Tuesday, December 27, 2011

ပျော်ရွှင်ပါစေ ခရစ္စမတ်ရေ (တဂ်ပိုစ့်)

ခရစ္စမတ်ဆိုတဲ့နေ့လးဟာ ကျွန်မတို့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့လေး တစ်နေ့ ဖြစ်ကောင်းဖြစ်မှာပါ။ လွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာက ချစ်သူဘ၀မှာ သူ့မွေးနေ့လေးမှာ ကျွန်မတို့နှစ်ယောက် ချိန်းဆိုခဲ့ကြ တယ်။အင်မတန် ရင်ခုန်ကြည်နုးခဲ့ကြတာပေါ့ ။၁၂ နာရီကိုထိုင်စောင့်ကြရင်း ခရစ္စမတ်နေ့ကို ကူးတဲ့အချိန် မှာ ကျွန်မတို့နှစ်ယောက် ဖယောင်းတိုင်မီးတွေကို ပြိုင်တူမှုတ်ခဲ့ကြတယ်။နောက်ပြီး မွေးနေ့လက်ဆောင် လက်စွပ်လေး အမြတ်တနိုး ကျွန်မသူ့ကို ၀တ်ဆင်ပေးခဲ့ဘူးတယ်။

ရောင်စုံမိးတွေနဲ့ ခရစ္စမတ်သစ်ပင်တွေနဲ့အင်မတန်ပနာရနေတဲ့ နေ့လးတစ်နေ့ပါပဲ ။ချစ်သူနှစ်ဦး အတူရှိနေ ချိန်တွေဟာ အင်မတန်ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်းနေလေရဲ့။ဒီလိုနဲ့ ခရစ္စမတ်ပေါင်းများစွာကို ကျွန်မတို့ အတူုဖြတ်ကျော် လာခဲ့ကြတယ်လေ။။

ခရစ္စမတ်နီးလာပြီဆိုရင် ကျွန်မအင်မတန်မှ စိတ်လှုပ်ရှားမိပါတယ်။ဘာလို့လဲဆိုရင် သူ့မွေးနေ့ နီးလာပြီမို့လို့ ဒီနှစ်အတွက်ဘာကို Suprise လုပ်ရမလဲဆိုတဲ့ အတွေးက အမြဲရှိနေခဲ့ပါတယ်။မနှစ်က ခရစ္စမတ်မှာတော့ ကံမကောင်းစွာ ကျွန်မခွဲစိတ်ခန်းဝင်နေရတဲ့အတွက် သူ့အနားမှာရှိမနေနိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာ တွေးမိ တာတစ်ခုက ငါနောက်ခရစ္စမတ်ဆိုရင်တောင်  သူ့နားမှာ နေနိုင်ပါတော့မလားလို့ တွေးခဲ့မိဘူးတယ်။

ကျွန်မ သိပ်ကံကောင်းပါတယ်။ဒီနှစ် ခရစ္စမတ်မှာတော့ ကျွန်မသူ့နားမှာ နေခွင့်ရှိခဲ့တယ်။ခရစ္စမတ်ဆိုတဲ့ အ ထင်ကရ နေ့လေးမှာ ကျွန်မဟာ ကျွန်မချစ်တဲ့သူရဲ့ မွေးနေ့ကို ဆုတောင်းပေးခွင့်ရှိခဲ့တယ်။ခရစ္စမတ်တိုင်း ကျွန်မ သူရှိတဲ့အရပ်ကို အခက်အခဲပေါင်းများစွာကနေ ရာက်အောင်သွားနိုင်ခဲ့တယ်။သူ့ရဲ့မွေးနေ့လေးကို အ တူဖြတ်သန်းကြတယ်။

ဒီနှစ်ခရစ္စမတ်မှာတော့ ကျွန်မသူ့အတွက် မွေးနေ့လက်ဆောင်တွေဝယ်ပြီး ရောက်သွားခဲ့တယ်။ပိတ်ရက်နဲ့ အတူ ခွင့်ပါတွဲယူလိုက်တယ်။သူကလည်း သူ့မွေးနေ့အတွက်ခွင့်ယူထားတယ်။ကျွန်မ မလေးကအိမ်ကို မပြန် တာ တစ်လနီးပါး ဖြစ်သွားတယ်။သူ့မွေးနေ့ကျမှ ပြန်တော့မယ်ဆိုပြီး သောကြာနေ့ကို ခွင့်ယူဖြစ်သွားတယ်။ မြို့ထဲ သွားကြ၊လျှောက်ဆော့ကြနဲ့ ပျာ်စရာကြီးပေါ့။စနေနေ့က ကျွန်မ သူ့မွေးနေ့အတွက် ဒံပေါက်ချက် -ပေးတာ ဆန်အရွေးမှားလို့ ဒံပေါက်ခမျာ အရသာတော့ကောင်းပါရဲ့။ပုံစံမလှလို့ အိမ်က အကိုနှစ်ယောက်မှာ ကျွန်မကို ကြောက်ကြောက်နဲ့ ကောင်းတယ်ချည်းပြောပြီး ခေါင်းငုံပြီး စားကြပါလေရောလား။ 

တနေကုန်ပင်ပန်းလာသမျှ ခရစ္စမတ်ညကျတော့ သူခေါင်းမထောင်နိုင်တော့။အလုပ်က ထွက်ကတည်းက မအိပ်ရသေးတာရော ဒံပေါက်ဒဏ်ကြောင့်ရော ပေါင်းပြီး ညကိုးနာရီခွဲလောက်ကတည်းက ခေါင်းကျိုးနေ ပြီလေ။ညဆယ့်နှစ်အတိမှာ မနည်းနှိုးပြီး ဟက်ပီးဘက်ဒေးလုပ်တော့ “အင်း..အင်း”ဆိုပြီး ပြန်အိပ်သွားတဲ့ အ ထိ ဒံပေါက်ရိုက်က်ချက် ပြင်းသွားတယ်ထင်ပါရဲ့။သူ့ညီတော်မောင် အမေရိကက မနှင်းဆီ..အဲ.. ငှက်ဆိုးကြီး ဗညားလဒ ဖုံးဆက်ပြီး ဘက်ဒေးဝစ်ခ်ျ လုပ်တာတောင် မသိတော့တဲ့အထိပါပဲ။


မွေးနေ့လက်ဆောင်အချို့ က ကြိုပေးပြီးသား။တစ်ခုပဲ ချန်ထားပြီး ကိတ်မုန့်ခွဲမှ ပေးမယ်လုပ်ထားတာ။မိန်းမ ကိတ်မုန့်ဝယ်ချင် သူက မ၀ယ်နဲ့ဆိုပြီးလုပ်လို့ ဘယ်မှလှုပ်မရ၊ရှားမရနဲ့ မျက်စေ့အောက်က အပျောက် မခံေ- လတော့ သွားလည်းမ၀ယ်နိုင်။အဲဒါနဲ့သူ့သူငယ်ချင်း အမေ့သားကြီးကို လှမ်းဖုန်းဆက် အကူအညီတောင်း ရတော့တယ်။ကိတ်မုန့်ဝယ်ထားပြီး ဆိုင်မှာထားဖို့နဲ့ညနေကျ လာခဲ့မယ်လို့ဆိုပြီး စီစဉ်ရပါတော့တယ်။သူ အံ့သြသွားအောင် လုပ်မယ်ပေါ့။မနက်ကျတော့ သူ့အခန်းကိုရှင်းကြရင်း လင်မယားနှစ်ယောက် စိတ်ကောက် ကြသေးတယ်။ဒါပေမယ့် ထုံးစံအတိုင်း ဆယ့်ငါးမိနစ်မကြာပါဘူး။ရွဲ့ပြီးထိုင်နေတဲ့ သူ့ခေါင်းပေါ်ကို  မွေ့ယာ ကြီး ခေါက်ချိုးကျလာတာကိုမြင်ပြီး နှစ်ယောက်သား အော်ရယ်မိကြပါလေရောလား ။ဒါနဲ့ပဲ “ကဲ မြန်မြန် ရှင်း မယ်၊မြို့ ထဲ သွားကြမယ်”ဆိုပြီး ပြင်ဆင်ပြီးထွက်တော့ ၁၁နာရီထိုးနေပြိလေ။ အိပ်ယာနိုးတုန်းက စားထားတဲ့ -ကော်ဖီတခွက်၊ ဒံပေါက်တပွဲ၊ငှက်ပျောသီးတစ်လုံးနဲ့ပေါင်မုန့်လေးချပ်ကလည်း ပျောက်ကုန်ပြီဆိုတော့ကာ -မွေးနေ့ရှင်က မြို့ ထဲမှာကြေးအိုးတိုက်ပါတယ်။သူကတော့ မုန့်ဟင်းခါးစားတယ်။ ကျွန်မစားတာကို စောင့်ပြီး ပြီး နောက် တစ်ဆိုင်ကူးပါတယ်။မုန့်ဟင်းခါးစားပြီးတော့ ကျွန်မထိုင်စောင့်ပြီး နောက်တစ်ဆိုင်ကို  ထပ်ကူး ပါတယ်။အဲဒီဆိုင်မှာလည်း မုန့်ဟင်းခါးကိုပဲ ထပ်စားပြီး စမူဆာနှစ်ခုစားပါတယ်။



စားလို့လည်းပြီးရော တရုတ်တန်းကိုပတ်ကြပါတယ်။အဲဒီလိုလုပ်ကြတာပါ။မွေးနေ့လက်ဆောင်က ပေးပြီးသား ဆိုတော့ မွေးနေ့ရှင်က တရုတ်တန်းပတ်နေတုန်း ပြန်ဝယ်ပေးပါတယ်။ပြန်လာတော့ ညနေသုံးနာရီထိုးနေပြီ -ပေါ့။ကျွန်မက ညနေကိတ်မုန့်ခွဲဖို့ရှိလို့ ပြန်ရောက်တော့ ခဏနားပြီး အိပ်ပါတော့တယ်။သူက ကွန်ပြုတာ ကို ၀င်းဒိုးတင်နေသတဲ့။ကျမထအော်မှ သူအိပ်တာပေါ့။နာရီကြည့် လိုက်တော့ လေးနာရီခွဲပြီ။အဲကတည်းက က ထင်လိုက်ပါတယ်။မနည်းနှိုးရတော့မယ်ဆိုတာ အသာတကြည်မထတော့ဘူးဆိုတာ ကြိုသိနေသလိုလို။ အိပ်ကာနီးတော့ သူကျွန်မအတွက် သီချင်းတစ်ပုဒ်ဆိုပြပါတယ်။BigBag ရဲ့ အသစ်ထွက်တဲ့ အခွေထဲက “အဲ့ ဒါပဲ ကျန်တယ်” ဆိုတဲ့ သီချင်းပါ။စာသားကိုလည်း နားထောင်ကြည့်ပါအုံး..။


“လိုတာမရရင် စိတ်ကောက်မှာစိုးတဲ့..မင်းအတွက် လက်သီးတော့ သိမ်းထားတယ်...အချစ်ဆုံးလေးအတွက်  မင်းအတွက် လက်သီးပဲရှိတော့တယ် မင်းအတွက်သက်သက်...နည်းနည်းတော့ မြည်းကြည့်ပါ..မင်းသေ ဘာပေါက်တတ်ဖို့ပါ....အဲ့ဒါလေးတော့ ပေးဖို့ရှိသေးတယ်..မင်းအတွက်ပဲ ယူလိုက်ပါအချစ်လေးရယ်....” 


အဲဒီအပိုဒ်တောင် မဆုံးသေးဘူး ကျွန်မလက်သီးက သူ့မျက်နှာကို ခွပ်ကနဲပဲ ကစ်လိုက်တယ်။သူလည်းငြိမ်ပြီး အဲ့ကျမှ ၀င်အိပ်ပါတော့တယ်။ကျွန်မဖြတ်ခနဲလန့်နိုးလာတော့ ၆ ခွဲကျော်နေပြီ။ကျမနဲ့အမေ့သားကြီးနဲ့ ချိန်း ထားတာ ၆နာရီခွဲ။အဲဒါနဲ့ ကမန်းကတန်းထပြီး ရေချိုးပြီးပြင်ဆင်ရင်း သူ့ကိုနှိုးတော့ ဇာတ်လမ်းက အဲမှာစ ပါပြီ။အအိပ်မက်တဲ့သူ့ကို အိပ်နေ တုန်းနှိုးရတာ ကျားဖင်သာပြေး ကန်ထည့်လိုက်ချင်ပါတယ်။နှိုးမရ ပြုမရ နဲ့။ နိုးတော့လည်း သူစိတ်မကြည်ပါဘူး။အိပ်နေတုန်း နှိုးလို့ တဲ့။ဆောင့်အာင့်ပြီး  သူအရင်ထွက်သွားတော့ ကျွန်မလည်း ဒေါသဖြစ်နေတာ မနည်းထိန်းပြီး ထွက်လာခဲ့ပါရောလား။အရေးထဲ ပိုက်ဆံကကုန်နေလို့ ဘဏ်သွားပြီး ပိုက်ဆံထုတ်ရသေးတယ်။အဲကအပြန်ကားပေါ်မှာ ကားမောင်းသမားက လေချွန်တာကို ကျွန်မ ကိုပြောချင်ဇောနဲ့ ကားပေါ်  လေမချွန်နဲ့လို့ ဟောက်ပါလေရော။ကျွန်မလဲခပ်တည်တည်နဲ့ ပြန်ကြည့်ပြီး “ဘာကိစ္စ ကျုပ်ကလေချွန် ရမှာတုန်း၊နားလေးနေလို့လား”လို့ရွဲ့ပြီး ပြောလိုက်လို့ သူ ပြန်ကြည့်လိုက်တော့ ကားဆရာ ဖြစ်နေတော့ ရုပ်တည်ကြီးနဲ့ ဟိုဘက်လှည့်သွားပါတယ်။ကျွန်မလည်း ရယ်ချင်စိတ်ကို မနည်းမျို သိပ်ပြီး ဆက် လိုက်လာပါ တယ်။


ဆိုင်လည်းရောက်ရော အမေ့သားကြီးက ကိတ်မုန့်ကို သိမ်းထားပေးပါတယ်။အင်မတန်မှ ကောင်းလွန်းတဲ့ သူငယ်ချင်းတစ်ယောက်ပါ ။ (ကျမဆိုးသမျှ အသေခံရတာ သူလည်းအပါပေါ့)။စားပွဲပေါ်မှာခြေပြစ်လက်ပြစ် ထိုင်နေတဲ့ သူ့နောက်ကနေ အမေ့သားက ကိတ်မုန့်ကြီးကိုမီးထွန်းပြီး ယူထုတ်လာတဲ့အထိ ရုပ်တည်ကြီးနဲ့။ ငါသိပါတယ်ဆိုတဲ့ စတိုင်နဲ့။ကျွန်မအရမ်းပျော်ပါတယ်။မွေးနေ့ဆုတောင်းသီချင်းကို တိုးတိုးလေးဆိုပေးနေ တဲ့အချိန်မှာ ကျွန်မ ရင်တွေတလှပ်လှပ်နဲ့ မျက်ရည်တွေ ၀ဲနေခဲ့တယ်။ကျလုဆဲမျက်ရည်တွေကို မကျအောင် ထိန်းရင်း ဆုတောင်းပြီးတော့ သူကိတ်မုန့်ခွဲတယ်။မွေးနေ့ကိတ်ခွဲနေတုန်း ဆာဘားသူနှစ်ယောက်က ဂစ်တာ နဲ့ သီချင်းလာဆိုပါတယ်။ကိတ်မုန့် ကျွန်မကိုခွံ့တယ်။သူ့သူငယ်ချင်း အမေ့သားကြီးကို ခွံ့တယ်။တစ်ယောက် စီ လိုက်ခွံ့ရင်း ခရင်တွေနဲ့ လိုက်သုတ်တယ်။အားလုံးရဲ့ အပြုံးတွေကြားမှာ သူလည်း တဖြည်းဖြည်း နဲ့ ပျော် လို့။ဓါတ်ပုံတွေအတူတွဲရိုက်ရင်း ကျွန်မ အရမ်းစိတ်ချမ်းသာရပါတယ်။သူ့အတွက် ကျောက်စိမ်းသားအစစ်နဲ့ ထုထားတဲ့ စိတ်ပုတီးတစ်ကုံးကို လွန်ခဲ့တဲ့လက မြန်မာပြည်ကို ကြိုမှာခဲ့တယ်။သူ ခေါင်းအုံးအောက် ထားပြီး အိပ်မှာ သေချာပေမဲ့ ကျွန်မအဲပုတီးကို အဓိပါယ်တွေအများကြီးနဲ့ သူ့မွေးနေ့အတွက် ရည်ရွယ်ခဲ့ပါတယ်။ -မွေးနေ့ပွဲအပြီးမှာ သူနဲ့အတူနေ အကိုက ထမင်းကျွေးမယ်ဆိုလို့ သူကားနဲ့ လာခေါ်တော့ ပါသွားကြ ပြန် ပါရော။ထမင်းစားပြီးပြန်လာတော့ ကျွန်မတို့သုံးယောက် ဂျက်စကို ရှော့ပင်းမောနဲ့ မက်ထရိုဂျာယာ ဘက် ကို ခြေဦးတည်ကြပါတယ်။ခရစ္စမတ် အပြင်အဆင်တွေနဲ့ ကျွန်မတို့ တလှည့်စီ ဓာတ်ပုံရိုက်ကြ။သူများတွေ သီချင်းဆိုတာ ကြည့်ကြနဲ့  နာရီကြည့်လိုက်တော့ ဆယ့်နှစ် ထိုးတော့မယ်။အကိုက မနက် အလုပ်ဝင်ရမှာမို့ ကျွန်မတို့ ပြန်လာခဲ့ကြတယ်။



အိမ်ရောက်တော့ ခြေရှည်ထားတဲ့အရှိန်ရယ် တနေကုန်စားသောက်ထားသမျှရယ်နဲ့ အိပ်လိုက်ကြတာ သိုးနေတာပဲ။မနက်ကိုးနာရီကို မနည်းထရတယ်။ဒါတောင် ကျမပြန်ရမှာ ကားနောက်ကျမှာမို့ မနည်း ထယူ ရတယ်လေ။အိပ်ယာနိုးတော့ မျက်လုံးနှစ်လုံးပွင့်လို့ ကျွန်မ “မပြန်ချင်ဘူး အီးးဟီးးဟီး ”ဆိုတဲ့ အသံပေါင်းစုံ နဲ့ အော်ဟစ်နေတော့ သူကျမကို ရင်ခွင်ထဲထည့်ပြီး“ ကျေးဇူးတင်ပါတယ် မိန်းမရယ်၊ယေကျာင်္းမွေးနေ့မှာ အတူ ရှိနေပေးခဲ့တဲ့ အတွက်ရယ်၊အမြဲ မှတ်မှတ်ထင်ထင် လုပ်ပေးခဲ့တဲ့ အတွက်ရယ်” ဆိုပြီး ကျွန်မကို ပြော လာပါတယ်။ဘာပြောကောင်းမလဲနော် ကျမပျော်တာပေါ့..နော့..။

ဒီလိုနဲ့ချစ်စရာခရစ္စမတ်လေးတစ်ခုကို ကျွန်မတို့နှစ်ယောက် ရင်ခုန်ခြင်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းခဲ့ကြပါ တယ်။ဒါကြောင့်မို့ ကျွန်မ သုံးရက်လောက်လိုင်းပေါ်က ပျောက်နေခဲ့တာပေါ့ ။သူ့အတွက် သီးသန့်အချိန်ပေး ချင်ခဲ့လို့ပါ။ရိုစ့်ရဲ့ တဂ်ပိုစ့်လေး နောက်ကျသွားတဲ့အတွက်လည်း တောင်းပန်ပါရစေနော်။ခရစ္စမတ်နားကိုရော -က်ပြီဆို ကျွန်မချစ်ရတဲ့ သူ့မွေးနေ့ကို ဘာလုပ်ပေးရမလဲလစဉ်းစားရတာ ကျွန်မအတွက်တော့ အင်မတန်မှ စိတ်လှုပ်ရှားဖို့ ကောင်းတာပါ။သူနဲ့အတူရှိနေတဲ့ အဲဒီညတွေရယ် ရောင်စုံမီးတွေကြားမှာ ဟိုးအရင်ကာလ - တွေ ကတည်းက ရိုက်လာခဲ့တဲ့ မရိုးနိုင်တဲ့ဓာတ်ပုံလေးတွေရယ် ကျွန်မသိပ်ပျော်တာပေါ့ ။

ပထမဆုံးခရစ္စမတ်မှာ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် စွပ်ပေးခဲ့တဲ့ လက်စွပ်လေးဟာ ခုထိတိုင် သူ့လက်မှာ ရှိနေဆဲပဲလေ။နှစ်တနှစ်ကို ကုန်ဆုံးသွားလို့လွမ်းမောတာမျိုးမရှိပေမယ့် ခရစ္စမတ်ပြီးလို့ ပြန် လာရတဲ့ ကာလတွေကိုတော့ အင်မတန်မှ နှမြောတသဖြစ်မိတယ်။နောက်တခုက ဖေဖေနဲ့မေမေတို့ရဲ့ မင်္ဂ လာ နှစ်ပတ်လည်ကလည်း ခရစ္စမတ်နေ့ပဲဖြစ်လို့ ကျွန်မအတွက် ခရစ္စမတ်ဆိုတာ အထင်ကရနေ့လေး တစ် ခုပေါ့။ခရစ်ယာန်ဘာသာဝင်မဟုတ်လို့ အိမ်မှာသစ်ပင် အလှဆင်တာမျိုးမရှိပေမယ့် သီချင်းလာဆိုတဲ့ အဖွဲ့ေ တွကို အလှုထည့်တာမျိုး မီးသီးတွေဆင်တာမျိုးတော့ လုပ်လေ့လုပ်ထရှိခဲ့တယ်။နောင်နှစ်တွေမှာ အခွင့်များ သာခဲ့ရင် နှင်းမှုန်တွေကြားမှာ ချစ်တဲ့သူနဲ့အတူ ရှိနေချင်မိပါရဲ့။


ဒီနေ့မှာ ကျရောက်တဲ့ ဖေဖေ၊မေမေတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်မှသည် လာမဲ့နှစ်ပတ်လည်များစွာအထိ အခု လိုပဲ နွေးနွေးထွေးထွေး ဖြတ်သန်းနိုင်ကြပါစေ။ချစ်သူအတွက်လည်း ပျော်ရွှင်ဖွယ် မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ။သူ့အတွက် ကျွန်မကိုယ်တိုင် နှစ်ပေါင်းများစွာအထိ မွေးနေ့ပွဲတွေ ကျင်းပခွင့်ကို ရရှိနိုင်ပါ -စေ။ကျန်းကျန်းမာမာနဲ့အတူ ဟိုးနှင်းမှုန်ကမ္ဘာတွေအထိ ကျမတို့နှစ်ဦး လက်တွဲပြီးသွားပါရစေဟု ဆန္ဒပြုရင် ရင်း တဂ်ပိုစ့်ကို ဒီမှာအဆုံးသတ်ပါရစေရှင်...။

ကျေးဇူးတင်ရှိပါကြောင်း...။


သတိတရနဲ့ တဂ်ခဲ့တဲ့ရိုစ့်ရယ် ကန်ဒီလေးရယ်ကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ။-ေ မွးနေ့လက်ဆောင်ပို့ပေးခဲ့တဲ့ ညီမလေးစုကိုလည်း အထူးကျေးဇူးတင်ပါတယ်။သူ့မွးနေ့ကို အစစအရာရာ ရာ ဖြစ်မြောက်အောင်လုပ်ပေးခဲ့တဲ့ အမေ့သားကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ဟိုင်လန်မိသားစုနှင့်တ -ကွ သီချင်းလာဆိုပေးတဲ့ အမည်မသိ ထိုနှစ်ယောက်ကိုလည်း ကျးဇူးတင်ပါတယ်။မွးနေ့ညမှာ  ဆယ့်နှစ်နာရီ -ကျော်ပြီးချင်း အဝေးကနေ ဖုန်းခေါ်ပြီး ဘက်ဒေးဝစ်ခ်ျလုပ်ပေးတဲ့ ကျွန်မမောင်လေး နတ်နတ်ကိုလည်း အ ထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မဒိုးကန်သုံးရက်လောက်ဆက်သွယ်ရေး ဧရိယာပြင်ပကို ရောက်ရှိနေစဉ်  လာရောက်ခဲ့ကြတဲ့ အကိုအမ မောင်၊ညီမများကိုလဲ အထူးပဲကျေးဇူးတင်ရှိပါကြောင်း..


အားလုံးအတွက် မင်္ဂလာရှိသော ခရစ္စမတ်နဲ့နှစ်သစ်ဖြစ်ပါစေရှင်..။

ချစ်တဲ့
မဒိုးကန်
၉း၁၅မိနစ်
၂၆.၁၂.၂၀၁၁

33 comments:

Thameesan said...

အစ်မ..
မွေးနေ့ရှင်ကော :P

Candy said...

မမရဲ့ ခရစ်စမတ်လေးက ပျော်စရာကောင်းလိုက်တာ... မျက်လုံးထဲပေါ်အောင်လည်း ရေးတတ်တယ် :D

Happy Birthday နော် ကိုရင်...
ဆုတောင်းပေးရမယ်ဆိုရင်တော့ မမ မဒိုးကန်နဲ့ အသက်ထက်ဆုံးဒီလိုလေး ပျော်ရွှင်စွာနေနိုင်ပါစေနော်..:D :D

သဒ္ဓါလှိုင်း said...

ခရစ်စမတ်လေးကို နှစ်တိုင်း ချစ်ရသူနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ ညီမလေး။ ဖတ်ရင်း ကြည်နူးရပါတယ်နော်။
ချစ်တဲ့
သဒ္ဓါ

ကိုကိုးအိမ်(မန္တလေး) said...

မဒိုးကန်ကြီး ပျော်သွားပုံကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းကဲ့သို့ ထင်ထင်ရှားရှားကြီးကို မြင်လိုက်မိပါတယ်ဗျာ.. ဟားဟား

ခင်မင်စွာဖြင့်
ကိုကိုးအိမ်(မန္တလေး)

ကိုကိုးအိမ်(မန္တလေး) said...

မဒိုးကန်ကြီး ပျော်သွားပုံကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းကဲ့သို့ ထင်ထင်ရှားရှားကြီးကို မြင်လိုက်မိပါတယ်ဗျာ.. ဟားဟား

ခင်မင်စွာဖြင့်
ကိုကိုးအိမ်(မန္တလေး)

8Yar said...

ဟင်! အစ်ကိုရင် မွေးနေ့လား။ ဘာမှလဲစားရဘူး။ :P ဟီး နောက်တာ Happy Birthday ပါ အစ်ကိုရေ။
“မပြန်ချင်ဘူး အီးးဟီးးဟီး ”ဆိုတဲ့ အသံပေါင်းစုံ နဲ့ အော်ဟစ်နေတော့
အတော်ဆိုးတဲ့ အစ်မဒိုး။ :D Post လေးဖတ်ပြီး ရင်ထဲမှာတစ်မျိုးလေးဖြစ်သွားတယ်။ တော်လိုက်တဲ့ အစ်မဒိုး။ နှစ်တိုင်းပျော်ရွှင်ကြပါစေလို့ ကျွန်တော် 8Yar မှ ဆုမွန်ချွေပါတယ်ခင်ဗျာ။

Cameron said...

Happy Belated Birthday ပါ ကိုရင်...။
ကိုရင်နဲ့ မဒိုးတို့ ပျော်ရွှင်တဲ့ နှစ်သစ်လေးပိုင်ဆိုင်ကြပါစေ...။

San San Htun said...

Happy Birthday Belated ကိုရင်..ပို့ စ်ဖတ်ပြီး အပျော်တွေ ကူးစက်သွားတယ်

rose said...

တက်ဂ်ပို့စ်လေးကို ရေးပေးလို့ ကျေးဇူးပါ အစ်မရေ...။ ကိုရင်ရဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှသည် သား မြေး မြစ်များ ရရှိသည် အထိ မိသားစု ပျော်ပျော်ရွှင်ရွှင်နှင့် သက်ထက်ဆုံး နေနိုင်ပါစေရှင်။ အမှတ်တရလေးတွေ ရှိတဲ့ ဒီဇင်ဘာဟာ အစ်မမဒမ်ကိုးတို့ စုံတွဲလေး အတွက် ပိုပြီး ချိုမြိန်စေမှာ အမှန်ပဲနော်။

လွင်ပြင်လှိုင်းငယ် said...

Happy Birthday ပါ ကိုရင်
ညီမလေးနှင့်အတူ သားသမီးအယောက်တစ်ရာနှင့်
ပျော်ရွှင်ပါစေ..
သားသမီး အယောက်တစ်ရာဆိုလို့ နဲများနဲနေသေးလား
နဲရင်ပြောနော် ထပ်ပြီး ဆုတောင်းပေးမယ်

blackroze said...

အော်...ပါးပါးနဲ့မားမားက အဲသလိုကဲနေတာကိုး
အိမ်မှာသမီးလေးတယောက်ထဲကိုပြစ်ထားတယ်
ကိုယ့်သမီးကိုမေ့နေကြတယ်မှတ်လား..
ဟွန့်..
မုန်းတယ်..မုန်းတယ်..
မားမားကိုမချစ်တော့ဘူး..
ပါးပါးကိုတော့အစကထဲကကြည့်လို့ကိုမရတာ
အခုဆို..ပြောဖို့တောင်လိုတော့ဘူး..
မားမား ဘာမုန့်ဝယ်လာခဲ့ပေးလဲပြော
သူများမှာလိုက်တဲ့ ဂျလေဘီ..ဘယ်မလဲ..
သူများအခု သမီးစံကိုလိုက်ဖမ်းနေတာမားမားရေ..

mstint said...

ကိုရင့်မွေးနေ့ရယ်လို့ ကြော်ငြာဝင်ပြီးမှတော့
တစ်ခုခုမကျွေးရင် စလုံးလာမလည်တော့ဘူး ဟွန်းးးး
ဖတ်ရတာကြည်နူးစရာလေး မဒိုးရေ။
Happy Birthday ကိုရင်။
မွေးနေ့ရှင်လေးရော မွေးနေ့လေးအတွက်
အားကြိုးမာန်တက်ဆောင်ရွက်ပေးတဲ့ မဒိုးရော
ကြည်နူးဖွယ်ကောင်းတဲ့ မွေးနေ့ရက်ကို နှစ်ပေါင်း
များစွာ အေးချမ်းစွာကျော်ဖြတ်နိုင်ကြပါစေလို့
တောင်းဆုလေးချွေပေးခဲ့တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်ပနော် ..မွေးနေ့ရှင်က ဘာမှလည်း ကျွေးဝူး...:P:P ပျော်ရွင်ဖွယ် မွေးနေ့လေးမှစ၍ နောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့ မိသားစုနဲ့ အတူတကွ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေလို့ဆန္ဒပြုရင်း နောက်နှစ်တွေမှာလည်း ပါဝင်ဆုတောင်းခွင့်ရ ချင်ပါတယ် အကိုရေ..Happy Birthday to u!!!
ပျော်ရွင်ဖွယ် ခရစ်စမတ်လေးပါ မမရေ..

ညီလင်းသစ် said...

ရေးထားတာ ရှင်းရှင်းလင်းလင်း ရှိလို့ ဖတ်ရတဲ့သူက ဘေးမှာ အတူလိုက်ပါနေရ သလိုပါပဲ မဒိုးကန်ရေ..၊ အပျော်တွေလည်း ကူးစက်သွားတယ်၊ ဒီလို အမှတ်ရစရာ တွေနဲ့ဆိုတော့ ခရစ်စမတ်ဟာ မမေ့နိုင်စရာ ပါပဲ...။

ချောကလက်ကျူးပစ်လေး said...

ပိုစ့်လေးဖတ်ရတာကြည်နူးစရာကြီး
မဆီမဆိုင်မိန်းမတောင်ယူချင်စိတ်ပေါက်သွားတယ်..ပီားပီားး(ကိုရင်ကိုအားကျလို့:P)

SHWE ZIN U said...

ပျော်ရွှင်စရာတွေ ပြည့်နေတဲ့ မွေးနေ့ပွဲလေး နဲ့ ခရစ်စမတ်နေ့လေး ကို ပျော်ရွှင်စွာဘဲ ဆင်နွဲသွားပါတယ်

Happy birthday ပါ ကိုရင်

ချစ်တဲ့
အမရွှေစင်

သူကြီးမင်း (တုံးဖလား) said...

မဒမ့်မွေးနေ့တုန်းကလို ကိတ်မုန့်လှီးတဲ့ ဓါးကြီးနဲ့ လိုက်မခုတ်ဖူးလား။

ကိုယ့်မွေးနေ့တုန်းက ဒီလောက် သတိမထားမိခဲ့ဘူး။ သူတို့မွေးနေ့ကျမှ စိတ်လှုပ်ရှားစရာကြီးပါလား။ အင်းးး ကိုရင်ကတော့ မဒမ်ပြန်လာပြီးမှ စိတ်ချမ်းချမ်းသာသာ အိပ်ရေး၀၀ အိပ်ရတော့မယ်ထင်ပါ့။း)

ကဲ.. ကိုရင်ရေ..
ကိုရင်တို့တစ်တွဲကော မဒမ့်မိဘတစ်တွဲကော နှစ်စဉ် ခရစ်စမတ်ကာလမှာ ပျော်မြူးစွာ နှစ်ပတ်လည်နှင့် မွေးနေ့ပွဲကို ကျင်းပနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စံပယ်ချို said...

ကိုရင်ပျော်ရွှင်စရာတွေပြည့်တဲ့မွေးနေ့လေးဖြစ်ပါစေလို့
ဂျက်နဲ့သိပ်မကွာဘူးနော်
မဒမ်ရိုက်ချက်လား ဒံပေါက်ရိုက်ချက်လားမှန်ရာကိုသစ္စာဆိုပါလေ-----

Anonymous said...

စိတ်မခိုင်ပါဘူး ဆိုမှ အဟင့် အဟင့်..
ရင်ခွင်လေးထဲ ထည့်ပြီး ကျေးဇူးကပါသေးးး

သူများအတွဲတွေ မြင်ရင်ကွယ်
တားတားကလေးမှာ မနေနိုင်တယ်
မာမီရယ်..၇ှာပေးကွယ်
တားတာမိန်းမ ယူချင်တယ်

ညီရဲသစ် said...

ကိုရင်နဲ့ မဒိုးကန်တို့ နှစ်ယောက်အကြောင်း ဖတ်ရတာ တော်တော်လေး ပျော်ဖို့ ကောင်းမယ်နော်...
happy birthday ပါကိုရင်...
ကိုရင့်မွေးနေ့ တွေကို နောင်နှစ်ပေါင်းများစွာတိုင်အောင် မဒိုးကန် ကိုယ်တိုင် ဦးစီးပြီး ကျင်းပနိုင်ဖို့ ကျွန်တော်ကလဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ...
သူများတွေ ဘဝကို ကြည့်ပြီး အားကျမိတယ်ဗျို့ ....

လမင်းငယ် said...

မွေးနေ့ပွဲလေးရောက်သွားသလိုခံစားမိပါတယ်
စာရေးကောင်းလိုက်တာ
ပျော်ရွှင်သောမွေးနေ့ ကိုဖြတ်သန်းနိုင်ပါစေရှင်

ညိမ်းနိုင် said...

ကြည့်စမ်း...ကျုပ် အဲ့ရက်ပိုင်းကမလေးမလာဖြစ်တာ နာထှာဗျာ....၊ကဲပါလေ..ဘာပဲဖြစ်ဖြစ် ဟပ်ပီးဘက်ဒေး
ပါဗျာ....၊နောင်နှစ် ညန်မာပြည်မှာ လုပ်ကြရအောင်ဗျိုးးးးးးးး

AH said...

ခလစ်စမတ်တောင် ဘာမှန်းမသိလိုက်ဘူး... ကိုရင့်ကိုလဲ ဘက်ဒေးဝစ်ရှ် မလုပ်လိုက်ရဘူး။ ခုမှ လုပ်တော့မယ်နော်... ဟက်ပီးဘက်ဒေးပါကိုရင် ချီးယားစ်...... ပြန်ရောက်ပြီးကထည်းက တောင်ပြေးမြောက်ပြေးနဲ့ ခုမှ ပြန်ရောက်တော့တယ်ဗျာ..... ခုလို ကြည်နူးစရာလေးဖတ်လိုက်ရတော့ အရမ်းကို ၀မ်းသာပါတယ် ကိုရင်နဲ့ မဒမ်ခင်ဗျား...

ခင်မင်စွာဖြင့်
AH

ကိုအောင် said...

ပျော်ရွှင်စရာ ခရစ်စမတ် အချိန်ပေါ့ ...

မီးမီးငယ် said...

အော်...
မောင်တမြို့ မယ်တရွှာ၊
ဇာတ်လမ်းလေးကိုး..။
သနားပါတယ်။
နောင်နှစ်ကျရင်အတူတူနေနိုင်ကြပါစေလို့ ၊
ဆုတောင်းလက်ဆောင်ပေးလိုက်ပြီ်နော်..။

camomilla said...

ကိုရင်ကြီးက ခရစ္စမတ်မှာမွေးတာကိုး
နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ဖွယ်ရာမွေးနေ့ကို အတူတူဖြတ်သန်းနိုင်ကြပါစေ.

Iora said...

ပျော်စရာမွေးနေ့ ပွဲပေါင်းများစွာ အတူဆင်နွှဲနိုင်ပါစေလို့ ။
မွေးနေ့ ရှင်လည်း စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ။
ဖတ်ရတာ ကြည်နူးစရာလေး။
အိုင်အိုရာ

kokoseinygn said...

နှစ်တိုင်းပျော်ရွှင်ဖွယ်မွေးနေ့တွေကို
ဇနီးမောင်နှံပျော်ရွှင်စွာဖြတ်သန်း
နိုင်ပါစေ မောင်ရင်....
အကောင်းဆုံဆုတွေလဲတောင်းပေးခဲ့တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်ပျော်ပါးပါး ဖြတ်သန်းခွင့်ရတဲ့ မွေးနေ့လေးအတွက် ကြည်နူးသွားပါတယ်..
နှစ်ယောက်လုံး အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ..
မွေးနေ့ရှင်လဲ ပျော်ရွှင်ပါစေ
တစ်သက်လုံး မဒိုးကန်ကို ချစ်နိုင်ပါစေလို့ နော်..

အလင်းသစ် said...

အင်းးးးးး ဆိုလိုရင်း အဓိကကတော့ ခရစ်စမတ်ကို ကြိုသလိုလိုနဲ့ ကိုရင့်ကိုဖားတာပါလားနော်။။။ ရွှေယောက်ဖတော့ သနားမိပါသေး..ဟေးဟေး။။။။

...အလင်းစက်များ said...

အူမြူးနေမှန်း သိသာလိုက်တာနော်။ ဟွန်းဟွန်း။ အဲ့ဒါပဲ ကျန်တယ် ကို နားထောင်ပြီး အစ်မတစ်ယောက်က ကြိုက်လို့  လိုက်ရှာပေးပါ ဆိုတာနဲ့  ဒေါင်းပေးလိုက်ရသေးတယ်။ ဒင်းတရားခံပဲ။ အလုပ်ရှုပ်သွားတယ်။

များများ ရန်ဖြစ်ကြပါစေ အဲလေ... ပျော်ရွှင်ကြပါစေဗျာ

Happy New Year ပါခင်ဗျား။

ခင်မင်စွာဖြင့်

အုန်းပိုး

မိုးခါး said...

ဒိုးကန်ရေ
ကိုရင်မွေးနေ့မှာ လက်ဆောင် ဘာရလဲ .. :D

အမ်တီအန် said...

ရိုးမန်းတစ် ခရစ်စမတ်လေးပါလားနော်...
ဖတ်ရင်း ကြည်နူးမှုတွေ ကူးစက်သွားရတယ်...

Related Posts Plugin for WordPress, Blogger...