Thursday, December 22, 2011

Breaking New (စင်ကာပူသတင်း)

Burmese Hondi runs away with US$ 4 – 5 M from Singapore

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး
မိုးမခအထောက်တော်၊ စင်္ကာပူ၊ ဒီဇင်ဘာ၊ ၂၂၊ ၂၀၁၁

စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ “ရွှေရတနာ” မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ၎သန်းမှ ၅သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာ သာမက မြန်မာပြည်က လွှဲငွေများအပါအ၀င်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။

ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကိုထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခိုနေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့ အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအ၀ိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြု ချက်မရသေးပါဘူး။


“လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင်တိုက်လိုက်သလိုပဲလို့ ပြောနေ ကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမ၀င် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။”လို့ မြန်မာစင်္ကာပူနိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။

အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀၀၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာတောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။အခု (ရွှေရတနာ)အမည် နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကို ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်းအ၀ိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရတယ်လို့ မိုးမခမိတ်ဆွေတဦးက ဖြေကြားပါတယ်။

ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။
SHWE YADANAR TRADING PTE LTD#03-52, Peninsula Plaza, Tel : 6337 0891


စာကြွင်း..
မဒမ်တို့က ကိုရင့်ရဲ့ချွေးနဲစာကို အခင်းမဖြစ်ခင် သုံးရက်လောက်အလိုက အဆိုပါဆိုင်ဖြင့် မြန်မာပြည်သို့ လွှဲသည် ဆို၏။အခု ဒီ သတင်း ထွက်လာချိန်တွင် မဒမ်တစ်ယောက် သွေးတတ်နေပါ၏.။အကယ်၍ အဆိုပါ ငွေသည် မြန်မာပြည်သို့ မရောက်သေးသည် ရှိသော် အထက်ပါ သတင်းသည် ကိုရင်နှင့်မဒမ်အတွက် ကိုးသိန်းခွဲတန်သည်ဟု မှတ်ကြပါကုန်..။
စလုံးမှ ဒီလပိုင်းထဲတွင် ရွှေတနာနဲ့ ပါတ်သက်သူများ သွေးတက်ကြပါကုန်..

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..
လေးစားစွာဖြင့်
ကိုရင်
05:29(GMT)

28 comments:

TZH1985 said...

မြန်မာပြည်ရောက်မရောက် မသိသေးဘူးလား သုံးရက်တောင် ရှိပြီး ဆိုတော့...

ဇော်သိင်္ခ said...

လေးသန်းက နေ ငါးသန်းဆိုတော့ ဘယ်လောက်များလောဘကြီးလဲနော်။ နောင်ဘဝထိ ယူသွားလို့ ရမှာ ကျနေတာပဲ။ သူများတွေရဲ့ ဘဝတွေမစာနာတဲ့... သူတွေ၊ မြန်မာအချင်းချင်း မကူညီပဲ... ပိုပြီး ဂုတ်သွေးစုပ်ချင်ကြတဲ့သူတွေနော်... နောင်ဘဝကျရင်တော့.. ဘယ်ရောက်မလဲ ဆိုတာ........

8Yar said...

လုပ်ရက်ကြပါပေတယ်ဗျာ။ ကျွန်တော်လည်းလွှဲတော့မလို့ နည်းနည်းပဲလိုတော့တယ်။ ပိုက်ဆံတွေပြန်ရပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

Thandar Lwin said...

ဟောတော့ မဒမ်ရေ ဖုန်းဆက်ကြည့်သေးလား ရောက်မရောက်း(

ပါရမီဖြည့်ဖက်လေး said...

အစ်မရေ။ ညီမတို့လည်း ရွှေတနာကနေပဲ လစဉ်လတိုင်း ငွေလွှဲနေကျပါ။ ဒါပေမယ့် လကုန်ရက်မှ လွဲနေကျဆိုတော့ ညီမတို့ငွေတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့်လည်း ဒီ သတင်းကြားကြားချင်း ငွေပါသွားတဲ့လူတွေအတွက် စိတ်မကောင်းဖြစ်ပြီး လုပ်ရက်လေချင်းလို့ ဒေါသဖြစ်မိတယ်။ သူများနိုင်ငံမှာ ငွေရှာရတာပဲလောက် ခက်ခဲ ပင်ပန်းလည်းဆိုတာ ကိုယ်ချင်စာမိလို့ပါ။

Angelhlaing(May everybody be happy and healthy! said...

ကြားရတာ စိတ်မကောင်းစရာ... ယုံကြည်မှုဆိုတာ ဘယ်သူအတွက်များလဲလို့ မေးရမလိုပါပဲ....:(

khin said...

ကိုရင်ရေ

ကျားကျားလည်း သွေးတက်မလို.နဲနဲဘဲလိုတော.တယ်၊ အခုတပတ်ကျားကျားရဲ.ပိုစ်.(ခြေဦးတည်.ရာ ဒီတနင်္ဂနွေ)မှာ ရေးထားသလို ၁၈.၁၂.၂၀၁၁ မှာ ကာတာကသူငယ်ချင်း အကူအညီတောင်းလို. စီးတီးဟောကိုသွားတယ်ဆိုတာ တစ်ခြားမဟုတ်ဘူး ရွေရတနာမှာ ငွေ(၁၉)သိန်းသွားလွဲတာ တော်သေးတယ် ၂၀ ၇က်နေ.က မြန်မာပြည်က၇ပြီလို.ပြောတယ်။ အခု ဒီသတင်းကြားတော.လည်း ဒီနေ.သေချာအောင်ဖုန်းထပ်ဆက်တော.ရတယ်တဲ. တော်သေးတာပေါ.နော် နောက်ဆို၇င်ကူညီတာ ကြားထဲက ရှိတာလေတွေပေါင်နှံ၇တော.မယ် (ဟဲဟဲ)

SHWE ZIN U said...

ကိုရင် နဲ့ မဒမ် ရေ သတင်းကြားရတာ စိတ်မကောင်းပါဘူး လိမ်တဲ့ ထဲ မပါ ပါစေနဲ့ လို့ ဆုတောင်းတယ်နော်

Thameesan said...

အလို..
အကောင်ကြီးကြီးတစ်ကောင်ရဲ့
ငွေတွေပါသွားတယ်ဆိုတော့..
အိမ်ကများလားး))
အစ်မဒိုးကန်..အားလုံးဆင်ပြေသွားမှာပါ
သွေးမတက်ပါနဲ့ရှင်..
လောလောဆယ်တော့..ဂျာနယ်တွေထဲမှာ
ဒီသတင်းကို.မဖတ်မိသေးပါဘူး

စံပယ်ချို said...

ကားရီးယီုး စတိုင်နဲ့ပဲပြောမယ်နော်
(ကျွန်တော်မျိုး သေသင့်ပါတယ်ဘုရား)
အသက်ရှင်ရက်နဲ့ လေကမှာမတင့်မယ်သူတွေလေ
လုပ်ရက်လိုက်တာ စားရက်လိုက်တာဟယ်
အိပ်ကောင်းခြင်းစားကောင်းခြင်းမရှိတဲ့ ဘ၀ကို
သူတို့ဘာကြောင့်မက်မောရတာလဲမေးချင်လိုက်တာ
ရွှေဒိုးရေ...နေကောင်းအောင်နေနော် ပိုက်ဆံပြန်ရှာလို့ရတယ်ညီမရေ...သိက္ခာ(ကိုယ်ကျင့်တရား)သာပြန်ရှာမရတာလို့မှတ်လိုက်နော်.ခုဘာမှသေသေချာချာ မသိရသေးဘူး သွေးကကြိုတိုးနေပြီလားဟယ်----

Candy said...

အင်... ဟိုတလောကလည်း ပတ်စ်ပို့သက်တမ်းတိုးပေးတဲ့အေးဂျင့်က ပိုက်ဆံတွေ ယူပြီး ထွက်ပြေးတယ်ဆိုလားပဲ.. ခုလည်း ဖြစ်ပြန်ပြီ :(

သူကြီးမင်း (တုံးဖလား) said...

ကိုရင်...
ကိုးသိန်းခွဲ အလှူက အထမြောက်သွားသလား။း)

မဒမ် သွေးတက်နေရင် အစားအသောက် လျော့စားလို့ သတိပေးလိုက်ဦး။ ကလေးမဟုတ် ဘာမဟုတ် အခုထက်ထိ နို့သောက်တုန်းတဲ့။း)

အော်..
စလုံး စလုံး။ စလုံး မဟုတ်ဘဲ ၀လုံးဆိုရင် ဘယ်လောက်များ သောင်းကျန်းလိုက်ကြမလဲနော်။

ဘိုဖြူ said...

ကြားရတာ စိတ်မကောင်းစရာပဲဗျာ
အဲတာတော့မလုပ်သင့်ပါဘူး ကိုယ့်လူမျိုးပဲဖြစ်ဖြစ်
ဘာလူမျိုးပဲ ဖြစ်ဖြစ်ဗျာ တွေးကြည့်ယုံနဲ့တင်
မဖြစ်သင့်တာပဲ ဒီပိုက်ဆံတွေနဲ့ စားတဲ့ အစာကရော
သူတို့အတွက် အဟာရ ဖြစ်မလား

လမင်းငယ် said...

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..

တောက်ပကြယ်စင် said...

တော်တော်လုပ်ရဲတဲ့သူ၊ တော်တော်ရက်စက်တဲ့သူပါလား...

မောင်မောင် said...

အစ်မရေ သတင်းလေး ကြားရတာ စိတ်မကောင်းပါဘူး။ သင်ခန်းစာပေါ.နော်။ အားလုံးအဆင်ပြေသွားပါစေ ။

ကိုအောင် said...

စင်္ကာပူကတော့ ခုတလော ဓါတ်စီးနေတာနော် ...း)

မီးမီးငယ် said...

အဲ...
ဘယ်လိုပြောရမှန်းတောင်သိဘူး။
ကိုယ်ချင်းစာပါတယ်။
အဲဒီလိုဟွန်ဒီတွေကကြောက်စရာကောင်းတယ်နော်။
ဘာမှအာမခံချက်လည်းရှိဘူး။
သူတို့ နဲ့ မလွှဲရင်လည်းမဖြစ်။
ရွှေးစရာလမ်းမှမရှိတာနော်။
စိတ်အေးအေးထားပါ။
ပြန်ရပါစေလို့ ဆုတောင်းပေးပါတယ်။

mstint said...

ဖဘမှာဖတ်ပြီး ကံဆိုးသူတွေအတွက်
စိတ်ထဲမကောင်းဘူး မဒိုးရေ။
ဗြဟ္မစိုရ်တရားတစ်နေ့တစ်ခြားခေါင်းပါးလာကြပြီ။
ဒါကြောင့်လည်း 'ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံနဲ့'
ဆိုတဲ့ ဆိုရိုးစကားတွေ ပစ်ပယ်ထားလို့မရဘူးနော်။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

ကျွန်တော့် အစ်ကိုလဲ တနင်္ဂနွေနေ့ ကမှ ရွှေရတနာကနေ လွှဲလိုက်တာလေ။ ဒီသတင်းကြားတော့ အမောတကော အိမ်ကို ဖုန်းဆက်ရတယ်။ ပိုက်ဆံက ရောက်နေပြီလို့ ပြောမှ စိတ်အေးရတယ်။ ဒါကိုဘဲ စဉ်းစားနေတာ ကံကောင်းတာလားလို့ ဒါမှမဟုတ် ဘယ်အချိန်ကဟာတွေကို မသွားတာလဲ ဆိုတာကိုပါ...

ဆောင်းနှင်းရွက် said...

အဲ့ဒီ့သတင်းကို
ဖုန်းထဲ Forward ၀င်လာတုန်းက
မယုံဘူး ..
ဆိုင်က နာမည်ကြီးနေတော့
တမင် နာမည်ပျက်အောင် ဖုန်းနဲ့ message တွေ ပို့တယ်ထင်နေတာ ..
အိမ်ပြန်ရောက်တော့ ပြောကြတော့မှ အဲ့ဒါ တကယ်မှန်း သိတာ ..
တကယ် စိတ်မကောင်းစရာ ..း(
ဒါပေမယ့်
မမဒိုးကန်ကလည်း
နှစ်သစ်မှာ အလှူလုပ်တယ်
သဘောထားလိုက်ပေါ့ .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လွင်ပြင်လှိုင်းငယ် said...

စိတ်မကောင်းလိုက်တာ ညီမရာ

ထွန်း said...
This comment has been removed by the author.
မဒမ်ကိုး said...

ွှအားလုံးရဲ့မေတ္တာများကြောင့် ဒိုးကန်ကန်ကောင်းသွားပါတယ် .
စိတ်ပူပေးတဲ့အကိုအမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်း)

Anonymous said...

မလေးမှယမြန်မာဆိုင်ဖွင့်အုံးမှပဲ..အသည်းကွဲမောင်
ဘီယာဆိုင်..ငွှေဲလွှဲလက်ခံသည်...လာထားလာထား

San San Htun said...

လုပ်ရက်လိုက်လေချင်း..ပင်ပင်ပန်းပန်း ရှာဖွေထားတာကို...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကံကောင်းသွားတယ်ဆိုတော့ မပါသွားဘူးပေါ့ ဟုတ်လား
တော်သေးတယ်
သတင်းတွေကလည်းကြားရတာစိတ်မချမ်းသာဖို့ကောင်းလိုက်တာ
လိမ်တဲ့သူတွေလည်း တကယ် အံ့သြမိတယ်
အဆင်ပြေပါစေ မဒိုးကန်ရေ

ပေါင်းချင်းထရမ်း said...
This comment has been removed by the author.
Related Posts Plugin for WordPress, Blogger...