Monday, October 17, 2011

ချစ်ရသူသို့ .........ပဏ္ဌာတော်



ချစ်သူ ရယ်........
အပြစ်ရယ်လို့မယူချင်ပါဘူး.........
မင်းဆိုးသမျှ ခွင့်လွှတ်နေချင်သူပါ .။။။

ချစ်သူရယ်...........
သံသယရယ်လို့ နယ်မလွန်ချင်ပါဘူး.........
ခံစားရသမျှ ကြိတ်မှိတ်နေချင်သူပါ။။။



ချစ်သူရယ်................
အနိုင်ရယ်လို့ မယူရက်ပါဘူး..........
မင်းပြောသမျှ ခေါင်းငုံ့ကာနေချင်သူပါ ။။


ချစ်သူ ရယ်...........
လောဘရယ်လို့ မမြင်ရက်ပါဘူး။။။
မင်းထားသမျှနဲ့ တပ်မက်မှု့ကင်းနေသူပါ ။


ချစ်သူရယ်........
တောင့်တတယ်လို့ မမြင်ရက်ပါဘူး..
မင်းမျက်နှာ ၀င်းပမှ  ရွှင်ပြရလေသူပါ..။။။


ချစ်သူရယ်............
သိမ်ငယ်တယ်လို့ မဆိုရက်ပါဘူး..........
ကဲ့ရဲ့သင်းဂြိုဟ် အတင်းဆိုသမျှ.........
မင်းမျက်နှာ တဒင်္ဂနဲ့ ရဲစိတ်တွေ တင်းနေရသူပါ။။



ချစ်သူ ရယ်............
ဥပေက္ခာ ထားတယ်လို့ မဆိုရက်ပါဘူး..
မကြင်နာလေက မင်းပျော်မယ်ထင်သမျှ
နွမ်းနေတဲ့နှလုံး .ပြုံးနေမယ့်မျက်နှာနဲ့
ဝိဥာဉ် ကို ခွာ  အသက်ကိုပေးလို့ရယ်
လက်ဆောင်ရယ်တဲ့မှ  ပဏ္ဌာတော်ဆက်ပါ့မယ်
ရင်ကိုခွဲ အသည်းကို .ဆွဲသာနုတ်သွားပါတော့ ..
တဆတ်ဆတ်ခါနေတဲ့ ငါ့နှလုံးသားက
မင်းလက်ကိုဖွဖွ ဆုပ်လို့ .......
ပြစမ်း..ချစ်သူ..
မင်းလက်ကလေးများ.......
ဓားရှကာသွားသေးလားလို့ ..
မေးပါလိမ့်ဦးမယ်ချစ်သူ ..။။။။။။။


မဒမ်ကိုး
၃း၃၀ မိနစ်
 ၁၇ ၇က် ၁၀ လပိုင်း ၂၀၁၁ ခုနှစ်

29 comments:

မိုးယံ said...

အံမယ်လေး အံမယ်လေး နုရွနေလိုက်တာတော်...

ဖတ်ရသူ ရင်ထဲ ဖိုးသိုးဖတ်သပ် ဖိုးသိုးဖတ်သပ်နဲ့။ :P


ချစ်သူရယ်................
အနိုင်ရယ်လို့ မယူရက်ပါဘူး..........
မင်းပြောသမျှ ခေါင်းငုံ့ကာနေချင်သူပါ ။။ (ဓါးနဲ့လိုက်တာ ဘူလဲ)

Anonymous said...

ဓါးရှသွားတာလား ... ဓါးနဲ့လိုက်ခုတ်တာဆို မနှင်းဆီ

kokoseinygn said...

အချစ်ကိုဦးစားပေး
ခံစားချက် တွေစီကာထားတဲ့
ညီမ မဒမ်ကိုး ရဲ့စာတွေဖတ်သွားပါတယ်။

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တဲ့ ဖွဲ့ဆိုမှု...ဒို့မမကွ....:):)
အဲလိုတွေကြောင့် အကို(ကိုရင်)ကြွေခဲ့ရတာ နေမယ်...:):)

စံပယ်ချို said...

မထင်ရဘူးနော်...
မဒိုးကန်ရဲ့နှလုံးသားလေးတွေ တော်တော်
နူးညံ့နေပါလား.....ကောင်းတယ်
နောင်လဲဆက်ရေးနော်...
မအားတာနဲ့ကိုရင်ကိုတောင်လာပြီး
မနှောင့်ယှက်ရဘူး
ခုမှအားလို့...နောက်မှကိုရင်နဲ့လာပြီး
ရန်ဖြစ်ရအုန်းမယ်...
ခင်မင်တဲ့ jasmine

Thameesan said...

အောင်မြတ်လေး..မမဒိုးကန်ရယ်
သမာန်စီးတို့များ..အဲလိုအပြောခံရလို့ကတော့လေ
ဘာပြောကောင်းမလဲနော် ဟိဟိး))
ကိုရင်တို့များ..ကံကောင်းထှာနော်...
ဒီလောက်နုနုရွရွလေးနဲ့ချစ်စရာကောင်းတဲ့
အသည်းနှလုံးလေးရဲ့မူပိုင်ရှင်ဖြစ်နေရတာကိုး :P
ပျော်ရွှင်ချမ်းမြေ့စွာ
အသက်ထက်ဆုံးလက်တွဲသွားနိုင်ပါစေရှင်
ချစ်ခင်လေးစားလျှက်

တောက်ပကြယ်စင် said...

ဟား ရှား ပါး ဖွဲ့နွဲ့ပုံလေးတွေက ပိုးထည်လို နူးညံ့နေပါလား မဒိုးကန်ရေ...အဲဒါကြောင့်...အဲဒါကြောင့်...
ကိုရင်က..............။

...အလင်းစက်များ said...

မျက်နှာ မ၀င်းပ နိုင်ပါဘူး။ အိမ်လခ ပေးရခါနီးလေ မျက်နှာက ဇီးရွက်ခန့် နဲ့  အိုစာ လေလေပဲ။

ဟမ်..... ငါဘာတွေ ရေးမိပါလိမ့်။ ငါ့တော့ ကိုရင် လာသတ်တော့မှာပဲ။ ဟီးဟီး

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

ညိမ်းနိုင် said...

အိုး..ကဗျာလေးဖတ်လိုက်ရတာ အတော်ထိတယ်...မဒိုး
ကန်ရာ....ဘာတဲ့ ရင်ကိုခွဲ အသည်းကို ဆွဲသာနုတ်သွား
ပါတော့......တဲ့လား....ကဗျာလေးဖတ်ပြီး ကြက်အသည်း
အမြစ် မဆလာချက်လေး သွားသတိရပြီး ဗိုက်ဆာလာ
သဗျာ....:)))

ကြယ်ရောင်မှတ်စု said...

ချစ်သူရယ်လို့ပြောပြောပြီး ကိုရင်တစ်ယောက်တော့ အင်း.....မြင်ယောင်ပါသေးတယ် :P

ခင်တဲ့(ဖိုးကြယ်)

ကိုရင် said...

အောင်မလေးဗျာ အိမ်လခပေးမယ့်သူနဲ့ ကြက်မဆလာသမားနဲ့တော့ လာတိုးနေပါပြီ ကယ်ကြပါဗျာတို့ရယ် ကြင်ဖြူများရှောင်တို့ရယ် တွားပါဘီ တွားပါဘီး)

AH said...

ဟဲ ဟဲ ကိုရင်ကတော့ ဒီကဗျာလေးကို ကြည့်လိုက် ပြုံးဖြီးဖြီးကြည့်လုပ်လိုက်၊ ကဗျာလေးပြန်ဖက်လိုက်၊ ဒါးမကြီးအကြောင်းတွေးလိုက်၊ ပြုံဖြီးဖြီးလုပ်လိုက် ဖြစ်နေမှာ သေချာတယ်။
"မင်းလက်ကို ဖွဖွဆုပ်လို့....
ပြစမ်း... ချစ်သူ...
မင်းလက်ကလေးများ.....
ဓားရှကာသွားသလားလို့..
မေးပါလိမ့်ဦးမယ် ချစ်သူ...။။။။။။ ဟီး ဟီး ဟီး

blackroze said...

အိုးးး
ကဗျာလေးကနုးညံလှပနေလိုက်တာ
ချစ်မကြီး မဒမ်ကိုးရဲ့ ရင်တွင်းဖြစ်
ကိုရင်ကံကောင်းထှာ

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

၈မကြီးရေ..
အော်တန့်အကြောင်းများရေးထားလားထင်ရတယ်..
ဝမ်းနဲလိုက်တာ..အော်တန်ကဒါ့ထက်၈တေးတာ..
နောက်ချုံးတော.လဲထားခဲ.တာပဲ..

ကိုဇော် said...

ကောင်းလိုက်တဲ့ ကဗျာဓါးသွား . . .
ရင်ထဲမှာ တဆစ်ဆစ်နဲ့ . . .

San San Htun said...

မဒိုးကန်ကတော့ အကြမ်းရော၊ အနုရော စွယ်စုံရသဗျား

Candy said...

ကဗျာလေး အရမ်းကောင်းတာပဲ အစ်မရယ်... တကယ်ပြောတာ.. heart ထိတယ် :D :D :P

SHWE ZIN U said...

ကဗျာလေး ဖီလင် အပြည့်နဲ့ ဖတ်လာတာ မောင်လေး ရေးတဲ့ အသဲအမြစ်ဟင်း သတိရ သွားတာနဲ့ ပျက်ပါလေရော

ခင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့များကိုတော့ အဲဒီလောက်ချစ်တဲ့သူ မရှိပေါင်း)
ကိုရင်တော့ အတော်ကံကောင်းတာဘဲ
ဒီလောက်ချစ်တတ်တဲ့ မဒိုးကန်ကို ရထားတာ ။
အင်း ကဗျာလေးဖတ်ရင်း အားကျရင်းပေါ့။
အားကျတာများလို့ ဗိုက်ဆာသွားပြီ ထမင်းသွားစားဦးမှ

ကိုထွဋ် said...

ပြစမ်း..ချစ်သူ..
မင်းလက်ကလေးများ.......
ဓားရှကာသွားသေးလားလို့ ..
မေးပါလိမ့်ဦးမယ်ချစ်သူ ..။။။။။။။

ပြစမ်းချစ်သူ....
မင်းလက်ကလေး ဓားခုတ်မိတာလား....
သွား သွား နနွင်းသွားသိပ်ချေ... နာ ရိန်းတို့ 2PM တို့နဲ့ အလုပ်များနေတယ်...
ပြောမိပါဦးမယ် ချစ်သူ..။။။။။။

ကဲ ဘုရားတပေတော့ ငထွဋ်တို့ :P

mstint said...

မဒိုးကမ်ရေ မှန်ကန်တဲ့ အတွေးအခေါ်လေးတွေမို့ အားပေးနေတယ်နော်။ လိုက်လည်းလိုက်ဖက်တဲ့ စုံတွဲပါပဲ။ (ကတိတည်စေနော် တီတင့်ရောက်နေပြီး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူကြီးမင်း (တုံးဖလား) said...

အံမယ် အံမယ်... မဒိုးက လူလို သူလို ကဗျာတွေ ဘာတွေနဲ့ စာခွေတွေ ပါးနေပါလား။း))

ဧကန္တကတော့ ကိုရင် ငပိချက်က ဘာတွေများ သ၀န်တို..အဲလေ သ၀ဏ်လွှာ ဆက်သလိုက်လို့ပါလိမ့်။ ဟာ ဟ။

အချင်းချင်း အမျက်တော် မရှကြနဲ့နော်။ သူကြီးမင်းက အနှီစုံတွဲကို ချီးကျူးဂုဏ်ယူနေတာ။

ခင်မင်လျှက်

ညီရဲသစ် said...

ပြီးပြည့်စုံတဲ့ ကဗျာလေးကို ခံစားအားပေး သွားပါတယ်...
ကိုရင်တို့ တော့ ကံကောင်းချက်ဗျို့ ..

နွေတေးရှင် (မင်းဧရာ) said...

အမလေး.....
ချစ်တတ်လိုက်ကြတာဗျာ....
ဒီ ကဗျာ ကိုသာ ကိုရင် တွေ့ရင်
ဘယ်လောက် သဘောတွေခွေ့  နေမလဲနော်။

လိုက်ပ လိုက်ပ ရှေ့သွားနောက်လိုက်ကို ကိုက်နေတာပဲ။

နီသွေး said...

တော်တော်ပေးဆပ်တတ်တာပေါ့နော်..

sosegado said...

ကိုရင် က မဒမ်ကို အဲလို ဖွဲ့နွဲ့ ရေးဖို့သင့်တယ်၊းD

မိုးခါး said...

အင်းးး
ဖွဲ့ထားလိုက်တာ နုရွနေတာပဲ လို့ ပြောမလို့ရှိသေး ကော်မန့်တွေလည်း တွေ့ရော .. :P

မဒိုးကန် အဲ့လောက် ချစ်ရဘူးတဲ့ .. အဲလိုချစ်ရင် ရောင့်တက်တယ်တဲ့ .. ပြီးတော့ရှိသေးတယ် .. စီနီယာတွေပြောထားတာတွေ .. နောက်မှအေးဆေးပြောတော့မယ် .. :P :P

အလကား နောက်တာနော် .. ချစ်ခြင်းဖြင့် အရာရာကို အကောင်းတိုင်း ဖြစ်စေမည် ..း)) နှစ်ဦးသား ခုထက်ပိုပြီး ချစ်ခင်မြတ်နိုးနိုင်ကြပါစေ ..း)))

အမ်တီအန် said...

ချစ်သူရယ်..တစ်လုံးခေါ်တိုင်း ပီတိတွေဖြာနေမယ့် ကိုရင့်ကို မြင်ကြည့်လိုက် ညီမလေး..။ :)

ကိုတူး said...

အောင်မယ်လေးဗျာ .. ချစ်တတ်လိုက်ပုံများ

Related Posts Plugin for WordPress, Blogger...