Friday, September 2, 2011

ချဉ်သီးပင်အောက်မှာ



ချဉ်သီးပင်အောက်မှာ
ချဉ်သီးက ရှားလိုက်တာ
စကားလုံးတွေက စကားလုံးဆိုတဲ့အတိုင်း
လုံးလို့ ချော်ထွက်သွားတဲ့အကြောင်းအရာ
အရာမ၀င် အရိပ်မထင်
နှလုံးအိမ်မှာ ထုတ်ချင်းပေါက်သွားလည်း
သောက်လေသောက်လေ ငတ်မပြေသလိုမျိုး
ဖုံးမလွယ် ဖိမလွယ် အသိအရွယ်
ငယ်ရုပ်လို မယဉ်တော့ဘူး
ဘယ်လိုအမုန်းနဲ့ ကမ္ဘာဆုံးအောင်
အဆိပ်တက်နေကြဦးမှာလဲ
ချဉ်သီးပင်အောက်မှာ ချဉ်သီးတွေ....။

ကိုရင်သာပျော့
3:03(GMT)

16 comments:

ချစ်ကြည်အေး said...

ရူပါလန်းသော blogger..ကဗျာဖတ်ရင်း မန့်သွား၏ ....ငှဲငှဲ :P

လင့်ခ်တွေ ပြန်အပ်ဒိတ်လုပ်ရင်း ညီမ မဒိုးကန်နဲ့ ကိုရင်သာပျော့တို့ရဲ့လင့်ခ်လေး လာယူသွားတယ်နော်

စံပယ်ချို said...

ကိုရင်သာပျော့ ကဗျာတွေလဲအရမ်းရေးတတ်တယ်နော်
မဒိုးကန်ရေ သတိ သတိ နော်
ဒါပဲပြောခဲ့တော့မယ်
ကဗျာတွေကောင်းနေတော့ နှလုံးသားလဲ အရမ်းကိုအား
ကောင်းနေမှာမို့လို့ပါ။
ချစ်ခင်တဲ့ jas

ညိမ်းနိုင် said...

ချဉ်သီးများများရရင် ယိုထိုးစားကြရအောင်လား ကိုရင်...:)

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရင်းနဲ့ သွားကျိန်းလာတယ်။း))

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တွေလဲ ချဉ်သီးတစ်လုံးများ ဖြစ်နေလေပြီလား
စဉ်းစားသွားမိပါတယ်။
ချဉ်သီးပင်အောက်မှာ ချဉ်သီးရှားတာ မှန်သလို
သဘာဝဓာတ်ငွေ့တွေပေါပြီး မီးတွေတော့ ပျက်နေတာလဲ ရှိသေးတယ်လေ

အလင်းသစ် said...

အဲ................

ညီရဲသစ် said...

ချဉ်သီးပင်အောက်မှာ ချဉ်သီးက ရှားလိုက်တာ...

ကောင်းလိုက်တဲ့ စကား...
ကိုယ့်မြေပေါ်က သယံဇာတ ကိုယ်မသုံးနိုင်သရွှေ့တော့ ရှားနေဦးမှာပါလေ...

San San Htun said...

ချဉ်သီးစားချင်စိတ် ပေါက်သွားတယ်...

mstint said...

ချဉ်သီးရဲ့ တန်ဖိုးလေး ပိုမြင့်သွားအောင် ကဗျာလေးက အထောက်အကူပြုလိုက်တယ် ကိုရင်သာပျော့ရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

သူကြီးမင်း....
ပြောခဲ့သလိုပဲ သွားကျိန်းနေပေမင့်
ရူပါလန်းသူမို့လို့ မန့်ရပါကြောင်း))))ဝ

Han Kyi said...

စကားလုံးတွေက စကားလုံးတွေဖြစ်လို့ ချော်ထွက်ကုန်သဟာဖြင့် စကားပြားတွေ ပြောင်းသုံးမှ အဆင်ပြေတော့မပေါ့ ကိုရင်ရယ်...ဘာပဲဖြစ်ဖြစ် ကဗျာလေးက ချစ်စရာ...သဘောတကျနဲ့ နှစ်ခေါက်ဖတ်ဖြစ်တယ်...

ဆောင်းနှင်းရွက် said...

ချဉ်သီး .. !
တစ်ခါ မှ တောင် မကြားဖူးဘူး ..
ဘယ်လို အသီးမျိုးပါလိမ့် ..
လောလောဆယ်တော့
ကဗျာဖတ်ရင်း
သွားတွေ ကျိန်းတတ်လာတယ် .. :D

ခုမှ အပေါ်က စာကို ကြည့်မိတယ် ..
ရူပါလန်းသော blogger များသာ မန့်သွားတတ်ကြ၏ .. တဲ့ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

blackroze said...

ပစ်ပစ်ကတော့ ချဉ်သီးမကြိုက်ဘူး..
စတော်ဘယ်ရီတို့ စပျစ်သီးတို့..
နှင်းသီးတို့ဘဲကြိုက်တယ်..

မဒမ်ကိုး said...

တော်တော်အကောင်းကြိုက်တတ်တဲ့ဟာလေးတွေ
တော်တော်ချစ်ဖို့ကောင်းတယ်း)

တောက်ပကြယ်စင် said...

ချဉ်သီးဆိုတာ တကယ်ကို ချဉ်လို့ပေါ့နော်။ ကျန်းမာပျော်ရွှင်ကြပါစေ...

အလွမ်းမြို့ said...

ကိုရင်...

ကိုစိုင်းက ချယ်ရီပင်အောက် နောက်တစ်ခေါက် လို့ဆိုထားတယ်လေ။ ကိုရင်လေး ချဉ်သီးပင် အောက်တစ်ရက်တစ်ခေါက်ပေါ့။ ဟုတ်ဖူးလား။။ချိုသီးလေး စားချင်ရင်တော့ ဒိုးကန်လေးကိုတောင်းလိုက်။။ ဟပ်ချိုလေး ဖြစ်အောင် သူပေးလိမ့်မယ်။
ပျော်ရွှင်ပါစေ။

Related Posts Plugin for WordPress, Blogger...