Wednesday, September 7, 2011

ဘလော့ဂါဆိုတာ ဘာလဲ(၀ါ) နတ်စာကျွေးခြင်း


  နတ်ဆိုးလေးက ဘလော့ဂါဆိုတာ ဘာလဲဆိုပြီး မဒမ့်ကို တဂ်လာပါတယ်။သူနေမကောင်းလို့ ကျွန်တော့် ကို ရေးပေးဖို့ အဆိုပြုလာပါတယ်။အချင်းချင်း ကပ်ပြီးဖြုတ်တယ်ဆိုတာ ဒါမျိုးဖြစ်ဟန်တူပါတယ်။သူေ နမကောင်း တာကလည်း တခြားမဟုတ်ပါဘူး ပေါက်စီလေးလုံးနဲ့ အသားပေါင်းနှစ်ပွဲကို တပြိုင်နက်ထဲ စားခဲ့တဲ့ဒဏ်ကို ခံစားနေရတာပါ။စဉ်းစားသာကြည့်ပေါ့..။“နတ်နဲ့နဂါး မလှည့်စားနဲ့”ဆိုတဲ့ ဆိုရိုးစကားကို ကြားခဲ့ဘူးတယ်။အခုတဂ်ထားတဲ့သူက နတ်ဆိုးလေးဆိုတော့ကာ ရေးရမှာကလည်း ခပ်လန့်လန့်ရယ်။ ကဲ...ကိုယ် ထင်တာ ကိုယ်ပြောပြီး ကျွန်တော် နတ်စာကျွေးပါ့မယ်။မြိန်သလိုသာ သုံးဆောင်ပါ နတ်ဒေ၀ါတို့..။

အဂ်လိပ်လို ဒွတ်ဒက် ချွတ်ချက် သိပ်မရလို့ မြန်မာလိုပဲ တွေးပြီးပြောခွင့်ပြုပါ။ဘလော့ဂါဆိုတာ လူအစစ် တွေပါ။ဘယ်လိုလူတွေလည်း ဆိုတော့ ဘလော့ရေးတဲ့လူတွေပါ။ပုခုံးနှစ်ဘက်ပါတယ်။ခေါင်းတစ်လုံးပါတယ်။ သာမာန်လူတွေမှာပါတဲ့အရာ မှန်သမျှ သူတို့မှာ ပါတယ်။သာမန်လူတွေ စားတာပဲ သူတို့စားတယ်။သာမန် လူတွေနဲ့ နည်းနည်း ကွာတာကတော့ သူတို့က လွမ်းရင်လည်း သဲသဲလှုပ်အောင် လွမ်းကြတဲ့လူတွေ ဖြစ်ပြီး ငိုရင်လည်း ချွဲချွဲစိုအောင် ငိုကြတယ်။ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားရော ကိုယ့်နွားရော ရှိသမျှနွား တွေရော အခမဲ့ကျောင်းကြတဲ့ သူတွေဖြစ်တယ်။

သူတို့က ဖက်ကြမ်းမဖွာဘူး။လွယ်အိတ်ကိုင်းကို တိုအောင်လုပ်ပြီး ပုခုံးမှာ မလွယ်ဘူး။ဆံပင်ရှည် မထားဘူး။ နေပူထဲ မသွားဘူး။လက်ဖက်ရည်ဆိုင် မထိုင်ဘူး။ဘောလ်ပင်နဲ့ စာမရေးကြဘူး။ဘီယာစုတ်ပြီး အအေးခန်း ထဲကနေ ကမ္ဘာပတ်ကြသူတွေ ဖြစ်တယ်။အရာရာကို ဘုကြည့် ကြည့်ပြီး ဆယ့်နှစ်လက်မဘောင်တစ်ခု ထဲကနေ ကျယ်ကျယ်လောင်လောင် အော်ဟစ်တဲ့သူတွေ ဖြစ်တယ်။

တစ်ချို့ က ၁၀၉၊၁၁၀ ဂဏန်းပိုင်ရှင်တွေ ဖြစ်ပြီး တစ်ချို့ ကတော့ အလုပ်လက်မဲ့တွေ ဖြစ်တယ်။ တစ်ချို့ က အမူးသမားတွေဖြစ်ပြီး တစ်ချို့ က ဇိုးသမားတွေ ဖြစ်တယ်။တစ်ချို့ က ကျောင်းဆရာတွေ ဖြစ်ပြီး တစ်ချို့ က ကျောင်းသားတွေ ဖြစ်တယ်။တစ်ချို့ က ရဟန်းတော်တွေဖြစ်ပြီး တစ်ချို့ ကတော့ အပါယ်ကျပြီးသား သူတွေ ဖြစ်တယ်။တစ်ချို့ က မိဘနဲ့တူပြီး တစ်ချို့ က သားသမီးနဲ့ တူတယ်။တစ်ချို့ က သခင်လို ကျင့်ကြံပြီး တစ်ချို့  က ကျွန်လိုနေထိုင်တယ်။အားလုံးမှာ တူညီတာ တစ်ခုက ၀မ်းစာတွေ ပြည့်ပြည့်လာတိုင်း စိတ်လိုလက်ရ စာမျက်နှာပေါ် ထုတ်ထုတ်အန်တယ်။အဲဒီအန်ဖတ်တွေကို ကျန်တဲ့သူတွေက အလိုတူအလိုပါ ဝေမျှစားသုံး ကြတယ်။အဲဒီတော့ ဘလော့ဂါဆိုတာ တစ်ယောက် အန်ဖတ်ကို တစ်ယောက်က တန်ဖိုးထားကြသူတွေ ဖြစ်တယ်။

တစ်ချို့ က ဘလော့ဂါစက်ရုံကထွက်ပြီး နီးစပ်ရာပတ်ဝန်းကျင်ကို တရားရေအေးတိုက်ကျွေးတယ်။သက်ဆိုင် ရာ တရားတော်ရဲ့ အောက်မှာ လူတွေကို ပျော်မွေ့စေတယ်။အဲဒီတော့ ဘလော့ဂါဆိုတာ အထူးချွန်ဆုံး တရားပြဆရာ ဖြစ်တယ်။တစ်ချို့ က ဘလော့ဂါ တံဆိပ်ကပ်ပြီး ပတ်ဝန်းကျင်ကို တိုက်ခိုက်စေတယ်။ထိခိုက် နာကြင်စေတယ်။ရုပ်ဆိုး ကျည်းတန်စေတယ်။အဲဒီတော့ ဘလော့ဂါဆိုတာ စိတ်ပျက်စရာ စစ်မြေ၊စစ်တလင်း ကို ဖန်တီးသူ ဖြစ်တယ်။တစ်ချို့ က  ဘလော့ဂါ ၀တ်ရုံခြုံပြီး အွန်လိုင်း အခမဲ့ဆေးခန်းလေးတစ်ခု တည် ဆောက်တယ်။ကိုးဆယ့်ခြောက်ပါးရော၊မပါးတာရော တတ်နိုင်သလောက် ပြုစုစောင့်ရှောက်တယ်။ ဆေးဝါး အခမဲ့ လမ်းညွှန်တယ်။အဲဒီတော့ ဘလော့ဂါဆိုတာ အသက်သာဆုံး သမဆေးဆိုင် ဖြစ်တယ်။တစ်ချို့ က ကမ္ဘာအရပ်ရပ်က ရှားပါးတဲ့ အဆိုအမိန့်တွေ၊ စာအုပ်တွေ ရှာပြီး စာအုပ်စင်လေးတစ်ခု ဖွင့်လှစ်တယ်။ မည်သူမဆို နှစ်ဆယ့်လေးနာရီ အတားအဆီးမရှိ ၀င်ထွက်နိုင်ပြီး ကြိုက်ရာကို လှန်လှောပြီး စိတ်ခွန်အား ဖြည့်နိုင်တယ်။အဲဒီတော့ ဘလော့ဂါဆိုတာ အပြည့်စုံဆုံး စာကြည့်တိုက်တစ်ခု ဖြစ်တယ်။တစ်ချို့ ကတော့ ဘလော့ဂါ ခေါင်းပေါင်းကြီးပတ်ပြီး ၃၁ဘုံသားတွေ စားသောက်ကောင်းစေဖို့ မီးဖိုချောင်မှာ တကုပ်ကုပ်နဲ့ ချက်ပြုတ်နေတတ်တယ်။အဲဒီတော့ ဘလော့ဂါဆိုတာ အကျွမ်းကျင်ဆုံးစာဖိုမှုးဖြစ်တယ်။တစ်ချို့ ကြပြန်တော့ ဘလော့ဂါအိတ်ကြီး ချိုင်းကြားညှပ်ပြီး ပွဲစားတန်းမှာ လမ်းသလားနေတတ်တယ်။အဲဒီတော့ ဘလော့ဂါဆိုတာ စိတ်အချရဆုံး ပွဲစားဖြစ်တယ်။


တစ်ချို့ က......................အဲဒီတော့ ဘလော့ဂါဆိုတာ................
တစ်ချို့ က......................အဲဒီတော့ ဘလော့ဂါဆိုတာ...................
တစ်ချို့ က......................အဲဒီတော့ ဘလော့ဂါဆိုတာ......................

ဘလော့ဂါဆိုတာ အသင့်ချုပ်ပြီး ယူနီဖောင်းတစ်ထည်လိုပါပဲ။ကောက်ဝတ်ပြီး လိုအပ်တဲ့နေရာကို ထွက်သွား ယုံပေါ့။ဝတ်တဲ့သူရဲ့ ကျင့်ကြံနေထိုင်ပုံက အဲဒီယူနီဖောင်းကို ရိုက်ခတ်ပါလိမ့်မယ်။“ဘလော့ဂါဆိုတာ ဘာလဲ ” ဆိုတဲ့အမေးရဲ့ အမှန်ကန်ဆုံး အဖြေကတော့ တစ်ခုတည်းပါပဲ။“ဘလော့ဂါဆိုတာ ခြေနှစ်ချောင်းနဲ့ နာရွက်တို...လူ ပါ။”

ဖတ်ကောင်းလို့ပဲဖြစ်စေ မကောင်းလို့ပဲဖြစ်စေ ဦးလေး၊အဒေါ် ကိုကိုမမတွေက ကျွန်တော့်ရဲ့ အန်ဖတ်တွေကို ဒီနေရာထိ မျှဝေခံစားပြီးပြီဆိုရင် သင်သိရမှာက “သင်ဟာ ကျွန်တော် တဂ်တာကို ခံလိုက်ရပြီ” ဆိုတာပါပဲ။ နောင်တဆိုတာ နောင်မှ ရတတ်တယ်ဆိုတဲ့ စကားကို မေ့လျော့ခဲ့ကြတဲ့ အကျိုးကို သိစေချင်တာလည်း ပါပါတယ်။ကျွန်တော်ကတော့ နတ် ကိုင်ခံရမှာစိုးလို့ ရေးပါတယ်။ကြိုပြောပါ့မယ်။ကိုရင် ကိုင်ရင်တော့ နတ် ထက် ဆိုးပါတယ်။

ဒီပိုစ့်မှာ comment ဘယ်နှစ်ခု ရှိလဲဆိုတာက ကိုရင်တဂ်တာကို ဘယ်နှစ်ယောက် ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလည်းဆိုတဲ့ အချိုးနဲ့ တိုက်ရိုက်ညီမျှပါတယ်။အခုအချိန်ကစပြီး ကိုယ့်နာမည်ကို ကိုယ်ဝမ်းမြောက် ၀မ်းသာ ရေးထိုးနိုင်ပါပြီ။မသိမသာ လှည့်ပြန်ဖို့ မကြိုးစားပါနဲ့မိတ်ဆွေ။

ကိုရင် ကိုင်ရင် နတ်ထက် ဆိုးတာကို မမေ့ပါနဲ့။

အေးချမ်းကြပါစေဗျာ။
ကိုရင်သာပျော့
23:39(GMT)

29 comments:

ကိုကိုးအိမ်(မန္တလေး) said...

ဟိဟိ ရူပါလန်းတယ်ထင်အောင် မန့်သွားတယ်ဗျာ.. ကျွန်တော်ကတော့ နတ်ကိုင်မခံရအောင် မနေ့တည်းကရေးထားတယ်.. သို့ဖ်ြစပါသောကြောင့် ရဲတင်းစွာပဲ ကွန်မန့်ပေးသွားပါသည်။ အန်ဖတ်တွေလိုက်စား နေတယ်ထင်မှာစိုးလို့ ဘလော့တွေလိုက်ဖတ်ရမှာတောင် တွန့်သွားသလိုပဲ.. ဘာပဲဖြစ်ဖြစ်လေ မဒိုးကန်ရဲ့ အန်ဖတ်တွေကိုတော့ တစူးတစိုက်ကြည့်သွားပါသည်... ဟိဟိ..

ခင်မင်စွာဖြင့်

မဒမ်ကိုး said...

ကိုရင်
ရှင်ကကျုပ်ကိုသမတယ်ပေါ့လေ
ဘယ်တုန်းက ပေါက်ဆီ ၄ လုံးလဲ
ဒိတစ်ခါတော့နာပီသာမှတ်
မဒိုးကန် ကိုင်ရင် နတ်ထက်ဆိုးတယ်ဆိုတာမမေ့ပါနဲ့

ကိုရင် said...

ကိုင်မဲ့လူတွေ တယ်များနေကြပါလား..
ဘီလို လုပ်ရပါ့...

Anonymous said...

အမကြီးနဲ့ ကိုရင်...............
ပိုစ့်ကို ဘယ်သူပဲတင်တင်ဟာသ လေးတွေရေား
ထားလို့ဖတ်ပြီးရင်း ဖတ်ချင်ရင်းပဲဗျာ
နတ်ထက်ဆိုးတဲ့ ကိုရင့် ကိုရော ကိုရင့်ထက်ဆိုးသော
မဒိုးကန် ကိုရော ကြောက်ပါသောကြောင့်မန့်ခဲ့ပါကြောင်း။

သူပြောမှပဲ သိရတယ် ကိုရင်ကိုင်ရင် နတ်ထက်ဆိုးသတဲ့))))၀။

SHWE ZIN U said...

ကိုရင် ရေ

ဒီတပုဒ် ထဲနဲကို ခိုက်သွားပြီ

အဓိပ္ပါယ်ဖော်တာလေး က ကောင်းလှပါတယ် အန်ဖတ် နဲ့ နှိုင်းတာတော့ အဟင်းးးး
ရွှေစင်ဦး စိတ်စိုးတယ်...ဝေါ့

mstint said...

အော်.... ဘလော့ဂါဆိုတာ အခုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ပါပြီ မဒိုးကန်ရေး))
၁၀၉၊၁၁၀ ဂဏန်းပိုင်ရှင်တွေဆိုတာ.. တီတင့်ကိုများ ပြောလိုက်သလားလို့ ဟဟ
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

သူတို့အတွဲကလည်း ဘယ်သူကိုင်ကိုင် ကြောက်စရာကြိးဆိုပဲ ...မဖြစ်ပါဘူးလေ နောင်တဆိုတာ မကျန်ရလေအောင် မြန်မြန်ရေးမှပဲ ...:) အမလေးလေးနော် အကိုင်များခံလိုက်ရရင်တော့ ....အဟီးးး :P:P

ဆွေလေးမွန် said...

ဘုရား..ဘုရား ကိုရင် ကိုင်ရင် နတ်ထက်ဆိုးသတဲ့ ..

:) :)

လာလည်ပြီး မသိမသာ ပြန်လှည့်ပြီ..

တောက်ပကြယ်စင် said...

အဟင့် အန်ဖတ်ကြီး! ဖတ်လို့ကောင်းတယ်။ ကျန်းမာပျော်ရွှင်ကြပါစေနော့...

ကိုငယ် said...

ဘလော့ဂါဆိုတာ တစ်ယောက် အန်ဖတ်ကို တစ်ယောက်က တန်ဖိုးထားကြသူတွေ ဖြစ်တယ်။

ဘလော့ဂါဆိုတာ အထူးချွန်ဆုံး တရားပြဆရာ ဖြစ်တယ်။

ဘလော့ဂါဆိုတာ စိတ်ပျက်စရာ စစ်မြေ၊စစ်တလင်း ကို ဖန်တီးသူ ဖြစ်တယ်။

ဘလော့ဂါဆိုတာ အသက်သာဆုံး သမဆေးဆိုင် ဖြစ်တယ်။

ဘလော့ဂါဆိုတာ အပြည့်စုံဆုံး စာကြည့်တိုက်တစ်ခု ဖြစ်တယ်။

ဘလော့ဂါဆိုတာ အကျွမ်းကျင်ဆုံး စာဖိုမှုးဖြစ်တယ်။

ပီပြင်တယ် ကိုရင်သာပျော့ရေ..
ဘလော့ဂါဆိုတာ ဘာလဲဆိုတဲ့ တဂ်ပိုစ့်ကို ရေးတဲ့ပိုစ့်တွေထဲမှာတော့ (ကျွန်တော့်အမြင်) အကောင်းဆုံးပဲဗျာ..

မကောင်းတာက ပိုစ့်ဆုံးမှ ဘုမသိဘမသိနဲ့ အတဂ်ခံလိုက်ရတာပဲ..:(

မိုးခါး said...

အောက်ပိုင်းက စာတွေ မြင်ရဘူးနော် .. အဟဲ
စမ်းစမ်း စမ်းစမ်းနဲ့ ဘတ်သွားတယ် .. :P

ပုံ
ရူပါလန်းသူ :P

blackroze said...

ကိုရင်ကတော့နော်
နှိုင်းစာရာရှားလို့အေ
အန်ဖတ်တဲ့..
ရွံတာအေ ...ဝေါ့ဝေါ့ ..အော့

ဒီမှာ ကိုရင် jerry pigpig တို့က
ဘုရားနဲ့ တရား နဲ့ နေတာ
ညတိုင်းဘုရားရှိခိုးတာနော်..
အဲလိုကိုင်ချင်တိုင်း ကိုင်လို့ရမယ်များ မှတ်နေလား
ဟွန်း ဟွန်း ဟွန်း

သတ္တိရှိရင်ကိုင်လိုက်စမ်းဘာ
ကိုင်လိုက်စမ်းဘာ(မသေးမျှင်လေသံဖြင့်)ဟီးးဟီးး

ရေးပေးပါ့မယ်ကိုရင်ရယ်.. ဒီတပါတ်အလုပ်ပိတ်ရင်
ဂယ်ရေးပေးမယ်နော် ကိုရင်နော် နော် နော် နော်

ခင်တဲ့ jerry pigpig

မောင်ဘုန်း said...

အလို ..ကိုရင် ကတော့ တွေ့ ရာကိုင်မဲ့ ပုံပဲ .. အယ် မဖြစ်ချေဘူး လှစ်မှပဲ ...

Anonymous said...

အင်း.... မသိမသာလှည့်မပြန်ဖို့ မကြိုးစားနဲ့ဆိုတော့... သေချာပြန်ဖတ်ကြည့်ရတယ် နောက်တစ်ခေါက်...။ ဘာမှ မပြောတော့ပါဘူးလေ... တရားရေအေး အမြိုက်ဆေးပဲ တိုက်ကြွေးလိုက်ပါတယ်... `အပ္ပမာဒေန သမ္မာဒေထ´

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မိုးယံ said...

ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားရော ကိုယ့်နွားရော ရှိသမျှနွား တွေရော အခမဲ့ကျောင်းတယ်။
ဘီယာစုတ်ပြီး အအေးခန်း ထဲကနေ ကမ္ဘာပတ်ကြသူ။
တစ်ချို့ ကတော့ အပါယ်ကျပြီးသား သူတွေ ဖြစ်တယ်။
တစ်ယောက် အန်ဖတ်ကို တစ်ယောက်က တန်ဖိုးထားကြသူ။
ဘလော့ဂါဆိုတာ ခြေနှစ်ချောင်းနဲ့ နာရွက်တိုပါ။

အော...ကိုရင်ကိုရင်...ခင်ညားက ကျုပ်အကြောင်းတွေ လူတွေသိအောင် လျှောက်ဖွတယ်ပေါ...

နင်ကိုင်ရင် အရမ်းကြမ်းတယ်...ဟုတ်လား..အမငီး ၊ဖြည်းဖြည်းကိုင်ပါကွာ။ အာာာ မဖြစ်သေးဘူး...ငါ့တော့ မကိုင်ပါနဲ့ကွာ..အခုပဲ သွားရေးလိုက်ပါမယ့် ကိုရင်ရယ်....

Han Kyi said...

ကောင်းလိုက်တာ မော်ဒန်ဆန်ဆန်ကို ရေးချသွားတာပဲ...တစ်ခုပဲ ခံစားရတယ်...အန်ဖတ်တွေဆိုတာလေ...သေချာစဉ်းစားကြည့်တော့ အဲဒီအန်ဖတ်တွေကလည်း စားလို့ကောင်းလွန်းနေပါကလားလို့...အန်ဖတ်ဆိုပေမယ့် ဇီဝဇိုးအန်ဖတ်လို ဆေးဖက်ဝင်တဲ့ အန်ဖတ်တွေပါ ကိုရင်ရယ်...ဇိုးသမားအန်ဖတ်ဆိုရင်တော့ ... ဝေါ့...

PhyoPhyo said...

ကိုရင့်မက်ဆေခ်ျ့လေးနောက်ကလိုက်လာပါတယ်။
ကိုရင်ကိုင်ရင် နတ်ကိုင်တာထက်ဆိုးတယ်တဲ့။
ခြောက်ရန်ကော :D
ဘလော့ဂါဆိုတာ
blogger ပေါ့။
ရေးပီးပီ

ကိုဇော် said...

ဒါဆို အနော်က မမန့်ရတော့ဘူးလားဗျာ။
အနော့ကို နတ်မဆိုး တဆိုးလေး တဂ်သွားလို့ ရေးပီးပီလေ။

သူလုပ်တော့ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ကြည့်ရ ။ ကိုယ့်နားရွက်ကို ကိုယ်ပြန်ကြည့်ရ။ အန်ဖတ်တွေကိုလည်း ကျော်ရခွရ နဲ့ ကိုရင်သာပျော့ ဆိုတာ တကယ်တော့ မဒိုးကန် အကိုင်ခံရလို့ ပျော့သွားတာ ထင်ပါတယ်လေ အဟစ်ဟစ်. . .

သူကြီးမင်း (တုံးဖလား) said...

သူကြီးမင်းက ၁၇ လက်မဘောင်ထဲက အော်နေတာပါ။း))

ကိုရင့်အံဖတ်တွေ မဒမ့်ကိုသာ ကျွေးလိုက်။ သူက ပေါက်ဆီလေးလုံးစားတာတောင် မ၀သေးဘူးတဲ့။ အင်းးး ကိုရင်သာဖျော့တော့ ခပ်ဖျော့ဖျော့လေး ကျန်တော့မယ် ထင်ပါရဲ့။ မဒန်ကိုင်လို့လေ။ ဟာ ဟ။

ဒီမယ်... တဂ်စာရှင်းပြီးမှ လာခဲ့တာဗျ။ ကိုရင် ကိုင်ကိုင် မဒမ်ကိုင်ကိုင် သူကြီးမင်းတော့ နောက်ထပ် အံဖတ် မထွေးထုတ်တော့ဘူးးးးးးးးးးးးးး။

ခင်မင်လျှက်

8Yar said...

"အရာရာကို ဘုကြည့် ကြည့်ပြီး ဆယ့်နှစ်လက်မဘောင်တစ်ခု ထဲကနေ ကျယ်ကျယ်လောင်လောင် အော်ဟစ်တဲ့သူတွေ ဖြစ်တယ်။
တစ်ချို့ က ၁၀၉၊၁၁၀ ဂဏန်းပိုင်ရှင်တွေ ဖြစ်ပြီး တစ်ချို့ ကတော့ အလုပ်လက်မဲ့တွေ ဖြစ်တယ်။ တစ်ချို့ က အမူးသမားတွေဖြစ်ပြီး တစ်ချို့ က ဇိုးသမားတွေ ဖြစ်တယ်။"
အောင်မလေးဂျာ!! ရက်ရက်စက်စက် ပြောရက်လိုက်တာ အစ်ကိုရင်ရယ်။ ဒါရိုက်တာရင်နဲ့ နာမည်ချင်းဆင်လို့ ရုပ်ချောသဘောကောင်းမလားမှတ်တယ်။ အခုတော့.. အခုတော့.. အဟင့်ဟင့် :'( ပြီးတော့ပြောသေးတယ်။ ဘာတဲ့
"ကျွန်တော့်ရဲ့ အန်ဖတ်တွေကို ဒီနေရာထိ မျှဝေခံစားပြီးပြီဆိုရင် သင်သိရမှာက “သင်ဟာ ကျွန်တော် တဂ်တာကို ခံလိုက်ရပြီ” ဆိုတာပါပဲ။"
အဟင့်ဟင့်... ကိုယ့်ဟာကို ထိုင်နေရင် အကောင်းသား အခုတော့ အကြွေးတစ်ခုတော့ထပ်တင်ပြန်ပြီ။ အဲဒါ အစ်မ မဒိုးကန်ကြောင့် အစ်ကို တက်တာခံရ.. ရ.. အဲလေ! တဂ်တာခံရတာ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရင် ကိုင်တာတော့ မခံနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ... အင်း ရေးတော့မယ်လို့ ဟီး...

Maung Myo said...

ဖောင့်များမှားသလားမသိ ဘာမှကိုဖတ်မရဘူး ဒုက်ခပဲ ။

စံပယ်ချို said...

ရေးချင်လို့မဟုတ်ဘူးပေါ့
အကိုင်ခံရမှာကြောက်လို့ရေးကြတာလား
နတ်ကလဲလက်၂ဖက်ပဲရှိတာ
လူတိုင်းကိုတော့သူလဲဘယ်ကိုင်နိုင်မလဲ
ရှင်တို့ကလဲစဉ်းစားပါဦးလေ။
၂ယောက်လုံးကိုခင်မင်တဲ့ jasmine

ဇော်သိင်္ခ said...

့ သူများတွေပြောပြောနေတာ ကြားဖူးတယ် နတ်ကိုင်ရင်တော့ အညောင်းပြေတာပေါ့တဲ့။ ကိုရင်ကိုင် ရင်တော့ ဘယ်လိုနေမလဲ မသိဘူးနော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုရင်တော့ အကိုင်တော့ မခံနိုင်ဘူးဗျ..။ ဒါကြောင့်ဒီနေရာမှာပဲ ပြန်ကြော်ငြာ သွားရမယ်။ သူများတွေက ကိုင်ခံရမှာ ဆိုးလို့ ရေးကြတယ်တဲ့။ ကျွန်တော်ကတော့ ကိုင်ရင်လည်း ကိုင်ပါစေ၊ နတ်လည်း ကိုင်ရင် ကိုင်ပါစေ.. ကျွန်တော်လည်းပြန် ကိုင်လိုက်မယ်နော်... ဘယ်လိုကိုင်မလည်း ဆိုတော့...
မရေးတက်ရေးတက်နဲ့ပဲ..ကြိုးစားပြီး ရေးမယ်နော်. အခုတော့ ရေးအားသေးဘူး ဖြေးဖြေးတော့ရေးမယ်.. :):)

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အလင်းသစ် said...

ရူပါလန်းလို့ မန့်သွားပါတီ။။။

နတ်ဆိုးလေး said...

အော.. ခုမှ ပဲ ရှင်းတော့တယ်..

ဘလော့ဂါ ဆိုတာ ... အမူးလွန်နေတဲ့ အရက်သမားကိုး...
သူတို့တွေ ခဏခဏ အန်ကြတယ်..

:)

ကျေးဇူးပါ.

နေ၀သန် said...

:D.. ဖတ်ရသမျှ အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ ကိုရင်သာပျော့ဖွင့်ဆိုချက်အကြိုက်ဆုံးပဲ.... ဟားဟား.... ကောင်းဒလယ်ဗျာ...


ခင်မင်လျက်
နေ၀သန်

Unknown said...

ကိုရင်ရေ ဘယ်ဘက်က ကိုင်ကိုင်
ညာဘက် က ကိုင်ကိုင်
အရိုးတွေပဲ ..ဟဟ
ပျော်ပျော်ကြီး အားပေးသွားပါတယ်ဗျာ



(ဒုတိယ)

ညိမ်းနိုင် said...

ဝေါ့.....ကဲ အန်ပလိုက်ပြီ.....:)))
၁၂လက်မဘောင်ထဲက ဟုတ်ဘူးဗျ...၁၄လက်မဘောင်
ထဲက မပီမသ ခပ်တိုးတိုးလေးကြားလောက်ရုံပြောမိတာ
ပါဂျာ......:)))

မအိမ်သူ said...

အိမ်မလည်အား အချိန်ရှားလို့ အလုပ်နှစ်ခု တပြိုင်နက်ပြီးအောင် ညစာစားရင်း လာဖတ်မိပါတယ် အန်ဖတ်နဲ့တွေ့သွားလို့ ၀ါးလက်စထမင်းတောင် ထွေးထုတ်ရမလိုဖြစ်သွားတယ်။ အင်း အကြောင်းမျိုးစုံတာ ဘလော့ဂါပေါ့။ လူတစ်ကိုယ် ပုံစံတစ်မျိုးစီကိုး။ ယူးနခ်(Unique) ဖြစ်ကြတယ်ပေါ့ကွယ်။ ကဲ တော်ပြီ ထမင်းဆက်စားဖို့သွားပြီ...း)

Related Posts Plugin for WordPress, Blogger...