိုးကောင်းကင်ကို အမေအိုတစ်ယောက် မြင်မြင်ထင်ထင် လှမ်း ကြည့်နိုင်အောင် ဖန်တီးပေးစမ်းပါ။အမေအိုရဲ့မျက်ရည်တွေကို ဒီဇင်ဘာ တကယ်ကြည့်ရက်လို့လား။တကယ် ခံစားရက်လို့လား။




အနာဂတ်ပြိုကွဲသွားတဲ့ တိမ်တောင်တွေ တစစီလွင့်မျောသွားတာ သိပ်လှနေတယ်လို့ ဒီဇင်ဘာခံစားရလို့လား။မရက်စက်နဲ့ဒီဇင်ဘာရယ်။




ဒီဇင်ဘာရဲ့ နေ့ရက်တွေမှာ ရက်တွေမှာ ကျမတို့ ချစ်တဲ့သူတွေမွေးဖွားခဲ့ကြတယ်။ဒီဇင်ဘာကိုချစ်တဲ့ ဒီဇင်ဘာ့ အလှတွေကို ပုံဖော်ပေးခြယ်မှုန်းပေးနိုင်တဲ့ ကလောင်ဓားသွားလက်တွေပိုင်ဆိုင်ထားတဲ့ အနုသုခုမစုတ်ချက်-တွေကို ခပ်ကြမ်းကြမ်းရေးဆွဲတတ်တဲ့သူတို့တွေလို  ဒီဇင်ဘာရဲ့ရင်ခွင်ကနေမွေးဖွား လာကြသူေ -တွ ရှိတယ်။ကျမတို့ချစ်တဲ့ဘလော့ဂါတွေပေါ့။


ဒီဇင်ဘာရယ်...သူတို့တွေရဲ့ရက်တွေကို ဆုတောင်းတဲ့အနေနဲ့ ချီးမြှင့်တဲ့ အနေနဲ့ ကျေးဇူးပြုပြီးပျော်ရွှင် စရာကောင်းတဲ့ ရက်တွေ နာရီတွေနဲ့အဆုံးသတ်ပေးပါ။ဂျင်ဂဲလ်ဘဲလ်တေးသွားမှာ ကျမတို့တစ်တွေ လိုက်ပြီး လှုပ်ရှားကခုန်ရအောင်ပါ။ကျမတို့အားလုံး ကမ္ဘာသူကမ္ဘာသားတွေအားလုံး ဒီဇင်ဘာရဲ့ ရင်ခွင်ထဲကနေ ထွက်မသွားချင်သလို ကမ်းလင့်တဲ့လက်တစ်စုံကို ကြိုဆိုကြရအောင်လို့ ကျဲချလိုက်တဲ့ နှင်းမှုန်တွေမှာ လင်း လက်မှုတွေပါ တခါထဲထည့်ပေးလိုက်ပါ ဒီဇင်ဘာ။


ကျမတို့တစ်တွေ ဒီဇင်ဘာကိုချစ်ပါတယ်။မခွဲချင်ပါဘူး ဒီဇင်ဘာ။ ဒါပေမယ့် ကျမတို့ ခတ္တခဏတော့ ခွဲနေ ကြရလိမ့်ဦးမယ်။အခြေအနေတစ်ခု အရပေါ့။ကျမတို့ပြန်တွေ့ကြတဲ့အချိန်တိုင်းမှာ ရင့်ကျက်လာတဲ့ ဒီဇင် ဘာရယ် အိုမင်းလာတဲ့ ကျမတို့ရယ် ပြန်တွေ့ကြရဦးမှာပါ။ဒါကြောင့် နာကျင်မှု့တွေ မချန်ခဲ့ချင်စမ်းနဲ့ ဒီဇင် ဘာရယ်။အချစ်သစ်လက်ထဲကို လွယ်လွယ်ကူကူ မထည့်နိုင်လို့ ဆွဲထားလိုက်တယ်ဆိုတဲ့ အတ္တကြီးမှုတွေ ကို မပြကြေး။ပြန်တွေ့တဲ့အခါတိုင်း လွမ်းမောနေသလို ခွဲခွါရခါနီးတိုင်း နာကျင်ရတယ်ဆိုတာကို သိထားပေး။ ဒါဆိုရင် ကျမတို့ ခွဲခွာရတာ သက်သာလိမ့်မယ် ဒီဇင်ဘာ။




ဒါကြောင့်ကျမဒီနေ့တခုတော့ပြောချင်တယ် ဒီဇင်ဘာ။မနက်ဖန်ဆို ကျမတို့တစ်တွေ ကမ်းလင့်တဲ့လက်တစ် စုံနဲ့ အနာဂတ်နေ့ရက်တွေကို ရင်ဆိုင်ရတော့မှာ ဆုမွန်ကောင်းလေးတော့ တောင်းပေးပါ။သူနဲ့ အတူဖြတ် သန်းနေတဲ့ နေ့ရက်တွေမှာ ကျမတို့ နာနာကြင်ကြင်မဖြတ်သန်းရအောင် ဆုတောင်းပေးပါဒီဇင်ဘာ။


အမြဲအိပ်နေတတ်တဲ့ ဘယ်တော့မှ မထတတ်တဲ့ကျမတောင် ဒီနှစ်ဒီဇင်ဘာကိုနှုတ်ဆက်ဖို့ ကျမ တနေရာ ရာကနေစောင့်နေလိမ့်မယ်။အမေအိုရဲ့မျက်ရည်စတွေ ခမ်းခြောက်ပါစေတော့လို့ ကျမ သွားဆုတောင်းပေး ချင်သေးတယ်။




မျောလွင့်သွားတဲ့ ပြန်ကျဲသွားတဲ့တိမ်တိုက်တွေ ပြန်စုလိုစုညား ကျမလက်ကလေးနဲ့ လိုက်ဖမ်းယူပေး ချင်သေးတယ်။ဒါကြောင့် ဒီည ကျမတို့ ဒီဇင်ဘာနဲ့အတူ ရှိနေပါလိမ့်မယ်။ဒီလောက်ဆို ကျမတို့ ဒီဇင်ဘာကို ဘယ်လောက်ချစ်လဲ ဒီဇင်ဘာသိနိုင်ပါလိမ့်မယ်။




ကျမတိုးတိုးလေးပြောချင်တယ်သိလား ...
GoodBye My love ပါ...ဒီဇင်ဘာ ..




မဒမ်ကိုး
၁၂း၄၅ မိနစ်
၃၁ ရက် ၁၂ လ ၂၀၁၁ ခုနှစ်


ဒီပိုစ့်လေးကို ဒီဇင်ဘာအတွက်နှုတ်ဆက်သလို ဒီဇင်ဘာမှာမွေးသောဘလော့ဂါများ အားလုံးကိုလည်း ဆုတောင်းပေးပါတယ် ။တစ်ယောက်ချင်းစီ မတင်ပေးနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ပေးကြပါ။နောင်နှစ်နောင် နှစ်တွေမှာလည်း ကျမတို့တစ်တွေ ဒီဇင်ဘာကိုချစ်သော ဒီဇင်ဘာမှာမွေးသော ချစ်သောဘလော့ဂါများ အားလုံးအတွက် ဆုတောင်းပေးချင်ပါသေးတယ်။
မှတ်မိသလောက်ဆိုရင်
ဂျယ်လီပစ်ပစ် ။ မမဂျက်စမင်း ။ ကိုရင် ။ ကိုးကိုးအိမ် ။ ဗညားရှိန် (ခ)လင်းခေတ်ဒီနို (ကျန်တဲ့ဘလော့ဂါများရှိသေးရင် ကွန်းမန့်မှာ ချန်ပေးခဲ့ကြပါ )
Happy Birthday My Lovely  Bloggers............


ပျော်ရွှင်ဖွယ်နေ့ရက်များကိုပိုင်ဆိုင်ကြပါေ။
လှပတဲ့အနာဂတ်တွေကို ပုံဖော်နိုင်ကြပါစေ။
ချိုမြတဲ့တေးသွားတွေကို သီကျူးနိုင်ကြပါစေ။
ထက်မြက်တဲ့ကလောင် ဓားသွားတွေ ပိုမိုထက်မြက်လာကြပါစေ။
လို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
နှစ်တစ်ခုရဲ့ နောက်ဆုံးပိတ်ရက်မှာ ကျရောက်တဲ့ မောင်ငယ် ဘလော့ဂါ လင်းခေတ်ဒီနို (ခ)ဗညားရှိန်က သူ့မွေးနေ့မှာ ဒီကဗျာလေး အမစာမျက်နှာမှာ တင်ပေးပါလို့ဆိုလာလို့ ကျမလက်ဆောင် အဖြစ်ပေးခဲ့ပါ တယ်။အားလုံးသောဘလော့ဂါတွေနဲ့အတူ မောင်ငယ်တစ်ယောက် လိုအင်ဆန္ဒ တစ်လုံးတစ်ဝထဲပြည့် စုံနိုင်ပါစေ။ဘာသာအကျိုး သာသနာအကျိုး လူမျိုးအကျိုးကိုလဲ စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရင်း။

HAPPY NEW YEAR 2012 ကိုပျော်ရွှင်စွာ ကြိုဆိုလိုက်အောင်လားရှင်း)






လူဟူသော လူတစ်ယောက်အကြောင်း




ဆောင်းနေပတစ်နေ့တဲ့
၃၁ ဒီဇင်ဘာ နှင်းတွေကြားမှာ
အဲဒီကောင်လေးတစ်ယောက်
လူလောကကိုရောက်ရှိခဲ့တဲ့
မင်းဟာ အမေသိပ်ချစ်ရတဲ့ သြရသတစ်ယောက်လဲ ဖြစ်ပြန်တယ် ။




ခင်ခင်မင်မင်နေတတ်သလို
ကြင်ကြင်နာနာလဲ ရှိနေတတ်လို့
ရိုသားတဲ့နှလုံးသားနဲ့
မင်းဟာ  ဖြူစင်တဲ့စိတ်ထားလေး ရှိသူတစ်ယောက်လဲဖြစ်ပြန်တယ် ။


တွယ်တာတတ်သလို
လွမ်းမောတတ်လွန်းလို့
မင်းဟာ နှလုံးသားလှသူတစ်ယောက်လဲဖြစ်နေပြန်တယ် ။


ကဗျာတွေလဲ ရေးတတ်သလို
ခံစားချက်လဲကြီးတတ်လို့
နူးညံ့တဲ့ဖွဲ့ဆိုမှုတွေနဲ့
မင်းဟာ အချစ်ကြီးသူတစ်ယောက်လဲ ဖြစ်နေပြန်တယ် ။


ကွဲနေတဲ့အသည်းကို ဖက်နဲ့ထုပ်
ဖွဖွလေးဆုပ်လို့
တိုးတိုးလေးအချစ်သီချင်းညည်းတတ်တဲ့။
မင်းဟာ အသည်းကွဲသမားတစ်ယောက်လဲ ဖြစ်နေပြန်တယ် ။

လွင့်နေတဲရွက်ဝါ
မျောနေတဲ့တိမ်တွေကို လှမ်းကြည့်နေတတ်တဲ့မနက်မှာတောင်
မင်းဟာ ကဗျာဆရာတစ်ယောက် ဖြစ်နေပြန်တယ်။

ကြိုးကြာတွေ တောင်ပံခတ်တိုင်း
အိပ်တန်းကို ပြန်ချင်တဲ့ငှက်လို
မင်းဟာ အိမ်လွမ်းသူလေးတစ်ယောက်လဲဖြစ်နေပြန်တယ်။

ဆော်လမွန်ငါးတွေ
အုပ်ဖွဲ့ကူးခတ်လေတိုင်း
အလွမ်းတွေစုဖွဲ့လို့
ချစ်သူဆီပြေးအရောက်လာချင်တဲ့
မင်းဟာ အလွမ်းသမားလေးတစ်ယောက်လဲဖြစ်နေပြန်တယ် ။

သတ္တ၀ါလေးတွေကို
ကိုယ့်စိတ်နဲ့နှိုင်းပြီး
စာနာသနားတတ်လွန်းလို့
မင်းဟာ အကြင်နာကြီးသူတစ်ယောက်လဲဖြစ်နေပြန်တယ် ။

ဗီးနပ်ကို မမြင်ဖူးပေမယ့်
တိုင်တည်ကာ တမ်းတ
လမင်းကိုလိုချင်သလားလို့
အချစ်ကို သက်သေပြဖို့
မင်းဟာ အစွဲအလမ်းကြီးသူတစ်ယောက်လဲဖြစ်နေပြန်တယ် ။

လောကဓာတ်သဘောတွေကို
နားမလည်မှုတွေနဲ့
နားလည်မှု သယောင်ယောင်လုပ်
တခါတလေမှာ
မင်းဟာ အူကြောင်ကျားလေးဖြစ်နေပြန်သေးတယ် ။။



ဘာတွေဘယ်လိုဘဲ ရှိနေနေ
ဘာတွေဘယ်လိုဘဲဖြစ်နေနေ
အံ့သြဖို့ အင်မတန်ကောင်းတဲ့မင်း
ထူးခြားမှုတွေ ပိုင်ဆိုင်ထားတဲ့မင်း
အင်မတန်ချစ်ဖို့ ကောင်းတဲ့မင်းကို

လောကနတ်ကိုယ်တိုင်  ကောင်းချီးပေးလိမ့်မယ်
မွေးနေ့မှသည် နှစ်တရာတိုင်
လိုသောဆန္ဒ တစ်လုံးတစ်ဝထဲပြည့်စေလို့.။

အမ
မဒိုးကန် ( x x x x )

၅.နာရီတိတိ
၃၀ . ၁၂.၂၀၁၁

23 comments:

မိုးခါး said...

ဟက်ပီးဘတ်ဒေးပါ ဒီဇင်ဘာ ..း)) မကောင်းသော အကျိုးများ အားလုံး သယ်ဆောင်သွားပါ ၂၀၁၁
ကောင်းသော အကြောင်းများ သယ်ဆောင်လာပေးပါ ၂၀၁၂ နှစ်သစ် ..

Candy said...

ဒီနှစ်ဒီဇင်ဘာကတော့ ပျော်စရာတွေရော ၀မ်နည်းစရာ စိတ်မကောင်းစရာ သတင်းတွေရော စုံလို့

Happy New Year 2012 ပါ မမ မဒိုးကန် :D

Cameron said...

သိပ်လှတဲ့ ဒီဇင်ဘာအက်ဆေးလေး....။ ဒီဇင်ဘာမှာမွေးတဲ့ ဘလော့ဂါအားလုံးလဲ ဒီဇင်ဘာရဲ့နှင်းပွင့်တွေနဲ့အတူ အေးချမ်းပျော်ရွှင်ပါစေ...။
မဒိုးရဲ့ ရင်ဘတ်ထဲက ခေးလေးလဲ မေမေမဒိုးရဲ့ စိတ်ကူးလေးလှလှရှိနေလို့ လှပချောမွေ့ ဥာဏ်ရည်ထက်တဲ့ခေးလေးအဖြစ် ကမ္ဘာလောကကြီးထဲကို လှမ်းလာခဲ့ပါ...။ ဦးဦးဘလော့ဂါ တီတီဘလော့ဂါတို့အားလုံးက ကမ်းလင့်ကြိုဆိုနေပါတယ်....။

khin said...

ဒိုးကန်လေးေ၇

ကျားကျားလာခံစားသွားပါတယ်။

ရဲကို said...

Goodbye
နှုက်ဆက်ပါတယ်ဒီဇင်ဘာ ရေ

sosegado said...

တစ်မှုထူး အပျော်ကြူးနိုင်တဲ့ တူဇီယိုးဝမ်းတူး ဖြစ်ပါစေ။

မောင်ဘုန်း said...

အရမ်း ကောင်းတဲ့ ဒီဇင်ဘာ နှုတ်ဆက်တေး လေး တစ်ပုဒ် လိုပါပဲ .. ဗျာ ...

ပျော်ရွှင်စွာဖြင့် နှစ်သစ် ကို ကြိုဆို နိုင်ပါစေ လို့  ဆုတောင်း ခဲ့ပါတယ် .. အစ်မရေ ... အယ် ... ကိုရင် လည်း ပါတယ်နော် ...

အောင်အောင် said...

နှစ်သစ်မှတည် နောင်နှစ်တစ်ရာမက ပျော်ရွှင်ခြင်းတွေနှင့် ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်...စာတွေဖတ်သွားပါတယ်..လင့်လည်းချိတ်သွားပါတယ်..

လမင်းငယ် said...

နှစ်သစ်မှာပျော်ရွှင်ပါစေ မမရေ

San San Htun said...

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ မဒိုးကန်

အလင်းသစ် said...

သွားရော့လဟယ်.. ဒီဇင်းဘာရေ...

တောက်ပကြယ်စင် said...

ချစ်လှစွာသော ဒီဇင်ဘာရယ်...တိတ်တ်ကလေးနဲ့ နေရစ်ခဲ့တော့မှာလားကွယ်...နောက်နှစ်မှ ပြန်ဆုံကြမယ်နော်...Happy New Year ပါ ကိုရင်နဲ့ မဒမ်တို့ရေ...

Angelhlaing(May everybody be happy and healthy! said...

Happy New Year ....ပါလို့ နှုတ်ခွန်းဆက်သရင်း မမရေ အိန်ဂျယ်လဲ ဒီဇင်ဘာ ...:P:P အဟီး စာရင်းပေးတာ .. ဝေးမှမဝေးတာလို့...ဒီဇင်ဘာနဲ့ ဇွန်နဲ့က နော်..... :):)

မီးမီးငယ် said...

ကျမရဲ့ အဖေလည်းဒီဇင်ဘာမှာမွေးနေ့ ၊
တယောက်ထဲဆွေးမနေနဲ့ နော်..။
ပျော်ရွှင်သောနှစ်သစ်လေးတွေရောက်လာပြီလေ..။

mstint said...

ဘဝရပ်တည်မှုရှိနေသမျှ မပြီးဆုံးတဲ့ဒီဇင်ဘာများက
ကြိုဆိုနေမှာပါ မဒိုးရေ။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေနော်။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

ဝီရဓမ္မ(Brave The Dhamma) said...

I read your post namely Sweet December.May you be full of your aspiration and desire.May you be happy and peaceful in 2012.

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမရေ
ဒီဇင်ဘာဟာ ပျော်ရွှင်ခြင်းဝတ်မှုန်တွေကို ခါချထားခဲ့ပြီး
ိဟိုးအဝေးကို ထွက်သွားပါပြီ
ကံကောင်းသူတွေက ပျော်ရွှင်ခြင်းဝတ်မှုန်တွေနဲ့ ဆုံဆည်းရတယ်။ ကံမကောင်းသူတွေကတော့ မဆုံလိုက်ကြဘူး။
ဘာဘဲဖြစ်ဖြစ် လူတိုင်းအတွက်တော့ ၂၀၁၂ဟာ အကောင်းဆုံးနှစ်ဖြစ်ပါစေ
လူတိုင်း ပျော်ရွှင်ရတဲ့နှစ်ဖြစ်ပါစေ
မဒမ်ကိုးတို့အတွက်လည်း အကောင်းဆုံးတွေ ဖြစ်လာပါစေနော်

သူကြီးမင်း (တုံးဖလား) said...

ဒီဇင်ဘာက အဲဒီဘက် လွမ်းစရာကောင်းပေမဲ့ ဒီဘက်မှာတော့ အရမ်းချမ်းသဗျာ။ အေပရယ်ဆိုတော်သေး။ ပန်းမျိုးစုံ ဖူးငုံပွင့်လို့။း) ဒါပေမဲ့ တဂျီးက သြဂုတ်ဖွား။ ခြင်္သေ့။
ဒါကြောင့် တစ်ယောက်ထဲ နေနေတာ။

အဆင်ပြေပါစေ ၂၀၁၂ ရေ။

Unknown said...

နှစ်သစ်မှာ စိတ်သစ်လူသစ်
ဘလော့ အသစ် နဲ့..အမ
ဒယ်အိုးကန် ရဲ့ ပိုစ့်လေးကို
ဖတ်ရှုအားပေးခဲ့ပါကြောင်း..း )
....
ခင်မင်လေးစားလျှက်..
(ဒုတိယ)

အမ်တီအန် said...

ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကျန်းမာမှုအပေါင်းနဲ့ ပြည့်စုံမယ့် နှစ်သစ်မင်္ဂလာဖြစ်ပါစေ ဒိုးကန်ရေ...။

Han Kyi said...

စကားပြေကလေး ညက်ပါဘိ ဒိုးကန်ရယ်...ကဗျာရေးတတ်ပြီး ကဗျာမဆန်တတ်တဲ့ ဦးဟန်ကြည်တောင် အတော်သဘောကျတယ်...ဒီဇင်ဘာက ချစ်လည်းချစ်စရာကောင်းတာကိုး...

ဒီဇင်ဘာဂိုဏ်းသားထဲမှာတော့ ဦးဟန်ကြည်တို့ မပါဘူးဗျား...ဦးဟန်ကြည်က သင်္ကြန်မင်းသား...

နှစ်သစ်မှာ ချစ်ချစ်ဆီက လက်ဆောင်ဧရာမကြီး ရပါစေဗျား...

လမင်းငယ် said...

နှတ်ဆက်ခဲ့ပါတယ်ဒီဇင်ဘာရေ
မမကဗျာလေးလဲကောင်း၏

ပန်းချီ said...

ချစ်စရာကောင်းလိုက်တဲ့ ဒီဇင်ဘာတမ်းချင်းလေး...ကိုယ့်မဒမ်တို့ တော်ချက်..။ ကိုယ်ကဒီဇင်ဘာဖွားဟုတ်ဘူးနော်..ချစ်စရာဖေဖော်ဝါရီဖွားးD

Related Posts Plugin for WordPress, Blogger...