Thursday, October 20, 2011

Breaking New


ယနေ့ မြန်မာစံတော်ချိန် ၂နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်ေ နသော မုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် မောင်းတောမြို့ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ ကြားမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက် လျက်ရှိပါသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အညိုရောင်အရေးပေါ် အခြေအနေရှိပြီး ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ကော့ဘဇားကို ဖြတ်ကျော်နေသော အခြေအနေအား ဖြတ်ကျော် ၀င်ရောက်လျက် ရှိသော အခြေအနေဟု သတ်မှတ်ပါသည်။မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်လျောက် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီးနိုင်ပါသည်။ 

မိုးသက်လေပြင်းကျလျင် မြေပြင်ရေပြင်လေသည် တစ်နာရီ မိုင်၆၀မှ မိုင်၇၀အထိ တိုက်ခတ်နိုင်သည်။ မုန်တိုင်း ကမ်းသို့ ဖြတ်ကျော်စဉ် ရခိုင်ကမ်းရိုးတမ်းဒေသတွင် ပင်လယ်ဒီရေ ၆ ပေမှ ၈ ပေခန့်အထိ တက်နိုင် ပါသဖြင့် ရခိုင်ကမ်းရိုးတမ်းဒေသတစ်လျောက် မုန်တိုင်းထိဆက်နေသော ဒေသများရှိ ပြည်သူများသည် ထိုဒေသတွင်းမှ ရှောင်ရှားသင့်ပါသည်ဟု မိုးလေ၀သနှင့် ဇလဗေဒဌါနမှ သတိပေးထားကြောင်း သိရသည်။

မက်ဖန်မှ ပြန်လည်မျှဝေပါသည်ခင်ဗျား။
လေးစားစွာဖြင့်
ကိုရင်
19:30(GMT)

16 comments:

Angelhlaing(May everybody be happy and healthy! said...

မုန်တိုင်းဒဏ်မှ ကင်းလွတ်ဝေးကြပါစေလို့...

သူကြီးမင်း (တုံးဖလား) said...

လာပြန်ပြီ။ မုန်တိုင်း။ ဒီသဘာဝတရားကလဲ မြန်မာဘက်ချည်း လှည့်လှည့်လာတယ်။ မျက်နှာသာကို မပေးဘူးးးးးး။

mstint said...

ကြားရနားဝမချမ်းသာပဲ ကိုရင်ရေ။
လူသားတွေလည်း အေးအေးချမ်းချမ်းနေရတယ်ကို မရှိတဲ့လောကကြီးပါလားနော်။
မဒိုးကမ်တစ်ယောက် မုန့်ကျွေးမယ်ဆိုပြီး ငြိမ်နေပါလားး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

မုန်တိုင်းဒါဏ်ကကင်းဝေးကြပါစေ...
စိတ်ညစ်တယ်နော်...

Crystal said...

စစ်တွေက ငါးဈေးထဲကို လေဆင်နှာမောင်း ဝင်သွားသေးတယ်တဲ့ :(

Thameesan said...

ဟောတော်...
ရခိုင်ပြည်ကလူတွေ..ခဏခဏပဲ
ကြုံနေရသကွယ်..စိတ်မကောင်းလိုက်တာ
မုန်တိုင်းကိုပြောလို့ရရင်ကောင်းမယ်နော်ကိုရင်
ရန်ကုန်ကို ခဏလာလည်ပါအုံးလို့း)
(အဲဒီ့ဘက်ပဲသွားသွားနေလို့ပါ)
မြန်မာပြည်သားအားလုံးသဘာဝဘေးအမျိုးမျိုးမှ
ကင်းလွတ်ငြိမ်းချမ်းကြပါစေ
ချစ်ခင်စွာဖြင့်
သမီးစံ

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီမုန်တိုင်းကြောင့် ဒီမှာလည်း မိုးတွေ ရွာလိုက်သမှ သည်းကြီးမည်းကြီးပေါ့။
အင်း ရာသီဥတု သဘာဝများနော်
ကြောက်ဖို့ကောင်းလိုက်တာ။ နေရာတိုင်းမှာ သူ့ကြောင့် လူတွေ ဒုက္ခရောက်ကြရတယ်။ ရေတွေကြီးလိုက်၊ မုန်တိုင်းတွေ တိုက်လိုက်နဲ့
သဘာဝတရားကြောင့်ဆိုတော့လည်း ကာကွယ်လို့လည်း မရပြန်..

AH said...

ရခိုင်ရိုးမ သစ်တောတွေ ပြုန်းရင်၊ ကမ်းရိုးတမ်းနေ အပင်တွေ ပြန်းရင် ဒါတွေဟာ သဘာဝဘေးအန္တရာယ် ကျရောက်ဖို့ ပိုမို အခွင့်အလမ်းများသွားတာပေါ့.... :(

ညီရဲသစ် said...

မုန်တိုင်းကလာပြန်ပြီလား...
အဲဒီဒေသက လူတွေလဲ ဒုက္ခနော်...

စံပယ်ချို said...

လာပြန်ပြီနော်ဒီမုန်တိုင်း
လူတွေဒုက္ခရောက်တော့မယ်ထင်တယ်မျှ
ဝေပေးလို့ ကျေးဇူးပါကိုရင်ရေ
လူသားအားလုံးကျန်းမာပါစေလို့

ညိမ်းနိုင် said...

အေးဗျ....ဟိုးငယ်ငယ်တုန်းကတော့ တရုတ်ဘက်ကိုဝင်
လိုက်၊ကုလားဘက်ကိုဝင်လိုက်....မြန်မာပြည်က ကွက်
ကွက်လွတ်နေကြ....၊ခုတော့ ကိုယ်တွေကိုချည်း သမနေ
တော့တာပါပဲလား.....:(((

အလွမ်းမြို့ said...

ကိုရင်ရေ...ရင်မောတယ်ကွယ်။
စိတ်မချမ်းသာလိုက်တာ

အလွမ်းမြို့ said...

ကိုရင်ရေ...ရင်မောတယ်ကွယ်။
စိတ်မချမ်းသာလိုက်တာ

ahphyulay said...

အင်း....
စီဘောက်မထားလို့  လာနှုတ်ဆက်ပါသည်။
စာမရေးနိုင်သေးလို့  ရေးနိုင်အောင်
ကြိုးစားနေပါသည်။
အထူးပဲ ကျေးဇူးတင်ပါသည်။

Anonymous said...

သာသနာပြုတာဝန်နဲ့ ရခိုင်မှာ ၂-နှစ်နေဖူးတယ် မဒိုးကန်ရေ... မုန်းတိုင်းဒဏ်ခဏခဏခံနေရတဲ့ ရခိုင်ပြည်သူပြည်သားတွေအတွက် တကယ်စိတ်မကောင်းဖြစ်ရပါတယ်... အားလုံးဘေးရန်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

လွင်ပြင်လှိုင်းငယ် said...

သတင်းအတွက်ကျေးဇူးပါ

Related Posts Plugin for WordPress, Blogger...